>Shop Operators protests authority, Hle Dan, Rangoon

>

 ရန်ကုန်၊လှည်းတန်းလမ်းဆုံက ပြည်မြန်မာကုန်တိုက်က ဖယ်ရှားခံရသူ ဆိုင်ခန်းရှင်များ ဆန္ဒပြ
ဓာတ်ပုံသတင်း၊(မက်ဆင်ဂျာ၊ သည်ဗွိုင့်ဂျာနယ်များ)၊ အောက်တိုဘာ ၃၊ ၂၀၁၁
ယမန်နေ့ အောက်တိုဘာ ၂ ရက်ကရန်ကုန်မြို့၊ လှည်းတန်းလမ်းဆုံရှိ ပြည်မြန်မာကုန်တိုက်မှ ဖယ်ရှားခံရသူဈေးဆိုင်ခန်းရှင်များက လမ်းမပေါ်ထွက်ပြီး ကုန်တိုက်ကိုပုဂ္ဂလိကလုပ်ငန်းရှင်သို့ လွှဲပြောင်းရောင်ချသည့် ၀န်ကြီးဌာနနှင့်အာဏာပိုင်တို့အား ကန့်ကွက်ဆန္̔ဒပြကြသည်ကို တွေ့ရသည်။

  The Voice အင်တာနက်စာမျက်နှာတွင်သက်ဆိုင်ရာတို့က ကုန်တိုက်ကို ၀င်ရောက်ပြီး သော့ခတ်ထားသော ဆိုင်ခန်းများကိုဖောက်ဖျက်ဝင်ရောက်သည်ဟု ရေးသားထားသည်။
စီးပွားကူးသန်းမှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနကပိုင်ဆိုင်ပြီး ငှားရမ်းထားသော ဆိုင်ခန်းများရှိသည့် ပြည်မြန်မာကုန်တိုက်ကိုAA အုပ်စုနှင့် MMRDတို့က လေလံဆွဲပြီး ၀ယ်ယူခဲ့သည်ဟု သိရသည်။ ဆိုင်ခန်းပေါင်း၉၀ ကျော်နှင့် ပြည်မြန်မာကုန်တိုက်ကို ၁၉၉၈ မှ ၀န်ကြီးဌာနက စတင်ငှားရမ်းခဲ့ပြီး၂၀၁၁ ဖေဖော်ဝါရီတွင် လေလံဖြင့် ပြင်ပသို့ ရောင်းချခဲ့သည်။ ဇွန်လ နောက်ဆုံးထားပြီးဆိုင်ခန်းပိုင်ရှင်များ (ငှားရမ်းထားသူများ) ကို ဖယ်ရှားခဲ့သည်ဟု ဆိုသည်။

Related posts:

  1. >Shops and Residences at Rangoon River bank to be relocated by the authority
  2. >Moe Gift Shop opens on 999
  3. >Cartoon Win Pe – coffee shop
  4. >Burmese Cartoon Show exhibits at Sarpaylawka Book Shop

Comments are closed.

မိုးမခမှာ ကြော်ငြာပါ

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခ လစဉ် စာမူများ