>Mar Mar Aye – 405

>

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၄ဝ၅)

ပြန်ခဲ့တော့ကွယ် … ချစ်သူ့နယ်မြေ
မာမာအေး
ဒီဇင်ဘာ ၄၊ ၂၀၁၁


xxx ချစ်သူရေ … ကွေကွင်းရခြင်းဆိုတဲ့ ဝေါဟာရတွေ တလုံးတပါဒမျှ မကြားလို မနာလို၊ ငိုလဲ မခွဲ ရီလဲ မကွာ ချစ်သူနဲ့သာ ဆိုရင်လေ xxx


သောတရှင်များ ကျန်းမာတော်မူကြပါစရှင်မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … ပြီးခဲ့တဲ့ ကြာသပတေးနေ့က နားထောင်ခဲ့ရတာတွေဟာ မာအေးဆိုထားတဲ့ သီချင်းတချို့က စာတွေ အသံထွက်တွေ ပြင်ရမယ့် ကိစ္စတွေပေါ့။ ဒီနေ့တော့ မာအေးရဲ့ သီချင်းတချို့နဲ့ အသံလွှင့်ဌာန စိစစ်ရေးဘုတ်အဖွဲ့ ငြိဖြစ်အောင် ဘယ်ကံက ဖန်ဆောင်ခဲ့လေသလဲ၊ ဘာတွေကြောင့်လဲ လို့ ကိုယ့်သီချင်းတွေရဲ့ဝေဒနာကို ပြောပြထားချင်တယ်ရှင်။ သီချင်းလေးတွေလဲ ပြန်နားထောင်လို့ ရအောင်ပေါ့နော်။ ချစ်ဆွေတို့အကြိုက် ဒီသီချင်းလေးက စလိုက်မယ်။

*(ချစ်သူ့နယ်မြေ – ကိုလေးညွန့်လက်ရာ) သံသရာ ဆွဲ … ဆန့်လို့ ဘယ်လောက်ပင် ရှည်ရှည်၊ ချစ်သူ့ရင်ခွင်ကြား နားနားနေနေ၊ ရေမြေအလိုက် စိုက်စိုက်ပါလို့၊ မျောလိုလဲ မျောပါစေ၊ ချစ်သူ့နယ်မြေသည်သာ ငြိမ်းချမ်းနယ်မြေ၊ သစ္စာတရား ထွန်းကါးရာ (ငြိမ်းချမ်းသာယာသော နယ်မြေ)၂ xxx
(ချစ်သူရေ … ကွေကွင်းရခြင်းဆိုတဲ့ ဝေါဟာရတွေ တလုံးတပါဒမျှ မကြားလို မနာလို၊ ငိုလဲ မခွဲ ရီလဲ မကွာ ချစ်သူနဲ့သာ ဆိုရင်လေ)၂ xxx လေဟာပြင် ခရီး … ဖြတ်ဆီးပြီး သကါလ၊ ဘယ်လ ဘယ်ကမ္ဘာ သွားရ သွားရ၊ အတူ မေတ္တာဆက်ဂဟေ၊ မိုးမြေဘယ်မှာ ဆုံးပါစေ xxx လှောင်ချိုင့်စံဘ၀ လွတ်မြောက်လါရ ငှက်ငယ်ငယ်လို တောင်ပံရိုက်ခတ် ရွှင်မြူးနေ၊ ချစ်သူ့နယ်မြေသည်သာ ငြိမ်းချမ်းနယ်မေ၊ သစ္စာတရားထွန်းကါးရာ (ငြိမ်းချမ်းသာယာသော နယ်မြေ)၂xxx


မာအေးရဲ့ အကိုရင်း ခေါင်းနင်းဆင်းလိုချစ်တဲ့ ဂီတစာဆို ကိုလေးညွန့် ရေးသွားတဲ့ သီချင်းပါ။ ‘ချစ်သူ့နယ်မြေ’ လေ၊ သဘောကွဲလို့ တောထဲဝင်လေတဲ့ ပုဂိုလ်ကြီးများနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်တဲ့ ညမှာမှ တိုက်ဆိုင်စွာဘဲ မာအေးတို့ကေသီပန်အဖွဲ့ အသံလွှင့်ရက်နဲ့ ပက်ပင်းတိုးခဲ့တော့ ဟိုးထားတဲ့ရတာ သုံးလေးနှစ်လောက် ကြာခဲ့ပါတယ်။ လတ်တလော အခြေအနေကမှ မငြိမ်းချမ်းတာကြီး ပေါ်နေတာကိုး။ တကယ်တော့ ဒီသီချင်းကို ရုပ်ရှင်ထဲမှာ အကယ်ဒမီ မြင့်မြင့်ခင် ဆိုထားပြီးသားပါ။ သစ္စာရှိတဲ့ ချစ်သူချင်းရဲ့ ရင်တွင်းစကါး မေတ္တာဖွဲ့ဆိုတဲ့ စာကလေးတွေရဲ့ အဓိပါယ်က ပြည့်ဝတာကြောင့် နှမျောလို့ တောင်းယူ အသံလွှင့်ခဲ့တဲ့ သီချင်းလေးပါ။ ၁၉၆၅ ခုနှစ်ကျမှ လွတ်လပ်စွာ အသံလွှင့်ပေးနိုင်ခဲ့တာပါရှင်။ ဒါကြောင့် ငြိတဲ့အထဲ သူလဲ ပါတော့တာပေါ့။

မူလ နာမည်ပြန်ပြောင်းချင်တဲ့ သီချင်းလေးတပုဒ် ရွေးထုတ်ပြပါဦးမယ်။ ခတ်မြူးမြူးလေးပါ။ ဥတုသုံးလီရာသီတွေ အမျိုးမျိုးပြောင်းသော်လဲ၊ ငယ်ပေါင်းချစ်သူ မရောက်မူပေလဲ စောင့်ဆဲပါလို့ တမ်းတနေတဲ့သဘော သီကုံးသော သီချင်းရေးဆရာက ‘မောင်မောင်သီ’ ဖြစ်ပါတယ်။ သီချင်းနာမည်ကို ‘ပြန်ခဲ့တော့ကွယ်’ လို့ ပေးထါးတာပါ။ ‘ချစ်သူ့နယ်မြေ’ လိုဘဲ ဒီနာမည်လဲ ဟိုအထဲကို ညွှန်းတဲ့ နာမည်မျိုး ဖြစ်နေလို့ ဆိုပြီး ‘မေတ္တာပြိုင်သူရှိလို့လား’ ဆိုတဲ့ နာမည် ဖြစ်သွားခဲ့တာဘဲ။ ဘာမှ ဆိုင်တာ မဟုတ်ဖူး ရှင့်။ သီချင်းထဲက မိန်းခလေးက ပြန်ခဲ့တော့ကွယ်၊ ပြန်ခဲ့တော့ကွယ် နဲ့ တစာစာ ဖြစ်နေတာမို့ မူလနာမည် ‘ပြန်ခဲ့တော့ကွယ်’ ဆိုတဲ့ နာမည်နဲ့မှ ပိုမိုက်တာပေါ့။ မဟုတ်ဘူးလားဟင်။ နားထောင်ကြည့်လေရှင်၊ အခု မာအေး ပြန်ဆိုရင် ‘ပြန်ခဲ့တော့ကွယ်’ လို့ဘဲ ကျေညာပေးတော့မယ်နော်။

‘ပြန်ခဲ့တော့ကွယ် (သို့မဟုတ်) မေတ္တာပြိုင်သူရှိလို့လား’
ရေး – မောင်မောင်သီ၊
အသံ – မြန်မာ့အသံ ကိုကြည်သာ

သည်နွေဝယ်၊ ပြန်မယ့်ရက်ကို ကြိုလျက်ကွယ်၊ သူပါးလိုက်တဲ့ သစ္စာစကါးရယ်၊ မျှော်ရသူ ရွှေရင်မောစေဘွယ် xxx ခါဝသန်ရယ်၊ ကြွေညှိုးပြောင်းကါ လာပေါ့ကွယ်၊ အကြိုထောက်ရသူ စိတ်ဝယ် နွမ်းနယ်၊ ကြင်သူရယ် စောင့်စားလျက်ကွယ် xxx
ပြန်မယ့်ရက်ကို မျှော်နေပါတယ် … အို အသက်ရယ်၊ သူ့အတွက်ကြောင့် ရတက် ပိုတယ်၊ ဘယ်သောခါ ပြန်လာမယ်ကွဲ့ မေးရင် … သူ့ရင်ဝယ် ညှိုး ညှိုးလေမယ် xxx
ဟေမာန်ဝယ်၊ တကိုယ်ထဲမို့ကွယ် ပျိုအတွေးကြွယ်၊ ခြုံထွေးလို့ရယ် နွေးပါဘူးတကယ်၊ အို မောင်ရယ် ပြန်ခဲ့တော့ကွယ် xxx

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

No related posts.

Comments are closed.

မိုးမခမှာ ကြော်ငြာပါ

Interview with U Win Tin

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခ လစဉ် စာမူများ