>Regime and NLD start communicating with offical statements

>

အင်န်အယ်ဒီပါတီနဲ့ ကြံ့ဖွံ့အစိုးရသစ် အပြန်အလှန်စာထုတ်ပြီး ဆက်သွယ်ပြီ
မိုးမခ၊ ဇွန် ၃၀၊ ၂၀၁၁
ယမန်နေ့က စစ်အာဏာရှင်များထူထောင်ထားတဲ့ ကြံ့ဖွံ့အစိုးရရဲ့ ၀ါဒဖြန့်သတင်းစာကနေပြီးတော့ အင်န်အယ်ဒီပါတီခေါင်းဆောင် ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လိပ်မူပြီးတော့ သတိပေးအကြောင်းကြားစာ ရေးသားထုတ်ပြန်လိုက်ပါတယ်။ အင်န်အယ်ဒီပါတီဟာ လက်ရှိဥပဒေများအရ တရားဝင်ပါတီမဟုတ်တာကြောင့် နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ခွင့်မရှိကြောင်း၊ လူမှုရေးလုပ်ငန်းများ လုပ်ချင်ပါက လျှောက်လွှာတင်နိုင်ကြောင်း၊ ရှေ့ဆက်တိုးနေပါက အရေးယူရမှာဖြစ်ကြောင်း သတိပေးထားပါတယ်။
အင်န်အယ်ဒီပါတီက လူထုခေါင်းဆောင် အောင်ဆန်းစုကြည်ကလည်း ပါတီကိုယ်စား ချက်ခြင်း အကြောင်းပြန်စာ ရေးသားပေးပို့ပြီး တုန့်ပြန်လိုက်ပါတယ်။ တည်ဆဲဥပဒေများနဲ့ ၄/၈၈ အရ အင်န်အယ်ဒီဟာ တရားဝင်နိုင်ငံရေးပါတီဖြစ်နေဆဲဖြစ်တယ်။ တရားရုံးချူပ်မှာ ဥပဒေရေးရာ အငြင်းပွားမှုများကို ရင်ဆိုင်လျက်ရှိတယ်။လက်ရှိအစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးနဲ့ တွေ့ဆုံ ဆွေးနွေးလိုကြောင်း မေတ္တာရပ်ခံ လိုက်ပါတယ်။
ယခုလို လက်ရှိအာဏာရပါတီရဲ့ အစိုးရအဖွဲ့နဲ့ အတိုက်အခံနိုင်ငံရေးပါတီတို့ ပထမဦးဆုံးအကြိမ် တိုက်ရိုက် ထုတ်ပြန်ချက်တွေ ပြုလုပ်လာကြတာကို အချူို့က ကြိုဆိုပြီး၊ အများကတော့ စိုးရိမ်မှုတွေ ပြသကြပါတယ်။
စစ်အစိုးရ သို့မဟုတ် အာဏာရကြံ့ဖွံ့အစိုးရဟာ တခုတည်းသော အတိုက်အခံနိုင်ငံရေးပါတီ အင်အားစုကို တိုက်ခိုက်ချေမှုန်းဖို့ စစ်ကြေညာလိုက်တာလားလို့ အတော်များများက ယူဆကြောင်း ကြားသိရပါတယ်။
ကြိုဆိုသူအချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ အင်န်အယ်ဒီပါတီကို ကလောင်ဝှက်များနဲ့ စစ်တပ်ရဲ့ ၀ါဒဖြန့်သတင်းစာတွေကနေ တရားမ၀င် သွယ်ဝိုက်တိုက်ခိုက်နေတာထက် ယခုလို တရားဝင် အစိုးရအာဘော်အဖြစ် ထုတ်ပြန်လိုက်တာ၊ အများပြည်သူကို သတိပေးလိုက်တာကို ကောင်းကွက်အဖြစ် မြင်တယ်လို့ ပြောပါတယ်။
ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အများပြည်သူနဲ့ စစ်အစိုးရကို တိုက်ရိုက် သဘောထားပြန်လည် တုန့်ပြန်နိုင်တာဖြစ်ပါတယ်။ စစ်အစိုးရဘက်က ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ဆုံခွင့်ကို ငြင်းပယ်ခဲ့မယ် ဆိုရင် ဒါဟာ တရားဝင်အဖြစ်နဲ့ စစ်အစိုးရဟာ အတိုက်အခံနိုင်ငံေ၇းပါတီတွေ၊ အင်အားစုတွေကို တွေ့ဆုံဆွေးနွေးအဖြေရှာလိုခြင်း မရှိဘူးဆိုတာ ထင်ရှားမယ် ဖြစ်ပါတယ်။
“သူတို့ အခြေခံဥပဒေအရ ဖျက်သိမ်းလိုက်ပြီးဖြစ်တဲ့ နအဖ၊ န၀တ စစ်ကောင်စီဝင်တွေအနက် စစ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး သန်းရွှေကို လက်ရှိစစ်အစိုးရကိုယ်တိုင်က ဆက်လက်ပြီး တရားဝင် အသိအမှတ်ပြုနေဆဲပဲလား ဆိုတာကိုလည်း တရားဝင် ထုတ်ပြန်သင့်ပါတယ်။”
လို့ ရန်ကုန်က ၀ါရင့်စာနယ်ဇင်းဆရာတဦးက မိုးမခကို သဘောထားပေးပါတယ်။

Related posts:

  1. >Thirimingalar Market privatized after authority offical denial
  2. >62nd Anniversary of Burma Independence – NLD & Senior Politicians Statements
  3. >Aung Din – Let’s start a new game
  4. >Maung Aw – 2010 Election to be in good start?
  5. >Sasana Moli set April 26th as the date to start the boycott campaign on Junta’s referendum

Comments are closed.

မိုးမခမှာ ကြော်ငြာပါ

Call home from MoeMaKa

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခ လစဉ် စာမူများ