Zarganar Pwe – ကိုဇာဂနာနဲ့ မြန်မာတို့ မိတ်ဆုံပွဲတော် ဒေါ်မာမာအေး တက်ရောက်ချီးမြှင့်မည်

ဆန်ဖရန်ဘေးဧရိယာမှာ ကိုဇာဂနာနဲ့ မြန်မာတို့ မိတ်ဆုံပွဲတော် ဒေါ်မာမာအေး တက်ရောက်ချီးမြှင့်မည်

မိုးမခအထောက်တော် ၀၀၂၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၁၂

ဇန်န၀ါရီ လကုန်ပတ်က အမေရိကန်ပြည်သို့ ခရီးယာယီထွက်လာသူ နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် စွယ်စုံအနုပညာရှင် ကိုဇာဂနာသည် ၀ါရှင်တန်ဒီစီနှင့် နယူးယောက်မြို့တော်တို့တွင် အဝေးရောက်မြန်မာမိသားစုများနှင့် တွေ့ဆုံခြင်း၊ မြန်မာပြည်လွတ်လပ်ရေးနေ့ ရုပ်ရှင်ပွဲတော်ပြိုင်ပွဲဝင်ကားများနှင့် မိတ်ဆက်ပေးခြင်းနှင့် မြန်မာတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်လျက်ရှိသည်။

ယမန်နေ့တွင် ကိုဇာဂနာသည် အမေရိကန်အနောက်ခြမ်း လော့စ်အိန်ဂျလိ့စ်သို့ ခရီးဆက်လာခဲ့ပြီး ၂၀၀၆ ခုနှစ်ကတည်းက ဝေးကွာနေခဲ့သည့် မိသားစုတို့နှင့် စတင်တွေ့ဆုံပြီ ဖြစ်ကြောင်း သိရှိရသည်။ ကိုဇာဂနာ၏ ဇနီးသည် မလွင်မာဦး (မပေါက်)နှင့် ကိုဇာဂနာတို့ ပြန်လည်တွေ့ဆုံကြသည့် ဓာတ်ပုံကို ကိုဇာဂနာ၏ ဖေ့စ်ဘွတ်ပေါ်တွင် တင်ထားသည်။ လော့စ်အိန်ဂျလိစ်ခရီးစဉ်အပြီး ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာမိသားစုများနှင့် မိတ်ဆုံပွဲတော် မတိုင်မီတွင် အဝေးရောက်နေသည့် သားနှင့် သမီးတို့နှင့် ကိုဇာဂနာတို့ တွေ့ဆုံပေါင်းစည်းကြမည်ဟု ယူဆကြောင်း လော့စ်အိန်ဂျလိစ်မှ စာဖတ်သူတဦးက ပြောကြားသည်။

လာမည့် ဖေဖော်ဝါရီ ၁၉  ရက်၊ ဘေးဧရိယာ ချာဘိုးကောလိပ် ခန်းမဆောင်တွင် ကျင်းပမည့် ကိုဇာဂနာနှင့် မြန်မာမိသားစုတို့ မိတ်ဆုံပွဲတော်တွင် ဌာနေမြန်မာလူငယ်တို့က အဆိုအကများနှင့် ဖျော်ဖြေပြီး ကိုဇာဂနာကို ဧည့်ခံကြိုဆိုမည်ဟု ဆိုသည်။ ကိုဇာဂနာမှလည်း မြန်မာပြည်၏ ပထမဦးဆုံ လွတ်လပ်ရေးနေ့ ရုပ်ရှင်ပွဲတော်ဆိုင်ရာ မှတ်တမ်းရုပ်ရှင်အချို့နှင့် မြန်မာပြည်က ၈၈ မျိုးဆက်တို့၏ ပြည်ပရောက်မြန်မာတို့အတွက် နှုတ်ခွန်းဆက်စကားများ ပြသမည်ဖြစ်ကြောင်း၊ မိတ်ဆုံ စကားပြောဆိုမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

ဘေးဧရိယာသို့ ခေတ္တအလည်ရောက်ရှိနေသူ မြန်မာပြည်၏ ဂီတပညာရှင်ကြီးဖြစ်သူ ဒေါ်မာမာအေးကလည်း ဇာဂနာနှင့် မြန်မာမိသားစုတို့၏ မိတ်ဆုံပွဲတော်ကို တက်ရောက်ချီးမြှင့်မည် ဖြစ်ကြောင်း၊ မြန်မာတို့၏ အမျိုးသားသီချင်းနှင့် ဗိုလ်အောင်ဆန်းသီချင်းတို့ကို သီဆိုပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပွဲတော်စီစဉ်သူများအနက်မှ ကိုဇာဂနာ၏ မိတ်ဆွေတဦးဖြစ်သော ဒေါက်တာမောင်မောင်သော်က ဗို်လ်အောင်ဆန်းသီချင်းကို အများပြည်သူတို့ ၀ိုင်းဝန်းသီဆိုပြီး အခမ်းအနားကို ရုတ်သိမ်းရန် ဆန္ဒရှိကြောင်း၊ အများဝိုင်းဝန်းသီဆိုရန် သီချင်းနမူနာကို ယူကျုတွင် တင်ဆက်ထားကြောင်း မိုးမခကို ပြောကြားသည်။ ဘေးဧရိယာရှိ မြန်မာစေတနာရှင်တို့က မိတ်ဆုံပွဲတော်ဖြစ်မြောက်ရေးအတွက် ကမကထပြု လှူဒါန်းမှုများပြုလုပ်လျက်ရှိရာ အမေရိကန်ဒေါ်လာ ၉ ထောင်ခန့် ရှိနေပြီဟု ဆိုသည်။

ယူကျုတွင် ကိုဇာဂနာ၏ မိတ်ဆုံဟောပြောပွဲများကို အများပြည်သူတို့ ကြည့်ရှုနိုင်ရန် ပရိသတ်တို့က တပိုင်တနိုင် တင်ဆက်ထားသဖြင့် ကိုဇာဂနာနှင့် တွေ့ဆုံခွင့်မရကြသူ နိုင်ငံတကာကမြန်မာတို့မှာ လွတ်လပ်စွာ ကြည့်ရှုနိုင်ကြသဖြင့် ကိုဇာဂနာ၏ ခရီးစဉ်နှင့် သူ၏ အာဘော်များကို ပိုမိုစိတ်ဝင်စားလျက်ရှိသည်။

            ကိုဇာဂနာကလည်း သူပြောဆို ဆွေးနွေးသမျှကို ပရိသတ်ကြီးက ကြိုက်တာလုပ်ပြီး တင်ဆက်နိုင်ကြောင်း မိမိက ဘာမျှ ကန့်ကွက်တားဆီးခြင်း မရှိကြောင်း၊ လွတ်လပ်ရေးနေ့ရုပ်ရှင်ပွဲတော်ပြိုင်ပွဲဝင် မှတ်တမ်းကားတိုများကိုသာ ပြန်လည်ရိုက်ကူး တင်ဆက်ခြင်း မပြုစေလိုကြောင်း၊ ထိုအနုပညာများကိုတော့ မိမိမပိုင်ကြောင်း ပြောကြားသွားသည်။

            ပွဲတော်ဖိတ်စာ – http://moemaka.com/2012/01/zarganar-sf-bay-19th-feb-2012-sunday/

Photo – Ko Zarganar Facebook

Related posts:

  1. >Zarganar – 50 Years – Article collection in present – Joker TheGeek
  2. >Zarganar in US also to visit Canada
  3. >မာမာအေး – ဒီဇင်ဘာ အလမြ်း
  4. >မာမာအေး – တိံစ်ြအုကာူပန်လာပၝ
  5. >မာမာအေး- (ဂီတစာဆို ကိုလေးညနြ်ႚ)

One Response to Zarganar Pwe – ကိုဇာဂနာနဲ့ မြန်မာတို့ မိတ်ဆုံပွဲတော် ဒေါ်မာမာအေး တက်ရောက်ချီးမြှင့်မည်

  1. U ThiHaTintSwe on February 14, 2012 at 7:40 pm

    we were political prisoner’s families and so,shall sympathy on Zarganar’s family-reunions and warmly welcome Zarganar with Khin Than Myint & Boghgar.

မိုးမခမှာ ကြော်ငြာပါ

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခ လစဉ် စာမူများ