>Gyaw Dee on 15-Minute Parliament

>


“၁၅ မိနစ်ပဲ စောင့်”
ဂျော်ဒီး
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၁

(cartoon: APK FaceBook)


xxx အီ ဂျစ် နဲ့ အင်္ဂလန် xxx နိုင်ငံခြား မောင် သွား ထား လေမလား xxx သူတပါး မကြည့်အောင် xxx


ဂျီးဒေါ် တယောက် အိမ် အလုပ်ကလေးတွေ လုပ်ရင်း ခေတ်ဆွေး သီချင်းလေးတပုဒ် ညည်းနေမိသည်။

ထိုစဉ် တူတော်မောင် သာဂိ ရောက်လာပြီး နားစွန်နားဖျား ကြားလိုက်ရသည့် သီချင်းသံကို နင်းကာ ထင်ရာ စွတ်ပြောလေသည်။

“အီဂျစ် နဲ့ အင်္ဂလန်ကို သွားမနေနဲ့ ဂျီးဒေါ်။ လစ်ဗျားကိုသွား။ ဟားဟား ကဒါဖီက အာဖရိက ကြေးစား စစ်သားတွေ ခေါ်ထားတယ် တဲ့။ လုံခြုံရေး အတွက် ပို စိတ်ချရတယ်။ ဟီးဟီး”

“ဟဲ့ – သာဂိ။ လာဘီ၊ လူကြီးကို မလေးမစားနဲ့။ ခုန နင်ပြောတဲ့ ကဒါဖီ ဆိုတာကြီးက မိုက်ချက် ကမ်းကုန်နေပါလား။ ယုတ်မာလိုက်ပုံကလည်း ကိုယ့်တိုင်းသူ ပြည်သားတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေလိုက်တာနော်။ ဒါပေမယ့် ဒင်းလည်း သွားတော့မှာပါ။ အာဏာရှင်တွေ ကျဆုံးမယ့် အနံ့အသက်တွေ ရနေလို့ တို့ဆီက အာဏာရှင်ကြီးလည်း ရင်တွေ ခုန်နေလောက်ပြီ”

“အာဏာရှင် မှန်သမျှ ဂလိုချည်းပါဘဲ ဂျီးဒေါ်ရယ်။ ကဒါဖီက သူ့ကို ဆန့်ကျင် ဆန္ဒပြသူ မှန်သမျှ တယောက် မကျန် အကုန် သတ်ပစ်မယ် တဲ့။ သူပိုင် သတင်းဌာနတွေကနေ ပြည်သူကို တရားဝင် ခြိမ်းခြောက်နေလိုက်တာ”

“ဟဲ့ — ဒါဆိုရင်တော့ ကွာသွားဘီ သာဂိရေ့။ တို့ဆီက အာဏာရှင်ကြီးကတော့ သူ့ ပြည်သူ လူထုကို အဲလိုမျိုး နှုတ်နဲ့ ရိုင်းရိုင်းပြပြ တရားဝင် မခြိမ်းခြောက်ပါဘူးကွယ်။ တို့တွေ လစ်ဗျားပြည်သူတွေထက် ကံကောင်းတယ် ဆိုရမယ်”

“— အဟုတ် မှတ်ပြီး ၀မ်းသာနေတာ။ ဟော — ခဏကြာတော့ ချိတ်ထဘီကြီးတွေ ၀တ်ပြီး ပိုလာဘာလီ လျှောက်ပြတာ မြင်ရတော့—”


“ဟုတ်ပါ့ — ဂျီးဒေါ် ရယ်။ ကဒါဖီ ဆိုတဲ့ လူက မိုက်လို့ သူများ ကြား မကောင်းအောင် လျှောက် အော်နေတာ။ ကျနော်တို့ ပေါတာကြီးဆို ဘာမှ ပါးစပ်က ပြောမနေဘူး.။ လက်တွေ့ကျကျဘဲ သတ်တယ်၊ ဖမ်း တယ်၊ နှိပ်စက်တယ်၊ ထောင်ချတယ်”

“အေးနော် — သူ့ ခမျာ စကားမှ ပြောတတ်ရဲ့လား မသိ။ တို့ပြည်သူတွေ သူ့အသံကို တခါမှ တိုက်ရိုက် မကြားဖူးပေါင်။ သူများတွေက စွပ်စွဲလဲ တုံဏှိ ဘာဝေ ပေတေတေနဲ့”

“အဲလို ဘာသံမှ မထွက်ဘဲ ထင်ယောင် ထင်မှား သတင်းတွေ၊ ကောလာဟလတွေ လွှင့်ပြီး၊ ဘယ်ဂျိုဂုတ်တော့ ဘယ်စားကျက်မှာ လှန်ထား လိုက်သတဲ့။ ဘယ်ဂျိုဂုတ်ကိုတော့ တင်းကုတ်ထဲ အကျယ်ချုပ် ချထား လိုက်သတဲ့။ ဘယ် ဂျိုဂုတ်တော့ မြက်နုတွေ မတရား စားပြီး ချီးစိမ်းပန်း လို့ စားကျက် ကနေ နှုတ်ထွက်ခိုင်းလိုက် သတဲ့။ ဘယ် စားဖားကြီးတွေတော့ စားကျက်မှာ မတွေ့ဘူး တဲ့။
ဂလို သတင်း အမှောင်ထု ထဲက အစအနလေးတွေ ရရင် သတင်းသမားတွေခမျာ သုံးသပ်ကြ၊ ဆွေးနွေးကြ။ ပေါတာကြီးကတော့ လိုဏ်ခေါင်းထဲကနေ ကြိတ် ရီနေရင်း၊ ဟတ်ချလောင်း ဆိုပြီး လုပ်ချင်တာတွေ လုပ်ပြလိုက်”

“အေးပါဟယ် — တို့ပြည်သူတွေမှာတော့ ဒင်းတို့ချင်း အဝေ မတဲ့တွေ ဖြစ်ပြီး ချကုန်ပြီ ကြားရင် အဟုတ် မှတ်ပြီး ၀မ်းသာနေတာ။ ဟော — ခဏကြာတော့ ချိတ်ထဘီကြီးတွေ ၀တ်ပြီး ပိုလာဘာလီ လျှောက်ပြတာ မြင်ရတော့ မောမောသွားရတာ။ စိတ်ကုန် လာဘီ”

“ဂျီးဒေါ်မပြောနဲ့ လွှတ်တော်တွင်း နိုင်ငံရေး လုပ်မဟဲ့ လို့ မောင်းတင်ထားတဲ့ တချို့ အမတ်မင်းကြီးတွေတောင် လွှတ်တော်ထဲက သူတို့ အာဏာ မိုက်ကြေးခွဲပွဲကြီးထဲမှာ ထိုင် ငိုက်နေရတာ စိတ်ကုန်နေရှာပြီ တဲ့”

“အမယ် ဟို DEF ပါတီ က လွှတ်တော် ကိုယ်စားလှယ် အမတ်မင်း အထူးကု ဆရာဝန်ကြီးကတော့ စိတ်ကုန်ပါဘူး တဲ့။ နောက်ထပ် ဘယ်နှစ်နှစ်ကြာမှာ လုပ်မယ် မသိတဲ့ နောက်ရွေးဂေါက်ပွဲ တခုရဲ့ နောက်လွှတ်တော်ကြီးကျရင် ငိုက်ပိုင်ခွင့်တွေ ထပ် ရဦးမှာ တဲ့။ နောက်ပြီး မြန်မာပြည်မှာ အီဂျစ်တို့၊ လစ်ဗျားတို့လို လမ်းပေါ် ဆန္ဒ ပြပွဲတွေ ဖြစ်လာနိုင်စရာ မရှိပါဘူး တဲ့။ သူတို့ ငိုက်တော် အဲအဲ လွှတ်တော်ထဲမှာ ဒိုင်ယာလော့ ဆိုလား၊ ဟို ကြဖွတ်တွေ တင်ခေါ်လာတဲ့ ဒိုင်နာလော့ ဆိုလား၊ အဲလို ဆွေးနွေးခွင့်တွေ ဟိုးးးးးး နောက် တော်တော်လေးးးးးး ကြာရင် ရတော့မှာပါ တဲ့။ သူတို့ DEF ပါတီ နိုင်ငံရေး ခေါင်းဆောင်ကြီးကလည်း စောင့်ကြည့်ရဦးးးးးးမှာပါ တဲ့။ အား မရှိတဲ့ လေသံလေးနဲ့ ပြောသွား သလားလို့”

“—ငိုက်တော် အဲအဲ လွှတ်တော် ထဲမှာ ဒိုင်ယာလော့ ဆိုလား ဟို ကြဖွတ်တွေ တင်ခေါ်လာတဲ့ ဒိုင်နာလော့ ဆိုလား—”


“စောင့်ကြ။ စောင့်ကြရပါလိမ့်မယ်။ သူတို့ လွှတ်တော်ထဲက ဒိုင်ယာလော့။ ခုလောလောဆယ်တော့ dia lock ပေါ့ကွာ။ အမတ်မင်းတွေ ပါးစပ် သော့ခတ်ထားခံရတာများ။ ဘယ်ထိ စောင့်ကြည့်ဦးမလဲ မသိ”

“ဟဲ့ — သာဂိ။ သူတို့ လွှတ်တော်ကြီးကို ပြည်သူတွေ စိတ်ဝင်စားလာအောင်။ ဟိုမင်္ဂလာပွဲ (၆)ခါနွဲတဲ့ မင်းသမီးလေးနဲ့ ကြော်ညာ ရိုက်ရင် ကောင်းမယ် ထင်တယ်နော်။ အဲဒီ မင်းသမီးလေးရဲ့  မာမား ခေါက်ဆွဲ ကြော်ညာလေးလိုလေ။ (၃) မိနစ်ပဲစောင့် ဆိုတဲ့အစား (၁၅) မိနစ် ပဲစောင့်။ လာပါပြီ အဆင်သင့်၊ ရယ်ဒီမိတ် စီစဉ် ပြီးသား ဥပဒေတွေ အမိန့် ပြန်တမ်းတွေ၊ အစိုးရ အဖွဲ့ဝင် စာရင်းတွေ(၁၅)မိနစ်ပဲငိုက်၊ အဲလေ — စောင့်။ လွှတ်တော် ကိုယ်စားလှယ်ဂျီးတွေ ဘာမှ ဆွေးနွေး စရာမလို။ အပင်ပန်းခံ ကန့်ကွက်စရာ မလို.။ ရယ်ဒီမိတ် အသင့် စား။ ခဏလေး တမှေးလေး ငိုက် လိုက်(၁၅) မိနစ်ပဲစောင့်”

“ဟားဟား — ဟုတ်တယ်ဗျို့ —။ ဘကြီးဆူးကြမ်း နိမိတ် ဖတ်ထားတာနဲ့ ပြောင်းပြန် တပတ်နွမ်းဂရောင်း၊ တပတ်နွမ်း ပလေယာ၊ ပါရာဒိုင်းတပတ်နွမ်းကြီးနဲ့ ၁၅ မိနစ် လွတ်တော်ဗျို့ ”

+++ +++ +++


မှတ်ချက် – ဂျီးဒေါ် နှင့် သာဂိတို့ တူအရီး အနှီကဲ့သို့ သူတို့ ၁၅ မိနစ် လွှတ်တော်ကြီး အကြောင်း ဆွေးနွေးနေသည်ကို မြေပြင် ဝေဟင် လိုဏ်ခေါင်း ထောက်လှမ်းရေးများမှ တဆင့် ပေါတာကြီးထံသို့ ဒဒင်း ပေါက်ကြားသွားသည်။ ဂျီးဒေါ်တို့ တူအရီးကို အရှက်ကွဲစေစိမ့်သောငှာ လာမည့် လွှတ်တော် အစည်းအဝေးများကို (၅) မိနစ် တိုးပြီး မိနစ် (၂၀) ကြာ ကျင်းပရန် ပေါတာကြီးက အမိန့် ထုတ်ပြန်လိုက်ကြောင်း။

Burma Village - Burmese Food Catering

Related posts:

  1. >Election Commision committing vovting frauds and let last minute campaigns after deadline
  2. >Gyaw Dee’s Joke

Comments are closed.

မိုးမခမှာ ကြော်ငြာပါ

Interview with U Win Tin

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခလမ်းညွှန် အင်တာနက်စာမျက်နှာများ

မိုးမခ လစဉ် စာမူများ