>
မင်းမျိုးတွေအကြောင်းရေးလာကြတဲ့စာတွေမှာ အများစုက နယ်ချဲ့ဖိနှိပ်ချုပ်ချယ်မှုကြောင့် ဘဝပျက်တိမ်ကောသွားတဲ့အနွယ်တော်အထည်ကြီးပျက်တွေဘဝကို သနားစရာ ဖွဲ့တာကများပါတယ်။ ဒီလူတန်းစားဟာ နယ်ချဲ့လက်အောက်မှာ စီးပွားရေးသွေးစုပ်ချယ်လှယ်ခံနေရတဲ့ လူထုအများစုကို ဦးဆောင်မှုပေးတဲ့ နိုင်ငံရေးကဏ္ဍကိုမရယူပဲ နယ်ချဲ့လက်ဝေခံအခွင့်အရေးမျှော်ဘဝနဲ့ တိမ်ကောသွားတာကို ဝေဖန်ပြနိုင်ရင် ပိုပြည့်စုံတဲ့ မြင်ကွင်းကို ရမှာပါ။ ခုတော့ နယ်ချဲ့မုန်းတီးရေး ပဒေသရာဇ်တမ်းတတဲ့ လူမျိုးရေးသွေးထိုးစာတွေပဲထွက်လာတာ များပါတယ်။
ဘလော်ဂါ ဘိုဘိုလန်းစင်
http://bobolansin.wordpress.com အောက်တိုဘာ ၂၀
==================================
ဒါက ရွာက အသည်းကျော် ကြီးတော်ပေါ့ ကြီးတော်ကတော့ သန်တုန်း မြန်တုန်းပဲ ကျနော့်ကိုတွေ့တော့ ငါ့တူလေးကတော့ အရင်တိုင်းပဲကောဆိုပြီး ပြေးဖက်တော့တာပဲ ကြီးတော် ဘာတွေလုပ်နေသလဲဆိုတော့ “ အနှိပ်သည်လုပ်တယ် ၀မ်းဆွဲ လုပ်တယ် ပြီးတော့ အ၀တ်လေးလိုက်လျှော်တယ်တဲ့ သေရင်တော့လား ငါ့တူရယ် သားသမီးလည်းမရှိတော့ သူများတွေလို ပြုစုမယ့်သူမရှိဘူးလေ အဲ့တော့ ဘုရားမှာဆုတောင်းတယ် သေရင် တစ်ချက်ထဲ ဘာမှမခံစားရပဲ သေရပါလို၏ တဲ့ ကြီးတော်ကိုဓာတ်ပုံရိုက်သွားဖို့ဆိုတော့ “ အင်တာနက်မှာ တင်ဖို့လားငါ့တူ မင်းသမီးတွေ မော်ဒယ်တွေမှ တင်လို့ရတာမဟုတ်ဘူးလား ” တဲ့း) ကျနော့်အကြံကို သိများသိနေသလို ကြီးတော်ပုံလည်းတင်လို့ရပါတယ်ဆိုတော့ ဒါဆို များများသာရိုက်သွားတဲ့ ကြီးတော်အကြောင်းရေးဖူးတာက ဒီမှာပါ ။
ဘလော်ဂါ မောင်မျိုး
http://kyanaww.blogspot.com/ အောက်တိုဘာ ၂၇
==================================
ကျနော်တို့ကို ဟင်္သာတဆေးရုံကိုပို့တယ်။ ဟင်္သာတဆေးရုံက ကျနော်တို့ကို လုံးဝမကိုင်ဘူး ပစ်ထားတယ်။ အကုန်လုံး က ဒီမှာ မကုတော့ဘူး လွှဲစာ ရေးခိုင်းလိုက်တယ်။ ရန်ကုန်ဆေးရုံကြီး ရောက်တယ်။ ဦးနှောက်နဲ့ အာရုံကြောဆေးရုံကို ဆက်ပို့တယ်။ ခုနှစ်ရက်နေရတယ်။ နှစ်ယောက်လုံး။ ခေါင်းက ခုနှစ်ချက် ချုပ်ရတယ်။ ငယ်ထိပ် တည့်တည့်မှာ။ —ကင်မရာရော၊ နာရီ၊ ပိုက်ဆံ ၇၀,၀၀၀ ရယ်၊ ဆိုနီ အသံဖမ်းစက်ရယ်။ သူတို့ဆီ ပါသွားတယ်။ ရဝတ ဦးသန်းအောင် အပါအဝင် ရိုက်တဲ့ ၂၆ ယောက်ကို အမည်တပ်ပြီး ကျနော် တရားစွဲတယ်။ (ဒါပေမယ့်) ဒီလူတွေ အပြစ်မရှိဘူး ဆိုပြီး ကွင်းလုံးကျွတ် လွှတ်ပေးလိုက်တယ်။
ဦးမြင့်လှိုင်၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်
အောက်တိုဘာလ ၁၉ မဇ္ဈိမ
==================================
ခွေးပြေးဝက်ပြေး ပြေးခဲ့ရတဲ့ ကဒါဖီ။ ခွေးသေ၀က်သေ သေခဲ့ရပြီ။ မြောင်းပေါက်ထဲက ဆွဲထုတ်။ လူအုပ်ကြီးလက်ချက်နဲ့ အသက်ထွက်။ အသားရောင်းတဲ့ဆိုင်မှာ အသားတုံးတခုလို ပြသထား။ ဗိုလ်မှုးကြီး ကဒါဖီ။ ခေါင်းဆောင်ကြီး ကဒါဖီ။ ရွှေရောင်ပစ္စတိုပိုင်ရှင် ကဒါဖီ။ ကြွက်စုတ် ကဒါဖီ။ အာဏာရူး ကဒါဖီ။ ပြီးသွားပြီ။
ရှစ်လလောက်ကြာတဲ့ လစ်ဗျားဇတ်ကြမ်းကားသစ်ကြီး ပရိတ်သတ်အကြိုက် ဇတ်သိမ်းပြီ။ မြန်မာတွေ ၀မ်းသာကြ။ ကမ္ဘာ့ပြည်သူတွေ ၀မ်းသာကြ။ လစ်ဗျားပြည်သူတွေ ကခုန်ကြ။ ပျော်ရွှင်လွန်းလို့ ငိုကြွေးကြ။ လွတ်လပ်မှုအတွက် ၀မ်းမြောက်ကြ။ အောင်ပွဲကြီး ဆင်နွှဲကြ။ လစ်ဗျားကိစ္စ ငဒို့မြန်မာတွေပါ ရင်ခုန်ရ။
သူများတွေရဲ့လွတ်မြောက်မှုတွေကို ငဒို့မြန်မာတွေ ငေးမော၊ ရောဝင် ခံစားရ။ ကမ္ဘာမှာ အာဏာရှင်တွေ တယောက်ပြီးတယောက် ကျ။ ငဒို့မြန်မာတွေလည်း အကြိမ်ကြိမ် အစားထိုးဝမ်းသာပေးနေရ။ ဒို့အရေးကတော့ မအောင်မြင်သေး။ ကမ္ဘာကတော့ မြန်မာအတွက်တီးဖို့ လက်ခုပ်သံတွေ သိမ်းပေးထားခဲ့တာ ကြာပြီ။ ဖုန်တောင်တက်နေပြီ။
ဘလော်ဂါ BlueSkyForest
http://blueskyforest.blogspot.com အောက်တိုဘာ ၂၅
==================================
ဘယ်ကုမ္ပဏီမှလည်း စပါးတင်းတွေကို တောင်သူလယ်သမားတွေ ထွက်သလိုထွက်အောင် စိုက်ပျိုးနိုင်တာမျိုးကိုလည်း မလုပ်နိုင်ဘူး။ တကယ့်နည်းပညာတွေလည်း ရောက်လာတာမျိုး မရှိသလို တကယ့်စိုက်ပျိုးတဲ့ အတတ်ပညာနဲ့ ပတ်သက်လို့လည်း ဘာမှမရှိဘူး။ ကုမ္ပဏီတွေရောက်လာတဲ့အတွက် လယ်ယာမြေတွေဟာ ဓာတုဓာတ်မြေဩဇာ သုံးလို့ လယ်မြေပျက်စီးတာပဲ ရှိတယ်။ တောင်သူတွေထမင်းငတ်သွားတယ်။ အလုပ်လက်မဲ့တွေဖြစ်သွားတယ်။ လယ်ငှားလုပ်သားတွေ အလုပ်လက်မဲ့တွေ ဖြစ်ကုန်တယ်။ မိသားစုတွေ ဘဝတွေဒုက္ခရောက်ကုန်တယ်။ ဖွံ့ဖြိုးလာတယ်။ တိုးတက်လာတယ်ဆိုတဲ့ လယ်ဆည်ဒုဝန်ကြီးက လွှတ်တော်မှာ ဖြေရှင်းသွားတဲ့အချက်ဟာ မှားယွင်းပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူတရပ်လုံးကို ကျနော်ပြောချင်ပါတယ်။ တောင်သူလယ်သမားထု တရပ်လုံးကို ပြောချင်ပါတယ်။ ဝန်ကြီးဌာနတွေက လွှတ်တော်မှာ လိမ်လည်နေတယ်။ ကျနော်တို့ပြည်သူတွေက သတင်းစာတွေကနေ အညံ့ခံနေလို့မရဘူး။ ကိုယ့်အားကိုယ်ကိုးပြီးတော့ ဝိုင်းချရတော့မယ်။
ရှေ့နေကိုဖိုးဖြူ
ဒီဗွီဘီ အသံလွှင့်ဌာန၊ အောက်တိုဘာ ၂၅
==================================
ဦးနေ၀င်းနဲ့ ပတ်သက်ပြီးတော့ မရေးဖူးသေးပါဘူး၊ မီဒီယာတွေက လွတ်လပ်စွာ ရေးခွင့်ရမယ် ဆိုရင်တော့ ဦးနေ၀င်း အကြောင်း ရေးမယ့်လူတွေ အများကြီး ရှိမှာပါ။
မောင်ဝံသ၊ သတင်းစာဆရာ
ဧရာဝတီသတင်းဌာန၊ အောက်တိုဘာ ၂၁
==================================
ပြည်နယ်တိုင်း ၁၄ ခု ရှိတဲ့အနက် ချင်းပြည်နယ်က အဆင်းရဲဆုံး ဖြစ်နေတယ်လေ။ အဲဒါကို ဖြေရှင်းနိုင်မှသာလျှင် ချင်း migration (ပြည်ပပြောင်းရွှေ့နေထိုင်ခြင်း) ဟန့်တားလို့ ရမှာပေါ့နော်။ မဖြေရှင်းနိုင်ရင်တော့ ဟန့်တားလို့ မရဘူး။
ချင်းကလေးတွေလည်း ရန်ကုန်၊ မန္တလေး အကုန်ရောက်ကုန်တယ်။ လူငယ်တွေလည်း နိုင်ငံခြား ရောက်ကုန်တယ်။ ချင်းပြည်နယ်မှာ အသက်ကြီးတဲ့ လူတွေပဲ ရှိတော့တယ်။ ချင်းပြည်နယ် ဖွံ့ဖြိုးရေးလုပ်ဖို့ ဆိုရင် အလုပ်လုပ်နိုင်တဲ့သူတွေ သိပ်မရှိတော့ဘူးလေ။
ဒေါက်တာကမ်ဆင်းဒါး၊ မြန်မာ့လူ့ဘောင်ဖွံ့ဖြိုးရေး ကုမ္ပဏီ လီမိတက်
ဒီဗွီဘီ အသံလွှင့်ဌာန၊ အောက်တိုဘာ ၂၁
==================================
တိုင်းပြည် ဘယ်ငြိမ်းချမ်းမလဲ။ သူတို့ကိုယ်တိုင်က တိုင်းရင်းသားဒေသတွေမှာ စစ်တွေ ဆင်နွှဲနေမှတော့ တိုင်းပြည်က ငြိမ်းချမ်းစရာ အကြောင်း မရှိဘူး။ တိုင်းပြည်တကယ် စီးပွားရေး တိုးတက်ချင်တယ်။ ငြိမ်းချမ်း ချင်တယ် ဆိုရင် ပြည်တွင်းစစ်ကို ရပ်ရမယ်”
ဦးမြတ်သူ၊ ဂျပန်နိုင်ငံရောက် မြန်မာပြည်သား
ဒီဗွီဘီ အသံလွှင့်ဌာန၊ အောက်တိုဘာ ၂၁
==================================
ထာဝရ ခေါင်းဆောင်ကြီး လုပ်ချင်လို့မရဘူး။ ဒါကို လုံးဝမ ကြိုက်ဘူး။ လူငယ်တွေကို တင်ပေးရမယ်။ ကိုယ့်ထက်သာအောင် လုပ်ခိုင်းရမယ်။
ဦးပီတာလင်းပင်၊ ၉၀ ရွေးကောက်ပွဲ လူထုကိုယ်စားလှယ်၊
ပြည်ပတွင်ခိုလှုံပြီး မကြာသေးမီက ပြည်တော်ပြန်သူ
ပေါ်ပြူလာဂျာနယ် http://popularmyanmar.com အောက်တိုဘာ ၁၃
==================================
ကိုကြံ့တို့ မင်္ဂလာဆောင်တဲ့နေ့က ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ပါ။ ရက်ရွေးတာကတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့နေ့ကို ရွေးလိုက်တာပါပဲ။ ထူးထူးခြားခြား အမှတ်ရတာကတော့ ဒင်နာညမှာ ရှန်ပိန်ဖောက်တာ မပွင့်ဘဲ ရှန်ပိန်ရဲ့အဖုံးဖော့ဆို့ကြီးက ပုလင်းထဲ ၀င်သွားတာပါပဲ။ အဲဒါလေးကတော့ ရယ်စရာ အမှတ်တရလေးပါ။ မင်္ဂလာဆောင်မယ့်သူတွေကို ပြောပြချင်တာကတော့ ကိုယ့်ရဲ့မင်္ဂလာဆောင်သည် ခမ်းနားတာ မခမ်းနားတာထက် တစ်ဦးပေါ် တစ်ဦးမေတ္တာရှိဖို့သာ အဓိကလို့ ပြောချင်ပါတယ်။
ကျော်ကျော်ဗို၊ သရုပ်ဆောင်
www.weeklyeleven.com အောက်တိုဘာ ၇
==================================
Related posts:






>၂၀၀၇ ခိုံစြိုံဝင်ဘာလ ၁၄ ရက် မိုးမခ ရေဒီယို အစီအစဉ်
>Min Kyaw Khing - 64th Martyr's Day of Burma
၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ရဲ့ ကြားဖြတ်ရွေးကောက်ပွဲမြင်ကွင်းများ
>What Burmese says on Pyo Min Thein exit from the 2010 Election
>Aung Way - Min Thu Wun 100 Years
>Quotes for Jan 2009
>The Flowers of Nargis - Burmese Poets rasied fund to help Nargis Victims with their Poems
>Maung Swan Yi - One Year Passing of U Kovida

စာဖတ်သူတွေရဲ့အသံ