>U Thant’s Guest House in Nepal’s Lumbani to be maintained as historic land mark

>

နီပေါလုမ္ဗိနီရှိ သမိုင်းဝင်ဦးသန့်ဇရပ် မူလအတိုင်းထိန်းသိမ်းလိုသည်ဟု မြန်မာဘုန်းတော်ကြီးအချို့က အဆိုပြု
မိုးမခအထောက်တော် ၀၀၃
ဖေဖော်ဝါရီ ၃၊ ၂၀၁၀
ပြီးခဲ့သည့် ဇန်န၀ါရီ ၃၁ မိုးမခစာဖတ်သူပေးစာအရ နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်ရှိ သာသနာ့မြေတွင်ရှိသော ဦးသန့်ဇရပ်ကို အနီးရှိ နီပေါဘုန်းကြီးကျောင်းမှ စာကြည့်ဆောင်တခုအဖြစ် ပြောင်းလဲဆောက်လုပ်ရန် စီစဉ်နေကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာရဟန်းသံဃာတို့နှင့် ဘုရားဖူးဧည့်သည်တို့က သမိုင်းဝင်ဦးသန့်ဇရပ် ကို ပျောက်ဆုံး ပျောက်ပျက်သွားမည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုလာကြသည်ကို ကြားသိခဲ့ရသည်။ ညွှန်း – http://moemaka.com/index.php?option=com_content&task=view&id=5798&Itemid=41 
မိုးမခက ဆက်လက်မေးမြန်းကြည့်ရာ အိန္ဒိယပြည်တွင်းရှိ နာလန်ဒါတက္ကသိုလ်ဝင်းအတွင်းရှိ မြန်မာဆရာတော်တဦးက ပြန်လည်ဖြေကြားရာတွင် – ထိုကိစ္စနှင့် ပတ်သက်ပြီး ဆက်လက်စုံစမ်းပြီးနောက် ဦးသန့်ဇရပ်ကို မူလအတိုင်း ထိန်းသိမ်းပြသထားနိုင်ရန်အတွက် မေတ္တာရပ်ခံရန် ကြိုးစားမည်ဖြစ်ကြောင်ုး ပြောကြားသည်။
၎င်းက ဥပမာပေးရာတွင် – လွန်ခဲ့သည့် ၁၉၅၁ နိုဝင်ဘာ ၂၀ ယခုနာလန်ဒါတက္ကသိုလ်နယ်မြေကြီးကို ထူထောင်ခဲ့ရာ မူလအုတ်မြစ်ချသူ တိုင်းပြည်နှင့် ဘာသာရေးခေါင်းဆောင်များ စိုက်ပျိုးခဲ့သည့် ညောင်ပင်ကြီး ရှိကြောင်း၊ ၂၀၀၈ ဒီဇင်ဘာတွင် ထိုညောင်ပင်ကြီး ပြိုလဲသွားရာ ထိုသမိုင်းဝင်ညောင်ပင်ကြီးကို လဲနေသည့်အတိုင်း ထိန်းသိမ်းထားရှိကြောင်း၊ နိုင်ငံတော်အစိုးရနှင့် တက္ကသိုလ်တာဝန်ရှိသူများက သမိုင်းမော်ကွန်းအထိမ်းအမှတ်ကို မူလအတိုင်း ထားရှိလိုသောကြောင့် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်ကြီး၏ သာသနာ့နယ်မြေအတွင်း ထိုနယ်မြေကြီး ဖွံဖြိုးစည်ပင်အောင် အုတ်မြစ်ချပေးသူ၊ စီစဉ်ပေးသူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်၏ အမှတ်တရ လှူခဲ့သည့် ထိုဇရပ်ကျောင်းဆောင်ကိုလည်း ဒေသခံများနှင့် တာဝန်ရှိသူတို့က ပရိသတ်နှင့်အတူ ၀ိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း၊ မြန်မာတို့ကလည်း ၎င်းတို့၏ နိုင်ငံဂုဏ်ဆောင်အဖြစ်၎င်း၊ နိုင်ငံတကာကလည်း နိုင်ငံ့ခေါင်းဆောင်ကောင်းတဦးအဖြစ်၎င်း ဂုဏ်ယူကြလျက် သမိုင်းဝင်မှတ်တိုင်ကို မူလအတိုင်း စောင့်ရှောက်ကြရန် ၀ိုင်းဝန်းတိုက်တွန်းပေးကြပါဟု တောင်းပန်လိုကြောင်း ပြောကြားလိုက်သည်။
ဓာတ်ပုံပေးပို့သူက ရှင်းပြရာတွင် ထိုနီပေါဘုန်းကြီးကျောင်း၏ အနောက်တွင် ဦးသန့်ဇရပ်ရှိကြောင်း၊ မူလက ဦးသန့်ဇရပ် သီးသန့်ရှိနေရာမှ ဘုန်းကြီးကျောင်းများ၊ ရိပ်သာများ လွတ်လပ်စွာ ဆောက်လုပ်ခွင့်၊ နေထိုင်ခွင့်ပေးကြသဖြင့် ဦးသန့်ဇရပ်မှာ ထိုကျောင်းနောက်သို့ ရောက်သွားကြောင်း၊ ထိုဇရပ်မှ ဦးသန့်၏ ဓာတ်ပုံ၊ နိုင်ငံခေါင်းဆောင်များနှင့် ရိုက်ကူးထားသည့် ဓာတ်ပုံများကိုလည်း ထိုဇရပ်မှ ရွှေ့ပြောင်းထားသည်ကို တွေ့ရကြောင်း၊ နီပေါမိသားစုတစုက ထိုဇရပ်တွင် နေထိုင်သဖြင့် အတွင်းသို့ဝင်ပြီး ဓာတ်ပုံရိုက်ခွင့် မရကြောင်း၊ ပုံတွင် မြင်ကြရသည့်အတိုင်း အဆောက်အအုံမှာ ပျက်စီးခြင်း မရှိသေးကြောင်း မိုးမခသို့ ပြောပြသည်။
ထိုနယ်မြေရှိ သံဃာတော်အချို့နှင့် ဒကာ၊ ဒကာမများက ဦးသန့်၏ ကျန်ရစ်သူ မျိုးဆက်များသို့၎င်း၊ မြန်မာရွှေကျောင်းမှတဆင့် မြန်မာစစ်အစိုးရ အာဏာပိုင်များသို့၎င်း ဆက်သွယ် အကြောင်းကြားပြီး ၎င်းတို့၏ သဘောထားများကို စုံစမ်းရန် ကြိုးစားကြမည်ဟုလည်း သိရသည်။

The Best Friends Library

Related posts:

  1. >Rangoon After the Storm – Photos Old Historic Buildings
  2. >black july 7th & the historic Union building
  3. >U Pe Thein’s Historic 8888 Cartoon of Burma
  4. >Nay Choo – Tin Moe, the great guest from haven to earth 04
  5. >Nay Choo – Tin Moe, the great guest from haven to earth 05

Comments are closed.

မိုးမခမှာ ကြော်ငြာပါ

Call home from MoeMaKa

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခ လစဉ် စာမူများ