>
မွန်ဒရာ
ဖေဖော်ဝါရီ ၁၇၊ ၂၀၁၀
တချို့ကပြောတယ်
အဲ့ဒါ မှန်တချပ်
တချို့ကျ သုံးဘက်မြင်။
အဖြေသိပ်များတဲ့ ပုစ္ဆာ
အခါခါတွက်မိနေမှတော့
ငါ့ဘယ်ဘက်ရင်ဘတ်ထဲက
ဆူးတချောင်းနဲ့နှုတ်ခမ်းတစုံ
အပြစ်တင်စရာ အကြောင်းလဲမရှိ။
ဒီည
အလွမ်းရောင်ဖွဖွ
ရွာအချ
သစ်…မှောင်
နက်…စို
တိမ်လွယ်နက်လွယ်
ပင်လယ်ဟောင်းတစင်းအပြည့်
ယုံလား
မင်းပြုံးရင်
ဟောဟိုတောင်တန်းကြီးတွေ
ငါ့နှင်းဆီခင်းကလေးဆီပြိုကျ
ငါ့နှင်းဆီဆူးကလေးတွေ အလိုလိုခါချပစ်တတ်တယ်ဆိုတာကို။
ဒီလိုနဲ့
၂၀၀၇၊၂၀၀၈၊၂၀၀၉၊၂၀၁၀
စတုတ္ထမြောက်ဂီတသံ
ငြိ…တိုက်…လွင့်….နွယ်
မျက်လွှာမချမီ
တကယ့်ကိုသီသီကလေး
ဝိရောဓိအထပ်ထပ်နဲ့
ဟော့ဒီနှုတ်ခမ်းတွေ
ဒီတခါလဲ
“ဒီတခါနောက်ဆုံးပါ” လို့
အခါခါ ရွတ်ဆိုမိပြန်ပြီ။
ကောင်းကင်တခုစာမက
ဝေးလွန်းတဲ့ညမှာ
အလင်းကိုအမှောင်နဲ့ ငြိမ်းမိသလား
အမှောင်ကိုအလင်းနဲ့ငြိမ်းမိသလား
ဒါ…သူ့မြစ်ကမ်းနံဘေးမှာ
ကျမအဆိုချင်ဆုံးတေး
………့တရံရောအခါများမှာ
ဝါလွယ်စိမ်းလွယ်တတ်သော
သစ်ရွက်ကလေးဖတ်ဖို့ပါ။
No related posts.



>Letters from Michigan - 39
>Dr Tin Zaw Lwin - Moe Moe Inya lives in Sar Pay Law Ka
>Than Win Hlaing - Thakhin Ba Thaung.
>thoughts
>Than Win Hlaing - Articles
>တပတ်အတငြ်း စာဖတ်သူတြေ ရေးတဲ့စာမဵား
>USDA promotion in Rangoon (follow-up news)
>Letters from Michigan - 54
># FBI used Google snap of Spanish politician to create 'aged' Osama Bin Laden

စာဖတ်သူတွေရဲ့အသံ