>dozens of people missing in Pakokku

>

ရေဘေးဒဏ်ခံလိုက်ရသော ပခုက္ကူမြို့တွင် ရုပ်အလောင်း ၇၀ ခန့် တွေ့ရှိ
မိုးမခအထောက်တော် အမှတ် ဝဝ၈
အောက်တိုဘာ ၂၃၊ ၂၀၁၁ယမန်နေ့က တွေ့ရသော ပခုက္ကူမြို့ရွှေချောင်းတံတား အပျက်အစီး မြင်ကွင်း (ဓာတ်ပုံ-getty images)


ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပခုက္ကူမြို့ရေဘေးကြောင့် အသေအပျောက် များပြားကြောင်း သတင်းများ ထွက်ပေါ်နေချိန်တွင် ရုပ်အလောင်း ၇၀ ခန့် ရှာဖွေတွေ့ရှိထားသည်ဟု မြို့ခံများကို ကိုးကားပြီး ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်က သတင်းထုတ်ပြန်သည်။

“အောက်တိုဘာ ၂၂ ရက် ညနေအထိ အလောင်း ၇၀ တွေ့ရှိပြီးဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စာရင်းကိုကြည့်၍ ဒေသခံအချို့က ပြောသည်” 7Day ဂျာနယ် ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။

ရုပ်အလောင်းတချို့ကို ရွှေချောင်းတလျှောက် သဲနုန်းများအောက်မှ ရှာဖွေတွေ့ရှိသည်ဟု ဆိုသည်။

မြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း ၃ ခုတွင် ရေဘေးဒုက္ခသည် ၁၇၀၀ ကျော် ရှိနေသည်ဟု သတင်းက ဆိုသည်။

အောက်တိုဘာ ၁၉ ရက်နေ့က စတင်ပြီး မကွေးတိုင်းအတွင်း မိုးသည်းထန် ရေကြီးမှုကြောင့် အပျက်အစီး များပြားပုံကို ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။


Related posts:

  1. >17 dead, dozens missing in Pathein ferry accident
  2. >Oil pipe fire in Pakokku kills 14
  3. >At least 27 dead, 15 missing in wake of cyclone
  4. >New clashes leave 1 dead, dozens injured

Comments are closed.