>
မိုးမခ
မေ ၂၁၊ ၂၀၀၉
ယမန်နေ့က အင်းစိန်ထောင်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်ခြင်း တတိယနေ့အဖြစ် မြန်မာပြည်သူတို့သည် အင်န်အယ်ဒီပါတီဝင်များ၊ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင် (အသက် ၈၀)တို့နှင့်အတူ ပရိသတ် ထောင်ကျော်ဖြင့် လာရောက် စောင့်ဆိုင်းနေခဲ့ကြသည်။ လူထုပရိသတ်က ဦးဝင်းတင်ရောက်ရှိလာသည်နှင့် ၀န်းရံပြီး အင်းစိန်ထောင်အနီး ချည်းကပ်နိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များကို သိသာထင်ရှားအောင် နေရာချထားခြင်း မရှိသော်လည်း စွမ်းအားရှင်များ၊ ကြံ့ဖွတ်များကို ပရိသတ်များကြားထဲတွင် နေရာယူခိုင်းထားခြင်း၊ ဦးဝင်းတင်နှင့် အင်အားစုများ နားနေရာသို့ ၀င်ရောက်လာခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
သတင်းထောက်များ၊ သံတမန်များကို တရားရုံးသို့ ၀င်ရောက် ကြားနာခွင့်ပေးမည်ဟု သိရှိရပြီးနောက် နေ့ခင်း ၁၁ နာရီ အချိန်ခန့်တွင် ဦးဝင်းတင်နှင့် မိတ်ဆွေများ အင်န်အယ်ဒီ အဖွဲ့ချုပ် ရုံးသို့ ပြန်သွားခဲ့ကြသည်ဟု ဆိုသည်။
အင်န်အယ်ဒီက ဒေါ်စုနှင့် နအဖတို့၏ တရားရင်ဆိုင်ရာတွင် အများပြည်သူတို့ အားလုံး ကြားနာခွင့်ပြုစေလိုကြောင်း စာအမှတ် ၉၊၅။၀၉ ဖြင့် ထုတ်ပြန်ကြေငြာခဲ့သည်။ ထိုသို့မဟုတ်ပါက ထိုတရားစီရင်မှုကို လက်မခံနိုင်ကြောင်း၊ ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်လိုက်သည်ဟု ဖော်ပြထားသည်။
နေ့လည်ခင်းနှောင်းပိုင်းတွင် သံရုံးမှ ကားများ၊ သတင်းထောက်များနှင့် အင်န်အယ်ဒီ ရှေ့နေတို့ သံဆူးကြိုးများချပြီး ကန့်သတ်ထားသော အင်းစိန်ထောင် ဂိတ်မှ ပြန်ထွက်လာကြသည်ကို တွေ့ရသည်။
ယနေ့ တရားရုံးတွင် အကျယ်ချုပ်ထားသည့် ကန့်သတ်နယ်မြေသို့ ကျုးကျော်ဝင်ရောက်သူ အမေရိကန်နိုင်ငံသား ယက်တောကို စစ်ဆေးရာတွင် အိန္ဒိယအမျိုးသမီးများ ၀တ်ဆင်သည့် ခေါင်းမြီးခြုံ ဆာရီဝတ်စုံမျိုးကို ဒေါ်စု၏ အနီးကပ်မိတ်ဆွေ ၂ ဦးကို ၀တ်ဆင်ခိုင်းပြီး စစ်ဆေးသည်ဟု ကြားသိဟု ပြောကြသည်။ ထိုအမေရိကန်လူမျိုးက အစိုးရသက်သေများ၊ ရှေ့နေများကို ပြက်ရယ်ပြု နေခဲ့သည်ဟုလည်း တဆင့်စကား သိရသည်။
Related posts:






















>သတင်းတိုထြာ
>SPDC poll date 'welcomed'
>Ottara Moon - Home Coming, Amigo ...
>Cartoon Beruma - Than Shwe needs only six feet under
>VOA fans and Daw Suu ( final part )

စာဖတ်သူတွေရဲ့အသံ