>Yoke Soe – News on the run for MoeMaKa to read – 16th July

>

မိုးမခ ဖတ်ဖို့ အပြေးအလွှားသတင်းများ

ရုပ်ဆိုး

ဇူလိုင် ၁၆၊ ၂၀၀၉

ဘောလုံးအသင်းပိုင်ရှင် သူဌေးကြီးများ အထူး (လယ်) ကွင်းပိုင်ကြီးများ ဖြစ်လာ – ယခုနှစ် ပထမအကြိမ် ကြေးစားဘောလုံးရာသီမှာ ပြည်သူလူထုတွေကို အထူးဆွဲဆောင်နိုင်လို့ ဘောလုံးကလပ်ပိုင်ရှင် မြန်မာလုပ်ငန်းရှင်ကြီးများကို စစ်အုပ်စုက မြှောက်စားတဲ့အနေနဲ့ သူတို့တွေ ခွဲတမ်းရထားတဲ့ လယ်မြေများမှာ တဧကလျင် မြန်မာကျပ်ငွေ ၆ သောင်းနှုန်း ထုတ်ချေးပေးနေတယ်လို့ ဆိုပါတယ်။ မူလလက်ငုတ် ကုန်သည်ကြီးများ၊ လယ်လုပ်ငန်းလုပ်ကိုင်သူများမှာ ဘောလုံးကလပ်အသင်းများ စစ်အုပ်စုအလိုကျ လိုက်ထောင်ကြရမလို ဖြစ်နေတယ်လို့ ပြောနေကြပါတယ်။

သန်းရွှေ၏ အနီးဆုံးလူယုံ၊ လုပ်ငန်းရှင် တေဇ ကျောက်မျက်နှင့် သစ်လုပ်ငန်း အခွင့်ထူးများဆက် - ၎င်းရဲ့ မကြာမီက သွားခဲ့တဲ့ တရုတ်ပြည်ခရီးစဉ်မှာ အခြား ကျောက်မျက်ကုန်သည်တွေကို ၎င်းလေယာဉ်နဲ့ အကုန်အကျခံပြီး တင်ဆောင်သွားခဲ့ရာမှာ သူကိုယ်တိုင်ကတော့ ၀န်ထမ်းတွေ သတိပေးထားတဲ့ကြားက ကျောက်မျက်ရတနာအချို့ကို တရားမ၀င်သယ်ဆောင်သွားတယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် သစ်လုပ်ငန်းတွေမှာ အထူးအခွင့်အရေးအဖြစ် ခုတ်လှဲခွင့်၊ ရောင်းဝယ်ခွင့်တွေ ရယူပြီး တနလာင်္ရီတိုင်းက အချို့တားမြစ်သစ်ကွက်တွေကိုပါ ၀င်ရောက်ခုတ်လှဲနေတာကို တိုင်းမှူးတွေက လက်ပိုက်ကြည့်နေရတယ်လို့ ပြောပါတယ်။

Moe Cab in Hawaii

Related posts:

  1. >Yoke Soe – MoeMaKa News on the Run
  2. >16th Nov 2008 – MoeMaKa Sunday Weekly
  3. >Moemaka radio news
  4. >MoeMaKa News on the run from Rangoon

Comments are closed.

မိုးမခမှာ ကြော်ငြာပါ

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခ လစဉ် စာမူများ