>
မာစတာစီဒို
အောက်တိုဘာ ၅၊ ၂၀၁၁
အာဆီယံတိုင်းပြည်များကို လျှောက်သွားနေတဲ့ ထိုင်းဝန်ကြီးချုပ် ဒေါ်ရင်လှ (မစ္စ ရင်လတ်ရှင်နာဝပ်) တယောက် မြန်မာပြည်ကို လာမှပဲ သူ့ရဲ့ ၀တ်စား ဆင်မြန်းပုံတွေအကြောင်း ပြောပြရင် ကောင်းမှာပဲလို့ စိတ်ကူးမိပါတယ်။
နိုင်ငံခေါင်းဆောင်ဟာ အမျိုးသားဖြစ်တယ် ဆိုရင်တော့ အ၀တ်အစားကို သိပ် ဂရုစိုက်ဖို့ လိုမယ် မထင်ဘူး။ ကုတ်အကျီင်္အမည်းတထည်နဲ့ အလုပ်ဖြစ်တယ် မဟုတ်လား။ ကြောင်လျှာသီးနက်ကတိုင်ကိုတော့ များများဝယ်ပြီး ခွေထားပေါ့လေ။
ဒေါ်ရင်လှက အမျိုးသား မဟုတ်လေတော့ ကုတ်အကျီင်္အမည်းတထည်တည်းနဲ့ အလုပ်မဖြစ်လေဘူး။
ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လော၊ မြန်မာ ၅ နိုင်ငံခရီး ဆက်တိုက်ထွက်တဲ့ သူ့ခရီးစဉ်မှာ အ၀တ်အထည် မထပ်ရ မတူရလေအောင် ဆင်မြန်းရရှာလေတယ်။
အာဆီယံဒေသ နောက်ထပ် ၄ နိုင်ငံ နဲ့ အိုဘားမားဖိတ်ကြားတဲ့ ဘာအစည်းအဝေး ဆိုလား အဲဒါ သွားတက်တဲ့အခါလည်း မတူအောင် ဆင်မြန်းရမယ် ဆိုတော့ သူ့မယ် ဖက်ရှင်ဒီဇိုင်း စီမံခန့်ခွဲသူတွေ ခန့်ထားမယ်လို့ ယူဆရတယ်။
ဟောဒီမယ် သူရောက်ခဲ့တဲ့ ခရီးစဉ်တွေမှာ မြင်ရတဲ့ ပုံတွေ။
စက်တင်ဘာ ၁၀၊ ၂၀၁၁ ဘရူနိုင်းနိုင်ငံ (ဓာတ်ပုံ – reuters)
ပထမဆုံး ခရီးစဉ်မှာ စကပ်ရှည်ရှည် ၀တ်ထားတယ်။ အိမ်ရှင်နိုင်ငံရဲ့ ဓလေ့ကို လေးစားအသိအမှတ်ပြုသောအားဖြင့် သို့ကလို ၀တ်ဆင်ပုံ ရတယ်။
စက်တင်ဘာ ၁၂၊ ၂၀၁၁ အင်ဒိုနီးရှားနိုင်ငံ ခရီး (ဓာတ်ပုံ – reuters)
အင်ဒိုနီးရှားမှာတော့ စကတ်က နိုင်ငံတကာစံနှုန်း ပြန်ဖြစ်သွားတယ်။ အင်ဒိုနီးရှားဟာ အကဲဆတ်မှု နည်းပါးဟန်တူတယ်။ ဂျကာတာမှာ ၀တ်တဲ့ ၀တ်စုံဟာ ပြိုးပြိုးပြက်ပြက်နဲ့။ ထိုင်းနိုင်ငံဖြစ် အ၀တ်စသုံးပြီး ချုပ်ထားတယ်လို့ ယူဆရတယ်။ ထူးခြားတာက တခြားခရီးစဉ်တွေမှာ ဆံပင်ကို စည်းထားပေမယ့် ဒီတခါတော့ ဆံပင်ကို ဖြန့်ထားတာပါ။
စက်တင်ဘာ ၁၅၊ ၂၀၁၁ ကမ္ဘောဒီးယား ခရီး (ဓာတ်ပုံ – ???)
စက်တင်ဘာ ၁၆၊ ၂၀၁၁ လောခရီး
လောနိုင်ငံမှာတော့ ဇင်းမယ်မြို့သူ ဒေါ်ရင်လှကို လန်းနာဒေသ လုံချည်အကျီင်္၊ လန်းနာဒေသ ရိုးရာ ယဉ်ကျေးမှုအကနဲ့ အခုလို မြင်ရပါတယ်။ ထိုင်းနဲ့လော ဘာသာစကားယဉ်ကျေးမှု နီးစပ်လွန်းလို့ အခုလို ရင်းရင်းနှီးနှီးဆက်ဆံပြတာလည်း ဖြစ်နိုင်ပါတယ်။
လန်း ဆိုတာ အရေအတွက် တသန်း၊ နာ ဆိုတာက လယ်ကွင်းလို့ ဘာသာပြန်နိုင်တယ်လို့ သိရတယ်။ ဇင်းမယ်ဒေသ ၀န်းကျင်ကို ရှေးတုန်းက လန်းနာ လို့ ခေါ်တယ် တဲ့။ လန်းနားလို့ အသံထွက်ရင်လည်း သိပ် မမှားဘူးလို့ ဆိုတယ်။
အောက်တိုဘာ ၅၊ ၂၀၁၁ မြန်မာပြည်ခရီး (ဓာတ်ပုံ – AP)
မြန်မာပြည်ခရီးမှာတော့ လန်းနာဒေသယဉ်ကျေးမှုတွေ ထုတ်ဖော်ခဲ့ခြင်း ရှိမရှိ သတင်းများ ထွက်ပေါ်မလာသေးပါ။
Time မဂဇင်းမှာ ဖော်ပြခဲ့တဲ့ ဒေါ်ရင်လှပုံက ရင့်ကျက်တဲ့အသွင်ဆောင်တယ်။ဒီလိုဆောင်စေဖို့ ဓာတ်ပုံသမား ၀ါယမစိုက်ခဲ့ပုံရတယ်။
သြဂုတ် ၂ ရက်နေ့ လွှတ်တော် (ဓာတ်ပုံ – getty images)အတွင်းအကျီင်္ဖြူဆိုရင်ဒီပုံက တမျိုးဖြစ်သွားမှာ သေချာတယ်။ ပြီးတော့ ဆံပင်ကို စည်းထား ထုံးထားလိုက်ရင် ပိုလန်းသွားမယ်။
သြဂုတ် ၅ (ဓာတ်ပုံ – getty images)ပုလဲဆွဲကြိုးကို ကြိုက်ပုံရတယ်။ မကြာခဏ ဒီဆွဲကြိုး ၀တ်တာ ပုံတွေမှာ တွေ့ရပါတယ်။
ဟိုတယ်တခုကို ရောက်လာတဲ့ ဇူလိုင် ၄ ရက်နေ့က (ဓာတ်ပုံ – getty images)
ဘန်ကောက်နေအိမ် ဇွန် ၂၁၊ ၂၀၁၁ မွေးနေ့ အခမ်းအနား (ဓာတ်ပုံ – reuters)
ဒေါ်ရင်လှရဲ့ ၄၄ နှစ်ပြည့် မွေးနေ့မှာ ခင်ပွန်းသည် Anusorn Amornchat နဲ့ သားဖြစ်သူ Supasek Amornchat တို့ကို အခုလို တွေ့ရပါတယ်။
လုံချည်အကွက်လိုမျိုး အ၀တ်စ ခါးမှာ ပတ်ပေးထားတဲ့ပုံဟာ အီစံဒေသမှာ ရိုက်ထားတာဖြစ်မယ်လို့ ထိုင်းနိုင်ငံမှာ အနေကြာသူတဦးက အွန်လိုင်းကနေ ပြောပြပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်တုန်းကပုံပါ။
ထိုင်းတောင်ပိုင်း ယာလ ခရိုင် ဇွန် ၁၄၊ ၂၀၁၁ (ဓာတ်ပုံ – reuters)မလေးရှားနယ်စပ်၊ မဲဆွယ်ကာလ၊ ဒေသခံတို့နဲ့ ဟာမိုနီကျကျ။
အဲဒီတုန်းကတော့ နိုင်ငံရေးနယ်ဟာ သူ့နဲ့ တစိမ်းပြင်ပြင်ပါ။
ဆက်စပ်ဖတ်ရှုလိုပါက
ဒေါ်ရင်လှ ဖြစ်ရခြင်း အကြောင်းရင်း
Related posts:










်



>ကာတနြ်း ကိုပေၝ - ရာဇ၀င္မဵားရဲႚ သတိုႚသမီး
>2 Political Prisoners in the group of release yet so far
>မစိုးရိမ်ဆရာတော်ုကီး၏္ဘသ၀ၝဒ ကောကိုံတခဵက်
>ဘဂဿလားဒေ့ရ်တြင်ြလည်း အနည်းဆုံး ၃၄၀၀ သေဆုံး
>မိုးမခ ရဲႚ ေရဒီယိုခဵစ္သူမဵား ဆစ္ဒနီ - မတ္လ ၉၊ ၂၀၀၈
>Khet Mar – New Orleans Story
>Suu and Bill Richardson talk ( 07
>USDP is winning in Mon Sate with Absentee votes
စာဖတ်သူတွေရဲ့အသံ