တောင်ဒဂုံမြို့နယ် ၅၆ ရပ်ကွက်မီးလောင်
ဖေဖေါ်ဝါရီ ၁၇၊ ၂၀၁၂ (YPI)
ယနေ့ နေ့လယ် ၃ နာရီ ၁၅မိနစ်တွင် တောင်ဒဂုံမြို့နယ် ၅၆ ရပ်ကွက်တွင် စိန်ရတနာ(၃)လမ်း အိမ်အမှတ် ၁၉၃ (က) မှစတင်၍ မီးလောင်မှုဖြစ်ပွားခဲ့သည်။ စတင်လောင်ကျွှမ်းခဲ့ပြီး ၃နာရီ မီနစ်၄၀တွင်မီးငြိမ်းသွားခဲ့သည်။

ဒေါ်ဆွေဆွေ အိမ်မှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်စဉ် အိမ်ရှင်မိသားစုမှာ အလုပ်သွားနေကြသည်ဟု သိရှိရသည်။
စုစုပေါင်း အိမ်၅ လုံးလောင်းကျွှမ်းခဲ့ပြီး မီးကျွှမ်းမီးကျန်မှ တဆင့်လောင်ကျွှမ်းခဲ့သည်ဟုခန့်မှန်းရကြောင်း အရန်မီးတပ်တပ်ဖွဲ့ တပ်ကြပ်ကြီး ဦးမျိုးတင့်က YPI သို့ပြောသည်။
မီးလောင်ကျွမ်းမှုကြောင့် အိမ်ထောင်စု ၁၀ ကျား ၁၈ ဦး မ၂၉ ဦး စုစုပေါင်း ၄၇ ဦး မီးဘေး ဒုက္ခသည်ဖြစ်ခဲ့ရသည်။ မီးဘေးဒုက္ခသည်များကို ယင်းရပ်ကွက်ရှိ ဓမ္မဘေရီ ဓမ္မာရုံတွင် လောလောဆယ်ထားရှိပြီး တောင်ဒဂုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များက ဆန်၊ အ၀တ်အစား နှင့် သောက်ရေများ ထောက်ပံ့ရန်စီစဉ်လျက်ရှိကြောင်း တောင်ဒဂုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်နှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ် အမှုဆောင်ဦးမြင့်ဦးကပြောသည်။ ။
No related posts.



>Kyaw Kyaw - Driving 2 thousand miles in 6 days
>Maung Lu Yay - Blessing in Burma 24
>U Lwin of NLD passes away
>Suu let Thein Sein to meet her at Nay Pyi Daw Visit
>Burma ranked 3rd worst corrupted country to CPI index
>June 2009 - Burmese Journals Headlines Collection
>Arrest and Torture of Rakhine Monk by the Burmese Regime a crime against humanity
>A patient dies during election pre-campaign
>nat kadaw in Burmse video

စာဖတ်သူတွေရဲ့အသံ