ရွှေဝါရောင်သံဃာ အရှင်ဂမ္ဘီရကို အာဏာပိုင်များ ပြန်လည်ထိန်းသိမ်း
မိုးမခအထောက်တော် ၀၀၃၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၁၂
ယမန်နေ့ခင်းက ရန်ကုန်၊ သုမင်္ဂလာရာမ လယ်တီကျောင်းတိုက်မှာ ခေတ္တသီတင်းသုံးနေထိုင်နေတဲ့ ၂၀၀၇ ရွှေဝါရောင် သံဃာတပ်ပေါင်းစု ခေါင်းဆောင် အရှင်ဂန္ဘီရကို အစိုးရအာဏာပိုင်များက လာရောက် ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
အရှင်ဂန္ဘီရ ဟာ စစ်အစိုးရရဲ့ ဖမ်းဆီးထောင်ချခြင်း ခံရစဉ် ထောင်တွင်းမှာ အာဏာပိုင်များရဲ့ ပြင်းထန်တဲ့ နှိပ်စက်ညှင်းပန်းမှုများကို ခံစားခဲ့ရကြောင်း၊ စစ်အစိုးရက အမည်မသိရတဲ့ ဆေးများ အတင်းအကြပ် တိုက်ကျွေးခဲ့ကြောင်း၊ ယခု ၂၀၁၂ ဇန်န၀ါရီ ၁၃ မှာ ထောင်က လွတ်မြောက်လာခဲ့ပြီး ကောင်းမွန် လုံလောက်တဲ့ ဆေးဝါးကုသမှု စစ်ဆေးမှုများ မဆောင်ရွက်နိုင်သေးခင်မှာပဲ အာဏာပိုင်များရဲ့ ထိန်းသိမ်း ခေါ်ဆောင်မှုကို ထပ်မံ ခံလိုက်ရတဲ့အတွက် စိုးရိမ်မိကြောင်း အနီးကပ်သီတင်းသုံးသူ သံဃာတော်တပါးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဇန်န၀ါရီ ၁၃ နောက်ပိုင်းမှာ အရှင်ဂန္ဘီရနဲ့ အတူ အကျဉ်းထောင်မှ လွတ်မြောက်လာတဲ့ မဂ္ဂင်ကျောင်းဆရာတော် ဦးအိန္ဒကအပါအ၀င် ရွှေဝါရောင်သံဃာတော်တို့ဟာ အစိုးရချိတ်ပိတ်ထားတဲ့ မဂ္ဂင်ကျောင်းမှာ ပြန်လည် ၀င်ရောက်သီတင်းသုံးခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ ၄ ရက်မှာ အဆိုပါ သံဃာတော်များကို သာသနာရေးဝန်ထမ်းများက ကျောင်းမှာ ဖယ်ရှားခဲ့ကြပါတယ်။ မဂ္ဂင်ကျောင်းမှ ပြန်လည်ဖယ်ရှားခြင်း ခံရတဲ့နောက်ပိုင်းမှာ အရှင်ဂန္ဘီရကို အာဏာပိုင်များက ယခုကဲ့သို့ လာရောက် ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။ သတင်းဌာနများက ဆရာတော်ကို ဖမ်းဆီးသွားပြီလို့ ထုတ်ဖော်ရေးသားကြပြီး ယခုအထိ အဆက်အသွယ်မရသေးလို့ ပြောကြပါတယ်။
၂၀၁၂ နှစ်ဆန်းအတွင်း မြန်မာပြည်နိုင်ငံရေး တခေတ်ဆန်းပြီလို့ ပြည်တွင်း ပြည်ပက ပြောဆို လှုပ်ရှားနေကြချိန်မှာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ နိုင်ငံသားတဦးချင်းစီအတွက် လွတ်လပ်ခွင့် အာမခံချက်တွေ မရသေးတာကို ပြသနေတယ်လို့ ရွှေဝါရောင်သံဃာတော်တပါးက ပြောလိုက်ပါတယ်။
Related posts:




>Mar Mar Aye - 364
>After Nargis Storm in Burma, 3 weeks later, Helpless
>Suu and VOA fans – 43
Tu Maung Nyo - “လေးစားလိုက်နာ”လို့ ပြင်မပေးရင် ဘာဆက်လုပ်မှာလဲ
>Cartoon Aung Maw – Electronic Law
>Maung Yit - Moments with Al Jazeera US Forum # 2
>Win Pe NEJ cartoon
>မိုးမခရဲႚ ေရဒီယိုခဵစ္သူမဵား ဆစ္ဒနီ - 8th June 2008

အငြိုးအတေးကြီးလှတဲ့ စစ်အာဏာရှင်တွေဟာ ရွှေဝါရောင်သံဃာတွေကို ဖိနှိပ်နေဆဲပါ။ ကျောင်းကန်မှာ အေးဆေးသက်သာ မနေနိုင်အောင် အလှူရှင်တွေ မဂ္ဂင်ကျောင်းကို မလာရဲအောင် စရဖတွေကို ကျောင်းအနီးမှာချပြီး နှောင့်ယှက်နေပါတယ်။
မေးစရာရှိလိုနေမှာပါ။