>92nd birthday of Bo Kyaw Zaw

>

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော အသက် ၉၂ နှစ် ပြည့်ပြီ
RFA – http://www.rfa.org/burmese
ဒီဇင်ဘာ ၄၊ ၂၀၁၁
၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်၊ အသက် ၉၂ နှစ် ပြည့် မွေးနေ့တွင် တွေ့ရသော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော (ဓာတ်ပုံ-
RFA)


ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး မြန်မာပြည် အင်္ဂလိပ်ကျွန်ဘဝ ကနေ လွတ်မြောက်ရေးအတွက် ဂျပန်နိုင်ငံကို လျှို့ဝှက်သွားရောက်ကာ စစ်ပညာတွေ သင်ကြားခဲ့ကြတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် ဟောင်း ကျော်ဇောဟာ ယမန်နေ့က အသက် ၉၂ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းခေါ် ခွန်းမင်မြို့မှာ နေထိုင်နေတဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက မြန်မာပြည်သူလူထုကို နှုတ်ခွန်း ဆက်သလိုက်ပါတယ်။

“ကျနော် ဒီနေ့ ၉၂ နှစ် ပြည့်ပါပြီ။ ကျနော် ကျန်းမာပါတယ်။ ပြည်သူတွေအားလုံးလည်း ကျန်းမာကြပါစေလို့ ဆုတောင်းပါတယ်။ ဒီမိုကရေစီလည်း အမြန် ရပါစေ”

ရဲဘော်သုံးကျိပ်ဝင်တွေအနက် လက်ရှိ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောနဲ့ ဗိုလ်ရဲထွဋ်တို့ နှစ်ဦးသာ သက်ရှိထင်ရှား ရှိပါတော့တယ်။

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောနဲ့ အတူ ခွန်းမင်မြို့မှာ နေထိုင်တဲ့ သမီးဖြစ်သူ ဒေါက်တာလှကျော်ဇော က မိမိတို့ မိသားစုဟာ မြန်မာပြည်ကို ပြန်လိုတဲ့ဆန္ဒ အမြဲရှိကြောင်း၊ မြန်မာ့နိုင်ငံရေး အခြေ အနေတွေကို စောင့်ကြည့်နေကြောင်း ပြောပါတယ်။

ဆက်စပ်သတင်း - http://moemaka.blogspot.com/2009/12/90th-birthday-of-bo-kyaw-zaw.html
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ -http://www.cpburma.org/biography.htm

Related posts:

  1. >90th birthday of Bo Kyaw Zaw
  2. >Kyaw Thu 50 Birthday Art Show to his close friends
  3. >Fans to hold 60th birthday of Shan song writer
  4. >Maung Tha Ya’s 80th birthday
  5. >90th birthday of Thakhin Thein Maung

Comments are closed.

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခ လစဉ် စာမူများ