>တုံးကေဵာ် ဘူဖစ်ပၝစေသော်ဝ်

March 17, 2008

>

တုံးကျော် ဘ ဖြစ်ပါစေသော်ဝ်
မာမာအေး

မတ် ၁၆၊ ၂၀၀၈

မတ်လ ၁၃ ရက်နေ့ကပေါ့၊ ကျမအိပ်တဲ့ဘေးမှာ လက်ကိုင်ဖုန်းကလေးနိုးတာနဲ့ အလင်းရောင်ပေါ်စ မနက် ၇ နာရီမခွဲခင်မှာ နိုးလာပါတယ်။ ဖုန်းထဲမှာပေါ်နေတဲ့ နာမည်က “ဦးသောင်း”တဲ့။ ဒါကိုမြင်တာနဲ့ ကျမ နှလုံးက တဒုန်းဒုန်းမြန်လာပြီး ခေါင်းတက်ခေါက်သလို အီလယ်လယ် မူးနောက်နောက် ကြောက်သွားပါတယ်။

“ဦးသောင်း”ဆိုတာ “အောင်ဗလ”ဆိုတဲ့ စာရေးဆရာ၊ ကြေမုံသတင်းစာထောင်ခဲ့လို့ “ကြေးမုံဦးသောင်း” ဖြစ်လာတဲ့ သတင်းစာဆရာကြီးပါ။ “၁၉၂၆” တထောင့်ကိုးရာနှစ်ဆယ့်ခြောက်မှာ မွေးဖွားခဲ့တာဆိုတော့ အသက် ၈၂ နှစ်ရှိပြီလေ။

ဒီလို မနက်စောစောစီးစီး ဦးလေးသောင်းတို့ဆီက တခါမှ ဖုန်းမဆက်ဘူးလေတော့ ဟာ … ဘာများဖြစ် ပါလိမ့်။ တခုခုပဲဆိုပြီး ကြောက်သွားမိတာ ကျမ မလွန်ဘူးထင်ပါတယ်ရှင်၊ အသက်ကလည်း ကြီးပြီ၊ ကျမထက် တောင် နှလုံးခွဲရတာ အကြိမ်ပိုများသေးတယ်လို့ သိထားရပါတယ်။ လွန်ခဲ့တဲ့ လေးငါးလ အတွင်းမှာလည်း စာကြည့်တိုက်သွားရင်း ချော်လဲ၊ နဖူးကွဲ မေ့လဲနေတာ လမ်းသွားလမ်းလာတွေ့ရှာတဲ့ နာ့စ်မတယောက်က ၉၁၁ ခေါ် ဆေးရုံပို့ပေးလို့ ကံကောင်းသေးတယ် ပြောရမှာပါရှင်။

ဦးသောင်းကို ရန်ကုန်ပွဲလမ်းသဘင်တွေမှာ ပိန်ကပ်ကပ်၊ ပေတေတေပုံမျိုးနဲ့ တွေ့ဖူးပါနေပါတယ်။ အောင်ဗလ၊ အောင်ဗလယ်၊ အောင်ဗလောနဲ့ ဟာသနှောတော့လည်း သဘောတကျ ဖတ်ပါတယ်။ သတင်းစာ ဆရာပီပီ နိုင်ရာက ထောင်းတတ်တဲ့ ကလောင်အကောင်းစားကြီးမို့လည်း သဘောကျတယ်။ ကိုယ့်တိုင်းပြည်မှာ တုန်းက ဒီလူကြီးတွေလောက် ကိုယ်မှမပြောရဲတာကိုး။

ဒီဘက် သူရောက်လာတော့လည်း ဒီကနေ့အထိ စာအုပ် တွေရေးနေတုန်း၊ ထုတ်နေတုန်း၊ ဟောပြောပေးနေတုန်း မဟုတ်လားရှင်။ မနှစ်က သတင်းစာလောကထဲရောက် တာ နှစ် ၅၀ ပြည့်ဆိုပြီး နယူးရောက် ဒီမိုကရေစီရေးဆောင်ရွက်အားပေးနေသူများက ဂုဏ်ပြုပွဲပြုလုပ်ပေးခဲ့ပါ သေးတယ်။

ကျမက “ဦးလေးသောင်း”လို့ပဲ ခေါ်ပါတယ်။ သူ့ဇနီး တင်တင်ဝင်းကလည်း အင်မတန် ဆရာကြီးကို ဂရုစိုက်ပါတယ်။ ဆရာဆေးရုံတက်ရတဲ့အခါများ တင်တင်ဝင်းကို အရင်ကုရမလောက်ပါပဲလို့ ဖလော်ရီဒါပြည်နယ် သူတို့မြို့က မိတ်ဆွေဆရာဝန်များက မှတ်ချက်ချတာ ကြားရဖူးပါတယ်။ ဦးလေးသောင်းက ” ငြိမ်းချမ်းရေး အဖိုး ဟာ သူရတဲ့ အသက်ငယ်တဲ့ဇနီးမျိုး မကြုံဖူးလို့ပါ ဒုက္ခမမည်ပါဘူး”လို့ ရေးဖူးတဲ့စာလည်း ဖတ်ဖူးပါတယ်။

စာရေးဆရာ သတင်းစာဆရာရင့်မကြီးဖြစ်ပေမယ့် ကျမတို့လို လက်စမ်းရေးသားတဲ့သူမျိုးကိုလည်း အထင်မသေးပါဘူး။ ကျမစာအုပ်ထုတ်ဖြစ်တာ ဦးလေးသောင်း မြှောက်ပေးလို့ပေါ့ရှင်။ မိတ္တူကူးတာကအစ လိုက် ကူခဲ့တာပါ။ ကျမ ရင်းနှီးတဲ့ ဂီတကိစ္စဆိုလည်း ဖုန်းဆက်မေးမြန်းဆွေးနွေးတာမျိုး လုပ်ပါတယ်။

ဒီနိုင်ငံရောက်တာကြာပြီ။ စာရေးဆရာပီပီ မချမ်းသာပါဘူး။ ကိုယ့်နိုင်ငံမှာဆိုလည်း ကြီးလာရင်တော့ အထိုက်အလျောက် ဒုက္ခရောက်မှာပါပဲ။ ကျမရဲ့အမြင်မှာတော့ ကျမတို့နိုင်ငံက လူအများစုဟာ အနုပညာရှင်တွေ ကို ထင်ပေါ်တုန်း ခဏမှာသာ ပိုပြီး စိတ်ဝင်စားကြ၊ နှစ်သက်ကြတာမျိုးလို့ ဆိုချင်တာပါပဲ။ သူ့ခေတ်ကုန်တာနဲ့ သူအသက်ကြီးသွားတာနဲ့ “အိုပယ်” လုပ်ခံကြရတာ များပါတယ်။ စာပေချစ်ကြသတဲ့၊ ဂီတချစ်ကြသတဲ့၊ တကယ် ဟုတ်ပါရဲ့လား။ ပြောလိုက်ရင်တော့ အစားထိုးမရတဲ့ ပညာရှင်ချင်းထပ်နေအောင်ပါပဲရှင်။

ကဗျာဘုရင်ကြီး လူတိုင်းချစ်ရိုး “ဆရာတင်မိုး” ကိုကြည့်၊ တနှစ်ပြည့်သောခါ သူ့အနား လာလာနေတတ် တဲ့ ကပ္ပလီတွေ ဆွမ်းကျွေးပွဲဆီ တယ်မတွေ့မိပါဘူး။ လူမှမရှိတော့ ဒီလိုဖြစ်လာတာ မဆန်းပါဘူးလေ။ သေသော သူ ကြာရင်မေ့ ဆိုတဲ့စကားနဲ့အညီဟာကိုး။ ဖလ်မီးအိမ် ဖောင်ဒေးရှင်းတွေ ဘာတွေတော့ တွေ့နေရသေးလို့ ပညာရှင်ကိုယ်စား ဖြေသာခဲ့ရပါတယ်။ အဲဒါလည်း တကယ်လုပ်သင့်တယ်၊ ဆရာရှိတဲ့အချိန်ကသာ ဒီလိုမျိုး ကြိုလုပ်ခဲ့ရင် ဆရာလည်း လိုတာရှိ သုံးနိုင်တယ်။ လှူနိုင်တယ်၊ ဘာလုပ်သင့်တယ်လို့လည်း ဆရာ တွေးမှာ လုပ်မှာပဲလို့ အောက်မေ့မိပါတယ်။

ခုဆို စာရေးဆရာကြီး၊ သတင်းစာဆရာကြီး “ကြေးမုံဦးသောင်း”ဟာ ဆေးရုံပေါ်ရောက်နေတယ်။ ကျမ ကိုဖုန်းဆက်တဲ့အချိန်မှာ ၄ ရက်ရှိပြီပြောပါတယ်။ အဆုတ်ထဲရေ၀င်တာလား၊ နှလုံးထဲရေ၀င်တာလား၊ နမိုးနီးယား ခေါ်တဲ့ အအေးမိရာကဆက်လာတဲ့ ရောဂါတွေကို ဆရာဝန်ကြီးများက အကြိတ်အနယ် ကုသနေပါတယ်တဲ့ရှင်။

ဒီသတင်းရပြီးနောက် မွန်းမလွဲမီ နယူးယောက်က ဆုံးသွားပြီလို့ ဖုန်းဝင်လာပါတယ်။ ကျမက မနက်ကပဲ အခြေအနေမကောင်းတဲ့သတင်း ရတားတဲ့အကြောင်းပြန်ပြောလိုက်တယ်။ နီးစပ်ရာ သတင်းတင်တတ်တဲ့ဆီတွေ ကိုလည်း အကြောင်းကြားလိုက်ပါတယ်။ ကျမလည်း ညီမ တင်တင်ဝင်းဖုန်းထဲမှာ ၀မ်းနည်းကြောင်းတွေ ထည့်မိ ပါတယ်။

သတင်းတွေတိကျဖို့ ဆရာစွမ်းဆီ ထပ်မေးကြတော့ မဟုတ်သေးပါဘူးတဲ့၊ ကျမ ရူးချင်ချင်ဖြစ်သွားတာ ပေါ့။ မီဒီယာတွေမှာ သတင်းကို ဖြုတ်လိုက်ပေးပါလို့ တောင်းပန်ရတာဖြစ်နိုင်ပေမယ့် ဆရာကတော်ရဲ့ဖုန်းထဲက ၀မ်းနည်းကြောင်း ပြောထားတာကြီး ဒုက္ခဖြစ်နေပြီ။ မတတ်နိုင်ဘူး တောင်းပန်စကားပြန်ပြောရတာပေါ့။ အားလုံး က ဆရာသောင်းကို အလေးထားလို့ လှုပ်ရှားကြတာပါလို့လည်း ပြောရတာပေါ့ရှင်။

အဖြစ်ကတော့ ဒါပါပဲ။ ဒီနေ့ မတ်လ ၁၅ ရက်နေ့ပါ။ မနေ့ညက နောက်ဆုံးပြောတဲ့ ဒေါ်တင်တင်ဝင်း စကားကတော့ ဆရာသောင်းရဲ့ရောဂါအတွက် Antibiotic ပိုးမွှားကာကွယ်ဆေး ၁၀ ရက်ပေးထားမယ်။ အဲဒီဆေး တိုးရင် ပြန်ကောင်းလာမယ်၊ ခုလောလောဆယ် စက်နဲ့အသက်ရှုနေရပါတယ်တဲ့။

ဦးသောင်းပြန်ကောင်းလာပါစေလို့ ကျမကြားကတည်းက ဆုတောင်းပေးပါတယ်။ ကျမ ဆေးရုံတက် တုန်းက ကုလားထိုင်လေးစီးပြီး လာမေးရှာတယ်ရှင့်၊ စာပေချစ်သူများလည်း ထောက်ပံ့ ဆုတောင်း အားပေးနိုင်ရ အောင် ဒီစာကိုရေးမိတာပါပဲ။ ခေါင်းစဉ်ကတော့ ကျမ “တုံးကျော်မ”အကြောင်းပြောနေခိုက်ကြုံတာနဲ့ ဆရာသောင်းကလည်း သေပြီဆိုပြီး ကောင်းနေသေးတာကြောင့် “တုံးကျော်ထီး”ဆိုလည်း ဘယ်ခေါ်ကောင်းမှာ လဲ။ အဘအရွယ်မို့ “တုံးကျော်ဘ” ဖြစ်ပါစေလို့ ဆုတောင်းကြစို့ရဲ့နော်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်