>2010 – 5th Shwe Amyu Tay Award held in Rangoon

>

(ဦး) ၀င်းငြိမ်း၏ ပဉ္စမအကြိမ်မြောက် ရွှေအမြုတေစာပေဆုပေးပွဲ
ခေတ်ပေါ် အဆိုအကများနဲ့ ကျင်းပ

မိုးယံမခ – ရန်ကုန်
မေ ၃၀၊ ၂၀၁၀

ပရိသတ်များ
ဂျင်နီ။ ခေမီကို။
စတုတ္ထအကြိမ်မှာ အဆုံးသတ်ခဲ့ပြီလား ဆိုပြီး စာချစ်သူတွေ တွေးထင်ခဲ့ရတဲ့ ရွှေအမြုတေစာပေဆုပေးပွဲကို ပဉ္စမအကြိမ်မြောက်အဖြစ် ၂၀၁၀ မေလ ၂၈ ရက်နေ့က ကုန်သည်ကြီးများ ဟိုတယ်မှာ စည်စည်ကားကား ကျင်းပခဲ့ပါတယ်။
စိုင်းစိုင်း။ ၀ိုင်းစုခိုင်သိန်း။

ဆုပေးပွဲကို မဂ္ဂဇင်း၊ ဂျာနယ် အသီးသီးက အယ်ဒီတာများ၊ သတင်းထောက်များ၊ စာရေးဆရာများ၊ အနုပညာရှင်များနဲ့ သက်ဆိုင်ရာက အာဏာပိုင် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနား တက်ရောက်လာကြသူတိုင်းကို ဦ၀င်းငြိမ်းစီစဉ်တဲ့ အနှစ် ၂၀၀၉ – စတုတ္ထ အကြိမ်မြောက် ရွှေအမြုတေ စာပေဆုပေးပွဲ မှတ်တမ်းစာအုပ် လက်ဆောင် အဖြစ် ပေးပါတယ်။

အခမ်းအနားကို ခေမီကို အကအဖွဲ့ရဲ့ ကပြတင်ဆက်မှုတွေနဲ့ စတင်ဖွင့်လှစ်ပြီး အခမ်းအနားမှူးအဖြစ် စာရေးဆရာ အောင်သိန်းကျော် (ဆူဒိုနင်)က ဆောင်ရွက်ပါတယ်။ ဆုပေးပွဲကို ရွှေအမြုတေမဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာဦးဝင်းငြိမ်းရဲ့ ၆၄ နှစ် မြောက် မွေးနေ့မှာ ကျင်းပတာလည်း ဖြစ်ပါတယ်။

စန္ဒီမြင့်လွင်။ ကောင်းမြတ်။

အခုလို ၅ ကြိမ်မြောက် ဆုပေးပွဲ ကျင်းပနိုင်ဖို့ မသေချာတော့တဲ့ အခြေအနေကို ယခင် ၄ ကြိမ်မြောက် စာပေဆုပေးပွဲမှာ ဥိးဝင်းငြိမ်းက အောက်ပါအတိုင်း ပြောခဲ့ဖူးပါတယ်။

“ ဆရာဇော်ဂျီ ရေးသားခဲ့တဲ့ ဗေဒါလမ်းကဗျာထဲက ဗေဒါလို အယက်အကန်ခံလို့ ဗေဒါပျံ အဲိုံခဲ ပန်းပန်လျက်ပဲ လို့ ဆိုချင်သော်ငြားလည်း ကျနော့်အသံက ခပ်ပျော့ပျော့ ဖြစ်နေပါလိမ့်မယ်။ ကျနော့်အပေါ်ကို လှိုင်းတွေ တလုံးပြီး တလုံး အုပ်မိုးလာသလို ဘဲအုပ်ကလည်း တရာ၊ နှစ်ရာမက ဖြစ်လာတာကြောင့် တကယ်လို့များ နောင်နှစ်မှာ ပဉ္စမအကြိမ် ရွှေအမြုတေစာပေဆုပေးပွဲ မကျင်းပဖြစ်ခဲ့ရင် နောက်တချီ ဒီတလုံး ဖုံးအုပ်သွားလို့ပဲ လို့သာ မှတ်ယူကြစေချင်ပါတယ်။ ကျနော် ရုန်းထွက်နိုင်အောင် ကြိုးစားပါ့မယ်။ ဒါပေမယ့် အားမတန်ရင်တော့ မာန်လျှော့ရမှာပါ …”
ခင်သန်းနု။ ဂျူး၊ ငွေကြယ်စင်၊ မောင်သာချို

ဒီနှစ်အခမ်းအနား ကျင်းပဖို့အတွက် သက်ဆိုင်ရာကို တင်ပြတဲ့အခါမှာ ခွင့်ပြုခဲ့တဲ့အတွက် ပဉ္စမအကြိမ်မြောက် စာပေဆုပေးပွဲကို ကျင်းပဖြစ်တဲ့ အကြောင်း ဦးဝင်းငြိမ်းရဲ့ အဖွင့်ကျေးဇူးတင်စကားမှာ ပြောကြားသွားခဲ့ပါတယ်။

ဆရာထက်မြက်က ဆုရွေးချယ်ရေး အဖွဲ့ရဲ့ အစီရင်ခံစာကို ဖတ်ကြားအပြီးမှာ ဧည့်ခံကျွေးမွေးရေးနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကို ဆက်လက် တင်ဆက်ပါတယ်။

ကြူးနစ်။ မြင့်မောင်ကျော်၊ ၀င်းငြိမ်း၊ မီးပွား။

ဒီနှစ် ရွှေအမြုတေ စာပေဆုပေးပွဲမှာ ကဗျာ၊ ၀တ္ထုတို၊ မျိုးဆက်သစ်ဝတ္ထုတို၊ အက်ဆေး (ရသစာတမ်း)၊ ဆောင်းပါး၊ ၀တ္ထုရှည် ဆု ဆိုပြီး စာပေဆု ၆ မျိုး ပေးအပ်ခဲ့ပါတယ်။ အခန်းဆက် ၀တ္ထုရှည်ဆု ချီးမြှင့်တာကို မတွေ့ရပါဘူး။


ဆုပေးသူ – အောင်ဇင်မင်း။ ဆုရရှိသူ – မောင်လင်းရိပ်

ကဗျာ စာပေဆု ကို ၂၀၁၀ ဖေဖော်ဝါရီထုတ်၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်းက မောင်လင်းရိပ် ရဲ့ နွေဦးကို နွေဦးနဲ့ နွေဦးမှာ နွေဦးသာ … ဆိုတဲ့ ကဗျာက ရရှိခဲ့ပါတယ်။ ကဗျာဆရာအောင်ဇင်မင်းက ဆုပေးအပ်ပါတယ်။ ဆုက ကျပ် ၅ သိန်း ၅ သောင်း ဖြစ်ပါတယ်။

ဆုရသူ – လဲ့ဝင်းကြည်ချို။ ဆုပေးသူ – စာရေးဆရာ မင်းလူ

ဝတ္ထုတို ဆုကို ၂၀၀၉ သြဂုတ်လထုတ် ရွှေအမြုတေမဂ္ဂဇင်းက လဲ့ဝင်းကြည်ချိုရဲ့ “ကြာတောမှာ ဗေဒါ …” ဆိုတဲ့ ၀တ္ထုတိုက ရရှိခဲ့ပါတယ်။ စာရေးဆရာမင်းလူက ဆုပေးအပ်ပါတယ်။ ဆုငွေက ကျပ် ၇ သိန်း ငါးသောင်း ဖြစ်ပါတယ်။

ဆုပေးသူ – တက္ကသိုလ် တင်ခ။ ဆုရသူ – နောင်ကျော်။

အက်ဆေး (ရသစာတမ်း) ဆုကို ၂၀၁၀ ဖေဖော်ဝါရီ စတိုင်သစ်မဂ္ဂဇင်းက နောင်ကျော်ရဲ့ “ကျနော်နှင့် အလှူခံများ …” က ရရှိပါတယ်။ ပြန်ကြားရေးမှ တက္ကသိုလ်တင်ခ က ဆုချီးမြှင့်ပါတယ်။ ဆုငွေ ကျပ် ၅ သိန်း ၅ သောင်း ရရှိပါတယ်။

ဆုရသူ – ငွေကြယ်စင်။ ဆုပေးသူ – ၀င်းငြိမ်း။

မျိုးဆက်သစ် စာပေဆုကို ၂၀၀၉ အောက်တိုတာ ရွှေ့အမြုတေက ငွေကြယ်စင်ရဲ့ “ဆန်သူခိုး” ၀တ္ထုတိုက ရရှိခဲ့ပါတယ်။ ဦးဝင်းငြိမ်းက ဆုချီးမြှင့်ခဲ့ပါတယ်။ ဆုငွေက ကျပ် ၇ သိန်း ဖြစ်ပါတယ်။

ဆုရသူ ငြိမ်းသစ်။ ငြိမ်းသစ်နဲ့ ကိုငြိမ်း(မန္တလေး)။ ကိုငြိမ်းနဲ့ မောင်သာချို။ ဆုပေးသူ – ဇော်ဝင်းကို

ဆောင်းပါးဆုကို ၂၀၀၉ နိုဝင်ဘာ ရနံ့သစ် မဂ္ဂဇင်းက ငြိမ်းသစ်ရဲ့ “ပုံနှိပ်ကြေးရုပ်များ” က ရရှိပါတယ်။ စာရေးဆရာ ဇော်ဝင်းကိုက ဆုပေးအပ်ပါတယ်။ ဆုငွေက ကျပ် ၆ သိန်း ဖြစ်ပါတယ်။

ဆုပေးသူ – စာရေးဆရာမ ခင်ခင်ထူး။ ဆုရရှိသူ – သင်းရီ။

ဝတ္ထုရှည်ဆုကို ၂၀၁၀ ရွှေအမြုတေမှာ ဖော်ပြခဲ့တဲ့ သင်းရီ ရဲ့ “အပေါင်းသည်၎င်း၊ အနုတ်သည်၎င်း” ၀တ္ထုရှည်က ရရှိခဲ့ပါတယ်။ စာရေးဆရာမ ခင်ခင်ထူးက ဆုပေးအပ်ခဲ့ပြီး ဆုငွေကတော့ ကျပ် ၆ သိန်း ဖြစ်ပါတယ်။

ကံစမ်းမဲ အစီအစဉ်

ကံစမ်းမဲ အစီအစဉ်များ ဆက်လက် ကျင်းပပြီး အခမ်းအနားကို ည ၉ နာရီ ခွဲမှာ အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ပါတယ်။

အလင်းတန်းဂျာနယ် မျိုးမြင့်ငြိမ်း။ ဆုရရှိသူများ အမှတ်တရဓာတ်ပုံ
ဧည့်ပရိသတ်များ
ဖေမြင့်နဲ့ ၀င်းငြိမ်း


ပွဲတက်သူ ကဗျာဆရာ စောဝေ




Related posts:

  1. >Taw BayarLay Literary Award held in Rangoon
  2. >1st Time for Citizen of Burma Award – 2010 Award Program Invitation posted
  3. >Rangoon Street Journalist – Rangoon View – Apil 1st Wk 2010
  4. >2010 – Citizen of Burma AWard – total votes cout announced
  5. >34th Annual Ceremony of Hornoring Senior Burmese Cartoonists Held in Rangoon

Comments are closed.

မိုးမခမှာ ကြော်ငြာပါ

Call home from MoeMaKa

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခ လစဉ် စာမူများ