>Junta is fighting the opposition media with spreading rumors

>

မီဒီယာကို မီဒီယာနဲ့မတိုက်ဘဲ ကောလဟာလနှင့်တိုက်နေလေသလား ဟု
ရန်ကုန်မြို့ခံတို့ မေးခွန်းထုတ်
မိုးမခ အထောက်တော် ၀၀၃
ဇူလိုင် ၁၇၊ ၂၀၀၈

လွန်ခဲ့သောလတွင် ဗိုလ်ချုပ်မှုးကြိးသန်းရွေက ရာထူးမှ ထုတ်ပယ်ပစ်လိုက်ပြီဟူသော ကောလဟလများနှင့် နံမည်ထွက်လာသော ဗိုလ်ချုပ်မှုးကြီး မောင်အေးမှာ ယနေ့တိုင် လူမြင်ကွင်းမှ ပျောက်ကွယ်နေသဖြင့် ရန်ကုန်မြီု့နေ ပြည်သူများအကြား သို့လောသို့လော မေးခွန်းများ အချင်းချင်း လက်တို့ ပြောစရာဖြစ်နေကြောင်း ရန်ကုန်မြို့ခံများက မိုးမခသို့ပြောသည်။

” သူ့ကို သန်းရွှေက ဖြုတ်ပစ်လိုက်ပြီဆိုကတည်းက ကျနော်တို့ စောင့်ကြည့်နေကြတာ။ အစိုးရကလည်း အဲဒီကောလဟာလကို ဖြေရှင်းတာလည်း မတွေ့ရဘူး။ နောက်တခု ထူးခြားတာက မောင်အေးကို ပြည်တွင်း သတင်းစာ၊ တီဗွီသတင်းတွေမှာရော မတွေရတော့တာ။ အရင်က အဲဒီလို ရာထူးက ဖယ်ရှားခံရတယ်ဆိုရင် အဲဒီအကြီးအကဲတယောက်က လူမြင်ကွင်း ထွက် ထွက်ပြတတ်တဲ့ သာဓကတွေ ရှိခဲ့တယ်”

မည်သို့ပင်ဖြစ်စေကာမူ စစ်အစိုးရသည် မူးယစ်ဆေးဝါးကိစ္စ အရေးယူမှုများကို အတတ်နိုင်ဆုံး ဖုံးဖိခဲ့သည်။ သတင်းမှားများကို ပြည်ပ သတင်းဌာနများက ထုတ်လွှင့်နေသည်ဟု၍ ပြန်လည် စွပ်စွဲနေခဲ့သည်။ ထွက်ပေါ်လာသည့် ကောလဟာလများတွင် မူးယစ်အရေးအခင်းမှာ နောက်ဆုံးတွင် မှန်ကန်ခဲ့ပြီး နာဂစ်နောက်ဆက် သဲမုန်တိုင်းသတင်းမှာ အစိုးရက တရားဝင်ငြင်းဆိုခဲ့သည်ကို တွေ့ရသည်။

“အစိုးရက မီဒီယာကို မီဒီယာနဲ့ တိုက်မယ်လို့လည်း ကြွေးကြော်တယ်။ ဆင်ဆာဘုတ်တွေနဲ့လည်း သတင်းတွေကို အမှောင်ချ ပိတ်ဆို့တယ်။ အင်တာနက်နဲ့ ဆက်သွယ်ရေးတွေကိုလည်း နှောင့်နှေးအောင် တားဆီးထားတယ်။ သူတို့အ၀န်းအ၀ိုင်းထဲကနေပြီးတော့ပဲ သတင်းတွေ မျိုးစုံကို လိုလျင် လိုသလို ထုတ်တာတို့၊ လွှင့်တာတို့ လုပ်လာတယ်။ နာဂစ်နောက်ပိုင်း ပြည်သူလူထုကို စားဝတ်နေရေးနဲ့ ချောင်ပိတ်ထားပြီးပြီ၊ အတိုက်အခံပါတီတွေကို ဆန္ဒခံယူပွဲအပြီးမှာ ၂၀၁၀နဲ့ ချက်ထားချိန်မှာ မီဒီယာတွေကို ကောလဟာလနဲ့ တိုက်နေတာက သူတို့ကိုယ်တိုင်လည်း ဖြစ်နေတယ်”

ဟု သတင်းစာသမားတဦးက သုံးသပ်ပြသည်။

စစ်အာဏာရှင်တယောက် ရာထူးက ပြုတ်သွားလည်း တိုင်းပြည် ပိုထူးလာမည် မဟုတ်ကြောင်း၊ စစ်အုပ်စုက သူတို့အချင်းချင်း ရာထူးချခြင်း၊ ဖယ်ရှားခြင်းတို့ကို ၅ နှစ် တကြိမ်၊ လုပ်ကြလေ့ရှိရာ ထိုမိသားစုအသိုင်းအ၀ိုင်းများအဖို့ သြဇာအာဏာမရှိတော့သည်က လွဲပြီး ငွေကြေး ပစ္စည်း ဥစ္စာတို့ကို အကြီးအကျယ် ထိခိုက်ပျက်စီးအောင် အရေးယူခြင်းမျိုး တွေ့ရလေ့ မရှိပါကြောင်း သူက ဆက်လက်ပြောဆိုသည်။

Burma Village - Burmese Food Catering

Related posts:

  1. >စကဿာပူက ပေးတဲ့စာ – လတ်ြလပ်ရေးကို ဒီနေႚ ယူမြာလား၊ နက်ူဖန်မြ လား
  2. >Earth Quake at 16th June 2008 – Rumors in Yangon
  3. >Zarganar arrested from his home by Burmese military junta

Comments are closed.

မိုးမခမှာ ကြော်ငြာပါ

Call home from MoeMaKa

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခလမ်းညွှန် အင်တာနက်စာမျက်နှာများ

မိုးမခ လစဉ် စာမူများ