Than Win Hlaing – Articles

July 27, 2013

ကရဝိတ်ဖောင်တော်
သန်းဝင်းလှိုင်
ဇူလိုင် ၂၇၊ ၂၀၁၃


ကရဝိတ်မှာ မြန်မာတို့ အမွန်အမြတ်ထားခြင်းခံရသော ငှက်တစ်မျိုးဖြစ်သည်။ မြန်မာအဘိဓာန်အကျဉ်းချုပ် အတွဲ – ၁၊ အမှတ် – ၅ ၌ `ပါဠိကျမ်းဂန်လာ အသံ သာယာသည့် ငှက်တစ်မျိုး´ ဟု အနက်ဖွင့်ထားပေသည်။
ကရ၀ိတ်ငှက်ကို ပါဠိအလိုအရ `ကရဝီက´ ဟု ခေါ်သည်။ ယင်းကရဝိတ်ငှက်အကြောင်း မှတ်တမ်းအချို့ကို လေ့လာကြည့်မည်ဆိုလျှင် ဤ သို့ တွေ့ရပေသည်။
ကရဝိတ်ဆိုသောငှက်ကို မြန်မာကျမ်းဂန်တို့၌ လည်းကောင်း၊ ပါဠိစာပေကျမ်းဂန်တို့၌ လည်းကောင်း အထင်အရှား ပြဆိုထားပေ၏။ သက်ရှိ ကရ၀ိတ်ငှက် မမြင်ဖူးကြသော်လည်း အဆိုပါ ငှက်၏ ပုံတူပန်းချီကားများ၊ ပန်းပု ရုပ်လုံးများ ရေးခြယ်ထွင်းထုထားသည်ကိုမူ လူတိုင်းလိုပင် တွေ့မြင်ဖူးကြ၏။
မဟာဝင်ဋီကာကျမ်း၏ အဆိုအရ ကရ၀ိတ်ငှက်၏ နေထိုင်ရာဒေသမှာ ဟိမဝန္တာတောဖြစ်ကြောင်း သိရ၏။ ဒီဃနိကာယ်၊ သုတ်မဟာဝါပါဠိ ဆဌမူ၊ စာမျက်နှာ ၁၇ ၌ `ဟိမ၀န္တာပဗ္ဗတေဘာရဝိကာနာမသကုဏဇာတိ´ ဟု ဘုရားဟော ပါဠိတွင် အထင်အရှားတွေ့ရသောကြောင့် ဟိမ၀န္တာတောင်သည် ကရ၀ိတ်ငှက်တို့၏ နေရာဒေသဖြစ်ကြောင်း မှတ်သားနိုင်ပေသည်။ `တိပိဋကပါဠိမြန်မာအဘိဓာန်´၌ `ဖြည်းညင်းသာယာသော အသံကို တွန်ကျူးတတ်သောကြောင့် ကရဝီက (ကရ၀ိတ်) ငှက်´ ဟု ပြဆိုထားသည်။
အရှင်နာဂသိန် ပြုစုရေးသားသော `သား၊ ငါး၊ ကျေးငှက်ပုံပြ ဆေးအဘိဓာန်ကျမ်း´ ပဉ္စမတွဲ၊ ပထမပိုင်းတွင် `ကရ၀ိတ်ငှက်သည် ရေနှင့်ရေအနီးနေ တိရစ္ဆာန်မျိုး ဖြစ်ကြောင်း၊ ရေတွင်လည်း ကူးနိုင်၊ ကောင်းကင်သို့လည်း ပျံတက်နိုင်ကြောင်း၊ ဟင်္သာ၊ ဝမ်းဘဲ၊ တင်ကျီး၊ ဗျိုင်းဖြူ၊ ဗျိုးအောက်၊ စက္က၀ါ၊ ကြိုးကြာ ဟူသော ငှက်မျိုးအုပ်စုတွင် ပါဝင်၍ ရေ၌ ပေါလောပေါ် ကူးသွားတတ်သော `ပလဝ´ ငှက်မျိုးဖြစ်ကြောင်း ပြဆိုထားပေသည်။
ရှေးဟောင်း ပျို့ကဗျာလင်္ကာတို့၌လည်းကောင်း၊ တေးဂီတသီချင်းများ၌လည်းကောင်း ကရ၀ိတ်ငှက်၏ အသံ သာယာပုံကို အမျိုးမျိုး အဖုံဖုံ ဖော်ပြထားသည်ကို မကြာခဏတွေ့ရ၏။ သုတ်မဟာဝါ ပါဠိတော်၌ ကရ၀ိတ်ငှက်၏ အသံနှင့် ပတ်သက်၍ ဂုဏ်ပုဒ် ၄ မျိုးဖြင့် မြတ်စွာဘုရားကိုယ်တိုင် ထုတ်ဖော်ချီးကျူးထားပေသည်။
ဂုဏ်ပုဒ် ၄ မျိုးမှာ –
၁။ မဉ္ဇူဿရာ  = သာယာသော အသံရှိသော ငှက်
၂။ ဝဂ္ဂုဿရာ = ညင်းပျောင်းသော အသံရှိသော ငှက်
၃။ မဓုရဿနာ = ချိုအေးသော အသံရှိသော ငှက်
၎။ပေမနိယဿရာ = နှစ်သက်ဖွယ်သော အသံရှိသော ငှက်
မဟာပဒါနသုတ် ဆဋ္ဌမူ မြန်မာပြန်တွင်လည်း-
`ရဟန်းတို့၊ ဟိမ၀န္တာတောင်၌ ကရ၀ိတ် မည်သော ငှက်မျိုးသည် သာယာသော အသံ၊ ညင်းပျောင်းသော အသံ၊ ချိုအေးသော အသံ၊ နှစ်သက်ဖွယ်သော အသံ ရှိသကဲ့သို့ ဤအတူ ဝိပဿီမင်းသား (ဘုရားအလောင်းတော်) သည် သာယာသော အသံလည်းရှိ၏။ ညင်းပျောင်းသော အသံလည်း ရှိ၏။ ချိုအေးသော အသံလည်း ရှိ၏။ နှစ်သက်ဖွယ်ကောင်းသော အသံလည်း ရှိ၏´ ဟု ပြန်ဆိုရေးသားထားသည်။
ယင်းအကြောင်းကိုပင် ပိုမိုလေးနက်စေလိုသော အာသီသဆန္ဒဖြင့် အဘိဓာန် ဋီကာဆရာက `ယဿသရော၊ ဘဂဝတော၊ သရေန၊ ဥပမိယံတေ´ ဟု ပါဠိအက္ခရာ ဖွင့်ဆိုချီးမွမ်းထားသည်။ မြန်မာပြန် အနက်အဓိပ္ပာယ်မှာ-
`ဘဂ၀ါ မြတ်စွာဘုရားရှင်၏ အသံတော်သည် ကရ၀ိတ်ငှက်၏ အသံနှင့် တူလှပေသည်ဟု ဥပမာ ပေးထားကြောင်း´ ပင် ဖြစ်သည်။
ကရ၀ိတ်ငှက်အသံ သာယာပုံအကြောင်းကို ထိုထိုကျမ်းဂန်များ၌ အမြောက်အမြား ရေးသားကြသည့်အနက် ပါဠိကျမ်းဂန်မှ ထုတ်၍ ဖော်ပြလျှင်-
သုတ်မဟာဝါ မဟာပဒါနသုတ် အဋ္ဌကထာ၌ အရှင်မဟာဗုဒ္ဓဃောသ ပညာရှိကြီးက မှတ်ချက်ချ၍ ရေးပြထားသည်မှာ အံ့မခန်း ဖြစ်ပေသည်။ ရှင်မဟာဗုဒ္ဓဃောသ၏ ရေးသားချက်၏ မြန်မာပြန်ဆိုချက်မှာ-
(က) အစာစားနေသော သတ္တ၀ါများမှာ ပါးစပ်ထဲမှ စားလက်စ အစာကို မေ့လျော့ပြီး ထွေးချမိ၏။
(ခ) ပျံနေသော ငှက်တို့သည်လည်း ဆက်၍ ပျံသန်းရန် သတိမရဘဲ လေတွင် ၀ဲလျက်နေ၏။
(ဂ) ရန်သူအလိုက်ခံရသော သမင် ဒရယ် စသော သားကောင်များသည်လည်း နောက်က လိုက်ပါလာသော ရန်သူကို ကြောက်ရမှန်းမသိတော့ဘဲ ရောက်သည့်နေရာ၊ ကြားသည့် ဌာနတွင် ရပ်ပြီး၊ ကရ၀ိတ်ငှက်၏ အသံကို နားစွင့်၍ နေကြကုန်၏။
(ဃ) ကျားနှင့်ခြင်္သေ့တို့သည်လည်း ပါးစပ်ဝသို့ ရောက်လုရောက်ဆဲ မိလုမိဆဲ ဖြစ်နေသော ရှေ့မှ သမင် ဒရယ် စသော သားကောင်များကို လိုက်ရန် ကိုက်ရန် ဖမ်းရန် သတိမရတော့ဘဲ ကရ၀ိတ်ငှက်၏ အသံကြောင့် တုံ့ဆိုင်းငေးတွေလျက် ခြေ လက်တို့ကို မြှောက်ထားမိကြကုန်၏။
(င) ရေတွင် ပျော်ပါးလှုပ်ရှား၍ နေကြကုန်သော ငါးသတ္တ၀ါတို့သည်လည်း ကရ၀ိတ်ငှက်၏ အသံကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် နားရွက်ကို ခတ်လျက် ကရ၀ိတ်ငှက်၏ အသံကိုသာလျှင် အာရုံစိုက်၍ နေကြကုန်၏။
ဤကား ကရ၀ိတ်ငှက်၏ အသံ သာယာပုံနှင့် စပ်လျဉ်း၍ ရှင်မဟာဗုဒ္ဓဃောသ၏ မှတ်တမ်းဖြစ်သည်။ ထို့အပြင် ရှင်မဟာဗုဒ္ဓဃောသ၏ ပါဠိဘာသာဖြင့် မှတ်တမ်းကို ဝက်မစွပ်မြို့စား စာဆိုကျော် ဒုတိယ န၀ဒေးကလည်း `လောကဝိဒူမော်ကွန်း´တွင်ရသမြောက်အောင်ရေးဖွဲ့ခဲ့သေးသည်။ထို့ပြင်”ဟေမအိုင်မှာသီဟရာဇာ၊ရေသောက် လာသည့် ရေသောက်လာ၊ရေနေမကန်း၊ဟန့်ဆီးရန်၊မကန်းခြင်္သေ့သွေသွေ၊တွေမတွေဝေကြောင်း၊ကျူးခသံညောင်း၊ မကန်းပက်မာန် ပြေတည့်ပြေတုံပြန်၊အမှန်သောက်ရလေ၏လေ၊ ရန်လည်းပျောက်ကြလေ၏လေ၊ ကရဝိတ်ငှက်မင်းကျူးကျော်ခြင်း၊ ကျူးသံပေး  သေဘေးလွတ်ကြ၏လေရန်လည်းပျောက်ကြလေ၏လေး”ဟူလည်း ကရဝိတ်ငှက်မင်း ကျူးသံအဲချင်းတွင်ဖွင့်  ဆိုထားလေသည်။
ကရ၀ိတ်ငှက် တကယ် ရှိ မရှိ ပြဿနာနှင့် ပတ်သက်၍ ရှေးအခါက အဖြေရှာခဲ့ဖူးသော ဇာတ်လမ်းတစ်ပုဒ်ကို ဗုဒ္ဓစာပေကျမ်းဂန်တွင် တွေ့ရှိရသော ခေတ်ကာလမှာ အသောကမင်းလက်ထက် ဖြစ်သည်။
မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံ ပါဋလိပုတ်ပြည်တွင် သီရိဓမ္မာသောကမင်းတရား အုပ်စိုးလျက်ရှိ၏။ ထိုမင်း၏ မိဖုရားခေါင်ကြီး အသန္ဓိမိတ္တာမိဘုရားသည် ရတနာသုံးပါး၌ အထူးကြည်ညိုရကား ဘုရားသခင်၏ အသံတော်နှင့် တူသည်ဆိုသော ကရ၀ိတ်ငှက်ကို ကြည့်လိုကြောင်း ဆန္ဒရှိရာ သီရိဓမ္မာသောကမင်းတရားက အာဏာစက်ဖြင့် တောကျွမ်းမုဆိုးတို့ကို အရဆောင်ယူစေခဲ့ရာ ဟိမ၀န္တာမှ နန်းတော်သို့ ကရ၀ိတ်ငှက် အရှင် ရောက်လာသည်။
ရွှေအိမ်လှောင်ချိုင့်ဖြင့် ကောင်းမွန်စွာ ထားပါသော်လည်း မတွန်ကျူးဘဲ နေသောကြောင့် ကြေးမုံများ ပတ်ပတ်လည် ၀ိုင်းရံပေးရ၏။ ထိုအခါမှ ကြေးမုံရိပ်ထဲတွင် ကရ၀ိတ်ငှက်၏ ရုပ်ပုံများ ပတ်ပတ်လည်မှ ပေါ်ထွက်လာ၍ အမျိုးတူ ငှက်အဖော်များ ရောက်လာပြီအထင်ဖြင့် သာယာစွာ တွန်ကျူးလေသည်။ ကရ၀ိတ်ငှက်၏ အသံကို ကြားရသူတိုင်း ယစ်မူးမိန်းမောသည်ဟူ၏။
အသိန္ဓိမိတ္တာ မိဘုရားကြီးသည် `တိရစ္ဆာန်ဖြစ်သော ကရ၀ိတ်ငှက်၏ အသံသည်ပင် ဤမျှ သာယာသေးလျှင် သဗ္ဗညုတဥာဏ်တော်ကို ရသော ဘုရားသခင်၏ အသံတော်မှာ ဆိုဖွယ်ရာမရှိပြီ´ ဟု ဖရဏာပီတိ တစိမ့်စိမ့်ဖြစ်ပွားပြီး ကုသိုလ်အာရုံဇောစိတ် ထုံလျှက် သောတာပန်တည်၍ တရားထူးရသွားဖူးလေသည်။ (ဒီ၊ ဋ္ဌ၊ ၂၊ ၄၄)
ကရ၀ိတ်ငှက်ကို မမြင်ဖူး မတွေ့ဖူးသည့်တိုင် မြန်မာတို့ အမြတ်တနိုးအမွန်အမြတ် ထားကြသည်။ ဗုဒ္ဓစာပေကျမ်းဂန်မှတဆင့် သိရသည်ကိုပင် အတုယူ အားကျလျက် ဗုဒ္ဓဘာသာတို့၏ မူပိုင်ငှက်တစ်မျိုးအဖြစ် ယူဆထားကြသည်။ မြန်မာမင်းတို့၏ ထီးသုံး နန်းသုံး ပစ္စည်းစာရင်းတွင် ကရ၀ိတ်ငှက်၏ ပုံစံကို အတုယူ၍ နန်းတွင်းသုံး တော်ဝင်ပစ္စည်းအဖြစ် သုံးစွဲသည်ကို တွေ့ရ၏။ ကရဝိတ်ငှက်ရုပ်ပါသော ဖောင်ကို ရှေးမင်းစီးနင်းကြသော   အလေ့အထရှိသည်။ပုံသဏ္ဌာန်မှာဦးပိုင်းသည်ကရဝိတ်ငှက်နှုတ်သီးလည်ဆံနှင့်ဖြစ်၍ပဲ့ပိုင်းမှာကရဝိတ်ငှက်အမြီးပုံပါသည်။ အလယ်တွင်ကား လူစီးရန်ပြာသာဒ်ဆောင်ရှိသည်။ ထိုဖောင်ကို လှော်ခတ်ခြင်းမပြုရ။လှေအများက ရှေ့မှနေ၍မုတ္တာကြိုးဖြင့်ဆွဲယူရသည်။ရေကြောင်းခရီးထွက်ရာတွင် ဘေးအန္တရာယ်ကင်းဝေးစေရန်သဘောဖြင့် ကရဝိတ် ဖောင် ကိုစီးနင်းခြင်းဖြစ်သည်ဟုပါမောက္ခဦးချမ်းမြ(မြကေတု)ကဆိုသည်။
၁၇၀၉ ခုနှစ်၌ပုဂံရွှေစည်းခုံဘုရားသိုအင်းဝဘုရင်စနေမင်းအဖူးအမြော်ကြွပုံကိုဦးကုလားမဟာရာဇဝင်ကြီး၌ဖေါ်ပြထားလေ သည်။ံ
ဝေါဟာရလီနတ္တဒီပနီနှင့် ရွှေဘုံနိဒါန်း စသော ကျမ်းဂန်များတွင် ဖော်ပြချက်အရ ကရ၀ိတ်ငှက်ကို အတုယူ၍ ပြုလုပ်သည့် အရာဌာနများမှာ –
၁။ ကရ၀ိတ်ရုပ် ကွမ်းအုပ်တော်
၂။ ကရ၀ိတ်ဖောင်တော်
၃။ နဝရူပဖောင်တော်
၎။ ဒွါဒသရူပဖောင်တော် စသည်တို့ ဖြစ်ကြောင်းသိရသည်။
ကျက်သရေရှိသော ကရ၀ိတ်ငှက် နမိတ်ကို အတိတ်ဟူသော အားဖြင့် မြန်မာမင်းတို့၏ အသုံးအဆောင်တွင် ရွှေကို ကွမ်းအုပ်လုပ်၍ `ကရဝိတ်ကွမ်းအုပ်တော်´ ပြုလုပ်ရိုးရှိကြောင်း ရွှေဘုံနိဒါန်းတွင် ဖော်ပြထားသည်ကို တွေ့ရ၏။ ဤအကြောင်းအရာကို ရည်ညွှန်း၍-
`လှတင့်ရောင်ထိပ်၊ ပြောင်ပြောင်ဖိတ်သည့်၊ကရဝိတ်ကွမ်းအုပ်၊ စံချုပ်မျက်ရည်ရှေ့တော်တည်၍´   ဟု ပညာရှိများ စပ်ဆိုထားသည်ကို မှတ်သားရဖူးသည်။
ရှေးမြန်မာမင်းများ လက်ထက်တော်အခါက (၁) ခြင်္သေ့ရုပ် ဖောင်တော်၊ (၂) တိုးရုပ်ဖောင်တော်၊ (၃) ကရ၀ိတ်ဖောင်တော်၊ (၄) စာမရီဖောင်တော်၊ (၅) ဧဏီဖောင်တော် ဟူ၍ သီးသန့်ဖောင်တော် ၅ မျိုး ခွဲခြားထားကြောင်း သိရသည်။ ထိုဖောင် ၅ မျိုးမှာ အရုပ်အနေအထား ရောစပ်ထားမှု မရှိဘဲ ဖောင်တစ်ခုလုံး အကောင်တစ်မျိုးတည်းဖြင့် သရုပ်ဖော်ထားခြင်း ဖြစ်သည်။ ထို ၅ မျိုးတွင် ကရ၀ိတ်ငှက်သဏ္ဌာန် ပြုလုပ်ထားသော ဖောင်တော်မှာ မြန်မာမင်းတို့ ကြည်နူးဖွယ်ရာ မင်္ဂလာယူသည့် အခမ်းအနားတွင် အသုံးပြုလေ့ရှိသော တော်ဝင်ဖောင်တစ်မျိုးဖြစ်သည်။ ကရဝိတ်ဖောင်တော်တွင် အမြီးသဖွယ် ကော့၍ တက်စေသည်။ ဖောင်တော်ပေါ်တွင် ဘုံအဆင့်ဆင့် ရှိသော ပြာသာဒ်တစ်ဆောင်မှ သုံးဆောင်အထိ အထွတ်တင်ထားသည်။ ထိုဖောင်တော်ကို ဘုရင်ဧကရာဇ်နှင့် မိဘုရားခေါင်ကြီးများသာ အသုံးပြုကြသည်။ စစ်ချီတက်ရာ၌ ကရ၀ိတ်ဖောင်ကို အသုံးမပြုကြချေ။ မင်းပွဲသဘင်ဆင်ယင်ကျင်းပရာ၌သာ ကရဝိတ်ဖောင်ကို စီးနင်းလေ့ရှိသည်။ မင်းပွဲသဘင် အခမ်းအနားတွင် မင်း မိဖဘုရားတို့ တက်ရောက်စီးနင်းသော ကရ၀ိတ်ဖောင်တော်ကို လှော်ကားများက ကြိုးဖြင့် ချိတ်ဆွဲတွဲယူကြလေသည်။
သတ္တရူပ စသော ဖောင်တော်များမှာ အကောင်တစ်မျိုးတည်းကို သရုပ်ဖောင် ပြုလုပ်ထားခြင်းမဟုတ်ဘဲ အကောင်မျိုးစုံ ပေါင်းစပ်ယှဉ်တွဲ၍ ပြုလုပ်ထားသော ဖောင်တော်များ ဖြစ်ကြသည်။
ကရဝိတ်၊ ဆင်၊ နွား၊ ငါးကြင်း၊ ကြက်တူရွေး၊ တိုး၊ မြင်း ဤသတ္တ၀ါ ၇ မျိုး၏ အင်္ဂါအစိတ်အပိုင်း ၇မျိုးတို့ဖြင့် ပေါင်းစပ်၍ သရုပ်ဖော် ပြုလုပ်ထားသော ဖောင်ကို `သတ္တရူပဖောင်´ ဟု ခေါ်သည်။
ကရဝိတ်၊ နွား၊ ငါးကြင်း၊ ဆင်၊ မကန်း၊ သမင်၊ ကြက်တူရွေး၊ တိုး၊ မြင်း ဤသတ္တ၀ါ ၉ မျိုး၏ အစိတ်အပိုင်း ၉ မျိုးတို့ဖြင့် ပေါင်းစပ်၍ သရုပ်ဖော်ပြုလုပ်ထားသော ဖောင်ကို `နဝရူပဖောင်´ ဟု ခေါ်သည်။
ကရဝိတ်၊ ခြင်္သေ့၊ တိုး၊ နွား၊ ငါးကြင်း၊ မြင်း၊ ဆင်၊ မကန်း၊ သမင်၊ ကျွဲ ဤသတ္တ၀ါ ၁ဝ မျိုး၏ အင်္ဂါအစိတ်အပိုင်း ၁ဝ မျိုးတို့ဖြင့် ပေါင်းစပ်၍ သရုပ်ဖော်ပြုလုပ်ထားသော ဖောင်ကို `ဒဿရူပဖောင်´ ဟု ခေါ်လေသည်။
မြန်မာ့သမိုင်းတွင် ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းတရားကြီး (မြန်မာ ၁၁၂၅ – ၁၁၃၈) လက်ထက်တွင် မြန်မာသက္ကရာဇ် ၁၁၃၆ ခု၌ ဒဂုံ ဆံတော်ရှင်စေတီတော်မြတ်ကြီးအတွက် ထီးတော်သစ် တင်လှူရန် ထီးတော်သစ်ကြီးကို ကရဝိတ်ဖောင်တော်ဖြင့် တင်ဆောင်လျက် အင်းဝနေပြည်တော်မှ ဒဂုံ (ရန်ကုန်မြို့) သို့ ပင့်ဆောင်ခဲ့သည်။ ထီးတော် အလှူရှင် ဆင်ဖြူရှင်မင်းတရားကြီးကိုယ်တိုင် လိုက်ပါစုန်ဆင်း ပင့်ဆောင်ခဲ့ကြောင်း ကုန်းဘောင်ဆက် မဟာရာဇ၀င်တော်ကြီး ဒုတိယတွဲ၌ ဖော်ပြမှတ်တမ်းတင်ထားသည်။
ထို့အပြင် မြန်မာနိုင်ငံတော် လွတ်လပ်ရေးရပြီး ပထမဆုံး နိုင်ငံတော်သမ္မတကြီး စဝ်ရွှေသိုက်နှင့် ဒုတိယမြောက်သမ္မတကြီး ဒေါက်တာဘဦးတို့သည် ဆိုင်ရာ အခြွေအရံတို့ဖြင့် ကန်တော်ကြီးရေပြင်တွင် ကရဝိတ်ဖောင်တော်စီး၍ လှည့်လည်ခဲ့သည်။
၁၉၅၄ – ၁၉၅၅ ခုနှစ်အတွင်း၌ မြန်မာနိုင်ငံတော်အစိုးရ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိလာသော ဆိုဗီယက် (ရုရှ) ဝန်ကြီးချုပ် မစ္စတာဘူဂါနင်နှင့် အဖွဲ့ကိုလည်းကောင်း၊ ယူဂိုဆလားဗီးယားနိုင်ငံ သမ္မတ မာရှယ်တီးတိုးနှင့် အဖွဲ့ကိုလည်းကောင်း ဂုဏ်ပြုဧည့်ခံရာတွင် ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးကန်အတွင်း ကရ၀ိတ်ဖောင်တော်ကြီးဖြင့် လှည့်လည်ပြသ ဧည့်ခံသည်။
ယနေ့ မျက်မှောက်ခေတ်ကာလတွင်လည်း ဘုရားထီးတော်ပင့်ဆောင်ရာ၌ဖြစ်စေ၊ ဘုရားရုပ်ပွားတော် ပင့်ဆောင်ရာ၌ ဖြစ်စေ၊ ဘုန်းကြီးပျံဈာပနအလောင်းတော် တင်ဆောင်ရာ၌ ဖြစ်စေ၊ ကရ၀ိတ်ဖောင်တော်ကို မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ အစဉ်အလာမပျက် သုံးစွဲလျက် ရှိနေကြသေးသည်။ သာဓကအားဖြင့် ရှမ်းပြည်နယ် အင်းလေးဒေသတွင် နှစ်စဉ် သီတင်းကျွတ်လ နောက်ပိုင်း ဖောင်တော်ဦးဘုရားများကို ဒေသစာရီ ကြွချီရာ၌ ဤကရ၀ိတ်ဖောင်တော်ကိုပင် အသုံးပြုလျက်ရှိနေသေးသည်မှာ ယနေ့တိုင်အောင်ပင် ဖြစ်သည်။
ကိုးကားသော စာနယ်ဇင်းများ
၁။ မြန်မာ့စွယ်စုံကျမ်း အတွဲ-၅၊ မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း၊ ပထမအကြိမ် ၁၉၅၄။
၂။ ဇေယသင်္ခယာ၊ ရွှေဘုံနိဒါန်း၊ ရန်ကုန်၊ ဟံသာဝတီစာပုံနှိပ်တိုက်၊ ဒုတိယအကြိမ် ၁၉၆၀။
၃။ မာဂဓီ (သာစည်) `ကရ၀ိတ်´ ငွေတာရီမဂ္ဂဇင်း၊ အမှတ် ၂၆၅ (၁၉၈၂ ခုနှစ်၊ ဇူလိုင်လ) စာ ၅၇၊ ၆၀။
၎။ မြန်မာ့အသံသိန်းဟန် `ရွှေကရ၀ိတ်ငှက်´ မြ၀တီမဂ္ဂဇင်း၊ တွဲ ၄၃၊ မှတ်-၃၊ (၁၉၉၅ ခု ဇန်န၀ါရီလ) စာ ၄၄၊ ၄၈.

၅။တိုက်စိုး၊ဝသုန္ဓရီနှင့်ရိုးရာအထိမ်းအမှတ်များစိတ်ကူးချိုချို၊၂၀၀၃။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်