>Human Rights Violations ‎in Kachin and Shan State

>

သတ်ဖြတ်၊ မတရားကျင့်မှုများကို ကချင်အမျိုးသမီးအဖွဲ့ ဖွင့်ချ
မိုးမခအထောက်တော် အမှတ် ၀၀၂
အောက်တိုဘာ ၇၊ ၂၀၁၁
ကချင်ပြည်နယ်ရှိ KIA ထိန်းချုပ်ရာ လိုင်ဇာဒေသတွင် ရိက္ခာတန်းစီနေသော စစ်ပြေးအရပ်သားများ (ဓာတ်ပုံ-DVB)


ပြီးခဲ့သည့် ၄ လအတွင်း ကချင်လက်နက်ကိုင်အဖွဲ့ KIA ဒေသတို့ကို ထိုးစစ်ဆင်ရာတွင် ဒေသခံ နှစ်သောင်းခွဲထက်မနည်း နေရပ်စွန့်ခွာထွက်ပြေးရပြီး အရပ်သားများ သတ်ဖြတ်၊ နှိပ်စက်၊ မတရားကျင့်ခံခဲ့ရသည်ဟု
ကချင်အမျိုးသမီးအဖွဲ့ Kachin Women’s Association of Thailand (KWAT) က ယနေ့ ထုတ်ပြန်သည့် အစီရင်ခံစာတစောင်တွင် ဖော်ပြထားသည်။

ုထိုအမှုများ ဖြစ်ပွားသည့် နေရာများမှာ အစိုးရက KIA ကို ထိုးစစ်ဆင်သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အတွင်းရှိ ဒေသများ ဖြစ်သည်ဟု အစီရင်ခံစာတွင် ရေးထားသည်။ အစီရင်ခံစာကို http://www.kachinwomen.com/ တွင် ဖတ်ရှုနိုင်သည်.

“ကျမတို့ရဲ့ မှတ်တမ်းအဖွဲ့က ဒီအမှုတွေအကြောင်း အသေးစိတ် သိရတဲ့အခါ အရမ် တုန်လှုပ်မိတယ်။ တချို့အမျိုးသမီးတွေဆိုရင် မိသားစုရှေ့မှာပဲ အစုလိုက်အပြုံလိုက် မတရားကျင့်ခံရတယ်”
ဟု KWAT အဖွဲ့၏ ပြောခွင့်ရ အရာရှိ Shirley Seng က ပြောသည်။

တရုတ်မြန်မာနယ်စပ်တွင် ရောက်နေသော စစ်ပြေးအရပ်သားများ ရိက္ခာပြတ်နေကြောင်း၊ ကူညီကယ်ဆယ်ရေးအဖွဲ့တို့ကို အစိုးရက ထိုဒေသများသို့ သွားရောက်ခွင့် ပိတ်ထားသောကြောင့် ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

ကချင်ဒေသထိုးစစ်ကြောင့် ဒုက္ခသည် နှစ်သောင်းခွဲထက်မနည်း ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော်လည်း အစိုးရသတင်းစာတွင်မူ ဒုက္ခသည်အရေအတွက်ကို ငါးထောင်ဝန်းကျင်ဟု ဖော်ပြထားသည်။

စက်တင်ဘာ ၂၃ ရက်နေ့ အစိုးရသတင်းစာတွင်
“ကချင်ပြည်နယ်အတွင်း အချို့နေရာများ၌ နယ်မြေလုံခြုံရေး အခြေအနေအရ ပြောင်းရွှေ့လာကြသူ အိမ်ထောင်စု (၁၃၉၇)စုမှ လူဦးရေ (၅၅၈၀) ဦး” အား ဘာသာရေးအဆောက်အအုံများ၊ တခြား အဆောက်အအုံများတွင်
ကယ်ဆယ်ရေးစခန်း ၃၈ ခုဖွင့်ပြီး ကူညီနေသည်ဟု ဆိုသည်။ KWAT အဖွဲ့ အစီရင်ခံသော သတ်ဖြတ်၊ နှိပ်စက်၊ မတရားကျင့်ခံရမှုတို့ကို သတင်းစာတွင် ဖော်ပြထားခြင်း မရှိပါ။

Related posts:

  1. >Human Rights Day of Burma in 2009
  2. >Article of Stamps (Human Rights Day)
  3. >Burma Human Rights Day – Poster Posted
  4. >Cartoon Maung Yit – Human Rights Day – 60 Years
  5. >Declaration of Human Rights in Burmese language

Comments are closed.

မိုးမခမှာ ကြော်ငြာပါ

Call home from MoeMaKa

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခ လစဉ် စာမူများ