>Zarganar in US also to visit Canada

>

 အမေရိကန်ရောက် ကိုဇာဂနာ ဆန်ဖရန်မြန်မာမိသားစုများနဲ့ တွေ့ဆုံပွဲ အပြီး ကနေဒါပွဲဆက်မည်
မိုးမခရွာဆော်ကြီး၊ ရဲရင့်ငယ်ဘလောက်၊ ဖေဖော်ဝါရီ ၆၊ ၂၀၁၂
ဖေဖော်ဝါရီ ၁၉ တနင်္ဂနွေနေ့၊ နေ့ခင်း ၁၁ နာရီမှ ၃ နာရီ ၊ ဆန်ဖရန်ဘေးဧရိယာ၊ ချဘိုးကောလိပ် ခန်းမမှာ မြန်မာမိသားစုများနဲ့ အမေရိကန်ရောက် ကိုဇာဂနာတို့ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ လက်ရှိ ရုပ်ရှင်ပွဲတော်နဲ့ ဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် ဘေးဧရိယာရှိ မြန်မာမိသားစုများ၊ သွားဆရာဝန်များ၊ ဆရာဝန်များ၊ လုပ်ငန်းရှင်များက ၀ိုင်းဝန်း လှူဒါန်းမှုများ ပြုလုပ်ကြတဲ့အပြင် ရန်ပုံငွေပွဲလက်မှတ်များလည်း ရောင်းချလျက်ရှိကြောင်း သိရပ်တယ်။
အဲသည်နောက် ဖေဖော်ဝါရီလကုန်မှာ ကိုဇာဂနာကို ကနေဒါပြည်သို  အလည်အပတ် သွားရေက်မယ့်အကြောင်း ရဲရင့်ငယ်ဘလောဂ့်မှာ ဖော်ပြထားပါတယ်။ အပြည့်အစုံမှာ -
ဖေဖေါ်ဝါရီ ၂၈ တိုရန်တိုမြို့ သို့ ညနေပိုင်းရောက်မည်။ အကျဉ်းရုံးတွေ့ ဆုံပွဲတချို့ပြုလုပ်မည်။ (ဖေဖေါ်ဝါရီ ၂၉ မှ မတ် ၁ အထိ) မြို့ တော်အော့တာဝါတွင် လူမှုအထောက်အကူပြု အဖွဲ့အစည်းများ ၊အစိုးရအရာရှိများ၊နိုင်ငံရေးသမားများနှင့်တွေ့ ဆုံမည်။
လိုအပ်လျှင်မတ် ၂ အထိ မြို့ တော်အော့တာဝါတွင်ရှိမည်။
  မတ် ၂ (သို့ )မတ် ၃ PEN Panada ၏ ဂုဏ်ပြုပွဲ(ကိုသူရသည်၂၀၀၈ခု PEN Panada ၏ လူသားချင်း စာနာထောက်ထားမှုထူးချွန်ဆုရရှိခဲ့သည်။) http://www.pencanada.ca/ ။ မတ် ၃ တိုရန်တိုမြို့ သို့ ပြန်လည်ရောက်ရှိပြီးမြန်မာမိသားစုများနှင့် တွေ့ ဆုံပွဲပြုလုပ်မည်။
မတ် ၄ မနက်ပိုင်းနယူးယောက်သို့ ခရီးဆက်မည်။နယူးယောက်တွင် Steven Spielberg, GeorgeClooney. တို့ နှင့်လည်းတွေ့ ဆုံမည်ဟုသိ၇သည်။ ကိုသူရ ကနေဒါခရီးစဉ်အတွက် ကနေဒါ တိုရန်တိုမှ မြန်မာ့အရေးလှုပ်ရှားသူ ကိုကျော်ဇောဝေက စီစဉ်ခဲ့ ကြောင်းသိရသည်။

Related posts:

  1. >Burmese Monks in US, Canada & UK urged Burmese President to stop Dam Project on Irrawaddy
  2. >Zarganar and Collegues arrived DC
  3. >UN Envoy Extends Visit
  4. >Than Shwe visit to India
  5. >McConnell to visit Burma

Comments are closed.

မိုးမခမှာ ကြော်ငြာပါ

MoeMaKa Special - Suu 66 Book

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခ လစဉ် စာမူများ