>Review on Maung Su San’s writing

October 21, 2008

>

မဟာဗျူဟာရှုထောင့်လား အကြောက်တရား အဂတိလား
သန်းစိုးလှိုင်
အောက်တိုဘာ ၂၁၊ ၂၀၀၈

မကြာမီ လပိုင်းအတွင်းက မော်ဒန်ဂျာနယ်မှာ မောင်စူးစမ်းက လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲသည် “မှတပါး အခြားရွေးစရာလမ်းမရှိသည့် နိုင်ငံရေးလမ်းကြောင်း” အဖြစ်လည်းကောင်း၊ လက်တွေ့ကျသည့်နိုင်ငံရေး လမ်းကြောင်းတခုဖြစ်သည် ဟုလည်းကောင်း ရေးသားခဲ့သည်။

တွေ့ဆုံဆွေးနွေးရေးဟူသည် စကားလုံးသာ လှပပြီး လက်တွေ့မကျ ဟူသည့် သဘော ရေးသားခဲ့သဖြင့် ပြည်တွင်းနှင့် ပြည်ပမှ နိုင်ငံရေးသမားများအကြား တုံ့ပြန် ဝေဖန် ပြောဆိုစရာ ဖြစ်ခဲ့သည်။ နိုင်ငံရေးရာဇ၀င်လှန်ပြီး ရေးသားမှုများလည်း နိုင်ငံပြင်ပတွင် ပေါ်ထွက်ခဲ့သည်ကို သိရသည်။

မောင်စူးစမ်းသည် ယခုတဖန် “ခေတ်ပြိုင်မြန်မာ့ နိုင်ငံရေးကို အခြေခံ မဟာဗျူဟာ ရှုထောင့်များဖြင့် စဉ်းစားခြင်း” ဟူသည့် ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်စောင် အောက်တိုဘာ ၂၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်မှာ ရေးသားပြန်သည်။

မောင်စူးစမ်း၏ အခြေခံနိုင်ငံရေး မဟာဗျူဟာ ဆိုသည်မှာ မည်သည့် ၀ါဒဖြစ်သည်၊ မည်သည့် စီးပွားရေး ပေါ်လစီကို အခြေခံသည်၊ မည်သည့်နိုင်ငံရေး အယူအဆကို အခြေခံသည့် မဟာဗျူဟာများ ဖြစ်သည်ကိုလည်း သဲသဲကွဲကွဲ ရှင်းလင်းဖွင့်ဆိုခြင်းမရှိပေ။

မောင်စူးစမ်းဆောင်းပါး များ၏ ပင်ကိုယ် သဘာဝ
မောင်စူးစမ်း၏ ဆောင်းပါးများသဘာဝအတိုင်း အကြောင်းအရာတရပ်ကို ဝှေ့ကာရှပ်ကာ ပြောသွားမည်။ စာဖတ်သူနားလည်အောင် ရှင်းလင်းရေးသားခြင်းမှာ တခါတရံမှသာ တွေ့ရတတ်သည်။ မြန်မာဘာသာပြန်ဆိုထားပြီးသား အင်္ဂလိပ်စကားလုံးများကိုပင် မြန်မာဝေါဟာရဖြင့်မရေးဘဲ အင်္ဂလိပ် အသံထွက်အတိုင်း ပြန်ဆိုရေးသားလေ့ရှိသည်။ အဆိုပါ အကြောင်းအရာ နှင့် ဆက်စပ်သည်တို့ကိုလည်း နောက် မည်သည့် အခါမျှ စာဖတ်သူထံသို့ ရောက်အောင် ထပ်မံ ရေးသားလေ့မရှိပေ။ ဥပမာပေးရလျင် စာဖတ်သူအား တခါတရံ ၀င်္ကပါထဲ သို့ခေါ်သွားပြီး ထားခဲ့သည့်သဘောဖြစ်သည်။ စာဖတ်သူက ဖတ်သော်လည်း ပြည့်ပြည့်စုံစုံ နားမလည်ဘဲ အတွေးသံသယဖြင့် ကျန်ခဲ့လေ့ရှိသည်။

မောင်စူးစမ်းသည့် လွန်ခဲ့သည့် ၁၀စုနှစ် တခုကျော် အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ကင်းကင်းနေခဲ့ပြီး သူ၏နိုင်ငံရေးအယူအဆကို လက်ဝဲလည်း မဟုတ် လင်္ကျာလည်း မဟုတ်ဘဲ “လက်တွေ့သမား” သာဖြစ်ကြောင်း နီးစပ်သည့် သူများကို ပြောဆိုလေ့ရှိသည်။ လက်တွေ့ကျခြင်းမှာ ကောင်းမွန်သည့် တွေးခေါ်နည်း တရပ်ဖြစ်သဖြင့် ကြိုဆိုရမည် ဖြစ်သည်။ သို့သော် လက်တွေ့ကျသည် ဟု ပြောဆိုသော်လည်း အဖြစ်အပျက်တခုလုံးကို မျှမျှတတ နည်းလမ်းကျကျ မရှုမြင်ဘဲ လျှော့ပေးနေသည့် ဘက်တဘက်ထဲကိုသာ ထပ်မံပြီး လျှော့ခိုင်းခြင်းမျိုး၊ အပြစ်တင်ခြင်းမျိုးမှာ လူထုအတွက်ရော မောင်စူးစမ်းအတွက်ပါ အကျိုးမများဟု ရှုမြင်မိသည်။

ပြောလို့ရတဲ့သူကိုသာ ပြောရတာ
လွန်ခဲ့သည့် နှစ်က The Voice ဂျာနယ်တွင် ဒေါက်တာနေ၀င်းမောင်က မြန်မာပြည်သူတွေ အခွန်ပေးဆောင်သည့် အလေ့အထ နည်းပါးနေသေးပြီး တိုင်းပြည်တိုးတက် ကြီးပွားလိုလျှင် လူထုအနေဖြင့် အခွန်ပေး ပိုမိုပေးဆောင်သင့်သည့် သဘောကို ကလောင်အမည်တခုဖြင့် ရေးသားခဲ့ဖူးသည်။ ထိုသို့ ရေးသား ဖေါ်ပြပြီးနောက် ဝေဖန်သံများ ဆူညံစွာ ထွက်ပေါ်လာသဖြင့် သူ့အနေဖြင့် ပြောလို့ရသည့် ဘက်ကိုသာ ပြောရခြင်းဖြစ်ကြောင်း၊ တဘက်ကို (စစ်အစိုးရကို) သူ့အနေဖြင့်ပြောဆို၍ မရသဖြင့် လူထုကိုသာ ပြောဆိုနေရခြင်းဖြစ်သည်ဟု ပြန်ဖြေ ရေးသားခဲ့သည်။

အဆိုပါ ကိစ္စတွင် အစိုးရကို ပြော၍ မရသဖြင့် ပြည်သူကိုသာပြောနေရသည် ဆိုသည့် ဆင်ခြေမှာ မျှတခြင်းမရှိပေ။

ပြည်သူလုထုက တိုင်းပြည်၏ပေါ်လစီကို ချမှတ် ထိန်းကျောင်းနေခြင်းမဟုတ်ဘဲ အစိုးရက တိုင်းပြည်၏ ပေါ်လစီကို ချမှတ်နေခြင်း ဖြစ်သဖြင့် ပေါ်လစီချနေသူကို သဘာဝကျသည့် အခွန်ဥပဒေ ဟုတ်မဟုတ် ဝေဘန် ပြောဆိုရန် မ၀ံ့ရဲ သဖြင့်အခွန်ပေးဆောင်ရန် ပျက်ကွက်သည်ဟု လူထုကိုသာ တဘက်သတ် အပြစ်တင်နေခြင်းသည် ဘယ်လိုမှ တရားနည်းလမ်းကျသည်ဟု မဆိုနိုင်ချေ။

ဒီဆောင်းပါးထဲမှာ ဘာအချက်လက်သစ်တွေ ပါသလဲ
ဆောင်းပါး အစတွင် မြန်မာပြည်နိုင်ငံရေးသည် အခြားနိုင်ငံရေးများနှင့် မတူ၊ နှိုင်းယှဉ်၍ မရဟု ဆိုထားသည်။ တသမတ်တည်း မဟုတ်ဆိုသည့် အဓိပ္ပာယ်ကို အင်္ဂလိပ် စကားလုံး non linear ဆိုပြီး ပြောဆိုထားသည်။ မြန်မာပြည်နိုင်ငံရေး၏ ထူးခြားသည့် လက္ခဏာ (၄)ချက်ကို ထုတ်နှုတ်ပြသည်။

၁။ လွတ်လပ်ရေးရပြီးခေတ်မှ စပြီး မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည့် သမ္မတ ၀န်ကြီးချုပ်များ အနက် ဒေါက်တာဘဦးမှ လွဲ၍ နိုင်ငံရေး ဇာတ်ခုံပေါ်မှာ ကောင်းကောင်းဆင်းရသည် မရှိခဲ့။
၂။ လွတ်လပ်ရေး ရပြီးနောက် ဈေးကွက်စီးပွားရေးစနစ်နှင့် ဒီမိုကရေစီ ဒွန်တွဲခဲ့ရာမှ ၁၉၆၂ ခုနှစ်တွင် ဇီဝိန် ချုပ်ခဲ့ပြီး ယခုတဖန် ဈေးကွက်စီးပွားရေး စနစ်ကို မိတ်ဆက်နေရသည်။
၃။ ၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရသည့် ပါတီသည် အုပ်ချုပ်ခွင့်ရသည့်ပါတီ မဖြစ်ခဲ့။
၎။ အခြေခံဥပဒေကို ခေတ်သစ်မှာ ဖြစ်သည့်အတိုင်း စစ်တပ်စပွန်ဆာ အဖြစ် ပေါ်ပေါက်လာရသည်။

အထက်ပါ အချက် ၄ချက်ကြောင့် မြန်မာပြည်နိုင်ငံရေးသည် အခြားသော နိုင်ငံများနှင့် နှိုင်းယှဉ်၍မရဟု မောင်စူးစမ်းက ပြောလိုသည်။ ထိုအချက် ၄ချက်သည် မြန်မာ့နိုင်ငံရေးတွင် ဘာအတွက်ကြောင့် အဓိကကျသည်ကိုလည်း ရှင်းမပြပေ။ ခေတ်သစ်တွင် ဖြစ်ပေါ်သည့်အတိုင်းဟု ရည်ညွှန်းသည့် အခြေခံဥပဒေကို စစ်တပ်စပွန်ဆာဖြင့် ပေါ်ပေါက်ရသည်ဆိုခြင်းမှာ စပွန်ဆာ ဆိုသည့် စကားလုံးထက် စစ်တပ်၏ အတင်းအကြပ်စေခိုင်းမှုအောက်၊ ခြိမ်းခြောက်မှုအောက်မှာ အတည်ပြုခဲ့ခြင်းဖြစ်သည်။ လူထုအများစုက အဆိုပါ အခြေခံဥပဒေကို လက်ခံလို၍ လက်ခံခြင်းမဟုတ်ပေ။ အထက်ဖေါ်ပြပါ အချက် ၄ချက်သည် မြန်မာ့နိုင်ငံရေး သီးခြားသဘောဆောင်မှု၊ ထူးခြားမှု၊ အလွန်အဓိကကျသည့် အချက်များဟု အထောက်အထား ပြည့်ပြည့်စုံဖြင့် ရှင်းလင်းရေးသားထားခြင်းလည်း မတွေ့ရပေ။

မဟာဗျူဟာ ရှုထောင့်ဟုဆိုသော်လည်း
မောင်စူးစမ်းက မဟာဗျူဟာ ရှုထောင့်မှ ကြည့်ရမည်။ ရေတို လူကြိုက်များသည့် ပေါ်ပြူလာ ပေါ်လစီဖြင့် ကြည့်ရှု သုံးသပ်၍မရ ဟုဆိုသည်။ ရေတိုရေရှည်၊ မဟာဗျူဟာ ရှုထောင့်ဟုပင် ဆိုဆို လူအများစု၏ အကျိုးကို ရှေးရှုသလား၊ ဆန့်ကျင်သလား ဆိုသည်မှာ အဓိကပိုကျသည် ဟုမြင်သည်။

စစ်အစိုးရ၏ အခြေခံဥပဒေကို တခွန်းတပါဒမျှ ကောင်းသည် ဆိုးသည် ဝေဖန်ထောက်ပြခြင်း မရှိဘဲ ရေးထားသည့်အတိုင်း လက်ခံကာ လာမည့် ၂၀၁၀ ရွေးကောက်ပွဲမှတပါး အခြားရွေးစရာလမ်း မရှိဟု ဆိုခြင်းမှာ မဟာဗျူဟာလည်း ကျသည်ဟု မဆိုနိုင်ပေ။

မဟာဗျူဟာ ရှုထောင့်မှ ကြည့်လျှင် စစ်အစိုးရက အတည်ပြုလိုက်သည့် အခြေခံဥပဒေသည် မြန်မာပြည်သူများအတွက် မည်သို့ အကျိုးရှိမည်ကိုလည်း မောင်စူးစမ်း အနေဖြင့် သုံးသပ်ပြဖို့ လိုပေမည်။

မောင်စူးစမ်းကို စစ်အစိုးရထံမှ အကျိုးအမြတ် လက်ခံရရှိနေသဖြင့် စစ်အစိုးရသဘောကျအောင် ရေးသားသည်ဟူ၍ မဆိုလိုပါ။ သို့သော် အကြောက်တရားနှင့် အစိုးရငြိုငြင်မည် စိုးရိမ်သဖြင့် ယခုလို ရေးသားခြင်းသည် နိုင်ငံရေးအမြင်များေ၀၀ါးရှုပ်ထွေးစေပြီး စစ်အစိုးရသာ ကျေနပ် သဘောကျပေလိမ့်မည်။

မဟာဗျူဟာဟု စကားလုံး ကြီးကြီးမားမား ဆိုသော်လည်း ကမ္ဘာပေါ်ရှိ နိုင်ငံရေး ပြဿနာများ၊ အတွေ့အကြုံများ၊ သီအိုရီများနှင့် နမူနာပေးကာ ဝေဘန်သုံးသပ်ပြသည့် ဆောင်းပါး တစောင်လည်း မဟုတ်သည်ကို တွေ့ရသည်။

မည်သည့် နိုင်ငံနှင့်မျှ နှိုင်းယှဉ်၍ မရဟု ပလ္လင်ခံထား သဖြင့် ဥပမာပေးစရာ နှိုင်းယှဉ်စရာလည်း မလိုတော့ပေ။

ထို့ကြောင့် ပြည်သူများနှင့် နိုင်ငံရေးလုပ်ကိုင်နေသူများအကြား အယူအဆေ၀၀ါးစေရန်မှတပါး အခြားအကျိုးရှိသည့် အမြင်အယူအဆများ မပါဟုသာ သုံးသပ်ရပေလိမ့်မည်။ ။

weekly eleven ဂျာနယ်၊ အောက်တိုဘာ ၂၂၊ စာမျက်နှာ ၁၇ http://first-11.com/wdet.php?id=17 မှ မောင်စူးစမ်း၏ဆောင်းပါး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)