Par Par Lay Passes Away

August 2, 2013

 ဒီမိုကရေစီ လူရွှင်တော် (ဦး) ပါပါလေး ကွယ်လွန်
မိုးမခဓာတ်ပုံသတင်း၊ သြဂုတ် ၃၊ ၂၀၁၃


RFA Burmese သတင်းကောက်နုတ်ချက် …
         နှုတ်ခမ်းမွှေးညီနောင်လို့ နာမည်ကြီးတဲ့ မန္တလေးမြို့က လူရွှင်တော် ဦးပါပါလေးဟာ ဒီနေ့နေ့လည် ၁ နာရီက ကွယ်လွန်သွားခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဦးပါပါလေးဟာ ဆီးနဲ့ ကျောက်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ကစလို့ ဆေးရုံတက်ခဲ့ရပြီး ဒီနေ့ကွယ်လွန်သွားတာလို့ ညီဖြစ်သူ ဦးလူမော်က ပြောပါတယ်။ ဦးပါပါလေးရဲ့ ဈာပနကို သြဂုတ်လ ၄ ရက်နေ့မှာ ပြုလုပ်မယ်လို့ ဆိုပါတယ်။ ဦးပါပါလေးဟာ စစ်အစိုးရ လက်ထက်မှာ နိုင်ငံရေးအမှုနဲ့  ထောင် ၃ ကြိမ်ကျခံခဲ့ရပြီး သေဆုံးချိန်ထိ ပွဲကျင်းပခွင့်ပိတ်ပင်ခံထားရတဲ့ လူရွှင်တော်ဖြစ်တဲ့အတွက် နိုင်ငံခြားသားတွေကြားမှာလည်း ကျော်ကြားခဲ့သူတစ်ဦးဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ၂ဝဝ၉ ခုနှစ်နဲ့ ၂ဝ၁ဝ ခုနှစ်တွေမှာ လွတ်လပ်တဲ့အာရှအသံ RFA မြန်မာပိုင်း အစီအစဉ်ကနေ ခေတ်စနစ်ကို သရော်တဲ့ တောက်တိုမယ်ရ မန္တလေးမြို့က ဟာသပျက်လုံးများ ဆိုတဲ့အစီအစဉ်ကို နှစ်ပတ်တစ်ကြိမ် ပုံမှန်တင်ဆက်ခဲ့ပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ ဦးပါပါလေးဟာ ပွဲကျင်းပဖို့ တရားဝင်ခွင့်ပြုချက် မရရှိပေမယ့် မန္တလေးမြို့နဲ့ အနီးတဝိုက်ဒေသတွေမှာ ပရိသတ်ရှေ့ ပြန်လည်ဖျော်ဖြေနိုင်ခဲ့ပါတယ်။ ဦးပါပါလေးကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်ရှိပြီး၊ ဇနီးသည် ဒေါ်ဝင်းမာ ကျန်ရစ်ခဲ့ပါတယ်။

အမေရိကန်ပြည်က ပုံတူပန်းချီ၊ ပန်းပု၊ ဓာတ်ပုံပညာရှင်  Jim McNalis က သူ့အီးမေးကနေ အခုလိုပြောထားပါတယ် …

        I was very surprised and saddened by the news that Par Par Lay had passed on.  I send my sincere condolences to Daw Win Mar and the entire family.  What an enormous loss.  He will be sorely missed by all his friends around the world. (Your American Brother)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဓာတ်ပုံသတင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်