ချိုတူးဇော်၊ ဖေ့စ်ဘွတ်၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၂
ချိုတူးဇော် ကို ချိုတူးဇော် လို့ ပရိတ်သတ်အသိအမှတ်ပြုခံခဲ့ရတဲ့ကားက . . .
လွန်ခဲ့သော နှစ် ၂၀ ကျော်က . . .ရိုက်ခဲ့တဲ့ ဟောဒီကားလေး. ..
“““ စတုတ္ထနှစ် မြို့ပြ ကျောင်းသူ ””” ပါ။
နှစ် ၂၀ လောက် ရှိပြီ ဆိုတော တချို့နေရာတွေမှာ တုန်လို့၊ မှုန်လို့၊ ခက်ခက်ခဲခဲ နဲ့ချက် သမ္မတနိုင်ငံက ဖာမူဓါတ်ခွဲခန်းထဲမှာ ဆေးကြောပြီး၊ ဒီဗီဒီ ကို ပြန်ပြောင်းထားတာပါ။
အာရ်အိုင်တီ ကျောင်းတော်ကြီး ကို လွမ်းဆွတ်သူတွေအတွက် အမှတ်တရ ပေါ့။ နောက်ထပ် ဘယ်တော့များမှ ပြန်ရိုက်ခွင့်ရမယ့် ဇာတ်ကားမျိုးဆိုတာ မသိတော့ပါဘူး။
ဈေးကွက် ဆာဗေးလေးပါ လုပ်ဖို့ ဒေသလေးတွေ ခွဲပြပါ့မယ်။ ဒါမှပဲ ကျနော်တို့ ဘယ်လို ရှေ့ဆက်ရမယ် သိရမှာမို့ပါဗျာ။
(ဇာတ်ကားနမူနာ သည်မှာကြည့်ပါ)
၁။ အရှေ့တောင် အာရှ နိုင်ငံများ အတွက် အောက်ပါ လင့်ခ် ကနေ ကြည့်လို့ရပါတယ်။
၂။ အမေရိကန်ပြည်ထောင်စု ( USA )အတွက်တော့
http://movielocker.com/9871 ဒီလင့်ခ် က ကြည့်ရပါမယ်။
၃။ ဂျပန်၊ တရုတ်၊ သြစတေးလျ၊ နယူးဇီလန်၊ လက်တင်အမေရိက၊ အာဖရိကနိုင်ငံများ နဲ့ ဥရောပ နိုင်ငံများအတွက်
http://movielocker.com/9969 ဒီလင့်ခ်က ကြည့်ရပါမယ်။
အဲဒီလင့်ခ်က ည လောက်မှ သေချာပါမယ်။ ပရောဆက် လုပ်တုန်းမို့ပါ။
ကြည့်ပြီး အဆင်ပြေတာ၊ မပြေတာ ဆွေးနွေးကြပါဦး။ ရုံမှာ ပြဖို့ စိတ်ကူးတုန်းက တယောက်ကို ၁၅ ဒေါ်လာ ၂၀ ဒေါ်လာ ၀င်ကြေး စဉ်းစားခဲ့ကြပေမယ့် ကျနော့်မိတ်ဆွေတွေကို ၀န်ထုပ်ဝန်ပိုးမဖြစ်စေချင်ဘူး။ အနုပညာသမားတယောက် မျှော်လင့်တဲ့ ငွေကြေးဟာ သဒ္ဓါစိတ်နဲ့ လက်ခုပ်ကြားထဲက ထွက်လာတဲ့ ပိုက်ဆံပဲ ဖြစ်ပါတယ်။ ကိုချော ရဲ့ စကားလုံးလေးနဲ့ပြောရရင်. . သူ့အလိုလိုကြွေကျတဲ့ ညောင်သီးလေးတွေပေါ့ဗျာ။
ဒါကြောင့် ၅ ဒေါ်လာပဲ သတ်မှတ်ပါတယ်။ မိသားစု တစုလုံးပဲကြည့်ကြည့်၊ ၂ အိမ် ၃ အိမ် စု ပြီးပဲ၊ ကြည့်ကြည့် ကြည့်ကြဗျာ။
ကြည့်ရင်း သဒ္ဓါပေါက်လာလို့ ဒါ့ထက်မကပေးချင်တယ်ဆိုရင်လည်း ဘဏ်ကဒ်ကလေးနဲ့ ၂ ခါ ၃ ခါ ကျော့ကျော့ပြီး ပေးပေါ့ဗျား။ ဒါမျိုးလည်း ရပါတယ်… ဟားဟား။
ကျနော့်ဗျာ. . . ဘယ်တုန်းကမှ လူမှုရေး၊ နိုင်ငံရေး လုပ်နေတာပါ လို့ ကိုယ့်ကိုယ်ကိုယ် မပြောခဲ့၊ အလှူလည်း မခံခဲ့ဖူးဘူး။ ဘယ်အဖွဲ့အစည်း ကိုမှလည်း ပရိုပိုဆယ်လ်တင် အကူအညီမတောင်းခဲ့ဖူးဘူး။ ကျနော်က ကိုယ့်လူမျိုးတွေ ကိုယ့်စိတ်နဲ့ကိုယ် ကိုယ်ထူကိုယ်ထ ထချင်တယ်။ ဒီမှာ လှူကြတန်းကြတော့ ပွဲဆက်များလို့ညည်းတဲ့မိတ်ဆွေတွေ တီရှပ်တွေဝယ်ရလွန်းလို့ ရယ်ရင်း မောတဲ့မိတ်ဆွေတွေကို အားနာတော့ အလှူခံမယ့်အစား၊ အလုပ်တခု လုပ်ချင်တယ်။
ကားကလေးပြမယ်။ ကိုယ်လုပ်တတ်တာ၊ လုပ်နိုင်တာကလည်း ဒါပဲကိုး။
ကြည့်ချင်မှကြည့်ပါဗျာ။ ကြည့်ရင်တော့ ဒီလောက်လေးနဲ့ပေးကြည့်ပါဗျာ ဆိုတဲ့သဘောပါ။ နောက် ဘစ္စနက်ထရန်း ကြီးတခုလည်း ဖြစ်စေချင်တယ်။ မြန်မာ လူငယ်ရုပ်ရှင်သမားလေးတွေ လမ်းပေါက်စေဖို့၊ အာဝါသတခု ဖြစ်စေချင်တယ်။ ပြောရရင် . . .စတိဗ်ဂျော့ ကို အားကျတယ်။ ကိုယ်သာ အာဝါသ ကြီးတခု ဖန်တီးနိုင်ရင် ဆိုတဲ သဘောနဲ့မြေစမ်းခရမ်းပျိုး စ တာလည်း ပါတယ်။
တနည်းအားဖြင့် ကိုယ့်ထမင်းကိုယ်ရှာစားပြီး ကိုယ်ယုံကြည်ရာမပြတ်တမ်း ရေးနေသားနေတာပါပဲ။ တခါတလေ. . . အဲဒီလို ရေးနေသားနေဖို့လည်း ဒီလို အနုပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုတဲ့အခါမှာ. . .အဆင်ပြေချင်ပါရဲ့။ ရှေ့ခရီးက အဝေးကြီး ရှိသေးတယ် ထင်တယ်. . .။
မနေ့ညက တိုင်ရီ အလုပ်သမားတွေ အကြောင်း ခေါင်းထဲ ရောက်လာတော့ ကားတောင် မဖြန့်ချင်တော့ဘူးဗျာ။
ဒါပေမယ့်လည်း၊ ကျနော် ပရိုပိုဆယ်လ် တင်စားနေတာမှ မဟုတ်တာ. . .
ခင်ဗျားတို့ လက်ခုပ်သံတွေထဲက ထိုက်တယ် တန်တယ် ယူဆပြီးချစ်ခင်စွာပေးမယ့် ပိုက်ဆံကိုပဲ မျှော်လင့်ပါတယ်ဗျာ။ သူ့အလိုလို ကြွေကျလာမယ့် ညောင်သီးလေးတွေ . . .ဆိုပါတော့လေ. . .။
ချစ်ခင်စွာ
ချိုတူးဇော်
(အောက်က ယူကျုကတော့ အာရ်အိုင်တီကျောင်းတော်ကြီး မြင်ကွင်း၊ သီချင်းသရုပ်ဖော်ပါ၊ ခံစားကြည့်ဖို့ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ (မိုးမခ))
No related posts.




>New Policy for Book Publication but still Restrictions Remain
“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၄၁၃)
>BBC Interview - U Nyan Winn on NLD next steps
>ူပည်သူဆိံ္ဋခံယူပြဲ မတိုင်မီ အမဵြိးသားရေးတက်ုကသြူမဵားကို စစ်အစိုးရက ပိုက်စိတ်တိုက်ဖမ်းဆီး
>Mar Mar Aye - 307
>Review on Maung Su San's writing
>Maung Swan Yi - Article
>Yadanagonyi Dhamma Class turns 3 year this month

အဲ့ဒီကျောင်းကြီးပြန်ဖွင့်ပေးရင်ကောင်းမယ်။
My husband achieved his degree from this great university in 1987 just before a historic students crackdown occured in 1988. So sad that ugly things happened in this magnificant uni. under the dictatorship.
The great teaching syllabus is still helpful to his work in abroad until now.