Ye Yint Thet Zwe – Poem

July 19, 2013

ငါ … မမှီလိုက်တဲ့ မနက်ခင်းအကြောင်း
ရဲရင့်သက်ဇွဲ
ဇူလိုင် ၁၉၊ ၂၀၁၃

ပန်းချီ – ပေါ်ဦးသက်
အဲဒီနေ့ မနက်ခင်းကို ငါ မမှီလိုက်ပါဘူး
အမေ့ရဲ့  ဆွေးမြေ့ကြေကွဲအသံထဲမှာ
လူကိုးဦးရဲ့  ဘ၀ကံကြမ္မာ တိုင်းပြည်ရဲ့  အနာဂတ်ကံကြမ္မာ
အတွင်းဝန်ရုံးထဲက ကမ္ဘာပျက်တဲ့မြင်ကွင်း
လူကို ခွေးသတ်ခြင်းတဲ့လေ …..။
ကြာခဲ့ပါပြီ …..
ဗမာပြည်က လူတယောက်ရဲ့
ပျှမ်းမျှသက်တမ်း တခုနီးပါး
မူးမူး မေ့မေ့ မေ့ချင်သူတွေ မေ့ကြပါ
မမေ့နိုင်သူတွေ အတွက် မှာတော့
သွေးနဲ့ စိုက်းခဲ့တဲ့ နှင်းဆီတခင်း
ချစ်ချင်းများစွာ ရင်တွင်းမှာ …….။
အာဇာနည်နေ့ တဲ့
သစ္စာတော် စူးရပါစေရဲ့ ကတိက၀တ်များ
ရွာဘုရားပွဲ နှစ်စဉ်နွှဲ သလိုမျိုး
ပြိးတော့လည်း ပြီးသွားခဲ့ကြ
နောက်ဆုံးတနေ့  ရှုံးမယ်ထင်သည်ဖြစ်စေ
နိုင်မယ်ထင်သည်ဖြစ်စေ မလျော့တမ်းဇွဲနဲ့ သွားရမယ် 
ငါ … ကြားတယ် ဗိုလ်ချုပ်ရဲ့  မိန့် ခွန်း …။
လေးဆယ့်ခုနှစ် နှစ်က ကြေကွဲခြင်းတေးတစ
ဇူလိုင်လကို ယှက်သီ ဖွဲ့ ကုံး
အာဇာနည်ထုံး နှလုံးမူလျက်
ပြည်သူ့ အတွက် ဆက်ချီတက်မယ်
အာဇာနည်မျိုး သေရိုးမရှိ အာဇာနည်မျိုး သေရိုးမရှိ
တိုင်းသူပြည်သား မျိုးချစ်စိတ်ထားတတ်ဘို့ သာလိုတယ် ….။

အာဇာနည်ခေါင်းဆောင်ကြီးများ အားအစဉ် ဦးညွတ်လျက်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရဲရင့်သက်ဇွဲ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments