>ဇာဂနိာံငြ့် သီးလေးသီး ရဲႚ ဆေးရောင်စုံ အူငိမ့်ူပက်လုံးခင်ြမဵား

December 30, 2007

>

ဇာဂနာ နှင့် သီးလေးသီး ရဲ့ ဆေးရောင်စုံ အငြိမ့် ပြက်လုံးခွင်များ

ဇာဂနာ
ဒီဇင်ဘာ ၂၉၊ ၂၀၀၇

စိန်သီး။ ။ အရွှမ်းမဖောက်ဘဲ ခွန်းထောက် ဆိုသွားတာ ညီလေးပန်းသီး မှတ်တယ်

ပန်းသီး။ ။ ဟုတ်ပ … အကိုစိန်သီး ခင်ဗျ။

စိန်သီး။ ။ ကျနော်တို့တွေ ဒါ ပထမဆုံးအကြိမ် နိုင်ငံခြားမှာ အငြိမ့်ကရတာ ပါပဲ။ ဒီက အကိုတော်၊ အမတော်များက ဖိတ်ကြားတော့ သူတို့ ကျေးဇူးနဲ့ ရောက်ရတာပါ။

ကြယ်သီး။ ။တစ်သက်နဲ့ တကိုယ် အိပ်မက်တောင် မမက်ဖူးတဲ့ လေယာဉ်ပျံကြီး ခုမှ စီးဖူးတော့တယ်။

ဂေါ်ဇီလာ။ ။ ခေတ်ကာလရဲ့ တိုးတက်မှုပေါ့ကွာ။ မြေကြောတွေ ရှုံ့ သွားပြီ၊ စင်္ကာပူ ရန်ကုန် လာတာ … ရန်ကုန် – မန္တလေး ထက်တောင် မြန်သေး။

ဇီးသီး ။ ။ ခေတ်က တိုးတက်လာပြီကိုး၊ အရင်က စာရေးတယ်၊ နောက်တော့ ဖုန်းဆက်တယ် ခုတော့ အီးမေးလ် ပို့တယ်၊ အပြောင်းအလဲတွေ သိပ် မြန်လာပြီ။

စိန်သီး။ ။ ဟုတ်တယ်ဗျာ။ ဒီနေ့ခေတ် ကလေးတွေ သင်ပုန်းကြီး ဖတ်စာတောင် ခေတ်နဲ့ အညီ ပြောင်းလဲနေပြီ။

ပန်းသီး။ ။ ဘယ်လိုများတုန်း။

စိန်သီး။ ။ ဟိုတုန်းက ဇွန်ပန်းရုံအနီး လှည်းဘီး နွံထဲ ကျွံနေသည်၊

ကူပြီး တွန်းပေးကြပါ၊

လေးလွန်းလို့ မတွန်းနိုင်ဘူးလား၊

ပြိုင်တူ တွန်းလျင် ရွေ့ နိုင်ပါသည် … တဲ့။

ဟော … ခု … ပြောင်းသွားပြီ။

ပန်းသီး။ ။ ဘယ်လို ပြောင်းသွားတုန်း။

စိန်သီး။ ။ ရယကအိမ်အနီး ဖဲဝိုင်း ထောင်နေသည်

ကူပြီးဖမ်းပေးကြပါ၊

အချင်းချင်းမို့ မဖမ်းချင်ဖူးလား၊

ပြိုင်တူ ဖမ်းလျင် မိနိုင်ပါသည် … တဲ့။ ကဲ …

ပန်းသီး။ ။ အောင်မာ … ဒါဆို ငါလည်း ပြောချင်ပါ့ဗျာ။ ပြောင်းလဲသွားပုံ ကလေး

ကြယ်သီး။ ။ ပြောစမ်းပါဦး …

ပန်းသီး။ ။ စောစောထ … သွားတိုက်

မျက်နှာသစ် … အစာစား

အ၀တ်လဲ … အိပ်ယာသိမ်း

အိပ်ယာခင်း … ပြန်အိပ်

အိပ်ရာထ … သွားတိုက်

မျက်နှာသစ် …. အစာစား

ပြန်အိပ် … အိပ်ယာထ …

ဂေါ်ဇီလာ။ ။ ငါ့သား … မင်း ဒီနေ့ ကျောင်းကော သွားဦးမှာလား။

ပန်းသီး။ ။ အဖေတို့ ပိုက်ဆံ ကုန်ပါတယ်။

ဂေါ်ဇီလာ။ ။သြော် … ရှာပါ့မယ်ကွာ။

ပန်းသီး။ ။ ဆရာမ ဈေးဖိုး၊ တံပျက်စည်းဖိုး၊ ဆရာမသမီး ကျုရှင်ဖိုး၊ ကျောင်းအုပ်ကြီး ကာရာအိုကေ ဆိုဖို့ … အဲဒါတွေ ပေးနိုင်လို့လား။

ဂေါ်ဇီလာ။ ။ ငါ့သား ဆယ်တန်း အောင်ရင် ပြီးရော …

ပန်းသီး။ ။ ဆယ်တန်း အောင်တော့ ဘာလုပ်ရမလဲ။

ဂေါ်ဇီလာ။ ။ ဘွဲ့ ရအောင် ဆက်သင်ပေါ့။

ပန်းသီး။ ။ဘွဲ့ ရတော့ရော …

ဂေါ်ဇီလာ။ ။ အင်း … အင်္ဂလိပ် စကားပြောသင်တန်း တက်ပေါ့။

ပန်းသီး။ ။ အဲဒါ တတ်တော့ကော …

ဂေါ်ဇီလာ။ ။ အင်း … အဲ … ကွန်ပျုတာ တက်ပေါ့ …

ပန်းသီး။ ။ အဲဒါ တတ် တော့ရော …

ဂေါ်ဇီလာ။ ။ ဟာ … ငါ့သားရယ်၊ ဒီလောက်တောင် တတ်နေမင့်ဟာ ဆိုက်ကားသာ နင်းစားတော့ ပေါ့ကွာ။

(၀ိုင်းရိုက်)

ဂေါ်ဇီလာ။ ။ ဟုတ်ပ … ငါ့ ဘာပြောရတော့မလဲ။ ခေတ်က တိုးတက်နေပြီ။ ဒီ မလေးရှားမှာ ပရိုတွန် ကားတွေ ထုတ်တယ်။ ကိုးရီးယားက ဟွန်ဒိုင်း။ ဟော … ငါတို့ မြန်မာက မြန်မာ ဆလွန်း ထုတ်ပြီ ဗျား။

ဇီးသီး။ ။ တယ်ဟုတ်ပါလား

ဂေါ်ဇီလာ။ ။ ကားတစ်စင်းလုံး … စတီယာရင် မပါဘူး၊ ဂီယာ မပါဘူး၊ ဘရိတ် မပါဘူး။

ပန်းသီး။ ။ ဘယ်လို မောင်းလဲ …

ဂေါ်ဇီလာ။ ။ အသံနဲ့ အမိန့် ပေးရတာ။ မောင်းဆို ကားက ထွက်ရော၊ မြန်ဆို အရှိန် တင်လာရော၊ ညာကွေ့ဆို ကွေ့တယ်၊ ရပ်ဆို ရပ်တယ်၊ ကားထဲက ကက်ဆက်ကိုလည်း အမိန့်ပေး ခိုင်းတာ။ သီချင်းကြီး ဆို “မြမန်းဂီရိ သေလာတောင်” ဆိုပြီး အသံ ထွက်လာရော။ ငါက လေးဖြူ လို့ ပြောလိုက်ရင် ကက်ဆက်က အလိုအလျောက် “အလင်းရောင် … သန်းကောင်ယံ ညဥ့်နက်ထဲ” ဆိုပြီး အသံ ပြောင်းသွားရော။ အဲဒီတုန်း နောက်က ကားက ဟွန်း အကျယ်ကြီး တီးပြီး ကျော်တက်တော့၊ ငါ စိတ်ဆိုးပြီး “ချေးထုပ် တွေ ခွေးသူခိုး …” လို့ ဆဲ လိုက်တာ၊ ကက်ဆက်က သီချင်း ပြောင်းသွားတယ်။

စိန်သီး။ ။ ဘာ သီချင်း လဲ

ဂေါ်ဇီလာ။ ။ နိုင်ငံတော် ပြိုကွဲမဲ့ အခြေအနေ ကို တို့ လက်မခံ နိုင်ပါ … တဲ့။

အားလုံး။ ။ ဟာ … … …

(ဇာဂနာ စာကြွင်းများ – )

ကြားပေါက်လေး တခု တွေးမိတာလေး ရေးပါရစေ။ ကျနော်တို့ ဆေးကျောင်း ရောက်ကာစ က ဖားခွဲ ရပါတယ်။ ဦးထွန်းမောင် ဆိုတဲ့ ကုလားကြီး ဆီကနေ ဖားအရှင် ၃ကောင် တရာ နဲ့ ၀ယ်ရတာပါ။ ပြီးတော့ အဲဒီ ဖားတွေကို ပုံ မပျက်အောင် ကျွက်ကျွက်ဆူ နေတဲ့ ရေနွေးအိုးထဲ ထည့်ပြီး သတ်ရပါတယ်။

ကျွန်တော်တို့ က ဘာ သိမလဲ။ ဖားတွေကို ရေနွေးအိုးကြီးထဲ ပစ် ထည့် လိုက်တာ ကိုယ်တော်ချောတွေက ဆတ်ကနဲ ရေနွေးကို ခြေထောက်နဲ့ တစ်ချက်ပဲ ထိပြီး ခုန် ထွက် သွားလိုက်တာ ၃ ကောင်လုံး လွတ်သွားရော။

ကုလားကြီးက ရယ် သလေ့။ ဒီလို သတ်ရတယ်ကွ … တဲ့ ဆိုပြီး ရေအေးတွေထည့်၊ ဖားကို ရေအေး ဇလုံထဲ ထည့် လိုက်တာ၊ ရွှေဖားလေးတွေက ရေအေးကန်ထဲ ပျော်လို့ ကူးခတ် နေလိုက်တာ။

ဒီမှာတင် ကုလားကြီးက အပူချိန်ကို ဖြေးဖြေးချင်း တရစ်ချင်း တိုး လာ
လိုက်တာ၊ ငါး ဒီဂရီ လောက် တိုးတော့လည်း ဖားလေးများ ကူးခတ်ဆဲ၊ နောက်ထပ် ငါး ဒီဂရီ ထပ်တိုးလည်း သူကောင့် ဖားတွေက နေသာသေးတယ် ဆိုပြီး ကူးခတ်ဆဲပ၊ဲ

အပူချိန် ၆၀ လောက်လည်း ရောက် ရော ဖားတွေ မလှုပ်နိုင်တော့ဘူး။ ရှစ်ဆယ် လောက်လည်း ရောက် ရော အားလုံး … ဂန့် … ဂန့် … ဂန့် … ဂန့်။

ကျွန်တော်တို့လည်း ခုတော့ ဒီ ၀ဋ်တွေ လည်ပါပြီ။ တရစ်ချင်း တရစ်ချင်း ကျပ်လာပြီ။ ငါတို့တော့ နေလို့ ရသေးတယ်။ ဘာမှ မဖြစ်သေးဖူး ဆိုပြီး … ဆက်ပြီး ကူးမှာလား၊ ခုန် ထွက် မှာလား။ အပူချိန်မြှင့်နေတဲ့ လက်ကို ပြေး ကိုက် ကြမလား။ မျက်နှာကို ခုန်အုပ် ကြမလား။ တခုခုတော့ ဆုံးဖြတ် ရတော့မှာပဲ။ ဆုံးဖြတ်ပြီးရင်လည်း ဖြစ်အောင် လုပ်ရတော့မယ်။ မဟုတ်ရင်တော့ ရေနွေးအိုးထဲ သေရတာ သိပ် မတန် လှပေဘူး။

(သီးလေးသီး စင်္ကာပူ တြေႚရစဉ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်