>စကဿာပူက အာဆီယံညီလာခံမြာူမန်မာတြေ ဆိံ္ဋူပစဉ်က

November 21, 2007

>စင်္ကာပူက အာဆီယံညီလာခံမှာ မြန်မာတွေ ဆန္ဒပြစဉ်က

လင်းလက်ကြယ်စင်
နိုဝင်ဘာ ၂၀၊ ၂၀၀၇
(သူ့ဘလောက်က ပြန်လည်ကောက်နုတ်ဖော်ပြသည်)

ညနေ၆နာရီလောက်မှာ Orchard Hotel ရှေ့မှာ Asean Summit ကို ကျွန်မတို့မြန်မာပြည်သူလူထုက မကျေနပ်ကြောင်း ပြသဖို့အတွက်သတင်းကို ဒီနေ့ နေ့လည် ၁နာရီလောက်မှာ ကျွန်မ သိလိုက်ရပါတယ် ။ သတင်းက အနီးကပ်မှ ရတာကလည်း စင်္ကာပူနိုင်ငံရဲ့ အနံ့ခံကောင်းတဲ့ ရဲတွေကြောင့် သိပ်အစောကြီး မစီစဉ်ဖြစ်တာလည်း ပါပါတယ်လို့ ကျွန်မသုံးသပ်မိပါတယ်.. ။ ကျွန်မက အာဆီယံနိုင်ငံတော်တော်များများ ဒီစစ်အစိုးရကို သွယ်ဝိုက်သောနည်းလမ်းနဲ့ အားပေးထောက်ခံနေတာကို မကျေနပ်ဖြစ်နေတာ ကြာပါပြီ ။ အခုလိုမျိုး ရင်ထဲရှိတဲ့ဆန္ဒကို ပြရမယ်ဆိုတော့ အမလေးလေး ၀မ်းသာလိုက်တာမှ တစ်မိနစ်တောင် မစဉ်းစားဘဲ သွားမယ်လို့ စိတ်ပိုင်းဖြတ်ပြီး လက်လှမ်းမှီရာ လိုက်ဖြန့်ပေးခဲ့ပါတယ်။

ညနေ၆နာရီခန့်လောက်မှာ ကျွန်မ အော့ချပ်ကိုရောက်သွားပါတယ် ။ Orchard Hotel ရှေ့ လမ်းမကြီးပေါ်မှာ လမ်းသလားနေတဲ့ ရဲတွေ အများကြီးကိုတွေ့လိုက်ရပါတယ် ။ သူ တို့ကလည်း အနီရောင်ကို အနွေးထည်ခံဝတ်ထားတဲ့ ကျွန်မကို ကွက်ကြည့်ကွက်ကြည့ိနဲ့ .. ။ သူတို့စောင့်နေပုံက လူသတ်သမားတွေလာမယ့်လမ်းကို စောင့်ဖမ်းမယ့်ပုံမျိုးဆိုတော့ ကျွန်မတောင် ပြုံးစိစိဖြစ်သွားခဲ့ပါတယ် .. ။

အဲဒီမှာ အမျိုးသမီးတဦး နဲ့ ခပ်လှမ်းလှမ်းကလူတွေ ၀ိုင်းအုံလာပြီး သူတို့က Strait Times သတင်းစာကပါ … သူတို့က ကျွန်မကို လက်ရှိလုပ်မယ့် အရာတွေကို မေးပါတယ်။ ကျွန်မလည်း ဆန္ဒပြမယ်ဆိုတဲ့သတင်းပဲသိတာ ၊ ကျန်တာ ဘာမှမသိတော့ ဘာဖြေရမှန်း မသိတာနဲ့ ကြည့်ကောင်းအောင်ပဲ ဖြေပေးခဲ့ပါတယ် .. ။

`အာဆီယံက မြန်မာပြည်သူလူထုရဲ့ဆန္ဒကို ကျေးဇူးပြုပြီး နားထောင်ပေးပါ ။ စစ်အစိုးရပြောသမျှ နားထောင်ယုံကြည်မနေပါနဲ့´လို့ ပြောခဲ့ပါတယ်။ ကျွန်မ မိတ်ဆွေ ကိုဂျေမိုးရောက်လာပြီး သူ့ခံစားမှုတွေအားလုံးနဲ့တကွ ဖြစ်ပျက်ခဲ့တဲ့ သံဃာများအရေးအခင်းကို မြန်မာပြည်သူလူထုတွေ ဘယ်တော့မှ မမေ့ကြောင်း ၊ စစ်အာဏာရှင်က ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးရေး အစရှိသဖြင့် မြန်မာပြည်သူလုထုရဲ့ ခံစားမှုတွေကို ပြင်းထန်စွာ ပြောကြားပါတယ် .. ။

လူအားလုံးစုံတော့ အယောက်၅၀လောက်ဖြစ်သွားပါတယ် ။ လူစုံအောင်စောင့်ပြီး ၇နာရီထိုးခါနီးလောက်မှ ကျွန်မတို့အားလုံး သေသေချာချာ ဆွေးနွေးတိုင်ပင်ချက်အရ သုံးယောက်တစ်တွဲစီ လမ်းမပေါ်ကို စာရွက်လေးတွေ ကိုယ်စီကိုင်ပြီး တန်းစီထွက်ကြပါတယ် .. ။ လမ်းမပေါ်ကိုထွက်ကြချိန်မှာ လာတဲ့လူတွေထဲမှာ မြန်မာ့ဒီမိုကရေစီအေ၇းကို ခံယူချက်ပြင်းထန်စွာလှုပ်ရှားကြတဲ့ အဖွဲ့သားအချို့က ဘေးကနေ လိုအပ်သလို ထိန်းပေးပါတယ် .. ။ မျိုးချစ်မြန်မာတစ်ဦး ယူလာတဲ့ စာတမ်း(ဘန်နာ) ကလည်း လိုချင်တဲ့ဆန္ဒနဲ့ တူညီစွာ အရှေ့ဆုံးကနေ ဖော်ထုတ်ပြသပေးတာ သိပ်ကောင်းပါတယ်။

သတင်းဌာနတွေ ၊ လမ်းမှာဖြတ်သွားသူတွေ အားလုံးက သတင်းတွေယူ ၊ ပုံတွေရိုက် ၊ မေးမြန်းပြီး အဲဒီနေရာမှာ လူတွေတဖြေးဖြေးအုံလာတာ ကျွန်မတို့စိတ်ထဲကနေ `ငါတို့အောင်မြင်ပြီ´လို့ ကြွေးကြော်နေမိပါတယ် .. ။

သတင်းဌာနတွေရဲ့ အမေးကို သေသေချာချာ ရှင်းလင်းဖြေကြားပေးနေတဲ့ မျိုးချစ်မြန်မာတို့ရဲ့ စကားတွေက ခံစားမှုနဲ့အတူ ပြင်းထန်လှပါတယ် ။

“အာဆီယံအနေနဲ့ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျဉ်းသားအားလုံးကို လွှတ်ပေးရေး၊ မြန်မာစစ်အစိုးရရဲ့ လိမ်ညာမှုတွေကို မယုံသင့်ကြောင်း ၊ ပြည်သူလူထုရဲ့ဆန္ဒကို ဦးစားပေး စဉ်းစားပြီး စစ်အစိုးရပြောသမျှ မယုံပါနဲ့ ” အစရှိသဖြင့် စုံလင်စွာ ဖြေကြားပေးခဲ့ပါတယ်။

ကျွန်မတို့ အခုလိုလုပ်တာလေးက ဘယ်လောက်ထိအကျိုးရှိမှာမို့လို့လဲ အစရှိတဲ့ မေးခွန်းတွေကိုလည်း မေးပါတယ် .. ။ ကျွန်မတို့က ကျွန်မတို့အားလုံးသဘောတူညီတဲ့ နည်းလမ်းတွေနဲ့ ကျွန်မတို့ လိုချင်တဲ့ဆန္ဒတွေကို ထုတ်ဖော်ပြသနေမှာပါပဲ ၊ ကျွန်မတို့က ခေါင်းဆောင်ပိုင်းတွေလုပ်နေသမျှကို ထိုင်ကြည့်ပြီး စောင့်နေမှာမဟုတ်ပါဘူးဆိုတဲ့ အမှာစကားကို ကိုလည်း သေသေချာချာ ပြောကြားဖြစ်ခဲ့ပါတယ် .. ။

အတန်းလိုက်ဆန္ဒပြနေရာကနေ ကျွန်မတို့အားလုံး တစ်တန်းတည်းဖြစ်အောင် အနေအထားကို ပြောင်းလိုက်ကြပြီး အားလုံး စည်းကမ်းရှိရှိ သေသေချာချာရပ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဆက်ပြကြပါတယ် .. ။

အဲဒီအချိန်မှာ ရဲတွေ အကြမ်းဖက်သမားတွေကို ဖမ်းသလို အုပ်စုလိုက် စနစ်တကျနေရာယူပြီး ကျွန်မတို့ကို ၀ိုင်းလာပါတယ်။ မီဒီယာတွေကလည်း တဖြတ်ဖြတ်ရိုက် ၊ မျိုးချစ်မြန်မာလူကြီးတွေနဲ့ ရဲတွေက ဆွေးလည်းဆွေးနွေး ၊ စကားလည်းပြော ၊ လူတွေကလည်းအုံ၊ ကျွန်မတို့ပေးချင်တဲ့ အကြောင်အရာတွေက လုံးဝ သိသာပိုထင်ရှားသွားပါတယ်။

ရဲတွေနဲ့အကျေအလည်ပြောပြီးချိန်မှာ အားလုံးက ငြိမ်းချမ်းစွာ လမ်းခွဲဖို့ လက်တွဲဖြုတ်လိုက်ကြပါတယ်။ မျိုးချစ်မြန်မာ လူကြီးတွေအနားမှာ အားလုံးက ၀ိုင်းထားပေးပြီး ရဲတွေက တစ်ယောက်ကိုဆွဲရင် အကုန်လိုက်မယ်ဆိုပြီး အသင့်ပြင်ထားကြပါတယ်။

ကျွန်မကို အိုင်စီ (မှတ်ပုံတင်) တောင်းတော့ အိုင်စီထုတ်ပေး ပြလိုက်ပါတယ် ။ ဖုန်းနံပါတ် ပါမေးတော့ ပေးလိုက်ပါတယ်။ အခြားလူတွေကိုလည်း သူတို့လိုက်တောင်းပါတယ်။ ဒါကတော့ သိပ်မဆန်းပါဘူး။

ညီညွတ်စွာ ငြိမ်းချမ်းသောနည်းလမ်းနဲ့ မိမိတို့စိတ်ထဲရှိသော ခံစားမှုကို ဆန္ဒပြပြီးချိန်မှာ ကျွန်မတို့အားလုံး ကျေနပ်အားရစွာ လမ်းခွဲခဲ့ကြပါတယ်။ Orchard MRT (အော့ချတ် မြို့ပတ်ရထားဘူတာရုံ) ကိုအရောက် ကျွန်မတို့ လက်မှတ်ဖြတ်မယ် လုပ်နေတုန်း၊ ကျွန်မနဲ့ အခြားပါလာတဲ့ မိတ်ဆွေ ၃ ယောက်ကို အနောက်ကနေ ပုခုံးကို လှမ်းဆွဲတာနဲ့ အားလုံးက ရုတ်တရက်လန့်ဖျပ်ပြီး ရုန်းတော့ အနည်းငယ် ရုတ်ရုတ်သဲသဲလေးဖြစ်သွားပါတယ် ။

ကျွန်မက ကျွန်မကို ဘယ်ကောင်လာထိလဲဆိုပြီး စိတ်တိုစွာပြောတော့မှ သူတို့က အမြန်အဆန် သူတို့ကဒ်ပြားတွေကို ထုတ်ပြပြီး သူတို့က ရဲတွေဖြစ်ကြောင်း ၊ ကျွန်မတို့ကို မေးစရာရှိလို့ဆိုပြီး ဘေးမှာ ခဏရပ်ခိုင်းပါတယ်။

ကျွန်မတို့ အိုင်စီတွေကို ထပ်တောင်းပြီး သူတို့ရေးမှတ်နေကြပါတယ် ။ ကျွန်မတို့က ကျွန်မတို့ကို နောက်တခါ အဲဒီလို ရိုင်းရိုင်းပျပျမဆက်ဆံဖို့ ၊ ကျွန်မတို့က ရာဇ၀တ်မှုကျူးလွန်ထားသူတွေ မဟုတ်ဘူးဆိုတဲ့အကြောင်း တင်းမာစွာ ပြောတော့မှ ရဲတွေက ကျွန်မတို့ကို မျက်နှာချိုလေးနဲ့တောင်းပန်ပါတယ်။ ကျွန်မတို့က ကျွန်မတို့ကို ခေါ်ထားရခြင်းအကြောင်းအရင်းကို ခပ်မာမာမေးမှ သူတို့က ဘာမှ်မဟုတ်ကြောင်း၊ အိုင်စီ ထပ်မှတ်ချင်လို့ပါ ဆိုပြီး ပြောလာပါတယ်။ သိပ်မကြာခင်မှာ ကျွန်မတို့ကို ဘာမှ ဆက်မမေးတော့ဘဲ ပြန်လွှတ်ပေးလိုက်တာနဲ့ ကျွန်မတို့ ပြန်လာခဲ့ပါတယ်။

လမ်းတစ်လျှောက်လုံးမှာ ကျွန်မကို စိုးရိမ်စွာမေးသူတွေ ၊ သတင်းမေးသူတွေကို ကျွန်မ တောက်လျှောက်ဖြေကြားပေးရင်း၊ စိတ်ထဲမှာလည်း ကျေနပ်မှုတစ်ခုတော့ ရလာခဲ့ပါတယ်။ စင်္ကာပူလို တင်းကျပ်လွန်းလှတဲ့ နိုင်ငံမှာ ကျွန်မတို့စိတ်ဆန္ဒကို မီဒီယာတွေကနေတဆင့် လူပုံအလည်မှာ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တာအတွက် ကျွန်မ ကျေနပ်မိပါတယ်။

ထူးခြားတာတစ်ခုက အားလုံး သွေးစည်းညီညွတ်ကြပြီး၊ ဖြစ်လာသမျှကို လက်တွဲပြီး အတူတကွ ရင်ဆိုင်ဖို့ အသင့်ပြင်ထားကြခြင်းပါ။ အဲဒီစိတ်ဓါတ်ကနေရလာတဲ့ အားမာန်တွေ ၊ ခံစားမှုတွေက ပိုမိုတောက်ပြောင်လာပါတယ်။ ဒီဆန္ဒပြပွဲသတင်းကို နောက်ကျမှသိလိုက်ရပြီး မပါဝင်နိုင်ခဲ့သူတွေက နောင်တစ်ကြိမ်ဆို သူတို့ကိုဆက်သွယ်ပေးကြဖို့အတွက် သူတို့ဖုန်းနံပါတ်တွေ ပို့လာကြပါတယ်။ အခုလိုမျိုး နိုးကြားစွာ ၊ သတ္တိရှိစွာ ဖြစ်လာကြတာကို ရင်ထဲကြည်နူးမိပါတယ်။

ကျွန်မတို့ကို စင်္ကာပူရဲတွေက ဘယ်လိုကိုင်တွယ်မှာလဲ … စောင့်တော့ ကြည့်ရမှာပဲ။ ပြဿနာတော့ သိပ်မရှိပါဘူး။ ခံဝန်ချက်ထိုးထားတဲ့ ကျွန်မအနေနဲ့ နောက်တစ်ကြိမ် ကွန်ပြူတာလာသိမ်းစရာတော့ မရှိတော့ပါဘူး။ ကျွန်မတို့ တိုက်ခဲ့တဲ့ တိုက်ပွဲလေးအတွက်ပဲ အားမာန်တွေပိုမိုဝင်လာပြီး ရှေ့ဆက်ရမယ့်ခြေလှမ်းတိုင်းမှာ ကောင်းသည်ထက်ကောင်း၊ ထိရောက်သည်ထက် ထိရောက်အောင်အတွက် သံန္နိဌာန် ချထားမိပါတယ်။

ဒီနေ့ပါဝင်ခဲ့တဲ့ မျိုးချစ်မြန်မာအားလုံးကိုလည်း ကျွန်မ အထူး လေးစားကျေးဇူးတင်ရှိမိပါတယ်။ အိုင်စီတောင်းခံရ ၊ ဖုန်းနာပါတ် တောင်းခံရတဲ့ လူများအားလုံး၊ ဖြစ်နိုင်ရင် ကျွန်မကို contact number လေးတွေ ပို့ပေးစေချင်ပါတယ်။ တစ်စုံတစ်ယောက်ကို ရဲကဆက်သွယ်လာရင်လည်း ကျွန်မတို့အချင်းချင်း အပြန်အလှန်ဆက်သွယ်ကြဖို့ မမေ့ကြပါနဲ့ရှင်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်