>
သင်တန်းကာလမှာ (၄) ပတ် ကြာမြင့်မည် ဖြစ်သည်။
လာမည့် စက်တင်ဘာလကုန် ခန့်တွင် ဈာပနကူညီမှု (၁၀၀၀၀) ပြည့်မည့်နေ့၌ သင်တန်းသူ/သားများအား “ဘ၀နိဂုံး အဆုံးပုံရိပ်” ခေါင်းစဉ်ဖြင့် လက်တွေ့ ဓာတ်ပုံရိုက်ပြိုင်ပွဲ ကျင်းပသွားမည် ဖြစ်ပါသည်။
ဥက္ကဌ ဦးကျော်သူက သင်တန်း ဖွင့်ပွဲတွင် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား အသင်းသူ/သားတို့ကို ရှင်းလင်းပြောကြား သွားခဲ့သည်။
ဓာတ်ပုံသင်တန်း သင်ကြားရခြင်းမှာ နာရေးကူညီမှုအသင်း(ရန်ကုန်)က အများပြည်သူတို့၏ နာရေး ရုပ်အလောင်းများ သယ်ဆောင်မှု၊ ရဲမှုခင်းဆိုင်ရာဖြစ်သော ရေနစ် သေဆုံးမှု၊ ဆွဲကြိုးချ သေဆုံးမှု၊ ရထားကြိတ် သေဆုံးမှု၊ ပိုင်ရှင်မဲ့ သေဆုံးမှုများနှင့် တိုင်းကျိုး ပြည်ကျိုးပြု အာဇာနည်ပုဂ္ဂိုလ်/ သူရဲကောင်းတို့၏ ဈာပန အခမ်းအနားများ၊ သာသနာ့ အာဇာနည် ရဟန်း သံဃာ ဆရာတော်ဘုရားကြီးများ၏ အန္တိမဈာပန အခမ်း အနားများ စသည့် ထူးခြားသော ဖြစ်စဉ် ဖြစ်ရပ်များ၊ သုခကုသိုလ်ဖြစ် ဆေးခန်းသို့ လာရောက် ဆေးဝါး ကုသကြသော ထူးခြားသည့် ရောဂါဝေဒနာရှင် လူနာများ၏ ဆေးဝါးကုသခြင်း စသည့် ပုံရိပ်များကို မှတ်တမ်းတင်နိုင်ရေး ဖြစ်သည်။
နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သမိုင်းမှတ်တမ်းများအဖြစ် ထိန်းသိမ်းထားရှိပြီး နောင်တစ်ချိန်တွင် အသင်းကို ဦးဆောင်ဦးရွက်ပြုမည့် မျိုးဆက်သစ် လူငယ်/လူရွယ် ခေါင်းဆောင်များအား အသင်း၏ ပေးဆပ်ခဲ့မှု သမိုင်းစစ် သမိုင်းမှန်များကို သိရှိနားလည် သဘောပေါက်ကာ လက်ရှိ တာဝန်ယူနေသူတို့၏ ပေးဆပ်မှုထက် မနှိမ့်ကျသော သာလွန်သော ပေးဆပ်မှုများဖြင့် ပြည်သူလူထုအား အလုပ်အကျွေးပြုသွားနိုင်စေရန် ရည်ရွယ်၍ ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက် ဓာတ်ပုံ သင်တန်းပို့ချခြင်း ဖြစ်သည်။
Related posts:




>Cartoon Beruma – Difference between the Burmese regime and Thai, Thai won’t shoot at people
>Translated by May Ka on "Twilight over Burma by Inge Sargent " #5
>ဗုသ - တြေႛဆုံဆြေးြေိံး ညြိံင်းတာူဖစ်အောင်လုပ်ရမယ်
>Htain Linn - Green Padauk Poem
>Nyan Oo - Same Old Same Old
>ရဲဘော်ဖိုးသံခေဵာင်း - တိုင်ူးပည်ရဲႛ ကုံကမ္ထာကို အဆုံးအူဖတ်ပေးတဲ့ ကာလ ရောက်တော့မယ်
>U Win Tin rejects SPDC road map
စာဖတ်သူတွေရဲ့အသံ