>Burmese Monks behind bars – collection of articles in English published

>

ရဟန်းတော်များ၏သံတိုင်နောက်ကမှတ်တမ်းများ အင်္ဂလိပ်ဘာသာ စာအုပ်နှင့်
ရဟန်းတော်များနဲ့နိုင်ငံရေး ဆောင်းပါးပေါင်းချုပ်
အရှင်ပညာနန္ဒနှင့်ပြည်ပရောက်မြန်မာရဟန်းတော်များအဖွဲ့က ထုတ်ဝေ
မိုးမခစာအုပ်စင်ကဏ္ဍ၊ ဇန်န၀ါရီ၂၂၊ ၂၀၁၂

မြန်မာစစ်အစိုးရအဆက်ဆက်တွင်သာသနာပြု ရဟန်းသံဃာတော်များကို ဖိနှိပ် ဖမ်းဆီးမှုများ၊ နှိမ်နှင်းမှုများကိုသံဃာတော်များကိုယ်တွေ့ ထုတ်ဖော်ရေးသားခဲ့သည့် ဆောင်းပါးပေါင်းချုပ်စာအုပ် -သံတိုင်နောက်မှ မှတ်တမ်းများ – စာအုပ်ကို ယနေ့တွင် အင်္ဂလိပ်ဘာသာပြန်အဖြစ်ထွက်ရှိလာပြီ ဖြစ်သည်။ အရှင်ပညာနန္ဒသီတင်းသုံးရာ အောက်ပါလိပ်စာသို့စုံစမ်းမေးမြန်း ၀ယ်ယူနိုင်ပြီ ဖြစ်သည်။

     “ဒီဆောင်းပါးပေါင်းချုပ်ကိုမြန်မာဘာသာနဲ့ ၂၀၁၀ ခုနှစ်ကတည်းက စီစဉ်ထုတ်ဝေခဲ့တယ်။ အခက်အခဲတွေအမျိုးမျိုးကြောင့် ပုံနှိပ်စာအုပ်အဖြစ် ထွက်လာခဲ့သော်လည်း အင်္ဂလိပ်ဘာသာပြန်ကိုဆက်တိုက် မထွက်နိုင်ခဲ့ဘူး။ အခုတော့ အားလုံးက ဆက်ပြီး အားပေးကူညီကြလို့အင်္ဂလိပ်ဘာသာစာအုပ်အဖြစ် ထွက်လာနိုင်ပြီ။ ကူညီကြသူတွေအားလုံးကို ဆရာတော်ကကျေးဇူးတင်ပါတယ်။ အမှားအယွင်းတွေ အားနည်းတာတွေ တွေ့ရင် ဆရာတော်ကိုထောက်ပြဝေဖန်ပါ။ ဆက်ပြီး ပြည့်စုံအောင် ကြိုးစားပါမယ်။ မြန်မာပြည်က အမျိုး ဘာသာသာသနာကို အသက်စွန့်ပြီး စောင့်ရှောက်တဲ့ သာသနာ့အာဇာနည်တွေအားလုံး၊အကျဉ်းကျခဲ့တဲ့၊ အကျဉ်းကျနေဆဲ သံဃာတော်တွေအားလုံးကို တပည့်တော် ဒီကနေဂုဏ်ပြုလိုက်ပါတယ် ဘုရားလို့ လျောက်ပေးပါ”

     ဟုစာအုပ်စီစဉ်သူ ဆရာတော် ဦးပညာနန္ဒက မိုးမခသို့ ပြောကြားသည်။ ဆရာတော်သည်မိုးမခတွင် အရှင်ပညာနန္ဒအမည်ဖြင့် သံဃာတော်တို့၏ မြန်မာစစ်အာဏာရှင်အောက်ရုန်းကန် စွန့်လွှတ်သာသနာပြုနေသည့် မှတ်တမ်းများကို အခန်းဆက် မှတ်တမ်းတင်ပြုစုတင်ဆက်နေသည့် စာရေးသူ ပုဂ္ဂိုလ်တဦးဖြစ်သည်။

           “ရဟန်းတော်များနဲ့ နိုင်ငံရေး ဆောင်းပါးပေါင်းချုပ်”ပုံနှိပ်စာအုပ်ကိုလည်း ဆရာတော်တို့၏ ဒုတိယပုံနှိပ်ထုတ်ဝေမှု ခြေလှမ်းအဖြစ်ထုတ်ဝေဦးမည်ဖြစ်ကြာင်း သိရှိရသည်။  အဆိုပါ ဆောင်းပါးပေါင်းချုပ် စာအုပ်သစ်တွင်ပြည်တွင်းပြည်ပက သံဃာတော်များ၊ စာရေးဆရာများ၏ စာမူများကို စုစည်းပြီးထုတ်ဝေလိုက်သည်ဟု ဆိုသည်။ ယခင် အာဏာရှင်အစိုးရများနှင့် လက်ရှိကြံ့ဖွံ့အစိုးရ၏ စစ်ဗိုလ်ချုပ်များကိုယ်တိုင် သံဃာတော်များ၏ အမျိုး ဘာသာသာသနာလုပ်ငန်းများကို ဖိနှိပ် နင်းချေခဲ့သည့် အကြောင်းများ၊ ခံစားချက်များကို မော်ကွန်းတင်ရေးထိုးထားသော ဆောင်းပါးမှတ်တမ်းအဖြစ် စုစည်းသိမ်းဆည်းပြီး ညွှန်းဆိုရမည့် စာအုပ်ဖြစ်သည်။

       ဆရာတော်ဦးပညာနန္ဒက

  “ဆရာတော်တို့ အင်္ဂလိပ်ဘာသာစာအုပ်ကိုအမေရိကန်သမ္မတကြီးနဲ့တကွ အစိုးရရုံး ဌာနတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ လိပ်စာတွေဆီကိုလိုက်လံပို့ဆောင်လျက် ရှိပါတယ်။ မြန်မာသံဃာတော်တွေရဲ့ ကိုယ်တွေ့ အဖြစ်အပျက်တွေ၊သဘောထားတွေကို တိုက်ရိုက်သိရှိနိုင်ဖို့ ဆရာတော်တို့ အတတ်နိုင်ဆုံးကြိုးစားထားပါတယ်။”

ဟုပြောကြားသွားသည်။

Related posts:

  1. >Ashin Nanika – 3rd Book – Collection of Articles Published
  2. >Nargis Articles on Local Publication Collection
  3. >Articles on Suu published in local journals
  4. >MoeMaKa to publish "U Win Tin & his articles collection" book in october
  5. >Translate Pali to Burmese & English through Gtalk Chat Box

Comments are closed.

မိုးမခမှာ ကြော်ငြာပါ

U Win Tin - Journalist Articles

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခ လစဉ် စာမူများ