YPI – လှိုင်သာယာဆန္ဒပြအလုပ်သမားများအား အဆောင်မှနှင်ချမည်ဟု သတင်းထွက်ပေါ်

by Yangon Press International on Friday, 17 February 2012 at 02:22 ·
ဖေဖေါ်ဝါရီ ၁၇၊ ၂၀၁၂ (YPI)
ယခုလ ၆ ရက်နေ့မှစတင်ပြီး မိမိတို့ဆုံးရှုံးခဲ့သည့် ရပိုင်ခွင့်အတွက် စက်ရုံပိုင်ရှင်များအား ဆန္ဒပြတောင်းဆိုခဲ့ကြသည့် လှိုင်သာယာမြို့နယ် တိုင်ရီ ဖိနပ်ချုပ်စက်ရုံမှ အလုပ်သမားများအား လာမည့်စနေနေ့အထိ ဆန္ဒပြခြင်းမရပ်ပါက၎င်းတို့နေထိုင်ရာ စက်ရုံပိုင်အဆောင်မှ နှင်ထုတ်မည်ဟု သတင်းများထွက်ပေါ်လျက်ရှိကြောင်း ဆန္ဒပြအလုပ်သမားများကဆိုသည်။
 ဆန္ဒပြအလုပ်သမားတစ်ဦးဖြစ်သူ မခိုင်ခိုင်နွယ်က “ အရင်ကတည်းက အဲဒီလိုပြောသံတွေကြားနေရတာ။ ဒါပေမယ့် ဘယ်သူပြောမှန်းမသိဘူး။ စက်ရုံတာဝန်ရှိသူတွေက တိုက်ရိုက်ပြောတာလည်း မဟုတ်ဘူး။ ဒါပေမယ့် အဲဒီသတင်းကတော့ ထွက်နေတယ်” ဟု ပြေကြားသည်။
          တိုင်ရီဖိနပ်စက်ရုံ၏ အလုပ်သမားများ နေထိုင်ရာအဆောင်တွင် အမျိုးသမီး အလုပ်သမား ၈၀၀ ခန့်နေထိုင်လျက်ရှိသည်။
အခြားဆန္ဒပြအလုပ်သမားတစ်ဦးဖြစ်သည့် မမိုးဝေက “ ကျွန်မတို့ကိုလာပြီး တိုက်ရိုက် ချိမ်းခြောက်တာတော့ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက အခုထိ စက်ရုံဝန်ထမ်းဖြစ်တဲ့အတွက် စက်ရုံ အဆောင်မှာနေပိုင်ခွင့်ရှိတယ်။ အဲဒီလိုနှင်ချလည်း ဆင်းမှာမဟုတ်ဘူး” ဟု ပြောကြားသည်။
           တိုင်ရီကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ ထိုသို့ထွက်ပေါ်နေသောသတင်းများမှာ မဟုတ်မှန်ကြောင်း မိမိတို့အနေဖြင့် ယခုအချိန်ထိ အလုပ်သမားများကို အဆောင်မှနှင်ချရန် မစဉ်းစားဘူးကြောင်း ပြောကြားသည်။
          ၎င်းက “အဲဒီအဆောင်မှာ ၀န်ထမ်းမိန်းကလေးတွေချည်းပဲနေတာကို ဘယ်သူက ဆွဲချရဲမှာလဲ။ ရဲကိုဆွဲချပါဆိုရင်တောင် ဆွဲချရဲမှာမဟုတ်ဘူး၊ ကျွန်တော်တို့ကပိုဝေးတာပေါ့။ သတင်းမှားတွေပါ” ဟုYPI သို့ ပြောသည်။
          အလုပ်သမား အရေးကိစ္စများကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးသူထဲမှ တဦးဖြစ်သည့် မစုစုနွေးက ဆန္ဒပြ အမျိုးသမီး အလုပ်သမားများအား နေထိုင်ရာ အဆောင်မှု နှင်ချလိုက်လျင် နေစရာအခက်အခဲကြုံမည့်အရေးကို စိုးရိမ်လျှက်ရှိကြောင်း ယခုလ ၁၅ ရက်နေ့ကပြောသည်။
ထို့်ပြင်၎င်းက မိမိတို့အနေဖြင့် ယနေ့အထိ အလုပ်သမားများနှင့်ဆက်လက်ညှိနှိုင်းလျက်ရှိကြောင်း အခြေအနေမှာမူ တည်ငြိမ်မှုမရှိသေးကြောင်း၊ မိမိတို့အနေဖြင့် လာမည့် သတင်းပတ်အတွင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုပါ ပြုလုပ်သွားနိုင်ရန် ရည်ရွယ်ထားကြောင်း ယနေ့နေ့လည်က ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားသွားသည်။
ပြီးခဲ့သော တရုတ်နှစ်သစ်ကူးကာလတွင် တိုင်ရီဖိနပ်စက်ရုံအား စက်ရုံတာဝန်ရှိသူများမှ ငါးရက်တာပိတ်ခဲ့ပြီးနောက် လုပ်အားခရှင်းပေးရာတွင် ထိုပိတ်ရက်များအတွက်  လစာဖြတ်တောက်ခဲ့သည်ကို အလုပ်သမားများက မကျေမနပ်ဖြစ်ရာမှ  ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
          ထိုသို့ဆန္ဒပြခြင်းအား သက်ဆိုင်ရာ မြို့နယ် အလုပ်သမား ဦးစီးဌာန၊ အလုပ်သမားအရေး ဆောင်ရွက်သူများ ၊ ဥပဒေကျွမ်းကျင်သူများက ၀င်ရောက်ညှိနှိုင်းဆောင်ရွက်ပေးသော်လည်း နှစ်ဘက်ပြေလည်မှုမရသေးဘဲ ယနေ့အထိ ဆန္ဒပြနေဆဲဖြစ်သည်။
ယခုလ ၁၅ ရက်နေ့ကကျင်းပခဲ့သော ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေမူကြမ်းကို တင်သွင်းခဲ့သည်။
          ယင်းဥပဒေကြမ်းနှင့်ပတ်သက်၍ လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က ယခုဥပဒေကြမ်းသည် အလုပ်ရှင်နှင့် အလုပ်သမားကြားဖြစ်ပွားသည့် ပဋိပက္ခများကို ညှိနှိုင်းပေးမည့် ဥပဒေဖြစ်ကြောင်း၊ မိမိအမြင်အရဆိုလျှင် မျှတသောဥပဒေ ဖြစ်ကြောင်းပြောကြားသည်။
          ၎င်းက “ အဲဒီဥပဒေအရဆောင်ရွက်မယ်ဆိုရင် တိုင်းပြည်ရဲ့ထုတ်ကုန်ကဏ္ဍကိုလည်း မထိခိုက်နိုင်ဘူး၊ အလုပ်သမားတွေရဲ့ ဒီမိုကရေစီအခွင့်အရေးကိုလည်း ရအောင်လုပ်ပေးနိုင်မယ်လို့ ထင်ပါတယ်” ဟု သူ၏အမြင်ကိုပြောကြားသည်။         

Related posts:

  1. >on Nov 7th (part 3)
  2. >on Nov 7th (part 2)
  3. >on Nov 7th (part 4)
  4. >on Nov 7th (part 1)

Comments are closed.

မိုးမခမှာ ကြော်ငြာပါ

U Win Tin - Journalist Articles

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခ လစဉ် စာမူများ