>
အင်ကြင်းမေ
သြဂုတ် ၈၊ ၂၀၁၀
သြဂုတ် ၈၊ ၂၀၁၀
၈ ရက် ၈ လ ၈၈ တဲ့
ပညာရှင်တွေ ပြောခဲ့ကြတယ်။
လူတွေပြောတဲ့ ဒီဥပမာထဲ
တနေရာတော့ ငါလည်းပါခဲ့။
ငါ့ အသက်ရဲ့ ၁၇ နှစ်မပြည့်ခင်
တက်ကြွခြင်းရဲ့ စိတ်ဓာတ်တွေနဲ့
နာကြည်းခံစားခဲ့ရဖူးတယ်။
စစ်အုပ်စုရဲ့ရက်စက်မှုတွေ
တထောင့်တနေရာလေးမှတောင်
လက်ညှိုးထိုးမလွဲနိုင်အောင်ဘဲ
လူပေါင်းများစွာ သွေးမြေကျခဲ့
မသေမရှင် မြေမြုပ်ပစ်ကြ
ဘက်နက်နဲ့ထိုး သေနတ်နဲ့ပစ်
အရက်စက်ဆုံး သတ်ခဲ့ကြတယ်။
အဲ့ဒါတွေကို …
နာကြည်းနေမလား တိုက်ပွဲဝင်မလား
အစွန်းရောက်တယ်လို့ပဲပြောပြော
နာကြည်းတယ်လို့ပဲဆိုချင်ဆို
သေသည့်တိုင်အောင် အသည်းထဲမှာ
အရိုးစွဲအောင် ထင်ကျန်နေမယ့်
ဝိဉာဉ်ဘဝနဲ့ နာကြည်းနေမယ့်
၈ ရက် ၈ လ ၈၈ ရဲ့
ဘယ်တော့မှ မေ့မရနိုင်တဲ့
လူထုကြီးနဲ့ ဝိဉာဉ်တွေရဲ့
နောက်ထပ်တကြိမ် ပြန်လာတော့မယ့်
ကမ္ဘာမကြေ အော်သံတွေဟာ
နီးနီးလေးပဲ ကြားနေရတယ်။
No related posts.




ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ထားဝယ်စီမံကိန်းသို့လာရောက် - Thai ex PM visited Burma
>Fortwayne Monastery invites Kason Pwedaw
Saw Ngo - နောက်တခါ လာပြန်ဘီဟေ့ (ကြိုတင်မဲ)
>Ko Ko Gyi - Direction Essay for his passing mother
>Gold Plating of Shwedagon Pagoda process increased
ဂျုံး ... ဂျုံး ... ဂျက် ... ရွှီး ... ဒီမိုကရေစီခရီး
>Tri Color Group bid farewell to Kim, son of Suu
မြူတိမ်ဝေဝေ ... တောင်ခိုးဝေးဝေး - အပိုင်း (၂၅)
>U.S. says Burma move on prison terms insufficient
စာဖတ်သူတွေရဲ့အသံ