>
မိုးမခအထောက်တော် ဘန်ကောက်
ဒီဇင်ဘာ ၅၊ ၂၀၁၁
VOA အသံလွှင့်ဌာန (မြန်မာပိုင်း) ဌာနမှူး ဦးသန်းလွင်ထွန်း ရန်ကုန်မြို့တွင် ရောက်ရှိနေကြောင်း လူရွှင်တော်ဇာဂနာ၏ Facebook ရှိ ဓာတ်ပုံတပုံတွင် တွေ့ရသည်။
E Gress အဖွဲ့မှ ဦးနေ၀င်းမောင်၊ သီချင်းရေးဆရာ စိုင်းခမ်းလိတ်၊ လူရွှင်တော်များဖြစ်သည့် ဇာဂနာ၊ ပန်းသီးတို့နှင့် တွဲရိုက်ထားခြင်းဖြစ်သည်။
သမ္မတဦးသိန်းစိန်က ပြည်ပရောက်မြန်မာပြည်သားများ ပြည်တော်ပြန်ရန် ဖိတ်ခေါ်ပြီးနောက်တွင် နိုင်ငံရေး နှင့် စာနယ်ဇင်းနယ်ပယ်တွင် လုပ်ကိုင်နေသူတချို့ မြန်မာပြည်သို့ အလည်အပတ် သို့မဟုတ် အလုပ်သဘော ယာယီပြန်ကြသည်ကို တွေ့ရသည်။
ဦးသန်းလွင်ထွန်းသည် VOA တွင် ၂၀၀၄ ခုနှစ်က စတင် လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ ယခင်က BBC အသံလွှင့်ဌာနတွင် လုပ်ကိုင်ခဲ့သည်။
သတင်းလောကသို့ မရောက်ရှိမီ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်ခဲ့သူ ဦးသန်းလွင်ထွန်းသည် ထိုင်းမြန်မာ နယ်စပ်ဒေသတွင် ယာယီ နေထိုင်ခဲ့သည်။
၁၉၉၀ နောက်ပိုင်းတွင် လန်ဒန်သို့ သွားရောက်၍ ပညာ ဆက်လက် သင်ကြားခဲ့သည်။
Related posts:



>Maung Ba Chit - Photo Variety and New Government, Tits Bits
>Cartoon Saw Ngo – The president in Burma
>Min Kyaw Khine’s Sketches
>Staire, Dr Maung Ba Chit
>SUU 66- Daw Aung San Suu Kyi - (Water Color Painting by Ko Myoe
>92nd birthday of Bo Kyaw Zaw
>Kyaw Thu - FFSS Yangon Activity,
>Colorado revoked 1400 driver licences including thousand of Burmese migrants
နှစ်သက်မိသော မျက်ရည်များ
>May 29th 2009 - Burmese Journals Digest
စာဖတ်သူတွေရဲ့အသံ