>မုန်တိုင်းအလနြ် ဧရာဝတီ – ကဵန်ရစ်သူတေရြဲႚ အသံ

May 30, 2008

>

မုန်တိုင်းအလွန် ဧရာဝတီ – ကျန်ရစ်သူတွေရဲ့ အသံ

မင်းစင်လင်း
မေ ၃၀၊ ၂၀၀၈

လေဘေးကယ်ဆယ်ရေး စခန်း၊ သားဆုံးခဲ့သည့် မိခင် တဦး –

” ကျမသားလေးက ရန်ကုန်သိပ်ရောက်ဘူးချင်တာရှင်။ ကျမတို့လည်း သူ့ကို ပို့ပေးမယ် ပို့ပေးမယ်နဲ့ မပို့ဖြစ်ခဲ့ဘူး။ မုန်တိုင်းတိုက်မဲ့ညကလည်း သားက ပူဆာပြန်တယ်။ အခုတခါတော့ – သားရယ် အမေတို့ မကြာခင် အလုပ်အားတာနဲ့ လိုက်ပို့ပေးမယ် ပြောတော့ သူကျေနပ်သွားတယ်။ တကယ်ပါရှင်၊ ကျမလည်း သူ့ကို တကယ်ပို့ပေးဖို့ပါ။ အခုတော့ … သားလေးဝိဥာဉ် ရန်ကုန်ရောက်နေပြီ ထင်ပါရဲ့ ရှင် …”


လေဘေးကယ်ဆယ်ရေး စခန်း၊ မိသားစုတစုလုံး ဆုံးခဲ့သည့် လူတဦးရဲ့ အကြောင်း –

” သူတို့လယ်တဲမှာ အကိုရယ်၊ မိန်းမရယ်၊ ကလေးရယ် သူရယ် ရှိနေခဲ့ကြတယ်။ မုန်တိုင်းဝင်၊ ရေလှိုင်းများ တက်လာပြီး သူတို့လယ်တဲလေး လေထဲ ကျွတ်ပါသွားခဲ့တယ်။ နံရံတချပ်မှာ သူနဲ့ကလေးတို့ ပါသွားပြီး၊ အခြားနံရံမှာ မိန်းမနဲ့ သူ့အကိုတို့ ပါသွားတယ်။ မှောင်မှောင်မည်းမည်း ၁၈ပေ နက်တဲ့ လယ်ကွင်းရေပြင်ထဲ မျောနေရင်း လက်ထဲမှာဖက်ထားတဲ့ ကလေးကို ကြည့်လိုက်တော့ အသက်မရှိတော့ဘူး။ သူကတော့ သေချင်လည်းသေပါစေဆိုပြီး တွေ့သမျှအပင်တွေ ခေါင်းဝင်တိုက်ရင်း မျောနေခဲ့တာ နောက်ဆုံး ရေတိမ်ဆိုတဲ့ ရွာမှာ သွားတင်နေပြီး လမ်းလျောက် ပြန်လာရတယ်။ အဲဒီညက သူ့အကိုနဲ့ သူမိန်းမတို့လည်း ဆုံးပါးသွားပြီလို့ သူ သိပြီးနောက်ပိုင်း စိတ်နောက်သွားတော့တယ်။”


ကွမ်းခြံကုန်းမြို့နယ်၊ တော်ကူးကျေးရွာ၊ မိသားစုပျောက်သူ ကလေးတဦး အကြောင်း –

” တနေ့က ကလေးတယောက် ကျနော့်အိမ်ထဲ ငိုဝင်လာတယ်။ မေးကြည့်တော့ သူ့အမေပျောက်လို့တဲ့။ ဘယ်တုန်းက ပျောက်တာလဲ မေးကြည့်တော့ တရက် ရှိပြီတဲ့။ မအေလုပ်သူကလည်း တမင်တကာ ထားသွားတာ မဟုတ်လောက်ပါဘူး။ ထောက်ပံ့ရေး ပစ္စည်းတွေ ဝေတဲ့နေရာမှာ တိုးရင်းကြိတ်ရင်း ကွဲသွားတာ့ ဖြစ်မှာပါ။ ကျနော်လည်း ကိုယ့်ရွာက မဟုတ်တော့ ဘုန်းကြီးကျောင်းသွားပြီး ကျောင်းထိုင်ဆရာတော်ဆီမှာ အပ်ခဲ့တယ်။”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly December 2016 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ

By

 မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ  (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ “အ...

Read more »

စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ

By

  စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ (မိုးမခ) စက်တင်ဘာ ၂၅၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မင်းကောင်းချစ် မာမာအေး မိုးသွင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်ကုသလသာမိ (အတည်မဲ့) အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ကျောက်ကျောက် ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်