Kyaw Home – 8888 25th Anniversary in Vancouver

August 8, 2013

ကနေဒါ ဗန်ကူးဗားဘီစီမှာ (၂၅) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ လူထုအရေးတော်ပုံ အခမ်းအနားကျင်းပ
ကျော်ဟုန်း 
သြဂုတ် ၈၊ ၂၀၁၃

ကနေဒါနိုင်ငံ ဗန်ကူးဗား ဘီစီမှာရောက်ရှိနေတဲ့ ABSDF ရဲဘော်/ ရဲမေဟောင်းများနဲ့ (၈၈) ဒီမိုများစုပေါင်းပြီး(၂၅) နှစ်တိုင်ခဲ့ပြီဖြစ်သော “ရှစ်လေးလုံး ဒီမိုကရေစီ လူထုအရေးတော်ပုံကြီး” ကို သွေးသစ္စာမပျက်၊  နိုင်ငံရေး အနှစ် သာရ မပျက်စေရန် ရည်ရွယ်ပြီး ကျင်းပခဲ့ကြပါ တယ်။

ဒီပွဲကို  သြဂုတ် – ၄ – ၂၀၁၃၊ တနင်္ဂနွေနေ့ က  319 – 650 W 41st , Ave , Oakridge Auditorium, West side of Oakridge Shopping Centre မှာ  နေ့ လည် (၁)နာရီမှ (၃)နာရီအထိ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။


ရှစ်လေးလုံး (၂၅)နှစ်မြောက်အခမ်းအနားမှာ ကျောင်းသားသမဂ္ဂသီးချင်းကို ပွဲတက်ရောက်လာသူများ အားလုံးကစုပေါင်းသီဆိုပြီး စတင်ဖွင့်လှစ်လိုက်ပါတယ်။ အခမ်းအနားမှူးဖြစ်သူ ရဲဘော်ကိုမင်းနိုင်ကဦးဆောင်ပြီး အလေးပြုခြင်း (၃)ရပ်နဲ့ အတူ ဒီမိုကရေစီတိုက်ပွဲ အဆက်ဆက်မှာ ကျဆုံးသွားကြတဲ့ အာဇာနည်များအတွက် (၁)မိနစ်ငြိမ်ပြီး ဝမ်းနည်းခြင်း၊ မမေ့လျော့ခြင်းများနဲ့  အလေးပြုပါတယ်။ ဒီနောက်မှာ ကျင်းပရေးကော်မတီမှ အခမ်းအနားကိုကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားခြင်း၊ အဖွဲ့ အစည်းများမှထုတ်ပြန်သော ကြေညာချက်သဝဏ်လွှာများဖတ်ကြားခြင်း၊ တော်လှန်တပ်လှန့် ကဗျာများရွတ်ဆိုခြင်း၊  တော်လှန်ရေးစိတ်ဓာတ်နိုးကြွစေသည့် သီချင်းများကို

ကျောင်းသားတပ်မတော် ရဲဘော်၊ ရဲမေဟောင်းများက စုပေါင်းသီဆိုခြင်း၊ တဦးချင်းသီဆိုခြင်းများဖြင့် ဒီမိုအရေး ၊သွေးမအေးကြစေရန်လှုံ့ ဆော်ခဲ့ကြပါတယ်။ စက်ပိုင်းဆိုင်ရာကို ရဲဘော်ကိုသက်၊ ရုပ်သံပြသရေးနဲ့ မှတ်တမ်းတင်ရိုက်ကူးရေးကို  မျိုးဆက်သစ်လူငယ် ကိုမင်းမင်းမှ တာဝန်ယူခဲ့ကြပါတယ်။

  

  

 (၈၈)မျိုးဆက် – ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့ အစည်းမှ ပေးပို့ လာတဲ့ သဝဏ်လွှာကို  ရဲဘော်ကိုမြင့်စိုးမှ ဖတ်ကြားခဲ့ပါတယ်။  ဒီသဝဏ် လွှာထဲမှာ  ပြည်တွင်းပြည်ပ ဒီမိုအင်အားစုများ နိုင်ငံရေးအနှစ်သာရရှိရှိ ကြိုးပမ်းနေတာကိုများစွာနှစ်ထောင်းအားရဖြစ်မိကြောင်း။ ဒီမိုတိုက်ပွဲအတွင်းလမ်းမပေါ်၊ ထောင်၊ တောတွင်းနယ်စပ်ဒေသများမှာကျဆုံးသွားခဲ့ကြတဲ့ ဒီမိုသူရဲကောင်းတို့ ရဲ့ မြင့်မြတ်သော ရည်ရွယ်ချက်များကို ဆက်လက် အကောင်အထည်ဖော်ရန်လိုကြောင်း။  ဒီမိုအင်အားစုများအားလုံး ကျယ်ပြန့် သောအမြင်၊ ရင့်ကျက်သောတည်ငြိမ်မှု၊ ခိုင်မာသောဇွဲ သတ္တိတို့ ဖြင့်  တိုင်းရင်းသားအားလုံး တန်းတူညီမျှမှုကို အာမခံနိုင်တဲ့  ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးပြည့်ဝသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်သစ်ပေါ်ပေါက်တဲ့အထိ လုပ်ဆောင်ကြရန် တိုက်တွန်းနှိုးဆော်ထားခြင်းများ ပါဝင် ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ)မှ ပေးပို့ တဲ့သဝဏ်လွှာကို မရီရီစိန်ကဖတ်ကြားပေးပါတယ်။   ဒီသဝဏ်လွှာထဲမှာ ယနေ့ မြန်မာ့နိုင်ငံရေးပဋိပက္ခဖြစ်ရတဲ့ အကြောင်းရင်း(၂)ရပ်မှာ ဒီမိုကရေစီ ဆိတ်သုဉ်းခြင်း၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကင်းမဲ့ခြင်းတို့ ကြောင့်ဟု မီးမောင်းထိုးပြပြီး ၄င်းအကျပ်အတည်းများကို ကျော်လွှားနိုင်ရန်…
(က)  လက်ရှိ ၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား ဒီမိုကရေစီအရေး၊ လူ့ အခွင့်အရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံချက်ရှိသည့် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတခု အစားထိုးရေး။
(ခ)   ပြည်တွင်းငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လက်ရှိဆောင်ရွက်နေကြသော၊ဆောင်ရွက်ပြီးကြသော အစိုးရနှင့်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများကြား ပဏာမအပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်များနှင့်အတူ နိုင်ငံရေးဆွေးနွေးပွဲများအား တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ဆောင်ရွက်သွားရေး။
(ဂ)  သက်ဆိုင်ရာအင်အားစုအားလုံး (အစိုးရ၊ စစ်တပ်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ) လက်ခံနိုင်သည့် ပင်လုံကဲ့သို့ သော နိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေးတို့ မှာ ယနေ့ မြန်မာ့နိုင်ငံရေး    တွင် လိုအပ်နေသော နိုင်ငံရေးဆိုင်ရာလုပ်ငန်းကြီး(၃)ရပ်အဖြစ်  မှတ်ယူကြောင်းနှင့်   မကဒတ(ကျောင်းသားတပ်မတော်)က ပြည်သူလူထုတရပ်လုံးနဲ့ အတူ အခိုင်အမာလက်တွဲ ဆောင်ရွက်သွားမည့်အကြောင်းများပါဝင်ပါတယ်။

 

အမေရိကန်ပြည်ထောင်စု၊အော်ရီဂွန်ပြည်နယ်မှ(၈၈)မျိုးဆက်ကျောင်းသားရဲဘော်များ၊ မြန်မာ့ဒီမိုကရေစီအင်အားစုများရဲ့သဝဏ်လွှာကို ရဲဘော်ဇေယျာကျော်(ဆီယက်တဲလ်)က ဖတ်ကြားပါတယ်။ဒီသဝဏ်လွှာမှာ စစ်အာဏာရှင်စံနစ် အကုန်အစင် ဖျက်သိမ်းပစ်နိုင်ရေး၊  ပြည်သူလူထုကြီးတရပ်လုံး ဒီမိုကရေစီနှင့် လူ့ အခွင့်အရေး အာမခံချက်အပြည့်အဝရရှိရေး၊ စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရာတွင် အင်အားစုအားလုံး ပါဝင်ဆောင်ရွက်သွားရန်၊ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံနိုင်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားရန်နဲ့ ရှစ်လေးလုံးအာဇာနည်တို့ ၏ သမိုင်းမော်ကွန်းကို ဆက်လက်ကိုင်စွဲကြ၊ ဒီမိုကရေစီအရေးတော်ပုံ အောင်ရမည် ၊ဆောင်ပုဒ်များလဲ ပါဝင်ပါတယ်။

ထို့ နောက် တော်လှန်ရေးကဗျာများရွတ်ဆိုကြရာမှာ ကျောင်းသားရဲဘော်ဟောင်း စောအေးမင်း(ကြီးကြီး)က သူကိုင်တိုင်ရေးသားထားတဲ့ကဗျာကိုရွတ်ဆိုပြီး အဓိပ္ပာယ်ပါရှင်းလင်းပြောကြားသွားပါတယ်။ ထိုက်သူနိုင်ရဲ့ (ဒေါင်းဋီကာ)ကဗျာကို ကိုမြင့်ဝင်းကရွတ်ဆိုပြီး ချစ်သူရဲ့(ရဲရဲနီတဲ့သွေး)ကဗျာကို ရဲဘော်ချစ်ဝိုင်းမှ၎င်း၊   မပြီးသေးသောပျိုးခင်းစိမ်း) ကိုယ်တိုင်ရေးကဗျာကို  ရဲဘော်ကိုမြင့်ဝေမှ၎င်း၊  အောင်ခိုင်မြင့်ရဲ့ (ဂန္ဓဝင်သူရဲကောင်းများ အသက်၊ သွေး၊ ချွေးနဲ့ ငွေရတုကိုထုဆစ်ခဲ့တယ်)ကဗျာကို ရဲဘော်ကိုမင်းနိုင်မှ၎င်း၊ မိုးမခမှ ကဗျာဆရာကျော်ဟုန်းရဲ့ (ငွေရတုခွပ်ဒေါင်းများအတွက် စစ်ထွက်အမိန့် )ကဗျာကို ရဲဘော်ကိုတင်နွယ်မှ၎င်း၊  မင်းကိုနိုင်ရဲ့ (ကြယ်ကြွေသတိုး သား)ကဗျာကို ရဲဘော်ကိုဌေးအောင်မှ၎င်း အသီးသီး ရွတ်ဆိုသွားပါတယ်။

 

 ဒီမိုကရေစီလူထုအရေးတော်ပုံကြီးကို တေးဂီတနဲ့ ဂုဏ်ပြုတဲ့အစီအစဉ်မှာ FNG တေးဂီတအဖွဲ့ မှ ကိုမြင့်ဝင်း(လိဒ်)ကိုမြင့်ဝေ(ရစ်သမ်)၊ ကိုစိုးမင်း(ဘေ့စ်)၊ကိုတင်ကို(ဒရမ်)တို့ နဲ့ အတူ ကိုနိုင်(အော်ရီဂွန်)နဲ့ ကိုထွန်းထွန်းတို့ ကလဲကူညီတီးခတ်ပေးကြပါတယ်။ အုပ်စုလိုက် သီဆိုမှုများမှာ ကျောင်းသားရဲဘော်ဟောင်းများဖြစ်ကြတဲ့ ကိုမြင့်ဝေ၊ကိုထွန်းထွန်း၊ကိုမင်းနိုင်၊ကိုဂလန့် ၊ကိုဌေးအောင်၊ အင်ယု၊ အေးလွင်မိုး၊ရီရီစိန်၊ ကိုစိုးမင်း၊ကိုသက်၊ ကိုညွန့် မောင်၊ ကို ထိုက်စံ၊ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းများနဲ့ ဒီမိုအင်အားစုများက ရဲမာန်အပြည့်နဲ့  သီဆိုဖြေဖျော်ခဲ့ကြ ပါတယ်။ ဗမာ့သူရဲကောင်း အမျိုးသားသီချင်းအား ကိုမြင့်စိုးက အားမာန်ပါပါ တီးလုံးမဲ့ သီဆိုခဲ့ပါတယ်။

ထူးခြားမှုတခုကတော့  တော်လှန်ရေးနယ်မြေမှာ အစဉ်အလာရှိခဲ့တဲ့  “ နိုးလော့- ထလော့ ဧရာဝတီ” သီချင်းကို ကိုထွန်းထွန်း၊ကိုတင်နွယ်၊ ကိုမြင့်ဦး၊ရဲဘော်တဦးတို့ အုပ်စုက ပါးစပ်တီးလုံးနဲ့ ဌာန်၊မာန်၊အပြည့် မူရင်း တော်လှန်   ရေး နယ်မှ တကယ်ဖြစ်ခဲ့တဲ့ဖြစ်ရပ်နဲ့ သီဆိုဟန်အတိုင်း မူလရေးသားသီဆိုခဲ့ကြတဲ့ ကျောင်းသားရဲဘော်တို့ ကို    ဂုဏ်ပြုခြင်းဖြင့် သီဆိုခဲ့ကြပါတယ်။   မသီဆိုမီကတည်းက အစဉ်အလာရှိခဲ့တဲ့ တော်လှန်သော ကျောင်းသား   သမိုင်းများအား ဆက်စပ်ပေးလိုသဖြင့် မူရင်းကိုဂုဏ်ပြုလို၍ သီဆိုကြကြောင်း၊ သံစဉ်စာသားအနည်းငယ် လွဲမှား မှုများရှိခဲ့ပါက နားလည်ခွင့်လွှတ်ပေးပါရန်လဲ မူလရေးသားသီဆိုခဲ့သူ  ရဲဘော်များကို ပန်ကြားခဲ့ပါသေးတယ်။ အစီအစဉ်များရဲ့ကြားမှာ  ကျောင်းသားတပ်မတော် လက်ရှိ ဥက္ကဋ္ဌ ရဲဘော်ကိုသံခဲမှ ပန်ကြားချက်၊ ကျောင်းသား တပ်မတော် ပထမဆုံးဥက္ကဋ္ဌဖြစ်သူ ရဲဘော်ကိုထွန်းအောင်ကျော်ရဲ့ ရုပ်သံပြောကြားချက်များလဲ ပြသပါတယ်။
ဗန်ကူးဗားမှာ (၂၅)နှစ်မြောက် ရှစ်လေးလုံး ငွေရတုအခမ်းအနားကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ “ (၂၅)နှစ်တိုင်ခဲ့တဲ့ ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီးဟာ မိမိတို့ ရည်ရွယ်ချက်ပန်းတိုင်မရောက်သေး၊ စစ်မှန်သောပြောင်းလဲမှုမဟုတ်သေးသည်ကို တပ်လှန်နှိုးဆော်လို၍ဖြစ်ကြောင်း၊  (၈၈)စိတ်ဓာတ်များ  မျိုးဆက်သစ်များအထိပျံ့ နှံ့ ကာ ပိုမိုရှင်သန်လာစေရေး၊ (၁၉၈၈)မှ ယနေ့ အထိ အသက်၊သွေး၊ ချွေး ပေးဆပ်သွားကြတဲ့ ရဟန်းရှင်လူ၊ပြည်သူ၊ ကျောင်းသားအာဇာနည်အပေါင်းကို တသဂုဏ်ပြုလို၍ဖြစ်ကြောင်း၊ မမေ့အပ်သော(၈၈)ဒီမိုအရေးတော်ပုံ ကို မိမိတို့  ပြည်ပရောက်များက နှစ်စဉ်ကျင်းပလာခဲ့ပြီး နောင်လဲ နှစ်စဉ် အခါရောက်တိုင်း ကျင်းပဂုဏ်ပြုသွားမှာဖြစ်ကြောင်း ကျင်းပရေးကော်မတီဝင်တဦးဖြစ်သူ ရဲဘော်ကိုတင်နွယ်မှ ပြောကြားခဲ့ပါတယ်။
ယခု (၂၅)နှစ်မြောက် ရှစ်လေးလုံးပွဲမှာ နောင်မျိုးဆက်သစ်များ ဗဟုသုတရရန်အတွက် သီပေါမင်းပါတော်မူပြီးနယ်ချဲ့ အင်္ဂလိပ်ကို တော်လှန်ခဲ့သော ဗမာ့သူရဲကောင်းများရဲ့ သမိုင်းဓာတ်ပုံများ၊ ဗမာ့ လွတ်လပ်ရေးကြိုးပမ်းမှုဆိုင်ရာ ဓာတ်ပုံများအပြင် စစ်အာဏာရှင်စံနစ်ဖြုတ်ချပြီး ဒီမိုကရေစီကြိုးပမ်းသည့် ၁၉၈၈ လူထုအရေးတော်ပုံမှ ယနေ့ ထိ သမိုင်းဆိုင်ရာ မှတ်တမ်းဓာတ်ပုံများကို ခမ်းနားစွာ ပြသထားတာလဲတွေ့ ရပါတယ်။
တိုက်ပွဲဝင်ခွပ်ဒေါင်းအလံ၊ လွတ်လပ်ရေးခေတ် ဗမာ့ ကဒေါင်းရုပ်ကြွပုံနဲ့ ဓာတ်ပုံရိုက်လိုသူများကို တပုံ(၅)ဒေါ်လာနဲ့ ရံပုံငွေရှာခဲ့ရာ (၃၃၀)ဒေါ်လာရကြောင်း၊  ရရှိငွေများကို  ကော်မတီမှထိမ်းသိမ်းထား၍ု နောင် အလျဉ်းသင့်ချိန်  ထပ်မံ ရံပုံငွေပွဲကျင်းပပြီး စုပေါင်း၍  မြန်မာပြည်တွင်းကို လှူမှာဖြစ်ကြောင်းလဲ သိရပါတယ်။
အစီအစဉ်နောက်ဆုံးအဖြစ် အရေးကြီးပြီသီချင်းကို ကြွရောက်လာသူများနဲ့ ဒီမိုအင်အားစုများက တက်ကြွကာသီဆိုရင်း အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါတယ်။  ဗန်ကူးဗား ဘီစီက  ရှစ်လေးလုံး(၂၅)နှစ်မြောက်  အခမ်းအနားကိုကယ်ကာရီ-ကနေဒါ၊ အမေရိကန်ပြည်ထောင်စု-အော်ရီဂွန်ပြည်နယ်နဲ့ ဆီယက်တဲလပြည်နယ်ဒီမိုအင်အားစုများ၊
ပြည်သူများအပြင် မျိုးဆက်သစ်လူငယ်များပါ တက်ကြွစွာပါဝင်ဆင်နွဲခဲ့ကြတာမြင်တွေ့ ခဲ့ရပြီး ကြွရောက်လာသူ များကို ကော်ဖီ၊ ကိတ်၊ စမူဆာ၊ ကော်ပြန့် ၊ ရွှေကြည်၊ ဆူရှီ၊ ပေါင်မုံ့ ချို၊ ငှက်ပျောမုံ့ တို့ နဲ့  ဧည့်ခံခဲ့ကြောင်း သိရ ပါတယ်။           ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကျော်ဟုန်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်