>Thakhin Kodaw Hmine 46 year anniversary

>

မြန်မာငြိမ်းချမ်းရေးဖခင်ကြီးရဲ့ ကွယ်လွန်ခြင်း ၄၆ နှစ်မြောက် နှစ်လည် မြင်ကွင်း

မိုးယံမခ၊ ရန်ကုန်
ဇူလိုင် ၂၄၊ ၂၀၁၀
အမျိုးသားစာဆို၊ မြန်မာ့ငြိမ်းချမ်းရေးဖခင်ကြီး၊ မဟာကဗျာက၀ိ စတဲ့ ဂုဏ်ပုဒ်တွေနဲ့ ထင်ရှားတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၆ ကြိမ်မြောက် နှစ်လည်အလှူဒါနကို ယမန်နေ့ မနက်ပိုင်းက စမ်းချောင်း၊ မြေနီကုန်း၊ ကျွန်းတောကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။ 

 နိုင်ငံရေး၊ စာပေ အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များနဲ့ ဆရာကြိးကို လေးစားချစ်ခင်သူများ လူဦးရေ ၅၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။ မြန်မာ့အမျိုးသားတို့ကို သူကျွန်ဘ၀က လွတ်မြောက်အောင် ကလောင်လက်နက်နဲ့ တိုက်ပွဲဝင်ခဲ့သူ၊ မြန်မာ့ငြိမ်းချမ်းရေးသာမက ကမ္ဘာငြိမ်းချမ်းရေးအတွက်ပါ အသက်အရွယ်ကို မငဲ့ကွက်ဘဲ ရှေ့တန်းက ဆောင်ရွက်နိုင်ခဲ့သူ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ နှစ်လည်အလှူဒါနကို ဆရာကြီးရဲ့ စာအုပ်များ ပြန်လည်ထုတ်ဝေရာက ရရှိတဲ့ စာမူခများနဲ့ ကျင်းပဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း မိသားစုဝင်များထံက သိရပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ မူလနေအိမ်ကို ဖျက်ပြီး ကန်ထရိုက်တိုက် ဆောက်နေဆဲ ဖြစ်တဲ့အတွက် ကျွန်းတော်ကျောင်းတိုက်မှာ ကျင်းပရတာ ဖြစ်ကြောင်း၊ ယမန်နှစ်ကတည်းက ပြုပြင်ထိန်းသိမ်းနိုင်ခြင်း မရှိတဲ့ ဆရာကြီးနေအိမ်မှာ ကျင်းပဖို့ အခက်အခဲများ ရှိလာတာကြောင့် ကျွန်းတော်ကျောင်းတိုက်ကို ပြောင်းရွှေ့ကျင်းပရခြင်း ဖြစ်ကြောင်း သိရပါတယ်။

 ထိုသို့ အခက်အခဲများနဲ့ ရင်ဆိုင်နေရတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းအထိမ်းအမှတ် နှစ်လည်ကျင်းပခြင်းမျိုးကို လက်ရှိတည်ဆဲ အစိုးရအနေနဲ့ လုံခြုံရေးဆိုင်ရာ စောင့်ကြည့် မှတ်တမ်း ယူခြင်းမှ လွဲပြီး မည်သည့် အကူအညီ၊ အထောက်အပံ့များ၊ လေးစားဂါရ၀ပြုမှု ပြသခြင်းများ တစုံတရာ ဆောင်ရွက်ခြင်း မရှိခဲ့သည်မှာ အစဉ်အလာတရပ်သဖွယ် ဖြစ်နေကြောင်း နိုင်ငံရေစသမားတဦးက သုံးသပ်ပြောဆိုခဲ့ပါတယ်။

          (ဓာတ်ပုံများ – တက်ရောက်လာသော ပရိသတ်များ၊ စာပေပညာရှင်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ မျိုးဆက်သစ်လူငယ်များ)


Related posts:

  1. >Thakhin Kodaw Hmine – Martyrs Tribute
  2. >Thakhin Kodaw Hmine: Life and Literature (2)
  3. >Thakhin Kodaw Hmine: Life and Literature (3)
  4. >The Passing of Thakhin Kodaw Hmine – 45 Years – Event hold
  5. >Who is Thakhin Kodaw Hmaing?

Comments are closed.

မိုးမခမှာ ကြော်ငြာပါ

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခ လစဉ် စာမူများ