>Maung Phi La’s poem 01

>

‘လိုင်း’ (၂) အခန်း (၈) ကုတင်ပေါ်မှလူနာ
မောင်ဖီလာ
အောက်တိုဘာ ၂၂၊ ၂၀၀၈


ဟိုးတုန်းကတော့
ဂျင်းဘောင်းဘီနဲ့ မီးတောက်မီးလျှံ
အခု မြောင်းကြိုမြောင်းကြားက
လျှံထွက်တိုးတက်လာတဲ့
ရေပုတ်ရေဆွေး
အခု ငါ့ခန္ဓာကိုဖျက်ပြီး
တခြားအသက်ထဲ ထည့်ကြည့်စမ်း
ငါလဲပြိုပြီအမှတ်နဲ့ ငါ့ကျောကိုလာလာသပ်နေတယ်
ငါမောပြီအထင်နဲ့ ငါ့ခရီးကို ဖျက်စီးနေတယ်
ငါ့အသီးအနှံတွေကြွေကျသွားအောင်
လေထဲမှာ ‘ဆူး’တွေထည့်ပြီး တိုက်တိုက်နေတယ်
၁၂ နာရီနဲ့ ၁၅ မိနစ်တိတိမှာ သူရပ်နေတယ်
တံတားပေါ်မှာ သူရပ်နေတယ်
၁ဝ ကြောင်းမြောက်တိတိမှာ သူရပ်နေတယ်
လမ်းဆုံလမ်းခွမှာ သူရပ်နေတယ်
စီးနေတဲ့ မြစ်ရေပေါ်နေရောင်ခြည်လို သူရပ်နေတယ်
အသက် ‘၄ဝ’ဆိုတာ အားလုံးကိုရပ်ပစ်လိုက်ဖို့
အကောင်းဆုံးအရွယ်ပဲ
သူရှိကြောင်း ထထ’မြည်’ပြနေရတာ
သူ့ကို မမေ့မလျှော့ဖို့ ကြိုးစားအားထုတ်နေရတာ
ရိရွဲပြတ်ကျတော့မယ့်သီချင်းပေါ်က
သူ အချိန်မီခုန်ဆင်းခဲ့ရတယ်
‘ငါပြန်လာခဲ့မယ်’ တဲ့ ဓားသွားလို ‘မြိ’နေတဲ့အသံဟာ
သွားကြိုသွားကြားတွေထဲက ‘ချွင်’ကနဲထွက်လာတယ်
‘ညံ့’နေတာ တော်တော်ကြာဖို့မလိုဘူး
‘ကောင်း’နေတာ ခဏဖြစ်ခဲ့ဖို့ပဲလိုတယ်
လူတစ်ယောက် လမ်းဘေးမှာ ‘ကောင်း’ပြီးလဲနေတယ်
‘ကောင်း’သောညနေခင်းပါ မိတ်ဆွေများခင်ဗျာ
‘ဇီးရိုး’… ‘ဇီးရိုး’ဆိုတာဟာလည်း ကောင်းသောရလဒ်ပါ…
တစ်နေ့ ကဗျာအတွက် အချိန်ပေးတာ ‘၁ဝ’မိနစ်
ကျန်တဲ့ ‘၁၄၃ဝ’ မိနစ်ထဲကို
လူပြိန်းတစ်ယောက်လို ညှော်နံ့ကို ခိုစီးပြီး ဝင်ဝင်သွားတယ်
ငါဘာအတွက် သောကရောက်နေရတာလဲ
ငါဘာအတွက် ကြောက်လန့်တုန်လှုပ်နေရတာလဲ
ငါဘာအတွက် ရုန့်ရင်းကြမ်းတမ်းနေတာလဲ
ခွဲစိတ်ကုသမှုဟာ လုံးလုံးမအောင်မြင်ခဲ့ပါ
ငှက်တစ်ကောင်ရဲ့ ခန္ဓာထဲ ငါ့အသက်ကို ပြောင်းထည့်လိုက်ဖို့
ခွဲစိတ်ကုသမှုဟာ မအောင်မြင်ခဲ့ပါ…။ ။

Burma Village - Burmese Food Catering

Related posts:

  1. >Maung Yit – 88 Poem
  2. >Maung Aw – poem
  3. >Aunt Maung poem on Mandela

Comments are closed.

မိုးမခမှာ ကြော်ငြာပါ

U Thaung Article Book

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခ လစဉ် စာမူများ