>အ၀ီစီဒေၝ့ကန်ြမြာ စောင့်နေမယ်

December 7, 2007

>

Sample Image

အ၀ီစီဒေါ့ကွန်မှာ စောင့်နေမယ်
မိုးမခ ၀င်း

ဒီဇင်ဘာ ၆၊ ၂၀၀၇

မကောင်းမူနဲ့ ကောင်းမူ၊ ဘယ်ဟာကပြုဖို့ ခက်သလဲ။ ဘယ်ဟာက ပြုဖို့ လွယ်သလဲ တဲ့။ ဆရာတော် ရှင်ဥာဏိဿရ၏ “လူမိုက်တို့ သွားရာလမ်း“ တရားနာအပြီးမှာ ရလာတဲ့ တရား ပေါ့နော်။

ယခုတလောတော့ လူတွေ တရားချည်း ဖ,ိ နာနေကြတာ ကတော့ အမှန်ပဲ။ ဘယ်သွားလိုက် သွားလိုက် တရားသံတွေပဲ ကြားနေရတော့တယ်။ တွေ့တဲ့အခါ “ဘယ်တရား နာပြီးပလား … ” နဲ့ မေးကြတာလေ။ မနာရသေးရင် ဟောဒီမှာ … ဆိုပြီး ထိုးပေးလိုက်သေး။ တက်က္ကစီပေါ်လည်း တရားသံ၊ ဈေးထဲလည်း တရားသံ၊ အသိမိတ်ဆွေနဲ့ လမ်းမှာ တွေ့တဲ့အခါလေးတောင် တရားအကြောင်း ဆွေးနွေးလိုက် ရသေး။ အသက်ကြီးကြီး ငယ်ငယ် တရားကိစ္စကို အခုလို စိတ်ဝင်စားလာတာကိုတော့ ကြံဖန်ပြီးတော့ ကျေးဇူးတင်ရမှာ ပေါ့လေ။

လမ်းသွားလည်းဘုရားစာရွတ်တတ်လာတယ်၊ဘတ်စ်ကားစီးလည်း ဘုရားစာရွတ်၊ ဘုရားကို ပိုပြီး ကိုးကွယ် ဆည်းကပ်လာတယ်။ ပိုပြီးတော့ ယုံကြည် ကိုးစားလာတယ်။ ငါတို့ ဘုရား၊ တရားကို ပိုလုပ်ရမယ် ဆိုပြီး ဖြစ်လာတာ….. အခုမှပါဗျာ။

ရင်ထဲက အပူလှိုင်းတွေ တရိပ်ရိပ် တက်လာရာက ခံစားချက်တွေ ပြင်းထန်လာတာ တွေပါ။ မျက်ရည်တွေကြားက ဆုတောင်းမိတယ်။ နတ်သိကြားတွေ တိုင်တည်မိတယ်။

ဆရာတော်က အခုလိုဟောထားပါတယ်။

” မကောင်းမူတွေကိုတဲ့ … ဘယ်သူတွေက လွယ်လွယ်ကူကူ ပြုကြသလဲ ဆိုလို့ရှိရင် လူမိုက်တွေ မကောင်းမူတွေကို လွယ်လွယ်ကူကူ လုပ်ကြတယ်။ ထမင်းစားသလိုပဲ၊ ရေသောက်သလိုပဲ၊ ရေချိုးသလိုပဲ၊ အိမ်သာတက်သလိုပဲ လွယ်လွယ်လေး လုပ်လိုက်ကြတယ်။

ဘယ်လိုလူတွေလဲ။ လူမိုက်တွေ။ မကောင်းမူ လွယ်လွယ်ပြုတယ် ဆိုတာဟာ ဘယ်သူလဲဆိုရင် လူမိုက်တွေ၊ မကောင်းမူကို သူတော်ကောင်းတွေကျတော့ ပြုဖို့ ခက်တယ်။ မကောင်းမူ … လွယ်တာက လူမိုက်မှာ လွယ်တယ်။

အဲဒီမကောင်းမူပြုဖို့ လူကောင်းကျတော့ ဘာဖြစ်လဲ၊ ခက်တယ်။ ဒါ မြတ်စွာဘုရား မိန့်ကြားတဲ့စကား။ ကောင်းးမူကို သူတော်ကောင်းတွေ ပြုလွယ်တယ်။ မကောင်းမူကို လူကောင်းတွေပြုဖို့ရန် ခက်တယ်။ မကောင်းမူဆိုရင် ပြုလွယ်တာ ဘယ်သူလဲ ဘယ်သူအတွက် လွယ်သတဲ့ … လဲ။

လူမိုက်တွေအတွက် လွယ်ပေလိမ့်မယ်။ ဒါပေမယ့် လူမိုက်တွေ လွယ်လွယ် လုပ်တဲ့ အဲဒီ မကောင်းမူကို လူကောင်းတွေက လုပ်ဖို့ရန် မလွယ်ဘူးတဲ့ ….” ။

”၁ – သူတော်ကောင်း ဆိုတာ ကောင်းမူကို လွယ်လွယ်နဲ့ ပြုတယ်။

၂ – သူတော်ကောင်း မကောင်းမူကို ပြုခိုင်းရင် မလွယ်ဘူး။

၃ – မကောင်းမူတွေ လုပ်ကြစမ်းပါ ဆိုရင်၊ လူမိုက်တွေ လွယ်လွယ်နဲ့ လုပ်သွားကြတယ်။

၎ – အဲဒီ လူမိုက်လုပ်တဲ့ မကောင်းမူတွေကို သူတော်ကောင်း လုပ်ခိုင်း မလွယ်ဘူး … တဲ့။

အဲဒီ ၄ ချက် သေချာ မှတ်ထားကြ။ …” ။

ဒါဆိုရင် လူမိုက်ဆိုတာ ဘယ်လိုလူမျိုးကို ခေါ်ပါလိမ့်လို့ ဆိုတော့ ဆရာတော်က အခုလို ရှင်းပါတယ်။

”လူမိုက်လက္ခဏာ ၄ ပါး

၁ – လူမိုက်သည် နည်းမှားတွေကို အမှန်ထင်ပြီး လျှောက်လုပ်တယ်။

၂ – အဲဒီ မလုပ်သင့်တဲ့ အမှားတွေကို သူချည်း လုပ်တာ မဟုတ်ဘူး၊ သူများတွေကိုလည်း လုပ်ခိုင်းတယ်။

၃- အဲဒီနည်းမှားကြီးကို သိပ်ပြီးတော့ အမြတ်တနိုး တန်ဖိုးထားတယ်။

၎ – အကျိုးနဲ့အကြောင်းနဲ့ ပြောပြပြန်တော့လည်း စိတ်ဆိုးကြတယ်။

မင်းတို့လုပ်နေတာတွေ မှားနေတယ်လို့ ပြောလို့ရှိရင်လည်းပဲ ပြောတာ လက်မခံဘူး။ ပြောတဲ့လူကို စိတ်ဆိုးတယ်။ ပြောတဲ့လူကို ရန်ရှာတယ်။”

ဆရာတော့်တရားကို နာရင်းနဲ့ ရင်ထဲဖြစ်လာတာက …လူမိုက်နဲ့ လူကောင်း ခွဲခြား တတ်သွားတာ။ လူမိုက်ဆိုတာ ဆိုပြီး နဖူးပေါ် လက်တင်ရင်း စဉ်းစားလာမိတာ။ အရင်တုန်းကတော့ ဒီလောက်ကြီး မစဉ်းစားမိပါဘူး။ အခုမှ တွေးမိလာတာ။

Sample Image

”အဲဒီတော့ ဒေ၀ဒတ် လုပ်သွားတဲ့ နည်းတွေဟာ အမှားတွေကြီးပဲ မဟုတ်လား။အဲဒီ ကိုယ်တော်ကြီး မြေမြိုတာပဲ မဟုတ်လား။ ဒီကနေ့ အဲဒီ ကိုယ်တော်ကြီး ဘယ်မှာရှိလဲ၊ အ၀ီစီမှာ …။ အ၀ီစီဒေါ့ကွန်မှာ၊ အင်တာနက်ထဲမှာ ရှာကြည့် တွေ့လိမ့်မယ်။

အ၀ီစီဒေါ့ကွန်ကို နှိပ်ကြည့်ရင်၊ ”ဟဲလို … ဒေ၀ဒတ် ” ဆိုရင် ၊ ရက်စ် အိုင် အန် ဟီရား (Yes,I am here) ပေါ့။ “ငါ ဒီမှာ ရှိတယ်၊ မင်းတို့ရော လာဦးမလား …” ပေါ့။ လက်ယပ် ခေါ်မှာ။ သူ့ အပေါင်းအသင်းတွေ အများကြီး ရှိသေးတယ်လေ။ သွားကြမှာ။ ဟိုမှာ စောင့်နေမှာ။

ဒေ၀ဒတ်ရဲ့ အဖေ လည်းပဲ အခု ဘယ်မှာရှိတယ် ထင်လဲ။ အ၀ီစီမှာ၊ သားအဖ နှစ်ယောက် အတူတူပဲ။ ဒီအဖေကြီးက ဘယ့်နှယ့်ကြောင့် အ၀ီစီ ရောက်သွားသလဲ ဆိုတော့…၊ မြတ်စွာဘုရား ကဘုရားဖြစ်ပြီးတော့ တစ်နှစ် အကြာမှာ…”

(အဲဒီဇာတ်တော်ကိုဆရာတော့်တရားနာပြီးသူများသိပြီးမို့ထပ်ရေးမပြတော့ပါ)။

”မင်္ဂလာသုတ် သင်တုန်းက အသေ၀နာစ၊ ဗာလာနံ … လူမိုက် မပေါင်းရင် မင်္ဂလာ ရှိတယ်။ အဲသည်လောက်ပဲ သိတယ်။ လူမိုက် ဘာမှန်းကို မသိခဲ့ဘူး။ “အကေသိ ဇာတ်” ဖတ်တော့မှ “ဟာ … ခေတ်မှီတဲ့ လူမိုက်တမျိုးပဲ” လို့၊ အကေသိ ရှင်ရသေ့ ဟောသွားတာ၊ အကေသိ ရသေ့က ဆုတောင်း ၁၄ မျိုး ပြောတယ်။ အဲဒီထဲက တခု။

လူမိုက်တွေကို မမြင်ပါရစေနဲ့။

လူမိုက်တွေရဲ့ သတင်းစကားကို မကြားပါရစေနဲ့။

လူမိုက်တွေနဲ့ ဘယ်ဘ၀မှာမှ အပေါင်းအသင်း မဖြစ်ပါရစေနဲ့။

လူမိုက်တွေနဲ့ စကား မပြောပါရစေနဲ့။

လူမိုက်တွေရဲ့ စကားကို နှစ်သက်ခြင်း၊ ကျေနပ်ခြင်း၊ ထောက်ခံခြင်း၊ အားပေးခြင်း မလုပ်ပါရစေနဲ့။ … ”

၅ ချက်။

”လူမိုက်ကို မမြင်ပါရစေနဲ့။

လူမိုက် ဘယ်ရှိတယ် ဆိုတာ မကြားပါရစေနဲ့။

ရှောင်မရလို့ မြင်ရ၊ကြားရရင်လည်း အပေါင်းအသင်း မလုပ်ပါရစေနဲ့။

ရှောင်မရလို့ အပေါင်းအသင်း လုပ်နေရရင်လည်းပဲ သူတို့နဲ့ စကား မပြောပါရစေနဲ့။

ရှောင်မရလို့ စကားပြောရရင်လည်း သူတို့စကားကို အားပေး၊ထောက်ခံမူတွေ မလုပ်ပါရစေနဲ့ … တဲ့၊” ။

လူမိုက်တွေမွေးပြီး ငါတို့ကို ဘယ်လောက် နှိပ်စက်ကြဦးမလဲလို့ စောင့်ကြည့် နေကြပါတယ်။ ငါတို့ ရဲ့ အဲဒီလို စိတ်ဓါတ်တွေကို ရန်သူကလည်း သိနေတော့၊ နှိပ်စက်လို့ မ၀နိုင် တော့ဘူးပေါ့။ ဘာမှပြန်မလုပ်ကြပါဘူး … ဆိုတဲ့ သူတို့ဖက်က တွေးပြီး၊ ဘယ်လိုနှိပ်စက်ရင် ကောင်းမလဲလို့ စဉ်းစား ပြီး လုပ်နေကြတယ်နဲ့ တူပါရဲ့။

ငါတို့ဖက်က ဘာဖြစ်လို့ ခံချည်း နေရသလဲ ဆိုတော့ ဆ၇ာတော့်တရား ပြန်ကောက်ရရင် သူတို့လုပ်တဲ့ လူမိုက်အလုပ်ကို လိုက်လုပ်ပြီး ငရဲမလားချင်လို့ ပါပဲ။

သူတို့လို လူမိုက်အလုပ် လိုက်လုပ်မိရင် ဒေ၀ဒတ္တနဲ့ သူ့အဖေ အပါအ၀င်တွေ အ၀ီစီ မှာ တွေ့နေကြသလိုမျိုး၊ အ၀ီစီ ဒေါ့ ကွန် မှာ ပြန်တွေ့နေရမှာ စိုးလို့ပါ။ ရင်မဆိုင်ရဲလို့၊ ကြောက်လို့ လို့များထင်ပြီး၊ ရှေ့ဆက်တိုးလို့ နှိပ်စက်လည်း စက်ပေါ့။ ကိုယ့်လမ်းကိုယ်သွားကြရုံပေါ့။

Sample Image


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments