>Di Let Myo – We stand together

>

ငါတို့ ချစ်ခဲ့ကြတယ်

ဒီလက်မျိုး
ဖေဖော်ဝါရီ ၁၀၊ ၂၀၁၀
ငါတို့ ချစ်ခဲ့ကြတယ်။
နုနယ်ပျိုမျစ်တဲ့ လောကအသစ်ကို ရဖို့
ငါတို့လက်တွေခိုင်ခိုင်မြဲရင်း
ငါတို့ ချစ်ခဲ့ကြတယ်။
ယုံကြည်ချက်က လွဲလို့
ဘာဆိုဘာမှ မရှိတဲ့ ဘဝကြီးမှာ
တယောက်ကျောကို တယောက်ကပ်ရင်း
တယောက်ရင်ကို တယောက်အပ်ရင်း
ငါတို့ ချစ်ခဲ့ကြတယ်။
ဟီရိသြတပတရား ကင်းမဲ့တဲ့
သံတိုင်တွေရဲ့နောက်မှာ
ဒါဏ်ရာရညများစွာကို ဖြတ်သန်းရင်း
အလင်းရောင်မဲ့ နေ့များစွာကို ကျော်ဖြတ်ရင်း
ငါတို့ ချစ်ခဲ့ကြတယ်။
ဘဝကပေးတဲ့အသိနဲ့
ခေတ်ကပေးတဲ့ သင်ခန်းစာကို ဆုပ်ကိုင်ရင်း
ညီအကိုမကတဲ့သံယောဉ်ဇဉ်တွေနဲ့
ငါတို့ ချစ်ခဲ့ကြတယ်။
ခြေလှမ်း ၅ လှမ်း မပြည်တဲ့
ရက်စက်မှုတွေ ကြမ်းကြုပ်နေတဲ့
ဝပ် ၄ဝ အား ကမ္ဘာငယ်လေးထဲမှာ
ဆေးလိပ်မီးလေးတတို့လောက်ရဖို့ စောင့်စားရင်း
ငါတို့ ချစ်ခဲ့ကြတယ်။
အမှန်တရားတွေ သေဆုံးနေတဲ့
လူ့စက်ရုပ်တွေကြားမှာ
တယောက်ကို တယောက် ဖေးမရင်း
တယောက်ကို တယောက် ကူညီရင်း
ငါတို့ ချစ်ခဲ့ကြတယ်။
ငါတို့ ချစ်တဲ့ အချစ်တွေဟာ
ကမ္ဘာတည်သ၍
မြဲနေပါလိမ့်မယ်။
သေချာတာကတော့
ငါတို့ …
နင့်နင့်သီးသီးကို ချစ်ခဲ့ကြပါတယ်ကွယ်။
(အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသား ရဲဘော်များသို့)

Related posts:

  1. >A Joke Too Far – A Stand Up Comedy for Charity
  2. >Aung Din – T’is time to stand up altogether

Comments are closed.

မိုးမခမှာ ကြော်ငြာပါ

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခလမ်းညွှန် အင်တာနက်စာမျက်နှာများ

မိုးမခ လစဉ် စာမူများ