>Gambari, Jap and Maldives on SPDC road map

>

လမ်းပြမြေပုံကို ဂန်ဘာရီနှင့် ဂျပန်ထောက်ခံ၊ မော်လဒိုက်သမ္မတ ကန့်ကွက်
မိုးမခအထောက်တော် အမှတ် ၀၀၄
ဖေဖော်ဝါရီ ၁၂၊ ၂၀၀၉

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက အိန္ဒိယနိုင်ငံ အာဏာရပါတီ ကွန်ဂရက်ပါတီအကြီးအကဲ ဆိုနီယာဂန္ဒီနှင့် လက်ဆွဲနှုတ်ဆက်နေသော မော်လဒိုက် သမ္မတ Mohamed Nasheed (အသက် ၄၂ နှစ်) (ဓာတ်ပုံ – ရိုက်တာသတင်းဌာန)


ရှေ့နှစ်တွင် ရွေးကောက်ပွဲပြုလုပ်မည့် အစီအစဉ်ကို အကောင်ထည်ဖော်နိုင်လျှင် နိုင်ငံတကာက ထောက်ခံလိမ့်မည်ဟု ဂျပန်အစိုးရနှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီတို့က ယနေ့ ပူးတွဲ ကြေညာလိုက်သည်။

မစ္စတာ ဂန်ဘာရီသည် မြန်မာပြည် ၄ ရက်ခရီးစဉ်အပြီးတွင် အိန္ဒိယ၊ တရုတ်နိုင်ငံများသို့ သွားရောက်ပြီး ယခု ဂျပန်တွင် ရောက်နေခြင်းဖြစ်သည်။

ဂျပန်တွင် ရောက်ရှိစဉ် မစ္စတာ ဂန်ဘာရီသည် မြန်မာပြည်မှ ဗိုလ်ချုပ်ကြီးများ ကြေညာထားသည့် ရွေးကောက်ပွဲကို ကျင်းပရန် တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

ဤအတောအတွင်း မော်လဒိုက်ကျွန်းနိုင်ငံ သမ္မတ Mohamed Nasheed က မစ္စတာ ဂန်ဘာရီသို့ စာတစောင်ရေးပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အကျဉ်းသား ၂၀၀၀ ကျော်ကို အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးကို တောင်းဆိုလိုက်သည်။

ယမန်နေ့က ပေးပို့သည့် အဆိုပါစာတွင် သမ္မတက မြန်မာအစိုးရ၏ အတုအယောင် ဒီမိုကရေစီလမ်းပြမြေပုံကို ကမ္ဘာက ယုံကြည်မည်မဟုတ်ဟု ဖော်ပြထားသည်။ ဒေါ်စုနှင့် နိုင်ငံရေးသမားများ ထောင်မှ မလွတ်သေးသ၍ မြန်မာလူထုသည် ဒီမိုကရေစီကို မြင်ရမည်မဟုတ်ဟု ဆိုသည်။

မော်လဒိုက်သမ္မတသည် နိုင်ငံရေးအကျဉ်းသားဟောင်းတဦး ဖြစ်သည်။ လွန်ခဲ့သည့် ၃ လက ပြုလုပ်ခဲ့သည့် သူ၏ သမ္မတအဖြစ် ကျန်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားခဲ့သည်။

မော်လဒိုက်သည် အိန္ဒိယနိုင်ငံ၏ အောက်ဘက်တွင် တည်ရှိသော ကျွန်းစုနိုင်ငံဖြစ်သည်။

Moe Cab in Hawaii

Related posts:

  1. >U Win Tin rejects SPDC road map
  2. >Gambari & his associates missed Daw Suu
  3. >Cartoon Beruma – Everything shut down & blocked when come Gambari, should he be welcome ?

Comments are closed.

မိုးမခမှာ ကြော်ငြာပါ

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခလမ်းညွှန် အင်တာနက်စာမျက်နှာများ

မိုးမခ လစဉ် စာမူများ