>
ပြည်သူပိုင် မြေကွက်နှင့် အဆောက်အအုံများ ထပ်မံရောင်းချဦးမည်
မိုးမခ အထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၁၀၊ ၂၀၀၉
နအဖ အစိုးရအနေဖြင့် ယခုနှစ်ဆန်းကတည်းက အစိုးရပိုင် မြေကွက်များ၊ တိုက်ခန်းများ တသုတ်ပြီးတသုတ် ရောင်းချလျက်ရှိရာ ၂၀၀၉ ခုနှစ်အတွင်း ဆဌမမြောက် အသုတ် အဖြစ်ရောင်းချရန် အဆိုပြုလွှာများခေါ်ယူကြောင်း ယနေ့ထုတ် အစိုးရသတင်းစာ တွင်ဖေါ်ပြပါရှိသည်။
ယနေ့ကြေငြာချက်တွင် မြန်မာတနိုင်ငံလုံးမှ နိုင်ငံပိုင် အဖြစ်သိမ်းဆည်းထားသည့် မြေကွက်နှင့် အဆောက်အအုံ ၄၄ခု၊ တိုက်ခန်း ၇ခန်း၊ မြေကွက် ၈၆ကွက် စုစုပေါင်း အရေအတွက် ၁၃၇ ခုဖြစ်သည်။ ယခင်ကြေငြာချက်များကဲ့သို့ပင် နိုင်ငံပိုင် ပစ္စည်းများ စီမံခန့်ခွဲမှု ကော်မတီ ၊နေပြည်တော် ရုံးအမှတ် ၃၂ မှကြေငြာခြင်းဖြစ်ပြီး အဆိုပြုလွှာတင်သွင်းရမည့် နေ့ရက်မှာ လာမည့် ဒီဇင်ဘာ ၃၁ရက် ဖြစ်သည်။ ဈေးပြိုင် စနစ်ဖြင့် လေလံတင်ခြင်းမဟုတ်ပဲ ယခုလို ချိတ်ပိတ် အဆိုပြုလွှာတင်သွင်းခြင်းက နအဖ ထိပ်ပိုင်းခေါင်းဆောင်များ၊ ဗိုလ်ချုပ်များနှင့် နီးစပ်သူများကို လာဘ်လာဘယူပြီး ၀ယ်ယူခွင့်ပေးရန် အတွက်ဖြစ်သည်ဟု အိမ်ခြံမြေဈေးကွက်မှ ရောင်းဝယ် ၀န်ဆောင်သူများက နားလည်လျက်ရှိကြသည်။
ယခင်အအသုတ်များတွင်လည်း ရန်ကုန်မြို့အချက်အချာကျသည့် တန်ဖိုးကြီး အဆောက်အအုံများ မြေကွက်များကို မြန်မာ့စီးပွားရေးဦးပိုင် သို့မဟုတ် နအဖ အစိုးရအဖွဲ့နှင့် အဆက်အသွယ်ကောင်းသူများသာ လေလံအောင်ဝယ်ယူခွင့် ရခဲ့ကြသည်။ မည်သည့်မြေကွက်၊ တိုက်ခန်းစသည်တို့ကို တန်ဖိုးမည်မျှဖြင့် အောင်သွားသည်ဆိုသည့်အချက် မည်သူအောင်သည် ဆိုသည့်အချက် တို့ကိုလူသိရှင်ကြား ထုတ်ပြန်ခြင်းမပြုပဲ သတင်းဂျာနယ်များ သို့လည်း အသိပေး မထုတ်ပြန်ခဲ့ကြောင်း ပြည်တွင်း သတင်းထောက်များကပြောဆိုသည်။
ဥပမာအားဖြင့် ပြီးခဲ့သည့် သြဂုတ်လ ချိတ်ပိတ် လေလံတွင် သိန်း၁၅၀၀ ခန့်တန်ဖိုးရှိ သမ၀ါယမပိုင် တိုက်ခန်းတခန်းကို သိန်း၁ထောင်ဖြင့် လေလံအောင်စေရန် နီးစပ်ရာ ဗိုလ်ချုပ်ကို သိန်း၂၀၀ တံစိုးလက်ဆောင်ပေးရသည်ဟု ရန်ကုန်မြို့လယ်မြို့နယ်တခုတွင် လေလံအောင်သူက ပြောဆိုသည်။ ဆူးလေလမ်းမကြီးပေါ်ရှိ ပေ ၁၀၀ မျက်နှာစာ ရှိသည့် အဆောက်အအုံကို ကျပ်သိန်း ၃သောင်းကျော်ဖြင့် လေလံအောင်ခဲ့ပြီး မည်၍မည်မျှ တံစိုးလက်ဆောင် ပေးခဲ့ရသည်ကိုမူ မသိရှိကြရသော်လည်း လေလံအောင်သူက ပြန်လည်ရောင်းချရန် ကျပ်သိန်း ၄သောင်းခွဲဖြင့် ပြန်လည်ဈေးခေါ်လျက်ရှီသည်ဟု အမည်မဖေါ်လိုသည့် အိမ်ခြံမြေ ၀န်ဆောင်သူတဦးက ပြောသည်။
နအဖ စစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ၀န်ကြီးဌါနများမှ ရောင်းချ၍ရနိုင်သည့် အရာမှန်သမျှနှငု့် သုံးစွဲရန်ကျန်ရှိသည့် အသုံးစရိတ် လက်ကျန်တို့ကိုအားလုံး ထုခွဲရောင်းချခြင်း၊ ကုန်စင်အောင် သုံးစွဲခြင်း လုပ်ဆောင်လျက်ရှိသည်။
ယခုတကြိမ်ကြေငြာသည့် မြေကွက်နှင့် အဆောက်အအုံများမှာ ဥပဒေနှင့် ငြိစွန်း၍ အရေးယူခြင်းခံရသည့် မြေကွက်၊ တိုက်ခန်း၊ အဆောက်အအုံများဖြစ်သည်ကို တွေ့ရှိရသည်။
(ဓာတ်ပုံ – ဗြိတိသျှကိုလိုနီ ခေတ်လက်ရာ ၀န်ကြီးများရုံး အဆောက်အဦ၊ ယခုအချိန်ထိတော့ ရောင်းချမည့် သတင်းမထွက်ပေါ်သေးသော်လည်း ရန်ကုန်မြို့ရှိ အခြားသော ရောင်းချစရာ မြေကွက်နှင့် အဆောက်အဦများ တသုတ်ပြီး တသုတ်ရောင်းချလျက်ရှိသည်)
Related posts:





>U Pe Thein's Historic 8888 Cartoon of Burma
>Cartoon Beruma - Under the hand of regime's magic, dictators have many forms
>No Change in Burma under Burmese Military Regime
>Save Irrawaddy Initiatives from collective community
Cartoon Nay Myo Aye - အနိုင်လိုချင် အရှုံးပေး၊ နှလုံးအေးတဲ့ဆေး
>ABFSU (FAC) - Honoring Bogyoke Aung San
>Saving Burmese People is not written in Burmese Junta's Constitution
>လူမႁထူးခ႗န္ဆုမဵား ဆၾတ္ခူးဳကတဲ့ ပန္းခဵီစုိးမိုးနဲႚ ဇာတ်ညနြ်ူးငိမ်းမင်း
>Burmese Military Junta to build roads over Nargis hit Delta

စာဖတ်သူတွေရဲ့အသံ