Burmese Student Club (City College of San Francisco) က ပြည်ထောင်စုနေ့နဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ ကျင်းပ
နန္ဒာ၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၂
၂၀၁၂ခု ဖေဖော်ဝါရီလ ၁၂ရက် နေ့က အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်ဘေးဧရိယာ၊ ဆန်ဖရန်ဆစ္စကိုမြို့တွင် ပြည်ထောင်စုနေ့ နှင့် ၉၇နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် တိုင်းရင်းသားရိုးရာ စားသောက်ဖွယ်ရာများ၊ ယဉ်ကျေးမှုအကဖျော်ဖြေမှုများ၊ စာတမ်းနှင့် ကဗျာရွတ်ဖတ်မှုများအပြင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမှန်တကယ်ညီညွှတ်မှု ဖော်ဆောင်ရေးကို ဦးတည်၍ တိုင်းရင်းသားအရေး၊ မြန်မာ့နိုင်ငံရေးနှင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းသိမှတ်ဖွယ်ရာများကို တင်ပြပြောဆို ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် ဧည့်သည်တော်များနှင့် ကျောင်းသားများအပါဝင် ၃၀ ခန့် တက်ရောက်သည့်အပြင် BSC ကျောင်းသားဟောင်းများကလည်း အဝေးမှ ရုပ်သံမှတ်တမ်းများ ပေးပို့၍ ပါဝင်ဆင်နွှဲကြသည်ကို တွေ့ရသည်။
ဆန်ဖရန်ဘေးဧရိယာအခြေစိုက် မြန်မာ့အရေးနိုးကြားသူ အဖွဲ့အစည်းများနှင့် ချင်းအမျိုးသားခေါင်းဆောင် ဒေါက်တာဆလိုင်းထွန်းသန်း(အဝေး)၊ အင်န်အယ်ဒီပါတီ၏ လူငယ်ခေါင်းဆောင် ဦးတိုးလွင်နှင့် အင်န်အယ်ဒီပါတီ၏ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်တို့ကလည်း ကျောင်းသားလူငယ်များနှင့်အတူ ၀ိုင်းဝန်းဆွေးနွေးမှုများ ပြုခဲ့ကြသည်။
Related posts:




>Cartoon Nay Myo Aye - Health 01
>one more Guam?
>Soe Myat Nanda has the right to lookafter the baby
>Kang Nam returns home
>Chaw - Turning Earth Upside Down
>Power Meter in Rangoon temporarily cut off by the autority
>Suu and Bill Richardson talk ( 02
>Htain Linn Article - 69
>Laiza trip (1)
>treasure of my life, poems from my heart - 22
စာဖတ်သူတွေရဲ့အသံ