Clinton met with Burmese activists – ကိုဇာဂနာ၊ ဒေါ်ဘောက်ဂျာနှင့် ဒေါ်ခင်သန်းမြင့်တို့ ကလင်တန်နှင့်တွေ့ဆုံ

 မြန်မာပြည်က ကိုဇာဂနာ၊ ဒေါ်ဘောက်ဂျာနှင့် ဒေါ်ခင်သန်းမြင့်တို့ ကလင်တန်နှင့်တွေ့ဆုံ
ကိုဇာဂနာက ခင်ညွန့်နဲ့ တွေ့ဆုံရာတွင် ရေတောင် မတိုက်ဟု အင်တာဗျူးတခုတွင် ပြော
မိုးမခဓာတ်ပုံသတင်း၊ ဖေဖော်ဝါရီ ၉ ၊ ၂၀၁၂
ဖေဖော်ဝါရီ ၈၊ နေ့ခင်း၊ ၀ါရှင်တန်ဒီစီ အစိုးရရုံးတော်တွင် မြန်မာပြည်က ခေတ္တလာရောက်သူ နိုင်ငံအရေး နိုးကြားလှုပ်ရှားသူများဖြစ်သည် ကိုဇာဂနာ၊ ဒေါ်ဘောက်ဂျာနှင့် ဒေါ်ခင်သန်းမြင့်တို့ကို အစိုးရနိုင်ငံခြားရေးဝန်ကြီး ဟယ်လရီကလင်တန်က လက်ခံတွေ့ဆုံခဲ့သည်ကို တွေ့ရစဉ်။

( ဖော်ရိန်းပေါ်လစီအမည်ရ စာစောင်တွင် ပါသော အင်တာဗျူး) အထက်ပါ စာစောင်၏ အင်တာဗျုးတွင် ကိုဇာဂနာက မိမိနှင့် မကြာသေးမီက လွတ်မြောက်လာသူ စစ်အစိုးရ၏ ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ခင်ညွန့် နှင့် တွေ့ဆုံခဲ့စဉ်က အကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့သည်။
 
ဒီမိုကရေစီအရေးတော်ပုံကို ရက်စက်စွာ နှိမ်နှင်းဖြိုခွဲခဲ့သော ထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင် ဦးခင်ညွန့်အပါအ၀င် ထောက်လှမ်းရေးသမားများကိုပါ လွတ်မြောက်စေချင်သည်ဟု မိမိက ပြောခဲ့ကြောင်း၊ ၎င်းနောက် ဗိုလ်ခင်ညွန့် လွတ်မြောက်လာကြောင်း၊ ထိုပုဂ္ဂိုလ်က မိမိနှင့် လူချင်းတွေ့ပြီး ကျေးဇူးတင်လိုသည်ဟု ပြောဆိုသဖြင့် ခင်ညွန့်၏ ကျေးဇူးတင်ခြင်းကို ခံယူရန် သွားရောက်တွေ့ဆုံခဲ့ကြောင်း၊  

အဆိုပါ ခင်ညွန့်သည် နန်းတော်ကဲ့သို့ အိမ်တော်ကြီးတွင်းရှိ ကြီးကျယ်သော တီဗီအပြားကြီး ရှိသည့်အခန်းထဲတွင် လက်ခံတွေ့ဆုံကြောင်း၊ ဒါဇင်ဂဏန်းမကရှိသော ဟင်းဖုန်းများ အခန်းထောင့်တွင် ပုံထားကြောင်း၊ စာပွဲပေါ်တွင် i-PAD အိပ်ဆောင်ကွန်ပျူတာတလုံး ရှိကြောင်း၊ လာရောက်နှုတ်ဆက်သူများကို အမေရိကန် ၁၀ ဒေါ်လာခန့် တန်ဖိုးရှိသည့် မုန့်ဖိုးပေးနေကြောင်း ဇာဂနာက အဆိုပါ အင်တာဗျူးတွင် ပြောဆိုထားသည်။

ခင်ညွန့်က ၎င်းကျုးလွန်ခဲ့သော မတရားမှုများအတွက် တောင်းပန်လိုသည့် သဘောထားရှိမရှိကို ဇာဂနာက ဖြေကြားခြင်းမရှိဟု ဆိုသည်။ အဆိုပါကိစ္စမှာ ပြည်သုနှင့် ခင်ညွန့်တိုက်ရိုက် သက်ဆိုင်သည်ဟု ပြောကြားခဲ့သည်။ ခင်ညွန့်က ဧည့်သည်ဖြစ်သူ မိမိကို ၁၅ မိနစ် ခန့်တွေ့ဆုံသည့်အချိန်အတွင်း ရေ၊ ကော်ဖီ သို့မဟုတ် ဘီယာနှင့်တောင် ဧည့်ခံဖော်မရဟု ရယ်သွမ်းသွေး ပြောကြားခဲ့သည်။

Moe Cab in Hawaii

Related posts:

  1. >Maung Yit – Burmese people welcomes Clinton
  2. >Burmese reporters restricted for coming Clinton Trip
  3. >Burmese Activists inside Burma pay respect to senior Burmese Wrtiers & Journalists
  4. >Bay Area Burmese Democracy Activists call for 2nd protest against Burmese Regime’s Propaganda Supporters

Tags:

3 Responses to Clinton met with Burmese activists – ကိုဇာဂနာ၊ ဒေါ်ဘောက်ဂျာနှင့် ဒေါ်ခင်သန်းမြင့်တို့ ကလင်တန်နှင့်တွေ့ဆုံ

  1. magyi on February 9, 2012 at 3:16 pm

    good တယ်နော် ကိုဇာဂနာတို့ ကတော့  မြန်မာလိုဝတ်တာ ကျေူးဇူးတင်တယ် လူကြီးဆိုတာတွေတောင်ဝတ်တာမပာုတ်ဘူး .။ ဒါမှမြန်မာ

  2. မောင်လူအေး on February 9, 2012 at 4:34 pm

    လူလိုနားမလည်တဲ့ခင်ညွန့်

  3. banyahtut on February 9, 2012 at 6:21 pm

    ကိုဇာကနာ ခင်ဗျားကို ပြောသားဘဲ သူကအမိန့်ပေးပြီးတော့ ခင်ဗျားရဲ့သွားတွေ့ကို ရိုက်ချွတ်ခဲ့တာလေ
    သူဆင်ဖြစ်ခဲကဘူးတယ် အခုကျွဲ ဆင်တုန်းကလည်း နင်းခဲတယ် ကျွဲဖြစ်တော့ လည် ခတ်ဦးမှာ ပါ သတိတော့ထား ခင်ဗျားတို့က အနီရောင်တွေ ….

မိုးမခမှာ ကြော်ငြာပါ

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခ လစဉ် စာမူများ