>
ဒေါ်အောင်ဆန်းစုကြည် ဆေးကုသခွင့် ပြန်ရပြီ
AP သတင်းဌာန
မေ ၁၀၊ ၂၀၀၉
AP သတင်းဌာန
မေ ၁၀၊ ၂၀၀၉
မြန်မာစစ်အာဏာပိုင်တို့က ထိန်းသိမ်းခံနေရသူ ဒေါ်အောင်ဆန်းစုကြည် ထံသို့ သွားပြီး ဆေးကုသနိုင်ရန် ဆရာဝန် တဦးကို ယနေ့ ခွင့်ပြုလိုက်သည်။ ဒေါ်စုသည် ခန္ဓာကိုယ် ရေဓာတ် ခမ်းခြောက်ကာ၊ သွေးပေါင်ချိန် ကျနေကြောင်း ပြီးခဲ့သည့်အပတ်က စတင် တွေ့ရသည်။
ဒေါ်စု၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူများ၏ အဆိုအရ ဒေါက်တာပြုံးမိုအိသည် ယနေ့နေ့လည်တွင် ဒေါ်စုထံ သွားခွင့် ရသည်ဟု ဆိုသည်။ ဒေါ်စု၏ ကျန်းမာရေးအတွက် ဆေးကုသမှု ထပ်မံ လိုအပ်ကြောင်း အဖွဲ့ချုပ်က ကြေညာချက် ထုတ်ထားသည်။
အာဏာပိုင်တို့က ဒေါ်စု၏ ဆရာဝန် ဒေါက်တာတင်မျိုးဝင်းကို စစ်ဆေးမေးမြန်းရန်အတွက် ပြီးခဲ့သည့် ကြာသပတေးနေ့မှ စပြီး ဖမ်းဆီး ထိန်းသိမ်းထားသည်။ ဒေါ်စု၏ အိမ်မှ ပြန်လာသည့် အမေရိကန် နိုင်ငံသား တဦးကို ဖမ်းမိထားကြောင်း ကြေညာချက် ထွက်ပေါ်လာပြီးနောက်တွင် ထိုသို့ ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။
Related posts:



>Cartoon Win Pe - mermaid (2)
>၀င်းဖေ - ကဗဵာဆရာတင်မိုး ခေၞ ဘဂဵမ်း
>Nyan Oo Maung's poem 01
>Revolution participants 04
>SUU 66, Aung Way - Poem
>Beauty Palors in Rangoon becomes Brothel Houses
>Ku Mojo - Cartoon
>Burmese Community Activities in Chicago
>most popular DVD in Rgn

စာဖတ်သူတွေရဲ့အသံ