LuDu U Hla – Ko Thu Ka (Articles)

July 16, 2013

ကိုသုခ
(အသက် ၄၁ နှစ်တွင်းလုပ်ကြံမှုကြီးတွင် ပါဝင်သူတစ်ဦး)
လူထုဦးလှ
ဇူလိုင် ၁၆၊ ၂၀၁၃
ဗမာပြည်နိုင်ငံရေးရာဇ၀င်တွင် မကြုံဘူး၊ မကြားဘူးအောင် အထိနာလိုက်ရသည့် လုပ်ကြံမှုကြီးကို လူတိုင်း လတ်လတ်ဆတ်ဆတ် မှတ်မိ နေကြဦးမည်ဟု ယူဆပါသည်။ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်းအမှူးပြုသော တိုင်းပြည်ခေါင်းဆောင်ဝန် ကြီးများကို ဦးစောတို့လူစုက ရက်ရက်စက်စက် လုပ်ကြံ သတ်ဖြတ်သည့် အမှုအခင်းကြီးကို ဆိုလိုပါသည်။

ဤအမှုကြီးနှင့်ပတ်သက်၍ လူတိုင်းလိုလို စိတ်ဝင်စားကြသည့်နည်းတူ ကျွန်တော်လည်းအမှန်ကို သိလိုသဖြင့် ရန်ကုန်ထောင်ကြီးအတွင်း ၃ နှစ်ကျော်မျှ နေထိုင်ရစဉ် ထိုအမှုနှင့် ပတ်သက်၍ တသက်တကျွန်း အပြစ်ပေးခံနေကြရသော ခင်မောင်ရင်၊ ကိုနီ၊ ကိုသုခ တို့နှင့် စကားစမည်ပြောခွင့် ၄င်းတို့ အားမေးမြန်းခွင့်ရရှိခဲ့သဖြင့် သတင်းစာများတွင် မပါသေးသည့် ထိုလုပ်ကြံမှုကြီးနှင့်တစ်ဆက်တည်းဖြစ်သော အကြောင်းအရာ အချက်အလက်များကို ထပ်မံသိရှိခဲ့ရပါသည်။

ထို့ပြင် လူတစ်ယောက်သည် ဤကဲ့သို့သောမှုကြီးခင်းကြီးတွင် ဘယ်သို့သော အကြောင်းများကြောင့် ပါဝင်ခဲ့ရသည်ဆိုသည့် အကြောင်းကို လည်း လေ့လာလိုသဖြင့် ကိုသုခအား မိဘမျိုးရိုးမှစ၍ လူ့ဘ၀ရောက်လာပုံ၊ ဤအမှုကြီးတွင် မည်သို့မည်ပုံ ပါဝင်လာခဲ့ရပုံများကို ပြောပြ ရန်တောင်းပန်သဖြင့် ကိုသုခသည် စိတ်ရှည်လက်ရှည်ပြောပြရှာပါသည်။

ကိုသုခပြောပြသည်များကို ကျွန်တော်က ကြိုတင်ဝေဘန်ခြင်းမပြုလိုပါ။မူရင်းအတိုင်းယခုတင်ပြလိုက်သည် ဖြစ်ရာ စာဖတ်သူမိတ်ဆွေများ သည် လူတစ်ယောက်ဘ၀ကိုလေ့လာသောသဘောဖြင့် အချိန်ယူ၍ကျကျနန ဖတ်စေလိုပါသည်။

လူထုဦးလှ
++++++++
● ကိုသုခပြောပြသည်မှာ
ကျွန်တော့်အဖေက အထက်သားပါ။ မြင်းခြံခရိုင် တလုပ်မြို့ကဖြစ်ပါသည်။ အဖေ့အမေက ဒေါ်ငယ်မ ပါ။ အဖေ့နာမည်ကတော့ ဦးမှော် ဖြစ်ပါသည်။ ဦးမှော်နှင့် သူရဲဝန်ကတော် ဒေါ်ရွှေမယ်မှာ မောင်နှစ်မ တ၀မ်းကွဲ တော်ပါသည်။ သူရဲဝန်သည် မြင်ကွန်းမြင်းခုန်တိုင် အရေးတော်အခါက မင်းတုန်းမင်းဘက်က လိုက်၍ တိုက်သူဖြစ်ပါသည်။
အဖေ့အကိုက ဦးရွှေဘော်ပါ။ ကျွန်တော့်အဖေနှင့်ဘကြီးတို့မှာ တိုင်းပြည်အခြေအနေကြောင့်တကြောင်း၊ အလုပ်အဆင်မပြေမှုများကြောင့်တကြောင်း အလွန်ပင်ဆင်းရဲကြပါသည်။
ရပ်ရွာမှာမနေနိုင်လောက်အောင်ပင် အခြေအနေဆိုးသောကြောင့် ဦးရွှေဘော်နှင့် ဦးမှော် ညီအစ်ကို နှစ်ယောက် လည်းအောက်ပြည်သို့ထွက်ခဲ့ကြပါသည်။ ခြေလျင်လျှောက်သည့်အခါလျှောက် ၊ လှေရသည့်အခါ လှေနှင့် ဆင်းခဲ့ကြရင်း လမ်းတွင်ရပ်နားပြီး အလုပ်အကိုင်များ လုပ်ကြရသည့်အခါလည်းလုပ်ကြရပါသည်။ နောက်ဆုံး
တွင် ညီအစ်ကိုနှစ်ယောက်သည် အောက်ဗမာပြည် မြစ်ဝကျွန်းပေါ် ကျိုက်လတ်နယ်သို့ ရောက်လာကြ ပါသည်။ ထိုဒေသမှာ ထိုစဉ်အခါက လယ်ယာမြေကောင်းကောင်းမရှိသေးပါ။ သစ်တော ကိုင်းတောကြီးသာ ဖြစပါသည်။ သစ်ပင်တွေလှဲ၊တောခုတ် ဂရံယူ ၃နှစ်ဆိုလျှင် ဓါးမဦးချလုပ်ကိုင်သူပိုင်ပါသည်။ ဤနည်းကောင်း ကို တွေ့ကြရာ ညီအစ်ကို၂ယောက်သည် အထက်ပြန်သွားပြီးဆွေမျိုးတွေကို ခေါ်ခဲ့ကြပါသည်။ ထိုအချိန်က သီပေါမင်းမပါသေးပါ။သစ်ပင်တွေလှဲလိုက်သည့်အခါ မျောက်တွေကြက်တူရွေးတွေ ပြေးလွှား ပျံသန်းကြသည် ဟု ဆိုကြပါသည်။
၁၂၄၇သီပေါဘုရင်ပါတော်မူသောနှစ်တွင် အမေတို့ကလည်း မိဘဆွေမျိုးများနှင့်အတူ အောက်ပြည်သို့ရောက် လာပါသည်။ ထိုအခါကအမေမှာ ၂နှစ်သမီးသာ ရှိပါသေးသည်။ ဇာတိကတော့နွားထိုးကြီးနယ်ငကွရွာကပါ။
အဖေနှင့်အမေမှာ အောက်တွင်လာရောက်ဆုံဆည်းမိကြခြင်းဖြစ်ပါသည်။ အဖေကအမေ့ထက် အသက်များကြီး ကြီးပါသည်။ နှစ်ပေါင်း ၃၀ကြီးပါသည်။
အဖေ့ပထမအိမ်ထောင်မှာ ဒေါ်ယုဖြစ်ပါသည်။ မ၀က်နှင့် ကိုရွှေသီးဆိုသော မောင်နှမ နှစ်ယောက်ထွန်းကား ပါသည်။ မ၀က်မှာ ငယ်စဉ်ကပင်သေဆုံးသွားပါသည်။
ဒေါ်ယုနှင့် လက်ထက်တွင် ကျွန်တော်သိရသလောက် စီးပွားရေးက အသင့်အတင့်သာလျှင် တက်ပါသေးသည်။ အဖေမှာအလွန်ကပ်စေးနဲသူဖြစ်ပါသည်။ဟင်းကိုဆီမထည့်ရပါ။ဟင်းတွင်ဆီပါလျှင်ဒေါ်ယုကို ထထောင်းသည် ဟုအဆိုရှိပါသည်။ 涛ဆီပါရင် မွဲရောပေါ့ဟဲ့粕 ဟုကြိမ်းမောင်းလေ့ရှိကြောင်းလည်း ပြောကြ ပါသည်။
ဒေါ်ယုသေဆုံးသွားသည့်နောက် ဦးမှော်သည် ကျုံပျော်သူ ဒေါ်ကျင်နှင့်လက်ထပ်ပြန်ပါသည်။ ဒေါ်ကျင်နှင့် မစံတင့်ဆိုသော သမီးတစ်ယောက်ထွန်းကားပါသည်။ အမ မစံတင့် ယခုရှိပါသည်။ ထိုအချိန်တွင် လယ်ဧက အတော်အသင့် စီးပွားတက်လာပါသည်။ ဒေါ်ကျင်နှင့်ပေါင်းရသောနှစ်မှာ မများလှပါ။
ဒေါ်ကျင်ဆုံးပြီးသည့်နောက် ဒေါ်သာယာနှင့်အိမ်ထောင်ကျပါသည်။ ဒေါ်သာယာနှင့် သား၃ယောက် သမီး တစ်ယောက်ထွန်းကားရာကျွန်တော်မှာ တတိယသားဖြစ်ပါသည်။ ယခုကျွန်တော်တစ်ယောက်သာကျန်ပါတော့ သည်။အမေနှင့်ပေါင်းသော၁၀နှစ်အတွင်းတွင်စီးပွားအလွန်ပင်တက်ပါသည်။အလှူကြီးများလည်းပေးပါသည်။ ကျောင်း၊ ရေတွင်းရေကန်များကို ရွာတကာရပ်တကာမှာ ဆောက်လုပ်တူးဖေါ်လှူဒါန်းပါသည်။ ရာဝင်အိုးကြီး များနှင့်ဆီတွေလှောင်ထားပြီး ရောင်းလည်းရောင်း လှူလည်းလှူပါသည်။ အရပ်ထဲက လာတောင်းလျှင်လည်း ပေးပါသည်။ ငယ်ငယ်ကကပ်စေးနဲသလောက် ကြီးသောအခါလှူပါသည်။ မိုးဦးကျလာသောအခါ မျှောတိုင်၊ ဓနိ ၀ါးတွေပုံထားပါသည်။ ယူသောသူများက ကိုယ်တိုင်စာရင်းမှတ်ကြရပြီး ပြန်ပေးလျှင်လည်းယူသည်။ မပေးလျှင်လည်း ဘာမှမပြောပါ။
နွေမိုးဆောင်းဥတုသုံးပါးလုံး၌အိမ်ရှေ့တွင်ကနဖျင်းတဲကြီးထိုးထားပြီးထန်းလျက်၊ငါးခြောက်၊ပဲလှော် လက်ဖက် ခြောက်များအပြည့်အစုံထားပါသည်။စားချင်သူစားဆိုသောသဘောပင်ဖြစ်ပါသည်။ဒူးရင်းယိုတို့ ဟာလ၀ါတို့ ပါ ပါသည့်အခါ ပါပါသေးသည်။ တခါတရံကျေးရွာများမှာ ဓါးပြပူပါသည်။ အဖေကတော့ သေနတ်လိုင်စင်လည်း မတောင်း သေနတ်လည်းမဆောင်ပါ။ အိမ်ကိုလည်း နေ့ညဥ့် တံခါးပိတ်သည်မရှိလှပါ။ အမြဲပင်တံခါးဖွင့်ထားပါသည်။
အဖေတို့အမေတို့နေသော ကျိုက်လတ်နှင့် ၁၀မိုင်ခန့်ဝေးသည့် ပရိုက်အနောက်စု ရွာတွင် ပျဉ်ထောင်သွပ်မိုး အိမ်တွေအများကြီး အဖေကဆောက်ထားပါသည်။ လယ်လုပ်သူတွေ ဆွေမျိုးတွေ ထိုအိမ်များပေါ်တက်ပြီး နေကြပါသည်။ အဖေသေဆုံးသောအချိန်တွင် ထိုအိမ်များကို နေထိုင်သူများက ပိုင်ကြပါသည်။ အမေတို့ ကလည်း ဘာမှမပြောကြတော့ပါ။ ၀က်သားရောင်းသော တရုတ်များသမ်္ဗန်ကြီးများနှင့်လာလျှင် တစ်ရွာလုံးဘယ်သူဆင်းယူယူ အလှူကြီးပေးလိုက် ပါသည်။တရုတ်များကစာရင်းမှတ်ထားပြီး အဖေ့ထံတွင်ငွေရှင်းရပါသည်။ငါးသည်များလှေဝမ်းပြည့်မျှတင်လာ လျှင် ငါးလှေကို ဆင်းကြည့် ပါသည်။ အရှင်တွေ များသည်တွေ့က 涛အချိန်ဘယ်လောက်လဲ၊ ဘယ်ဈေးလဲ粕 မေးပြီး လှေနံကို နင်းမှောက်ပစ်ပါသည်။ အရှင်တွေကို လွှတ်၍ အသေတွေကို အလှူလုပ်ခြင်း ဖြစ်ပါသည်။
ရွာအနီးအနားက အင်းများကို အားလုံးလေလံအုပ်ဆွဲထားပြီး ငါးများကို ဘေးမဲ့ပေးထားပါသည်။ သူလေလံ ကြိုဆွဲထားသောကြောင့် သူသေပြီး ၇နှစ်အထိ အစိုးရက လေလံမပစ်နိုင်ပါ။ ဘယ်သူမှ အင်းမလုပ်ရပါ။ ကျိုက်လတ်မြို့ ၁၁ဖြတ်လမ်းက ကျောင်းတိုက်ကြီးထဲတွင် ကျောင်းတွေ ဆောက်ပြီး လှူသည်။ ကျိုက်လတ် ဘုရားကြီးဝင်သည့် စောင်းထန်းကြီးကို မြို့ကတ၀က် သူကတ၀က် ငွေထည့်ပြီးဆောက်လုပ်လှူဒါန်းခဲ့သည်။ ဘုရားကြီးထဲတွင် တံခွန်တိုင်ကြီးတစ်လုံးလဲလှူသည်။
မြို့ပေါ်တွင် အောက် သမံသတင်းခံ တိုက်ခံပျဉ်ထောင် သွပ်မိုးအိမ် ၃၀ ခန့်ဆောက်သည်။ မိတ်ဆွေတွေ အသိအကျွမ်းတွေက အဖေ့ကို ပြောပြီးနေကြသည်ကများသည်။
၁၂၈၀ ပြည့်နှစ် အသက် ၆၇နှစ်မှာ အဖေဆုံးပါသည်။
ထိုစဉ်က ကျွန်တော့်အသက်မှာ ၄နှစ်သာသာ ကလေးသာရှိပါသေးသည်။ အဖေဆုံးချိန်မှာ အခြားအစ်ကို တစ်ယောက်နှင့်အဖေတူအမေတူမွေးချင်းအရင်း၂ယောက်သာကျန်ပါသည်။ ဒေါ်ယုနှင့်ရသော သားကိုရွှေသီးမှာ ငယ်စဉ်ကတည်းက ကျောင်းကောင်းကောင်းမနေပါ။ ကျိုက်လတ်တွင်ရန်ကုန်မှဆရာတစ်ယောက် ခေါ်ထားပြီး အိမ်တစ်လုံးနှင့် သားကိုစာသင် စေရာတွင်လည်း လျှောက်လည်၍သာနေပါသည်။ အဖေကိုလည်း တော်တော်လေး မထေလေးစား လုပ်ပါသည်။ ထိုသားကို အဖေအသက်ရှိစဉ်ကတည်းက ကျိုက်လတ်မှာ အိမ်တစ်လုံး ပေးထားပါ သည်။ တခြားစီနေပါသည်။ လယ်တွေဘာတွေလည်းပေးထားပါသည်။
နွေရာသီစပါးသိမ်းရန် အဖေနှင့်အမေ တောသွားရင်း အဖေကကျိုက်လတ်မှာ ကိစ်္စရှိသဖြင့် ကျိုက်လတ်ကို ဆက်အသွား ၀မ်းရောဂါဖြစ်နေကြသောအချိန်ဖြစ်၍ အဖေ့ကို ၀မ်းရောဂါ ကူးစက်ပါသည်။ အမေလိုက်သွားရာ ၃ရက်သာ အသက်မှီလိုက်ပါသည်။ အမေက ရိုး၍ အလွန်ပင်ပူပင် တတ်ပါသည်။ အစ်ကို ကိုရွှေသီးက အမေ့ကို တောပြန်ရအောင်ဆိုပြီး ၇ရက်ပြည့်ဆွမ်းသွပ်ပြီးသောအခါ သူကသော့ရအောင် ယူထားကာရှေ့ကသမ်္ဗန်နှင့် သွား ပါသည်။ မီးခံသေတ္တာထဲက စာချုပ်နှင့်ရွှေ၊ငွေ၊ စိန်တွေယူပြီး ယူနီဖေါင်းသေတ်္တာနှင့်ထည့်၍ အခန်းတစ်ခန်း ထစု ထားကာ အပိုင်စီးထားပါတော့သည်။ အိပ်လည်းစိတ်မချရ။ စားလည်း စိတ်မချရသော ကျွန်တော်တို့တတွေမှာ ထမင်းစားလျှင်ပင် ဆေးခပ်မှာ ကြောက်၍ ထမင်းပွဲကို လဲပြီးမှ စားရဲကြပါသည်။
涛မောင်ရွှေသီး ဘယ့်နှယ်လဲ၊ တို့စားဘို့သောက်ဘို့ပေးပါ粕 ဟု အမေကဆိုသည်ကိုလည်း သူက လက်မခံပါ။ နောက်ဆုံးအမအိမ်သို့ သား၂ယောက်လက်ဆွဲပြီး လက်ချည်းဆင်းသွားရပါသည်။ လယ်တဖွဲ့ ကျိုက်လတ်မှာ အိမ်တစ်လုံး၊တောမှာတစ်လုံးပေးထားရန် ကျန်သည်ကို နောက်မှ ခွဲပေးရန်ပြောရာ 涛တပဲမှမပေးဘူး၊ ကျန်တာ ရေထဲ အကုန်သွန်ပစ်မယ်粕 ဟု ပြောပါသည်။
ရွာသားများနှင့် ပြောသည်ကိုပင်မရတော့၍ တဘက်ကမ်းရှိ ပျဉ်းမကုန်းရွာမှ ရွာသူကြီး သူဌေးဦးညွန့် ကိုပြောခိုင်း ရာ ဦးညွန့်တို့လာသည့်အချိန်တွင် အပေါ်ထပ်က မဆင်းဘဲ၊ အိပ်ယာထဲမှပင် 涛 မတွေ့နိုင်ဘူး၊ မိကျောင်းမင်း ရေခင်းပြဖို့မလိုဘူး粕ဟုပြန်ပြောပါသည်။ ဦးညွန့်တို့မှာ ရှက်လည်းရှက် စိတ်လည်းနာ ဖြစ်ကြပါသည်။အမေ က တစ်နှစ်ကြာ စောင့်သော်လည်း ဘာမှ အကြောင်းမထူးပါ။ ဦးညွန့်နှင့်ကျွန်တော့်အဖေမှာ ဆာဂျေအေ ဦးမောင်ကြီးနှင့် သိကြပါသည်။ ဦးညွန့်နှင့် အတူ အမေတို့က ဆာဂျေအေဆီ လိုက်လာကြသည်။ ဆာဂျေအေ ကမူ စိတ်မကောင်းရှာပါ။ သူက၀တ်လုံသာဖြစ်သည်။ မတတ်နိုင်။ သို့ရာတွင် ငွေအကုန်ခံပြီး အမှုဆောင်ရွက် ပေးမည့်သူ ရှာပေးမည်ဖြစ်ကြောင်း ပြောကာ ပြန်လွှတ်လိုက်ပါသည်။
နောက်ဆောင်ရွက်မည့်သူ တွေ့၍လာခေါ်ရာအမှုအကြောင်းမေးသဖြင့်ပြောပြရပါသည်။ ၇ရက်စောင့်ရန် ပြောပြီး ၇ရက်ကြာသောအခါသူတို့လည်း မတတ်နိုင်ကြောင်း စကားပြန်ပါသည်။ နောက်တခါတစ်ဦးနှင့် တွေ့၍ ဆာဂျေအေ က ထပ်ခေါ်သဖြင့် သွားကြရပါသည်။ သည်တခါတွင်မူ ၀ါးခယ်မက မြေပိုင်ရှင် ကျောင်းတကာ ဦးဖေကြီးဖြစ်ပါသည်။ ဆာဂျေအေက အမှုအကြောင်း ပြောပြပါသည်။ ဦးဖေကြီး မန်္တလေးသို့ ခဏသွားရာမှ ပြန်လာသောအခါ ပစ္စည်းတွေ ရှိမရှိစုံစမ်း၍ တွေ့လျှင် 涛 အေးအေးဘဲခွဲပေးမလား 粕 ဟု ကိုရွှေသီးကိုမေးရာ ကိုရွှေသီးက ငြင်းလိုက်ပါသည်။
သည်တော့မှဦးဖေကြီးနှင့် အမေသည်အမှုပြီးလျှင် ကုန်ကျစရိတ်အကုန်နှုတ်ပြီးအမေက ကျန်ပစ်္စည်း တ၀က်ခွဲပေး မည်ဆိုသောစာချုပ်ချုပ်ရပါသည်။ ဖျာပုံတွင် စက်ရှင်ရုံးတွင် တရားစွဲပါသည်။ နေထိုင် စားသောက် စရိတ်ကိုမူ ဦးဖေကြီးထံမှ စာချုပ်နှင့် ချေးရပါသည်။ ဖျာပုံတွင် အိမ်ငှားပြီးနေကြရပါသည်။
ကျွန်တော်တို့ဘက်မှဖျာပုံက ရှေကနေကြီးဦးသာခင်ကိုငှားပါသည်။ ကိုရွှေသီးဘက်က ၀တ်လုံ ဦးဘဦးလိုက်ပါ သည်(ယခုသမတကြီးဟုထင်ပါသည်)။ ဘာမှမကြာခင် ဦးဘဦးက ဖျာပုံတွင် စက်ရှင်တရားသူကြီး ဖြစ်ပါသည်။ ဤအမှုကိုလည်း သူလိုက်ခဲ့၍ သူမစစ်ထိုက်ဟုဆိုသောကြောင့် မအူပင်စက်ရှင်သို့ ပြောင်းပေးပါသည်။ ထိုအခါ အစ်ကို ကိုရွှေသီးက၀တ်လုံဦးအေးမောင် (တရားလွှတ်တော်ချုပ် တရားဝန်ကြီးဟောင်းဒေါက်တာဦးအေးမောင် ဟုထင်ပါသည်) ကိုငှားပါသည်။
အမှုမှာ ဤသို့နှင့်ပင် ၃နှစ်မျှကြာသွားသည့်တိုင်အောင် အစ်ကိုက ပစ်္စည်းကို သိမ်းယူထားလျှက်ရှိပါသည်။ ထို ၃နှစ်အတွင်းမှာ ကျိုက်လတ်မှ မင်းကတော်ဒေါ်မမမေက လယ်အချို့ကိုအစ်ကို့ထံမှဝယ်ပါသည်။မအူပင်ရုံးရောက် သောအခါအရေးပိုင်ဦးသာနိုးသား ဗိလပ်ပြန်ဝတ်လုံဦးလှဖေကိုငှားပါသည်။ ပစ်္စည်းများကိုအစ်ကို ကိုရွှေသီးထံ
တွင်စိတ်မချရ ဟုဆိုကာ အစိုးရကထိန်းသိမ်းထားဖို့လျှောက်ရာရုံးတော်ကထိန်းသိမ်းရန် အဆုံးအဖြတ်ပေးလိုက် ပါသည်။
ထိုအခါလယ်အချို့နှင့် အတွင်းပစ်္စည်းအချို့ရောင်းထား၍မပြည့်မစုံတွေ့ရာ ကိုရွှေသီးအားဝရမ်းနှင့် ဘမ်းဖို့ဖြစ် လာပါသည်။ သူ့အဖေမျက်နှာကြောင့်မဘမ်းရသည့်နည်းနှင့်လုပ်ပေးပါဟု အမေက ၀တ်လုံကိုပြော၍ရာဇ၀တ်မှု မလုပ်ပါ။ သို့ရာတွင် လယ်ဝယ်သော မင်းကတော် ဒေါ်မမမေမှာကား တရားခံထဲ ပါလာပါသည်။
ယနေ့နာမည်ကျော် ၀တ်လုံတော်ရဦးကျော်မြင့်(တရားလွှတ်တော်ချုပ်တရားဝန်ကြီးဟောင်း)မှာဗိလပ်မှပြန်လာ ခါစဖြစ်ပြီး ဒေါ်မမမေ တူတော်သည်ဟုသိရပါသည်။ သူ့ကိုပါ ကိုရွှေသီးက ထပ်ငှားလိုက်ပါသည်။ ဒေါ်မမမေ လယ်များဝယ်ရာတွင် မစောမူ၊ မမြမူ၊ မတင်မူ စသည်ဖြင့် နာမည်တွေပါပါသည်။ ၀တ်လုံဦးကျော်မြင့် နှမငယ်လေးများ နာမည်များဟုလည်း ပြောကြပါသည်။
မအူပင်ကို အမှုပြောင်းသွားကတည်းက အမေနှင့် ကျွန်တော်တို့မှာ ၀ါးခယ်မတွင် ပြောင်းနေကြရပါသည်။ ကျွန်တော်လည်း ဦးဘိုကြီးကျောင်းတွင် ကျောင်းစနေရပါသည်။ ယခုဦးလှရဲ့ ၀တ်လုံဦးအေးမောင် နှမ မတင်မြနှင့် တစ်တန်းတည်းဖြစ်ပါသည်။
မအူပင်သို့အမှုသွားဆိုင်သည့်အခါကျွန်တော်တို့တတွေဝတ်လုံဦးလှဖေထံတွင်သွားတည်းကြပါသည်။ ထိုအိမ် မှာပင် ၀တ်လုံဦးကျော်မြင့်နှင့်မင်းကတော်ဒေါ်မမမေတို့ကလည်းတည်းကြပါသည်။ သို့နှင့်ပင် ဦးကျော်မြင့်နှင့် ကျွန်တော်တို့မှာ ခင်နေကြပါတော့သည်။
ဝတ်လုံဦးလှဖေကို ငှားသည်မှာ ၃နှစ်ရှိပါပြီ။ သူကတော်တော်သောက်သဖြင့် စိတ်ပျက်မိပါသည်။ ထို့ကြောင့် ဖျာပုံကအမတ်ဦးစိန်က အကြံပေးတိုက်တွန်းသဖြင့် ဗိလပ်ကပြန်လာခါစဦးပေါ်ထွန်းကို ဦးလှဖေအစားငှားပါ သည်။ ( ဆာပေါ်ထွန်းပင်ဖြစ်ပါသည် )
မအူပင် စက်ရှင်များဖြစ်ကြသော ဦးဘိုးခ၊ ဦးအောင်လှ စသည်တို့လည်း ပြောင်းကြပါပြီ။ အမှုကမပြီးသေးပါ။ ဦးပေါ်ထွန်းချည်း ၇နှစ်လုံးလုံး လိုက်ရပါသည်။ စုစုပေါင်း အမှုကြာသည်မှာ ၁၄နှစ်ဖြစ်ပါသည်။
(၁) အစ်ကို့ဘက်က ကာကွယ်သည်မှာ အပျော်မယားသာဖြစ်သည်။ တရားဝင်မယား မဟုတ် သဖြင့် အမွေမပေးထိုက်၊ သားသမီးများ လည်းမရထိုက် ဟူ၍ဖြစ်ပါသည်။
(၂) ကျွန်တော်တို့ဘက်မှသက်သေများဖြင့်တရားဝင်မယား ဖြစ်ကြောင်းထင်ရှားစွာပြနိုင် သဖြင့်
မအူပင်စက်ရှင်တရားသူကြီးက-
(က) ဒေါ်သာယာနှင့် မညားမီက ပွားသော ပစ်္စည်းများအတွက် ၄ ပုံပုံလျှင် ၃ ပုံကို အထက် သားကြီး သမီးကြီးကယူ၊ တစ်ပုံကို ဒေါ်သာယာနှင့် သားသမီးများကယူ။
(ခ) ဒေါ်သာယာလက်ထက်ပွား ပစ်္စည်းများကို ၈ ပုံပုံလျှင် ၇ ပုံကို ဒေါ်သာယာနှင့်သားသမီးများကယူ၊ တပုံကို အထက် သားကြီး သမီးကြီးများကယူ။
ကုန်ကျစားရိတ်ကို တရားခံကခံရမည်ဟုအမိန့်ချလိုက်ရာ၊ ကိုရွှေသီးက ဟိုက်ကုတ်တက်ပါသည်။ ဟိုက်ကုတ်မှာလည်း အောက်ရုံးစီရင်ချက်အတည်ဖြစ်ပါသည်။
ဤမျှသာသူတတ်နိုင်တော့သည်။ ဗိလပ် ဏမငလပ ဃသကညခငူ ပရီဗီကောင်စီ မသွားနိုင်တော့ပါ။ သူမွဲလေပြီ။
ဤသို့အမှုဖြစ်နေခိုက် အမ မစံတင့်မှာ ရန်ကုန်က ဦးဖေဖြူနှင့် အိမ်ထောင်ကျရာ၊ ဦးဖေဖြူကလည်း သက်ဆိုင် သော အမွေရလိုကြောင်း တရားထပ်စွဲပြီး ၀င်လာပါသည်။ ထို့နောက်ဦးဖေဖြူဆုံးသွားပြန်ပါသည်။
သို့နှင့် စီရင်ချက်ချပြီးပြန်တော့လည်း အမွေခွဲဝေရ ခက်နေပြန်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ဝတ်လုံ ဦးပေါ်ထွန်း ၊ အမေ၊ မစံတင့်နှင့် သူမ ဒုတိယယောက်ျား ဦးဘမြင့် တို့တိုင်ပင်ပြီး မြေပုံများကိုကြည့်၍ တွက်ချက်ကာ ရန်ကုန်တွင် ခွဲကြပါသည်။
ကိုရွှေသီးမှာမွဲနေပါပြီ။သူ့မှာဘာမှမရနိုင်တော့သည့်ပြင်တရားစားရိတ်များလည်းမပေးနိုင်တော့ပါ။ ကျွန်တော် တို့ကလည်းမတောင်းတော့ ပါ။ သူကမျက်ရည်စက်လက်နှင့် ရန်ကုန်လိုက်လာပြီး သူမှားကြောင်း အမေ့ကိုပြောကာ အတူလာနေပါသည်။ တောင်းပန်ပါသည်။
နောက်ဆုံး အမွေခွဲလိုက်ရာ၊ ကျိုက်လတ်မြို့ပေါ်မှ အိမ်၁၁လုံးနှင့် လယ်ဧက၂၅၀ လောက် ကျွန်တော်တို့ကရပါသည်။ မစံတင့်တို့ကလည်းအချို့အ၀က်ရကြပါသည်။ ကိုရွှေသီးကိုမူ သူလုပ်ကိုင်စားရန် လယ်နှင့် နေရန်အိမ်ကို အမေကပင် တောမှာပေးထားလိုက်ပါသည်။ သူ လည်း၂ နှစ်လောက်သာ ကောင်းကောင်းနေပြီး သေရှာပါသည်။
အမှုပြီးချိန်တွင်ကား ဆရာစံ သူပုန်ထသဖြင့် စပါးဈေးကျ၊ လယ်ဈေးကျနှင့် ငွေကြေး ကျပ်တည်းလာပါသည်။
ကျွန်တော့်မှာ ၀ါးခယ်မ ဦးဘိုကြီးကျောင်းတွင် ၃တန်းအထိနေ၍ ၀ါးခယ်မအလယ်တန်းကျောင်းမှာ ၅တန်း အောင်သည် အထိနေပြီး ရန်ကုန် ကူရှင်ဟိုက်စကူး ကျောင်းသို့ ပြောင်းနေပါသည်။ ၆တန်းနှင့်၇တန်း ကူရှင်မှာနေပြီး၈တန်းနှင့်၉တန်းကိုမူ အစိုးရဟိုက်စကူး ကျောင်းတွင်ပြောင်းရွှေ့သင်ပါသည်။ ၉တန်း အောင်ပြီး ချိန်တွင် ကျောင်းအုပ်ကြီး မစ်္စတာဘော်လဒွင်ကို အကြောင်းပြုပြီး သပိတ်မှောက်ကြရာကျွန်တော် လည်းကျောင်း ပြန်မနေရတော့ပါ။
အမေကလည်းကျွန်တော်ရန်ကုန်တွင်ကျောင်းလာနေသည်ကိုမခွဲချင်၍ ရန်ကုန်မှာအိမ်ငှားပြီး အတူလာနေပါ သည်။ အစ်ကိုမှာမူအမေအမှုဆိုင်ခိုက်သူ့ကိုဂရုမစိုက်နိုင်၍၊ ဟိုနေသည်နေနှင့်ပင်ပညာမတတ်ရှာပါ။ သူလည်း ရန်ကုန်မှာအမေနှင့်လိုက်နေပါသည်။ ကျွန်တော်ကျောင်းထွက်သောအခါ အမေရောအစ်ကိုပါ ကျိုက်လတ်အနီး ပရိုက်အနောက်စုရွာသို့တောက်လျှောက်ပြန်ကြပါသည်။ရန်ကုန်မှာနေသည့်အချိန်တွင် နေထိုင် စားသောက်ရင်း ကျိုက်လတ်က အိမ် ၁၁ လုံးမှာ ရောင်းစား၍ကုန်ပါသည်။ အမေကလည်း နားမလည်၊ သူများတွေကလည်း အမဲဘမ်းပြီး ၀ယ်ကြပါသည်။ အိမ်များကုန်သည်သာမက ကြွေးတွေနှင့်တောသို့ပြောင်းသွားရပါသည်။
အကြွေးတွေက အတိုးတွေတက်တက်လာသည်။ လယ်တစ်ပွဲပြီး တစ်ပွဲရောင်းဆပ်ရသော်လည်း လယ်ဈေးက ကောင်းကောင်းမရ၊ ကျွန်တော်တို့ကလည်းစီးပွားမထိန်းတတ်၊ မရှာတတ်။ ပျော်ပျော်နေဘို့ဖြုန်းဘို့သုံးဘို့ လောက်သာ တတ်ကြပါသည်။ ထို့ကြောင့်တဖြေးဖြေးနှင့် စီးပွားလျှောကျခဲ့ပါတော့သည်။
သို့နှင့် ဂျပန်မ၀င်လာမီကိုယ့်လယ်ကို ကိုယ်လုပ်ကြပါသည်။ လယ်မှာလည်း ဧက၇၀ကျော်၈၀မျှသာ ကျန်ပါ တော့သည်။ လယ်၂နှစ်လုပ်ပြီး တတိယနှစ်မှာ ဂျပန်ဝင် လာပါသည်။ လယ်ဆက်လုပ်ရန် ကြံသော်လည်း ဓါးပြတွေတိုက်ကြသဖြင့် ကျိုက်လတ်သို့ ပြောင်းလာကြရပါသည်။ အစ်ကိုကလည်း အိမ်ထောင်ခွဲ၍နေပါ သည်။ တောက မရောင်းရသေးသည့် စပါးများကိုတုံကင်း တစ်စင်းငှားပြီး ခနောင်တိုမှာ ကျွန်တော်တို့လာရောင်း ရာ ဟန်ကျပါသည်။ ညီအစ်ကို ၂ယောက် ဤအလုပ်နှင့် ဟန်နေကြပါသည်။
ထိုအချိန်မှာပင် ကျွန်တော်သည် ဂုန်ညင်းတန်းရွာက မြေပိုင်ရှင် ကျောင်းအမတစ်ယောက်သမီး မမြသောင်းနှင့် အိမ်ထောင်ကျပါသည်။
တုံကင်းနှင့်စပါးပို့သောအလုပ်က ဈေးမကိုက်သဖြင့် ဆန်အိတ် ၁၅၀ပါ သမ်္ဗန်တစ်စင်းနှင့် အထက်ကို ပြန်တက်ပါသည်။ စလေ၊ ပခန်းငယ်စသည်တို့ကိုရောက်ပါသည်။ ထိုအလုပ်က တွက်ချေ ကိုက်ပါသည်။ ဤဂျပန်ခေတ်မှာပင် နိုင်ငံရေးစာပေများကို မိတ်ဆွေများမှတဆင့် လေ့လာရပါသည်။
ထို့နောက်တွင်အထက်သို့လည်းမတက်နိုင်တော့ဘဲလယ်ဆက်လုပ်ပါသည်။ဂျပန်ကိုတော်လှန်သည့်အချိန်တွင်ဂုန်ညင်းတန်းသို့ပြေးရပါသည်။ တပ်မတော်မှ လူများကတော်လှန်ရေးစလျှင် ပရိုက် အနောက်စုကို ပြေးလာမည် ဟု ကျွန်တော်နှင့် အဆက်အသွယ်ပြုထားသော်လည်း၊ သူတို့လာသောအခါကျွန်တော်က တစ်ရွာရောက်နေပါ သည်။ သို့ရာတွင် ပရိုက်တစ်ရွာလုံးမှာ ဆွေမျိုးချည်းဖြစ်သဖြင့် လိုလေသေးမရှိပါ။ အဆင်ပြေပါသည်။ ညီအစ်ကို ၀မ်းကွဲများက ဂရုစိုက်ကြပါသည်။ ထိုရွာမှနေ၍ တပ်မတော်က မတ်လ ၂၇ ရက်နေ့မှာ အကြိမ်၄၀မျှ ဂျပန်ကို တော်လှန်ပြီဖြစ်ကြောင်းကျေညာပါသည်။
သခင်စိုးက ပရိုက်အနောက်စုကိုမကြိုက်ပါ။ ပရိုက်ချောင်းကူးက ကျွဲကူးရွာကို ကြိုက်သဖြင့် ကျွဲကူးရွာက ကရင်အမျိုးသား စောနေနိုင်အိမ်မှာ သွားနေပါသည်။ ပရိုက်အနောက်စုမှ တပ်မတော်ပါ ရွှေ့သွားပါသည်။ ထိုစဉ်က ဖက်ဆစ်တော်လှန်ရေးသမားများကို ကျွန်တော်တို့တတ်နိုင်သမျှ အသိပညာအလိုက် အကူအညီပေးပါ သည်။
တော်လှန်ရေးပြီးသောအခါ ကျိုက်လတ်မြို့သို့ ပြောင်းလာကြပါသည်။ စစ်အုပ်ချုပ်ရေး ဃဗှ (ြ)ခေတ်မှာ ဖဆပလကိုစဖွဲ့သောအခါ ဥက်္ကဌ ကိုဌေးအောင်၊ အတွင်းရေးမှူးကိုအောင်ကြည်နှင့် ကျွန်တော်ကဘဏ္ဍာရေးမှူး ဖြစ်ပါသည်။ ကွန်မြူနစ်ပါတီကလည်းဆိုင်းဘုဒ်တင်၊ ဆိုရှယ်လစ်ကလည်း ဆိုင်းဘုဒ်ချိတ် နေချိန် တွင် ကျွန်တော်လည်း အခြေအနေအရ စီးပွားရေးဘက်သို့ချေဦးလှည့်နေရပါသည်။
ရန်ကုန်သို့တစ်ယောက်တည်းလာပါသည်။ တရုတ်မိတ်ဆွေတစ်ဦးနှင့် စပ်တူ ကားတစ်စီးဝယ်ပြီး အထက်ကုန် အောက်ကုန်ရှမ်းပြည်ကုန်ကူးကြပါသည်။ ဤအလုပ်ကမဟန်ပါ။ သို့နှင့် ရွှေတောင်တန်းတိုက်နံပါတ် ၁၀၁မှာ ၃ဦးစပ် ဗမာ့သမဂ်္ဂရောင်းဝယ်ရေးဌာနဆိုပြီး ပွဲရုံတစ်ရုံဖွင့်ပါသည်။ ဘတ်စ်ကားတစ်စီး လည်းထောင်ထားပါ သည်။ ဤဘတ်စကားထောင်၍ပင် ကားမောင်းတတ်ခြင်းဖြစ်ပါသည်။ အထက်နှင့်ကုန်ကူးစဉ်ကမမောင်းတတ် သေးပါ။
ပွဲရုံထောင်နေစဉ်မှာပင် ကျိုက်လတ်မှကိုသက်နှင်းဆိုသူသည် ရန်ကုန်သို့ မကြာမကြာ လာရောက်ကုန်ကူး ပါသည်။ ကျိုက်လတ်တွင် နေကြစဉ်က သိရုံသာသိ၍မခင်မင်ခဲ့ပါ။ ၃ယောက်စပ်တူ လုပ်သူအနက် ကိုအေးကျော် ဆိုသူနှင့်ခင်မင်ပြီး သူ့ကုန်များကို ပွဲရုံမှာချ၊ ပွဲရုံမှာပင်တည်းပါသည်။ သိုနှင့် ကျွန်တော်နှင့် ခင်မင်လာကြပါ သည်။
တစ်နေ့တွင် အလုပ်အကိုင်များအတွက် သွားလာရင်း ကိုသက်နှင်းက ဦးစော ယူဂန်္ဒာက ပြန်လာပြီး သူရိယ တိုက်တွင် မန်းနေးဂျင်းဒါရိုက်တာ လုပ်နေချိန်တွင် သူရိယတိုက်သို့ခေါ်သွားသဖြင့် ဦးစောနှင့် စသိရပါသည်။ နောက်တစ်ခေါက်ပါ၊ ပေါင်း ၂ခေါက် ရောက်ဖူးပါသည်။ ကိုသက်နှင်းမှာ စစ်မဖြစ်မီကတည်းက ကျိုက်လတ် တွင် မျိုးချစ်ပါတီ ခေါင်းဆောင်ဖြစ်၍ ဦးစောကိုလည်း အလွန်ဆရာတင်ပုံရပါသည်။
ကျွန်တော်တို့ပွဲရုံအလုပ်မှာ လှော်ရင်းနစ်နေသဖြင့် ဖြုတ်လိုက်ရပါသည်။ ထိုအချိန်မှာ မိန်းမနှင့်ကလေး ကလည်း အတူလိုက်နေချင်ကြောင်း ပြောသဖြင့် ခေါ်ခဲ့ရပါသည်။ ၁၃၃လမ်းအိမ်မှာ အိမ်၂ခန်းကို ၆၀၀ကျပ် အပျောက်ပေးငှားပြီး နေရပါသည်။ လော်ရီတစ်စီးထပ်ဝယ်ပြီးနောက် ဘော်ဒီတင်ကာ ဘတ်စ်ကားတစ်စီး ထပ်တိုးလိုက်ပြန်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းစသော ခေါင်းဆောင်များ ဗိလပ်သို့လွတ်လပ်ရေးကိစ်္စအတွက် သွားကြတော့မည့်ဆဲဆဲ အချိန်ဖြစ်ပါသည်။ တနေ့တ၌ ကိုသက်နှင်းသည် အဖေါ်၂ယောက်နှင့် ၁၃၃လမ်း ကျွန်တော်တို့အိမ်တွင် လာတည်း ပါသည်။ သူတို့လာသောကိစ်္စမှာ လွတ်လပ်ရေးအတွက် ဦးစောဗိလပ် သွားရမည်ဖြစ်၍ လိုက်ပို့ရန် ဖြစ်သည်ဟုပြောပါသည်။
နံနက်၎ နာရီခန့်ထပြီး ကိုသက်နှင်းနှင့် အဖေါ်တစ်ယောက်ကို ကျွန်တော်တို့ကားနှင့် လိုက်ပို့ရာ ဦးစောနှင့် ကမ်းနားလမ်းစထရင်းဟိုတယ်ထဲမှာ တွေ့ရပါသည်။ အခြားပုဂ်္ဂိုလ်များကို လိုက်ပို့သူများပါမနည်းပါ။ ဦးစောမျက်စိမှာ ထိုအချိန်က မျက်ရည်တရွှဲရွှဲနှင့် မကောင်းသေးသည်ကို သတိပြုမိပါသည်။ မိုးစင်စင်လင်း သောအခါ ဆိပ်ကမ်းသို့လိုက်ပို့ကြရပါသည်။ ရေယာဉ်ပျံနှင့် သွားကြပါသည်။ ဦးစောတို့ အသုတ်တွင် ဗိုလ်ချုပ်အောင်ဆန်း ကိုတော့ မတွေ့ပါ။ ဦးစောကို ကျွန်တော် တတိယအကြိမ် တွေ့ခြင်းဖြစ်ပါသည်။
ဘတ်စ်ကားပြေးသော အလုပ်မှာလည်းတရှုံးတည်းရှုံးနေပါသည်။ မခံနိုင်တော့ပါ။ မိန်းမကလည်း မပျော်တော့။ တောသာပြန်ချင်သည်။ ထို့ကြောင့် တစ်သောင်းကိုးထောင်ကျထားသော ဒုတိယကားကြီးကို ရောင်းလိုက်ရာ တစ်သောင်းသုံးထောင်သာရပါသည်။ ပဌမကားကလေးကရောင်း၍မရပါ။ ကိုယ်ထည်ကလည်း သုံးမရတော့ သဖြင့် စက်ကိုဖြုတ်ပြီးအိမ်အခန်းပေါ်တွင်တင်ထားပါသည်။ ကျွန်တော့်သူငယ်ချင်းစာရင်းစစ် လင်မယားက အိမ်တစ်ခန်းလိုချင်ကြောင်း ပြော၍၂၅၀နှင့် ပေးရာသူတို့ ကတလုံးတခဲတည်း မပေးနိုင်ပါ။ရန်ကုန်လာတိုင်းတလတခါ ယူရန်သဘောတူရပြီး အခန်းတခန်းကိုလည်း ရောင်းပေးရန် သူ့ကိုပင်အပ်ခဲ့ရပါသည်။
သို့နှင့်ကျိုက်လတ်မြို့ပေါ်တွင် ဂျပန်ခေတ်က ၀ယ်နိုင်သောအိမ်တွင် ပြန်နေကြပြီး၊ ဂုန်ညင်းတန်းမှာ လယ်လုပ် ကြပါသည်။
ကျွန်တော်က အခန်းရောင်းထားရသော ငွေတောင်းရန် နှင့် ထပ်ရောင်းရမည့် အခန်းအတွက် ရလိုရငြား၊ မော်တော်ကား စက်ကလေးကို ယောက်္ခမဆောက်ထားသော ဘုန်းကြီးကျောင်းက ဆရာတော်ကို လှူချင်သော ကြောင့်ရန်ကုန် လာရန်ပြင်ပါသည်။ ကိုသက်နှင်းကသူလည်း လိုက်ဦးမည်ဆိုပြီး လိုက်လာပါသည်။ ဤအခေါက် တွင်ကိုသက်နှင်းက ဦးစောအိမ်သို့ ခေါ်သွားသဖြင့် ခဏတဖြုတ်ရောက်ပါသည်။ ဘာမှလည်း အကြောင်းမထူးပါ။
ရန်ကုန်တွင် ကျွန်တော် ထီ၁၁စောင်ထိုးခဲ့ပါသည်။ ကားစက်ကလေးမှာလည်းကူလီခ၊ သင်္ဘောခ၈၀ခန့် ကုန်ကျ မည်ဖြစ်၍ မသယ်နိုင်ပါ။ အိမ်ဘိုးကမူ နည်းနည်းပါးပါး ရပါသည်။ အခန်းကလည်းမရောင်းရသေးပါ။ စက်ကလေးကို လမ်းမတော်ကမ်းနားလမ်းဘက်ရှိ ဂီမော်ပွဲရုံတွင် ထားခဲ့ရပါသည်။ နောက်တခါ သမ်္ဗန်နှင့် လာပြီး တင်ဘို့စိတ်ကူးပါသည်။
ကျိုက်လတ်သို့ရောက်ပြီး များမကြာမီမှာပင် ကိုသက်နှင်းသည် ကျွန်တော့်ကို ဘာမှမတိုင်ပင်ဘဲ စာရွက် ၃၀၀ခန့်ပုံနှိပ်စက်မှာ ရိုက်ပါသည်။ ကိုသက်နှင်းအိမ်တွင်ဘယ်နေ့ဘယ်ရက်က အစည်းအဝေးလုပ်ပြီးမျိုးချစ် ပါတီ ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း၊ ဥက်္ကဌဦးကြည်တင်၊ အတွင်းရေးမှူးကိုသက်နှင်း၊ ကျွန်တော်က တွဲဖက် အတွင်းရေးမှူးနှင့် စည်းရုံးရေးမှူးစသည်ဖြင့် ထည့်ထားပြီးဝေငှပါသည်။အမှန်အားဖြင့်မည်သည့် အစည်းအဝေး မှခေါ်သည်မဟုတ်ပါ။ သူ့ဖါသာစာရွက်ရိုက် ဝေခြင်းဖြစ်ပါသည်။ ကျွန်တော်ဘာမှမသိရဘဲ ကျွန်တော့်နာမည် ဤသို့ပါလာပါသည်။သို့ရာတွင်လူချင်း ကလည်းအလွန်ခင် နေသောကြောင့်တကြောင်း၊ ဘာမှလည်းဖြစ်နိုင်မည် မဟုတ်ဟုယူဆသောကြောင့် တကြောင်းကျွန်တော်လည်း ဘာမှမပြောဘဲ နေလိုက်ပါသည်။ မျိုးချစ်ပါတီအနေနှင့် ကျိုက်လတ်တွင်ဘာမှအစည်းအဝေးမလုပ်ပါ။ တစ်ခါမှလည်း အစည်းအဝေး မခေါ်ရပါ။ တခြားအမှုဆောင်များ လည်း စာရွက်ထဲ နာမည်ပါလာမှ ကျွန်တော်ကဲ့သို့ သိကြသူ ချည်းဖြစ်ကြပါသည်။
ကျွန်တော်သည်တောသို့သွား၍ခဏတစ်ဖြုတ်လယ်ကိုကြည့်ပါသည်။မြို့တွင်အလုပ်မရှိလှပါ။ ကိုသက်နှင်းက လည်းအလုပ်အထူးမရှိလှပါ။ဓါတ်ရှင်ရုံပိုင်ရှိသည်ကိုငှားစားပါသည်။ ထို့ကြောင့်အားလျှင် လက်ဖက်ရည်ဆိုင် အတူသွားလေ့ရှိကြပါသည်။ တော်တော်ပင်ခင်ကြပါသည်။
တလသာသာကြာသောအခါ ကျွန်တော် ရန်ကုန်သို့လာပြန်ရာ လူအားဖြစ်သည့်အတိုင်း ကိုသက်နှင်းလည်း လိုက်ပြန်ပါသည်။ ကျွန်တော်က မော်တော်ကားစက်တင်ဘို့ သမ်္ဗန်လိုက်ခဲ့ရန် မှာခဲ့ပါသည်။ စက်ကလေးကို ၄င်းသမ်္ဗန်နှင့် တင်ပို့လိုက်ပါသည်။ အိမ်ခန်းမှာ မငှားရသေးပါ။ ထို့ကြောင့် အိမ်ကပါလာသော ငွေကိုပင် သုံးရပါသည်။ ရန်ကုန်ရောက်တိုင်း ကိုသက်နှင်းက ဦးစောထံ တခေါက်တခေါက် သွားလေ့ရှိရာ ဤအကြိမ် တွင်လည်း သွားပြန်ပါသည်။ ကျွန်တော့်ကိုပါ ခေါ်သွားသည်။
ဦးစောသည် ပဌမတွင် ဟိုစကားသည်စကား ပြောပြီးနောက်-
涛ကိုသုခကိုကျွန်တော်ပြောစရာတခုရှိတယ်ဗျာ၊ကိုသက်နှင်းကပြောပြထားလို့ကိုသုခရဲ့သမာဓိကိုတော့ယုံကြည် ပြီးပါပဲ။ တခြားတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံရေး လုပ်တယ်ဆိုတာ ငွေလိုတယ်ဗျ။ ငွေရှိမှဖြစ်မယ်။
ဒီတော့ နာရီဝက်အတွင်း သိန်း ၅၀ လောက်သေချာပေါက်ရဘို့ အလုပ်ကို လုပ်ရမယ်။ မာကင်တိုင်ဘဏ်ကို ဓါးပြတိုက်ရမယ်။ဒါသေချာတာပဲ။ဖြစ်မှဖြစ်ပါ့မလားရယ်လို့တော့ တွေးမနေနဲ့တော့။ သေချာပေါက်ဖြစ်တယ်။ ဒါ- အင်္ဂလိပ်ကို တိုက်ထုတ်တဲ့ တနည်းနည်းပဲ၊ သူတို့စီးပွားရေး လုပ်ငန်းကို ဖျက်တာပဲ။ 粕 စသည်ဖြင့် ပြောပြပါသည်။
ထိုအခါ ကျွန်တော် အံ့အားသင့်သွား ပါသည်။ ဦးစောဤသို့ ကြံစည်လိမ့်မည်၊ ပြောလိမ့်မည်ဟူ၍ မထင်မိခဲ့ပါ။ ကျွန်တော့် တစ်သက်တွင် ဓါးပြတိုက်ရန် အပြောခံရဖူးသည်မှာ ဤအကြိမ်သည်သာလျှင် ပဌမအကြိမ်ဖြစ်ပါသည်။ ထို့ကြောင့် အလွန်စိတ်ညစ်မိပါသည်။ ဟန်မပျက်အောင် သတိအလွန်ထားပြီး နေရပါသည်။ စကားတစ်ခွန်းမှ ပြန်မပြောပါ။ ဤသို့လျှင်သူ့အားကြည့် နေရပါသည်။ သူပြောသမျှ နားထောင်ခဲ့ပါသည်။
ဤမျှအထိပြောပြီး စကားဖြတ်ကာ အခြားစကားတွေ လျှောက်ပြောပါသည်။ ကျွန်တော်တို့လည်း ခဏကြာ သောအခါ ထပြန်လာကြပါသည်။ ဤ်ရက်အထိ သူ့အိမ်တွင် ကျွန်တော်ထမင်းတစ်ခါမှ မစားဖူးသေးပါ။ ရောက်သည့် အခါတိုင်းတော့ လက်ဖက်ရည် အချိုတိုက်ပါသည်။
ဦးစောအိမ်မှ ပြန်လာသောအခါ ဘတ်စ်ကားပေါ်တွင် ကျွန်တော် တွေးတောစဉ်းစားရင်း လိုက်ခဲ့ပါသည်။ ကိုသက်နှင်းကိုပင် စကားပြော၍မရပါ။ မပြောချင်ပါ။ စိတ်လည်းနည်းနည်းမှ မကောင်းပါ။ နောက်တစ်နေ့ တွင် ၀ယ်ခြမ်းစရာရှိသည်များကို ၀ယ်ခြမ်းပြီး ကျိုက်လတ်သို့ပြန်ခဲ့ကြပါသည်။
ရန်ကုန်တွင်ကိုသက်နှင်းနှင့် ဤအကြောင်းကို တခွန်းမှစကားစပ်၍မပြောပါ။ ကျိုက်လတ်သို့ပြန်ရောက်တော့ လည်း အစတွင်တစ်ခွန်းမှ စပ်မပြော။ သို့ရာတွင် ကိုသက်နှင်းသည် ခါတိုင်းကဲ့သို့ပင် ၀င်ထွက် သွားလာ နေပါသည်။
ရက်အတန်ကြာသောအခါ တညနေတွင် ကျိုက်လတ်ကန်ကြီးဘက် လမ်းလျှောက်ကြရင်း ကိုသက်နှင်းက涛ဘယ့်နှယ်လဲဗျ၊ ဦးစောပြောတာ သိပ်တော့မဆိုးဘူးတင်တယ်၊ ခင်ဗျားစဉ်းစားပြီးပလား粕 စသည်ဖြင့် ပြောစမ်းလာပါသည်။ ထိုသို့ပြောဖန်များလာသောအခါ ဤစကားများသည် ယဉ်ပါး လာပါသည်။ကျွန်တော့် စိတ်တွင်လည်း ဤလုပ်ငန်း အထမြောက်လျှင် မိမိအတွက်အထိုက်အလျှောက်ရမည်ဟု မျှော်လင့်မိကာ涛အကောင်းသားဘဲ粕ဟု တစ်ခါ ပြောလိုက်မိပါသည်။ ဤတခါသာ ပြောမိပါသည်။ နောက်လည်းဤကိစ်္စကို မပြောကြ တော့ပါ။
မိုးဦးကျသောအခါ လယ်လုပ်သည့်နေရာတွင် တဲအုံဆောက်လုပ်ရန် သွားပါသည်။ တဲဆောက်နေစဉ် သမ်္ဗန်တစ်စင်းရောက်လာပါသည်။ ကိုသက်နှင်းက စာပေးလွှတ်လိုက်ခြင်း ဖြစ်ပါသည်။ 涛ကိုသုခ အရေးကြီး လို့ ဤသမ်္ဗန်နှင့် အမြန်လိုက်ခဲ့ပါ粕 ဟူ၍ဖြစ်ပါသည်။
အရေးကြီးသောကိစ်္စဆိုသည်မှာဦးစောပြောသောကိစ်္စပင်ဖြစ်မည်ဟုတွေးမိပါသည်။လိုက်သင့်မလိုက်သင့်လည်း စဉ်းစားပါသည်။ လျှို့ဝှက်သော ကိစ်္စတရပ် မိမိအားပြောထားသည်ကို ရှောင်နေလျှင် မတော်ဟု ခပ်ပေါ့ပေါ့ပင် တွက်ဆပြီး လိုက်သွားပါသည်။ ညနေစောင်းမှ ကျိုက်လတ်သို့ ရောက်ပါသည်။
ကိုသက်နှင်းကမူ ဦးစောက အခေါ်လွှတ်လိုက်သဖြင့် နက်ဖြန် ရန်ကုန်သို့ဆက်လိုက်ရန် ပြောပြပါသည်။ အိမ်သို့ပြန်ကာ အ၀တ်အစားပြင်၍ နက်ဖြန် ရန်ကုန်လိုက်မည့်အကြောင်းမိန်းမကို ပြောပြသည့်အခါ မိန်းမက နည်းနည်းမှ မသွားစေချင်ပါ။ 涛ကိုယ့် အလုပ်အကိုင်တွေနဲ့၊ အလုပ်အကိုင်ဝင်ခါနီး ခရီးသွားမလို့လား粕 ဟူ၍သာပြောပါသည်။ သွားခါလာခါနီး စိတ်စနိုးစနောင့် ဖြစ်မည်ကိုလည်း သူစိုးသည်။ ကျွန်တော်တို့ အစီအစဉ်များကိုမူ မသိရှာပါ။
ဤကြားထဲတွင် ယခင်တခေါက်က ထိုးထားခဲ့သောထီလက်မှတ် ၁၁စောင်အနက်မှ တစောင်က ၅၀၀ ဆုပေါက်ကြောင်း သတင်းစာထဲတွင် ပါလာသဖြင့် ထိုထီလက်မှတ်ကိုပါ ကျွန်တော်ယူခဲ့ပါသည်။ ယခုတခေါက်တွင် ဦးစောအိမ်မှ ကားနှင့်လာကြိုကာ တခါတည်း အင်းယားအိမ်သို့ ခေါ်သွားပါသည်။
ကျွန်တော်တို့ကားဝင်သွားသည်ဆိုလျှင်ပင်ဦးစောက涛ဟာ လာကြပြီ၊ လာကြပြီ 粕ဟုဖေါ်ဖေါ်ရွေရွေနှုတ်ဆက်ပါ သည်။ လက်ဖက်ရည်အချိုများ ချက်ချင်းတိုက်ပါသည်။ ဤအခေါက်တွင် သူ့ဝင်းထဲ၌ လူ ၃၀လောက် စုမိနေပါပြီ။
လက်ဖက်ရည်အချိုသောက်ပြီး မကြာမီမှာပင် ဦးစောက သူ့လူများကို 涛ကဲ ပြင်ကြ၊ ပြင်ကြဟေ့粕 ဟုဆိုလိုက် ပါသည်။ လူအချို့လည်းလုပ်ဘူးလက်စရှိကြသည်ထင်ပါသည်။ ချက်ချင်းပြင်ဆင်ပြီးလှေ၂စင်းပေါ် တက်ကြ ပါသည်။ တော်မီ၊ စတင်း၊ ဘရင်း၊ အစုံပါပါသည်။ ဟိုကွေ့ဒီကွေ့နှင့် အင်းယားထဲလှော်သွားရရာ အတန်ကြာ လျှင်ကျွန်းကလေး တစ်ကျွန်းသို့ရောက်သွားကြပါသည်။ ထိုကျွန်းသို့ရောက်သော အခါဦးစောက 涛တခြားလူတွေ ကတော့အားလုံး သိနေကြပြီ။ ကိုသုခတစ်ယောက်ပဲမသိသေးတာ၊ (ကိုသက်နှင်းလည်း တွေ့ဖူးပြီးဖြစ် ဟန်ရှိပါ သည်) ကဲ ဒီလိုဝင်၊ မိအောင်ဘမ်း၊ မန်နေဂျာနဲ့ ကက်ရှ်ရှာက ဗိုလ်တွေ၊ ဒီကောင် တွေကိုမိအောင်ဘမ်း။ မလှုပ်စေနဲ့။ သူတို့ အရေးကြီးတယ်။ စာရေးတွေအရေးမကြီးဘူး။ ဟိုကောင်တွေ ဘောင်းဘီအိပ်ထဲ မနှိုက်စေနဲ့။ အံဆွဲမဖွင့်စေနဲ့။ သူတို့မှာ ခြောက်လုံးပြူး ပါချင်ပါမယ်။ မတတ်သာ ပစ်ရမှာပဲ။ ရိုက်လို့ရရင် ရိုက်ရမယ်။ လုပ်ငန်းတော့အထိမခံရဘူး။ 粕 စသည်ဖြင့်ပြောနေစဉ် အချို့က သစ်ပင်ကြား ၀င်လိုက်ထွက်လိုက်နှင့် ဘဏ်ကိုတိုက်သော လေ့ကျင့်ခန်းလုပ်နေကြပါသည်။ ဦးစောက ကျွန်တော့်ဘက်သို့ လှည့်ကာ 涛တနေ့ကပြောတဲ့ ကိစ်္စပေါ့ဗျာ၊ ဒါ- ရီဟာဇယ် အစမ်းပေါ့粕  ဟုပြောပါသည်။ ထို့နောက် မှောင်လာ သောကြောင့် 涛ကဲ ကဲ နောက်တစ်ခါမှ ဆက်ကြတာပေါ့ 粕 ဟုပြောပြီး လှေနှင့် ပြန်လာကြပါသည်။
နောက်တနေ့နံနက် လက်ဖက်ရည်သောက်အပြီးတွင် ဘဏ်ကို သွား၍ကြည့်ရပါသည်။ ထိုဘဏ်တွင်ဦးစောက ငွေ၎သောင်းကျော်၅သောင်းအပ်ထားပါသည်။ ထို့နောက်နေ့စဉ်တစ်ထောင်ထုတ်လိုက်၊ နှစ်ထောင် သွင်းလိုက် လုပ်ကာ တပည့်များကို ကြည့်ခိုင်းလေ့လာခိုင်းနေပါသည်။ ထိုနေ့တွင်မူ 涛 တခြားလူတွေက ရောက်ဖူးကြပြီ ကိုသုခ လိုက်ကြည့်ပါ 粕 ဆို၍ ကျွန်တော် လိုက်သွားရပါသည်။ ဘဏ်ရောက်သွား၍ ကြည့်သောအခါတွင် အောက်ထပ်မှာ ပြင်နေသည်ကို တွေ့ရပါသည်။ အပေါ်တက်ရသည်မှာလည်း တစ်ဆစ်ချိုး ၀င်ရသဖြင့် အပေါ်မှာ လုပ်နေသည်ကို အောက်က မသိနိုင်ပါ။ သို့နှင့် ကြည့်ပြီးပြန်လာ ကြပါသည်။
ဤသို့ဖြင့် ၆ရက် ၇ရက်မျှ ဘာမှမလုပ်ရဘဲ ဤသို့ပင်နေကြရပါသည်။ သူကလည်းအလွန်ဖေါ်ရွေပါသည်။ တအိမ်လုံး ပျော်ပျော်ရွှင်ရွှင် နေကြပါသည်။ ကျွန်တော်တို့လည်း ကိုယ်ကြိုက်သော လူနှင့်တွဲပြီး ထွက်လည် နိုင်ကြပါသည်။ ကျွန်တော်ပေါက်သော ထီလက်မှတ် အတွက်လည်း ငွေ ၅၀၀ထုတ်ကာ အိမ်သို့ပို့ပေး လိုက်ပါသေးသည်။
တနေ့ညနေ နေတော်တော် စောင်းချိန်တွင် ဦးစောက ကျွန်တော်ပါ လူဆယ့်လေးငါးယောက်ကို သူ့ဝင်းခြံကြီး အတွင်းမှ အိမ်ကလေးတစ်အိမ်သို့ ခေါ်သွားပါသည်။ ထိုအိမ်တွင် ကျွန်တော်တို့အား ဘဏ်ကို မည်သို့စီးရမည် ဆိုသည်ကို အသေးစိတ်ညွှန်ကြားချက်ပေးပါသည်။ မန်နေဂျာနှင့် ကက်ရှ်ရှာ ငွေကိုင်ကို အထူးသတိပြုပြီး သေသေချာချာ ရအောင် ဘမ်းရမည့်အကြောင်း၊ မန်နေဂျာကို ဘယ်သူနှင့် ဘယ်သူကဘမ်း၊ ကက်ရှ်ရှာကို ဘယ်သူနှင့်ဘယ်သူကဘမ်း၊ စာရေး၅၀လောက်ရှိသည်ကို ဘယ်သူဘယ်ဝါက တော်မီ၃လက်နှင့် အခန်းမကြီး အလယ်တွင် ၀ပ်ခိုင်းထားရမည်။ တစ်ယောက်မှ အပြင် မထွက်စေရ။ 涛ခင်ဗျားတို့ဆီက ပစ်္စည်း ဘာမှမယူဘူး၊ ခင်ဗျားတို့ကိုလဲ ဘာမှမလုပ်ဘူး၊ ကျွန်တော်တို့ဘဏ်ကိုစီးနေတာ၊ ခင်ဗျားတို့ငြိမ်ငြိမ်နေကြရင်ပြီးရော粕 ဟုပြောရန် သင်ကြားပါသည်။ 涛မန်နေဂျာနဲ့ ကက်ရှ်ရှာကို ဘမ်းသူတွေက လက်ပြန်ကြိုးတုပ် ၊ သော့တွေယူပြီှးင်္ဗနအာမခံသေတ်္တာတွေ ဖွင့်ခိုင်းရမယ်၊ အထဲက စိန်၊ ရွှေ သေတ်္တာတွေ ငွေစက်္ကူအသစ် အဟောင်းတွေကို တနေရာထဲမှာ တခါတည်းပုံ အသင့်ယူသွားတဲ့ ဂုံနီအိပ်တွေထဲထည့်။ နောက်ဖေးပေါက်က လှေခါးကို ခြောက်လုံးပြူးနဲ့ တစ်ယောက်စောင့်။ နောက်ဖေးက ၀င်လာသူဖြစ်ဖြစ်၊ ရှေ့အပေါက်က ၀င်လာသူ ဖြစ်ဖြစ် ၀င်လာသူကိုခွင့်ပြုရမယ်။ အထွက်ကို ခွင့်မပြုရ။ ၀င်လာသူများကို #4097;င်ဗျားတို့ကို ဘာမှမလုပ်ဘူး၊ ခင်ဗျားတို့ပိုက်ဆံကို လက်နဲ့မတို့ဘူး၊ ဘဏ်ကိုစီးနေတာ၊ ခင်ဗျားတို့ဝပ်နေကြ#4124;ို့ပြောပြီး စာရေးတွေ ၀ပ်နေတဲ့နေရာကိုပို့ပြီး ၀ပ်ခိုင်းရမယ်။ 粕
涛အပေါ်၂ထပ်က တစ်ထပ်မှာရှိတဲ့ လူနေအိမ်ခန်းမှာ လူ၃ယောက်၊ အထက်ခန်းမှာ လူတစ်ယောက်ပဲရှိတယ်။ တော်မီစတင်းတွေနဲ့ သုံးလေးယောက်စီသွားပြီးစီးထား။ ပစ်္စည်းဘာမှ ယူဖို့မလိုဘူး။ တယ်လီဖုန်းကြိုး ရှိရင်ဖြတ်ထားရမယ်။ ရှေ့အပေါက်ဝမှာ ရိုင်ဖယ်ကိုင်ထားတဲ့ ကုလားဒရ၀မ် တစ်ယောက်ရှိတယ်။ အဲဒီကုလား ဘယ်နည်းနဲ့မှမလွတ်အောင်အမိဘမ်းပြီး စာရေးတွေထဲဝပ်ခိုင်း၊ လွယ်လွယ်နဲ့မရရင် ရိုက်လှဲပြီး ကြိုးတုပ် ထားရမယ်။ 粕
涛ရှေ့အပေါက်ဝမှာ ဒရ၀မ်ကို စာရေးတွေဆီပို့ပြီှး.ှု.ဏရဲအုပ်လိုဝတ်ထားတဲ့ လူတစ်ယောက်က အ၀မှာ စောင့်နေရမယ်။ ရဲအုပ်အနားမှာ ပုလိပ်လိုဝတ်ထားတဲ့သူ တစ်ယောက်နေရမယ်။ ၀င်လာသူတိုင်းရဲ့ နောက်က လိုက်သွားပြီး လှေကားကွေ့ကို ရောက်သွားတိုင်း ခြောက်လုံးပြူးနဲ့ချိန်ပြီး #4097;င်ဗျား ဟိုရှေ့က လူအုပ်ထဲမှာ သွားပြီးဝပ်နေပါ။ ခင်ဗျားကို ကျုပ်တို့ ဘာမှမလုပ်ဘူး။ ငြိမ်ငြိမ်နေဖို့ပဲလိုတယ်။ ဘဏ်ကိုသာတိုက်နေတာ လို့ပြောပြီး ၀ပ်ခိုင်းရမယ်။ 粕
涛အ၀င်ဒရ၀မ်ကို မိအောင်ဘမ်းဖို့က အရေးကြီးဆုံးဖြစ်တယ်။ သူ့ကို အလွတ်မခံနိုင်ဘူး။ ဒါကြောင့်သူ့ကို ရိုက်မှပဲဖြစ်မယ်။ သူက အကြမ်းဖက်ချင်ဖက်မယ်။ ပစ်လို့လဲမဖြစ်ဘူး။ တုတ်ထစ်ခု သပ်သပ်ဆောင်သွား ရလိမ့်မယ်။ ဒရ၀မ်ကို လုပ်ဘို့ကိစ်္စပြီးရင် အဲဒီတုတ်ကို လှေကားကွေ့ မှာထားရမယ်။ 粕
涛 အထဲဝင်လာသူတစ်ယောက်ဟာ မူလ အစီအစဉ်အတိုင်း စာရေးများနဲ့သွားဝပ်ရင်ဝပ်။ မ၀ပ်ဘဲကလန်ကဆန် လုပ်ရင်တုတ်စာကျွေးရမယ်။အလဲချရမယ်။ သူ့ကိုအထွက်မခံနဲ့။ လူတစ်ယောက်ထွက်သွားရင် ပျက်သွားမယ်粕
ဟုဆက်ပြောပြီး ရဲအုပ်အနားကနေကာ လူရိုက်ရမည့် နေရာကို ကျွန်တော်လုပ်ရမည် ဟုခိုင်းပါသည်။
涛မန်နေဂျာနဲ့ကက်ရှ်ရှာက ထုတ်ပေးလို့ပစ်္စည်းအမြောက်အမြား မူလအစီအစဉ်အတိုင်းရပြီး အသင့်ဖြစ်တဲ့ အခါ ၀ီစီကလေး တစ်ခုနဲ့အချက် ပေးရမယ်။ကိုယ့်တာဝန်အတိုင်း ရွှေအိတ်၊ငွေအိတ် ထမ်းတဲ့သူကထမ်း၊ ဆိုင်ရာဌာနများ ကိုတာဝန် ယူထားကြတဲ့သူများကလဲ ဘဏ်ရှေ့မှာရပ်ထားတဲ့ လော်ရီကားကြီးတစ်စီးပေါ်နဲ့ဘားလမ်းနဲ့ကုန်သည် လမ်းထောင့် ကားလမ်းအတွင်း ရပ်ထားတဲ့ဂျစ်ကားပေါ်ကို အမြန်ဆုံးအရောက်လာ ကြရမယ်။ ကားတစ်စီးကို စိန်ကြီးမောင်းရမယ်။နောက်တစ်စီးကိုခင်မောင်ရင်မောင်းရမယ်။ကားကြီးပေါ်ပစ်္စည်းတင်ပြီး ရှေ့ကသွားရမယ်။ နောက်ကရန်သူလာရင် နောက်ကားကခုခံရမယ်။ ကက်ရှ်ရှာနဲ့မန်နေဂျာကို မိမိချင်း သူတို့အံဆွဲတွေဖွင့်ပြီး လက်နက်ရှာ ရမယ်။ လက်နက်တွေ့လို့ မသိမ်းရင် အထွက်မှာ ရန်ရှာနိုင်တယ်။ 粕
涛မာကင်တိုင်ဘဏ်ဟာ စိန်တွေ ရွှေတွေ ငွေတွေကို ညဥ့်မသိပ်ဘူး။ မနက်၁၀နာရီကျမှ ၽြန်နမလနဘဏ္ကေန သွားထုတ်တယ်။ ညနေနာရီပြန်၂ချက်မှာပစ်္စည်းတွေအားလုံးပြန်ပို့တယ်။ ဒါကြောင့်မနက်၁၁နာရီနဲ့၁ချက်ကြား မှာ အပြီးတိုက်မှဖြစ်မယ်။ ဘဏ်ကိုသွားစီးတဲ့အခါ ယူသွားရမယ့်စတင်း၊ တော်မီ စတဲ့လက်နက်တွေကို ကိုင်ပြီး ဘဏ်ထဲဝင်သွားဖို့ကိစ်္စမှာ မိုးကာအိင်္ကျီပါကြရမယ်။ ဒါကြောင့်လုပ်မဲ့အချိန်မှာ မိုးရွာနေဖို့ လိုတယ် ။ ဒါမှဖြစ်မယ်။ 粕 ဟုဦးစောက ပြောပြပြီး ရဲအုပ်တံဆိပ်၊ ကြယ်စသည်တို့လည်း ၀ယ်ခိုင်းပါသေးသည်။
အစစပြည့်စုံသောအခါ အ၀တ်အစားဝတ်ပြီးလက်နက်ပစ်္စည်းကိရိယာအစုံအလင်နှင့် နံနက်၁၀နာရီမှ တစ်ချက် ထိုးထိစောင့်ကြရပါသည်။ လုပ်ငန်းတစ်ခုလုံးမှာ ၁၅မိနစ်နှင့်ပြီးနိုင်ပါသည်။ ပြီးအောင်လုပ်ရမည်ဟုလည်း ဦးစောက အမိန့်ပေးပါသည်။
ဦးစောပြောပြစီစဉ်ချက်များမှာ အားလုံးဖြစ်နိုင်သည်ဟု သူ့တပည့်အားလုံးက ယုံကြည်စိတ်ချကြပါသည်။ ဤသို့ဖြစ်အောင်လည်း သူက ပြင်ဆင်မှုအရပ်ရပ် လုပ်ထားပြီးဖြစ်ပါသည်။
ထို့ကြောင့်နေ့စဉ်အသင့်ဝတ်၊ အသင့်လက်နက်ပြင်ပြီး မိုးအရွာစောင့်ရာ ၆ရက်တိတိ မိုးမရွာပါ။ ၀ါဆိုလဆန်း အခါလောက်ဖြစ်သဖြင့် မိုးရွာမည်မုချဟု တွက်ထားချက်မှာ မကိုက်ဘဲဖြစ်နေပါသည်။
၆ရက်စောင့်၍မှ မိုးမရွာသဖြင့် အားလုံးစိတ်ပျက်ကြပါသည်။ တစ်ယောက်နှင့် တစ်ယောက်တိုင်ပင်ကြရသည် လည်းမဟုတ်၊ ဦးစောကလည်း လက်လျှော့ပါတော့မည်ဟုမပြော၊ သို့ရာတွင် အားလုံးပင်တညီတည်း စိတ်ပျက်လက်လျှော့ကြပြီး ထိုလုပ်ငန်းအစီအစဉ်ကြီးမှာ ပျက်ပြယ်ပြယ်ဖြစ်သွားပါသည်။ အားလုံးစိတ်ထဲတွင် ဦးစောက ခိုင်းစေသောကြောင့် မငြင်းဆန်သာ၍သာ အားတင်းပြီးလုပ်ဖို့ ရည်ရွယ်ထားကြသော်လည်း တကယ်အားဖြင့် မလုပ်လိုကြ၊ ၀န်လေးကြကြောင်းကို အားလျှော့သောအခါ ကောင်းစွာ အကဲခတ်မိနိုင်ပါသည်။
ထိုလုပ်ငန်းကြီးပျက်သွားသောအခါ ဘာမှ အလုပ်မရှိကြတော့ဘဲ ခပ်ပေါ့ပေါ့ပင်နေကြပြန်ပါသည်။ ကိုယ့်အတွဲ ကိုယ့်အုပ်စုနှင့် လည်ကြ ပတ်ကြပါသည်။ ဦးစောကလည်း မချုပ်ချယ်သေးပါ။ တော်တော်ပင် လွတ်လွတ်လပ်လပ် နေကြရပါသည်။ အားလုံးကို ဖေါ်ဖေါ်ရွေရွေနှင့် ဆက်ဆံပါသည်။
ဦးစောအိမ်သို့နေ့နေ့ညညပင် ကားကြီးကားကောင်းများနှင့် အင်္ဂလိပ်များ၊ ဗမာများ ၀င်ထွက်သွားလာ နေကြပါသည်။ ဂိတ်တံခါးတွင် အစောင့်ရှိပါသည်။ ပထမတွင် တော်ရုံတန်ရုံ သာစောင့်ပြီး နောက်တွင် ရိုင်ဖယ် နှင့်စောင့်ရပါသည်။
ဤသို့ ငြိမ်နေစဉ်မှာပင် ကိုဘညွန့်၊ ကိုစိန်ကြီး၊ ကိုသက်နှင်း၊ ကိုစိုးတို့နှင့် ဦးစောကိုယ်တိုင်လိုက်ပါပြီး ဘရင်းဂန်းအလက်၂၀၀ကို လော်ရီကြီးပေါ်တင်ကာ နေ့ခင်းကြီးမှာပင် ယူလာပါသည်။ ထိုနေ့က ကျည်ဆံများ မပါပါ။ ဘရင်း၂၀၀နှင့် ပြောင်းပို ၂၀၀ သာဖြစ်ပါသည်။
ကားဝင်လာသောအချိန်၌ ကျွန်တော်တို့လူအုပ်မှာ အိမ်နောက်ဖေးတွင် လက်ဖက်ရည်ကြမ်းသောက်နေကြပါ သည်။ ဦးစောမှာအိမ်သို့ရောက်နေနှင့်ပါသည်။ ကားရောက်လျှင်အိမ်ထဲမှဆင်းလာပြီးကျွန်တော်တို့ ဘက်သို့ လှည့်ကာ 涛ဂဠုန်ကွ粕ဟုလက်သီးဆုပ်၍ ပြုံးပြုံးရွှင်ရွှင်နှင့်အော်ဟစ်ကြွေးကြော်ပါသည်။ကျွန်တော် တို့အထဲ က涛ဘာပါလိမ့်粕ဟုပြောလိုက်ရာ၊ သူက涛အိမ်ရှေ့မှာသွားကြည့်ကြစမ်း粕ဟုပြောပါသည်။ အိမ်ရှေ့ သရက်ပင် အောက်တွင် ရပ်ထားသောလော်ရီကားကြီးပေါ်တွင် ဘရင်း၂၀၀နှင့် ပြောင်းပို၂၀၀ တင်လာသည်ကို မြင်ရသဖြင့် ကျွန်တော်တို့လည်း များစွာအံ့သြနေကြပါသည်။ ယခင်ကဘရင်းဆို၍ တစ်လက်မှမတွေ့ဖူးသေးပါ။ စတင်း၊ တော်မီ၊ စပ်မရှင်း၊ ပစ်္စတို၊ အမေရိကန်မော်ဇာ၊ ဂျပန်မော်ဇာ၊ ကာဘိုင်၊ အမေရိကန်ရိုင်ဖယ် စသည်တို့သာ မြင်ဖူးပါသည်။ ထို့ပြင် ဦးစောတွင် အလွန်ထူးဆန်းသည့် လက်နက်တစ်မျိုးလည်းရှိပါ သေးသည်။
ထိုလက်နက်ကလေးမှာ ဖေါင်တိန်လောက်သာရှိ၍ အတွင်းက စပရင်သံပတ်ပါပါသည်။ တစ်ခါစမ်းပြသည်မှာ ထိုလက်နက်ကလေးကို မြေကြီးပေါ်တွင်ထောင်ထားပြီး ကျည်ဆံဖျားခဲကလေးကို တင်ထားရပါသည်။ ထိုခဲပေါ်သို့ နှီးဖျားကလေးနှင့်သွားတို့လိုက်ရာ ရိုင်ဖယ်ပစ်သကဲ့သို့ အထက်သို့ ထွက်သွားပါသည်။ မိမိဆီသို့ တွားသွားပြီးတက်လာသော ရန်သူများကို ထိုလက်နက်မျိုး လမ်းတွင်ချထားပြီးကာကွယ်လျှင် ရန်သူ မတက်နိုင်ဟု ဦးစောကပြောပြပါသည်။
ဘရင်းဂန်းအလက်၂၀၀အတွက် ဦးစောမှာ ဘာမှ အစီအစဉ်ရှိဟန်မတူပါ။ ၃ရက်လုံးလုံး လော်ရီကားပေါ်တွင် တာလပတ်အ၀တ် အုပ်ပြီးထားပါသည်။ ထို့နောက် ဗိုလ်တထောင် သော်မဆင်လမ်းမှဟုထင်ရသော ကမ်းနား ဘက်က ကန်ထရိုက်တာ အဖတ်ဆိုသည့် တရုတ်ကြီးထံတွင် ပေပါပုံးကြီးများ ရေလုံလေလုံမှာပြီး ဂရိစ်တွေ သုတ်ကာထည့်ပါသည်။ ထို့နောက်ပိတ်ပြီး ညဖက်တွင် အင်းယားကန်ထဲ၌ သူပြောသည့် အကွက်အတိုင်း ချကြရပါသည်။ သူကမြေပုံနှင့်စာရင်းယူထားပါသည်။ ပေပါတစ်လုံးတွင်မှ ဘရင်း၇လက် ၈လက်သာဝင်ရာ ပေပါပုံးမှာ မလောက်နိုင်အောင်ဖြစ်ပါသည်။ လူတွေလည်း တစ်ယောက်မှ အလုပ်မအားတော့ပါ။
ပေပါပုံးများရသလောက်ရသော်လည်းကားပေါ်မှဘရင်းပုံကြီးမှာလျှော့သည်မရှိပါ။ထို့ကြောင့်ဦးစောကိုယ်တိုင် ထင်းရူးသေတ်္တာဆိုင်များကိုလိုက်ကြည့်ကာဝယ်ခဲ့ပါသည်။အခြားသူများကိုလည်းဝယ်ခိုင်းပါသည်။ ထိုသေတ်္တာ များသည် ၇လက်၈လက်ဆန့်ပါသည်။လော်ရီတစ်စင်းကို အုတ်ဖိုက ထပ်ယူခိုင်းပြီး ထင်းရူး သေတ်္တာနှင့် ဘရင်းကို ရေမြှုပ်၍ မဖြစ်သောကြောင့် ရန်ကုန်နှင့် ပြည်လမ်းရှိ မိတ်ဆွေများထံ လိုက်အပို့ခိုင်း ပါသည်။
ဘရင်းများ ရောက်ကတည်းကဦးစောမျက်နှာမှာ တဖြည်းဖြည်း တင်းမာလာသည်ကို တွေ့ရပါသည်။ အိမ်အ၀င် ဂိတ်မှာလည်း တင်းတင်းကျပ်ကျပ်ဖြစ်လာပါပြီ။ ၃ယောက်တတွဲ၎ယောက်တတွဲတွေ့လျှင်ခေါ်ပြီး涛ကျုပ်တို့အခု လုပ်နေတဲ့ အလုပ်ဟာရာဇ၀တ်မှု တွေဖြစ်တယ်။ တစ်ယောက်ယောက်က သစ်္စာဖေါက်ရင် လူ၃၀ကျော်တခါထဲ ဒုက်္ခဖြစ်လိမ့်မယ်။ ဒါကြောင့်တစ်ယောက် ဖေါက်ရင် အဲဒီတစ်ယောက်ကို ဖြောင် ပစ်မှ ဖြစ်မယ်။ ဒီတော့ကာ လူတိုင်းက 涛ကျွန်တော်သည် ကျွန်တော့်ကိုယ်ရေး ကိုယ်တာအတွက် လောကကြီးကို စိတ်ပျက်သဖြင့် အသက်ရှင် လျှက်မနေလိုတော့ သောကြောင့်ကိုယ့်ကိုယ်ကို သတ်သေလိုက်ပါသည်粕လို့ စာတစ်ရွက်စီရေး ပေးထားရင် မကောင်းဘူးလား။ ဒါမှစိတ်ချရမယ်粕စသည်ဖြင့် ပြောပြပါသည်။ မည်သူမျှမတော်ပါဟုမပြောရဲ။ 涛ကောင်းပါ တယ်粕ဟုပြောကာသဘောတူကြပါသည်။ ဤသို့အစုလိုက်ခေါ်ပြောပြီးနောက်၊တစ်နေ့တွင် အားလုံးလူ၃၀ကျော် ကို သူ့ဘုရားစင်ရှိရာသို့ခေါ်ပြီး သစ်္စာရေတိုက်၊ သစ်္စာဆိုခိုင်း၊ ကိုယ့်ကိုယ်ကိုကိုယ့်ဖာသာ သတ်သေကြောင်း စာကို ရေးခိုင်းပြီး သူကသိမ်းထားပါသည်။
အကယ်၍တစ်ယောက်ယောက်က သစ်္စာဖေါက်မည့် လက်္ခဏာကို သူတွေ့လျှင် ထိုလူကိုသတ်ပြီး၊ ထိုလူ ရေးသည့်စာကို အိတ်ထဲထည့်၊ ခြောက်လုံးပြူးတစ်လက် ထိုလူ့လက်နှင့် ဆုပ်ဟန်ဖြစ်အောင်လုပ်ပြီး လူပြတ်ရာတနေရာ၊ ပြည်ကားလမ်းပေါ်တွင်ဖြစ်စေ သွား၍ချထားလိုက်ရန် ဖြစ်ပါသည်။
ဤအစီအစဉ်များလုပ်ပြီးသည့်နောက် ဦးစောသည် ညဥ့်ဘက်တွင် အပြင်သို့ အလွန်ထွက်ပါသည်။ တခါတရံ အဖေါ်ပါ၍ တခါတရံ သူကိုယ်တိုင်ကားမောင်းပြီး ထွက်ပါသည်။ အများအားဖြင့် သန်းခေါင်ကျော်မှ ပြန်လာ တတ်ပါသည်။ စိန်ကြီးတို့ ခင်မောင်ရင်တို့က တခါတရံ ကားမောင်းပြီး လိုက်ကြရပါသည်။ ကိုဘညွန့် ဖြစ်စေ၊ ကိုသက်နှင်းဖြစ်စေ တစ်ယောက်ယောက်လည်း ပါတတ်ပါသည်။ ညထွက်သည့်အခါ အဖေါ်မှာ တစ်ယောက်ထက်မများပါ။
အဖေါ်များအား ဘယ်သွားဘယ်လာကြောင်း မပြောရန်လည်း မှာထားဟန်မတူပါ။ လိုက်ပါသွားသူများ ထဲမှ တခါတခါ ပြောပြချက်အရ မင်္ဂလာဒုံဘက်ရောက်ကြောင်း သိရပါသည်။
မင်္ဂလာဒုံစစ်တပ်ကဟုသိရသောအင်္ဂလိပ်ထောင်ထောင်မောင်းမောင်းကြီးတစ်ယောက်လည်းအိမ်ကို မကြာမကြာ လာပါသည်။ ထိုစစ်ဗိုလ်ကြီးမှာ အမှုကိစ်္စဖြစ်လာသောအခါ ပါသည်ဟုမကြားပါ။ ဘယ်သူဘယ်ဝါဆိုသည် ကိုလည်း ကျွန်တော်မသိပါ။
ဤသို့ညပိုင်းတွင် ထွက်ထွက်နေပြီး သည့်နောက်များမကြာမီ တော်မီ၊ ခြောက်လုံးပြူး၊ စတင်း၊ ဘရင်း စသော သေနတ်များအတွက် ကျည်ဆံပေါင်း တစ်သိန်းသုံးသောင်းကျော်ကို လော်ရီကားကြီး၂စင်းနှင့် နေ့လယ်မှာပင် သယ်ယူခဲ့ကြသည်ကို တွေ့ရပြန်ပါသည်။ အားလုံးသေတ်္တာအသစ်များနှင့် ရေလုံလေလုံ ဖြစ်ကြပါသည်။ ဦးစောက ရေကန်ထဲတွင် ဆောက်ထားသော ဘုရားဆောင်ကလေးတိုင်ခြေရင်းများ အနီး၌ ၄င်းကျည်ဆံများကို ချစေပါသည်။ အခြားဟိုနေရာ ဒီနေရာများတွင်လည်း ထားစေပါသည်။ ဦးစောကိုယ်တိုင် ပြောပြချက်အရ ထိုမျှများပြားသောကျည်ဆံများကို ဈေးပေါပေါကလေးနှင့် ရကြောင်း၊နောက်ထပ် ကျည်ဆံဆယ်သိန်းခန့်မကြာမီ ရဘို့ရှိကြောင်း၊ ငွေတစ်သိန်းခွဲခန့်ပေးလျှင်ရမည်ဖြစ်ကြောင်း နှင့်သိရှိရပါသည်။ ဗြိတိသျှစစ်တပ်သည် ဤယမ်း တောင့်များကို ဖျက်ဆီးပစ်ကြရမည်ဖြစ်ကြောင်း၊ ဖျက်ဆီးသည့် စာရင်းထဲတွင်ပြပြီး တဘက်ကလှည့်ကာ ခိုးရောင်း ခြင်းကြောင့် ဤမျှဈေးပေါပေါနှင့် ရနိုင်ခြင်းဖြစ်ကြောင်းကိုလည်း ပြောပြပါသည်။
ကျွန်တော်တို့လက်ဖက်ရည်ခုံသို့ဦးစောတခါတရံ လာတတ်ပါသည်။ တနေ့တွင်ဆုံမိ သောကြောင့် ဦးစောက ပြောပြ နေခြင်းဖြစ်ပါသည်။
ရိုင်ဖယ်ခေတ် ဟောင်းဟောင်းနှင့် ၂လုံးပြူးပါ ပေါင်း သေနတ် ၁၅၀၀ခန့် အားလုံးကောင်းစွာ သုံး၍ရသည်များ ကိုလည်း ရရန်ရှိသေးကြောင်း၊ ထိုလက်နက်များကို လက်နက်တိုက်တစ်ခုတွင် အစောင့်များနှင့်ထားကြောင်း၊ ထိုလက်နက်များကို သရက်မြို့ဆီမှ လာထုတ်လိမ့်မည်ဖြစ်ကြောင်း၊ ၄င်းတို့လာမထုတ်မီ အချိန်၁နာရီ ၂နာရီ ခန့်စောပြီး လက်မှတ်တုနှင့် မိမိတို့ကထုတ်ယူနှင့် ရန်ဖြစ်ကြောင်း၊ထိုကိစ်္စအတွက်လည်း မိမိစီစဉ်နေကြောင်းနှင့် ပြောပြပါသည်။
ရှိနှင့်ပြီး လက်နက်ခဲယမ်း မီးကျောက်များကို သိမ်းရဆည်းရနှင့် အားလုံးအလုပ်အလွန်များနေကြပါသည်။ ဧည့်သည်များ လာကြသောလည်း အလုပ်လုပ်နေကြသည်များကို မတွေ့နိုင်ပါ။ ထုပ်ပိုးပြင်ဆင်ပြီးအချို့လက်နက်များကို ပြည်လမ်းပို့၊ အချို့ကိုရန်ကုန်မြို့တွင်း အသိမိတ်ဆွေများထံ ပို့ပါသည်။ သို့ရာတွင်ပို့၍မနိုင်၊ သိမ်း၍ မနိုင်ဖြစ်နေသေးသဖြင့် ဘရင်းဂန်းများ ထည့်ထားသော ထင်းရူးသေတ်္တာ ၂လုံးကို ဦးစောက ကျိုက်လတ် ဘက်တွင် ၀ှက်ထားရန် ကိုသက်နှင်းကို ပြောပါသည်။ ကိုသက်နှင်းက ကျွန်တော့်ကို တိုင်ပင်ပြော ပြောပြန်ရာ၊ ကျွန်တော်ကလည်း သဘောတူ လိုက်ပါသည်။
ဝါဆိုလပြည့်နေ့မနက်စောစောမိုးမလင်းမီ လော်ရီပေါ်တင်ပြီး ကျိုက်လတ်သင်္ဘောဆိပ်ဘက်သို့ ကျွန်တော်တို့ ကားကို မောင်းလာရာ၊ ခေါင်းပေါင်းနီနှင့် ပထန်အမ်ပီများ ဂျစ်ကားနှင့် လာနေသည်ကို တွေ့ရ၍ တော်တော်ပင် လန့်သွားပါသည်။ အမ်ပီများက ရပ်ပြီး စစ်၍ တွေ့သွားလျှင် မည်သို့များဖြစ်မည်နည်း ဟုလည်းတွေးမိ ပါသည်။ သို့ရာတွင် ဦးစောအပေါ်အထင်ကြီးမှုကြောင့် ဦးစောရှိသားဘဲ ဟုတွေးကာ မကြောက်လှပါ။ အမ်ပီ ကားလည်း ကျွန်တော်တို့ကိုကျော်ပြီး မင်္ဂလာဒုံဘက်သို့ ဆက်၍မောင်းသွားပါသည်။ အမ်ပီတစ်ယောက်ကမူ နောက်သို့ပြန်လှည့်ကြည့်ပါသေးသည်။ တော်တော်ကလေး လှမ်းသောအခါ အမ်ပီဂျစ်ကားရပ်ပြီး ကျွန်တော် တို့ကားဘက်ဆီသို့ ကြည့်နေကြပါသည်။ ထို့နောက်ပြန်လှည့်ပြီး မောင်းလိုက်လာပြန်ပါသည်။ ကျွန်တော် တို့ကလည်း တော်တော်ကလေး စိုးရိမ်နေကြပါသည်။ သို့ရာတွင်သူတို့သည် ကျွန်တော်တို့နောက် တောက်လျှောက် လိုက်မလာကြပါ။ သူတို့ကိစ်္စနှင့်သူတို့ တလမ်းသို့ချိုးပြီး မောင်းသွားကြပါသည်။ မိန်းမ နောက် လိုက်နေကြဟန်တူပါသည်။
လော်ရီကားကြီး ဆိပ်ကမ်းသို့ရောက်သောအခါ မိုးထိန်ထိန်လင်းနေပါပြီ။ ကူလီတွေ အများကြီး ခေါ်ပြီး သမ်္ဗန် မော်တော်ပေါ်သို့တင်ရပါသည်။ ကူလီများက 涛လေးလိုက်တာ၊ ဘာတွေပါလိမ့်粕 လို့ ညည်းကြ၊ မေးကြ ပါသည်။ မော်တော်ကားပစ်္စည်းများ သံထည်တွေချည်းဖြစ်၍ လေးကြောင်း ပြောရပါသည်။ မြစ်ဆိပ်တွင် ပုလိပ် များလည်း ရှိကြပါသည်။ တင်နေချနေသည်ကိုပင် ကြည့်နေကြပါသည်။
ပစ်္စည်းများကို မော်တော်ဝမ်းထဲသို့ချပြီး မော်တော်သမားများက ပိတ်လိုက်ပါသည်။ မည်မျှပင်လေးစေကာမူ သူတို့က သဘောကျနေကြပါသည်။ လေးလေ ပိုက်ဆံ ရလေဖြစ်သောကြောင့် ကျေနပ်နေကြပါသည်။ ၇နာရီ ထိုးသောအခါ မော်တော်ထွက်ပါသည်။ လမ်းမှာပင် တစ်ယောက်တစ်သေတ်္တာယူထားရန် သဘောတူကြ ပါသည်။ ကျိုက်လတ်သို့ မွန်းလွဲ ၁နာရီ ၂နာရီအချိန်လောက်တွင် ရောက်သွားပါသည်။ ကိုသက်နှင်းမှာမြူနီစပယ်လူကြီး ဖြစ်ဖူး၍ တပည့်လက်သားပေါသူ ဖြစ်သောကြောင့် သူ့တပည့် တချို့အားခေါ်ပြီး သေတ်္တာ ၂လုံးကို လှည်းနှင့်တင်ကာ တစ်လုံးကို ကျွန်တော့်အိမ် တစ်လုံးကို သူ့အိမ်သို့ချပေးရန် ခိုင်းလိုက်ပါသည်။ ကျွန်တော်တို့ကမူ ပြန်နှင့်ကြပါသည်။
ကျွန်တော်ထမင်းစားနေခိုက်မှာပင်လှည်းရောက်လာပါသည်။ကူလီများကလည်း涛လေးလိုက်တာလေးလိုက်တာ粕နှင့် ညည်းရင်း သေတ်္တာကြီးကို ချပေးကာ လှေကားအောက်တွင် သွင်းပေးသွားပါသည်။
ဤသေတ်္တာကြီးကို မြို့ပေါ်တွင် ထား၍ မလုံခြုံ၊ ထို့ကြောင့် အိမ်တွင်ရှိသောကို ချစ်တီးအား သမ်္ဗန်တစ်စင်းနှင့် ဂုန်ညင်းတန်းရွာသူကြီး ဦးဘထွန်းနှင့် ဦးစိန်ဘန်းတို့ကို ခေါ်ခဲ့ရန်လွှတ်လိုက်ပါသည်။ ညဥ့်သန်းခေါင် သန်းလွဲ ရောက်ရင်ရောက်၊ ထိုလူ၂ယောက်နှင့် ချက်ခြင်း ပြန်ခဲ့ရန်လည်း မှာလိုက်ပါသည်။
မိုးချုပ်သောအခါ သေတ်္တာကိုဖွင့်ပြီး သေနတ်များကို ဂုန်နီအိတ်နှင့်ထုပ်၍ လူမရှိသောတဘက် အိမ်အောက်တွင် သွားထားပါသည်။ ကျွန်တော်လုပ်နေကိုင် နေသည်များကို ထိန်ဝှက်ထား၍ မဖြစ်နိုင်တော့ပါ။ထို့ကြောင့်စောစောက 涛ကိုသက်နှင်းရဲ့မော်တော်ကားပစ်္စည်းတွေ ခဏလာထားတာပါ粕 ဟုပြောထားသော ကျွန်တော့် မိန်းမအား ဖွင့်ပြောရပါတော့သည်။ ကျွန်တော့မိန်းမမှာ ဤအကြောင်းကိုကြားပြီး ဤပစ်္စည်းများကို မြင်ရသောအခါ အလွန်စိုးရိမ်ပူပန်ပါသည်။ ကျွန်တော့်ကိုလည်း မပြောရဲပါ။ ရန်ကုန်သို့ ကိုယ့်စီးပွားရေး ကိစ်္စမဟုတ်ဘဲ ကိုသက်နှင်းနှင့် သွားနေကတည်းကသဘောမကျဖြစ်နေရာယခုမူ အလွန်ပူပင် သောကဖြစ်နေ ရှာပါတော့သည်။ သူကြီးဦးဘထွန်းနှင့် ဦးစိန်ဘန်းတို့မှာ ကျွန်တော့်အား ချစ်ခင်လေးစားသူဖြစ်သောကြောင့် ကျွန်တော်က အရေးကြီး၍ အခေါ်လွှတ်လိုက်သည်ဆိုရာ ၊ ချက်ချင်းပင် ထလိုက်လာကြသဖြင့် နံနက် ၂နာရီအချိန်တွင် ရောက်လာကြပါသည်။ ကိုချစ်တီးကိုမူ ဘာမှ အသိမပေးဘဲ ဦးဘထွန်းနှင့် ဦးစိန်ဘန်းတို့ကိုသာ ၀ှက်စရာ နေရာမှစ၍ အကျိုးအကြောင်း ပြောပြပြီးဂုံနီအိတ် ထုပ်ပစ်္စည်းများကို လူတွန်းလှည်းကလေးနှင့် တင်ကာ သမ်္ဗန်ပေါ် တင်ပေးလိုက်ပါသည်။
နံနက်မိုးလင်းသော် ကိုသက်နှင်း ကျွန်တော်တို့အိမ်သို့ပေါက်လာပါသည်။ ကိုသက်နှင်းသည် ဤမျှကြီးကျယ် သော ကိစ်္စကြီးများနှင့်ပတ်သက်၍ ကျွန်တော့်ကို ကောင်းစွာ စိတ်ချဟန်မတူပါ။ ကျွန်တော်များ သစ်္စာဖေါက် လေမလားဟုလည်း အနည်းငယ်သံသယရှိဟန်တူပါသည်။ ကျွန်တော့်ကို မျက်ခြည် အပြတ်မခံပါ။ လက်ဖက် ရည်ဆိုင်သို့သွား၍ လက်ဖက်ရည် သောက်ကြပြီးလျှင် နံနက်၁၀နာရီထိုးသော်၊ ဦးစောက 涛တစ်ညအိပ်ထက် ဘယ်နည်းနဲ့မှ ပိုမကြာကြစေနှင့်粕ဟူသောအမိန့်အတိုင်း ဖျာပုံသင်္ဘောနှင့်ရန်ကုန်သို့ပြန်လိုက်လာကြပါသည်။
ပတ်သက်ရာလူအားလုံးကျွန်တော်တို့တတွေမှာအစက ဦးစောကဲ့သို့ ပုဂ်္ဂိုလ်ကြီးနှင့်ပေါင်းသင်းရ၍ဂုဏ်ရှိသည် ဟုထင်မိပါသည်။သူသည်မျိုးချစ်စိတ်ထက်သန်သော ခေါင်းဆောင်တစ်ယောက်ဖြစ်သည်ဟု ယူဆကြပါသည်။ သို့ရာတွင် ရက်ကလေး အတော်ကြာသောအခါ သူ့ကိုယ်ကျင့်တရားချို့ယွင်းမှု၊ ဓါးပြတိုက်ရန်ကြံစည်ချက်၊ အကျပ်ကိုင်လေ့ရှိခြင်း အစရှိသည်တို့အတွက် စိတ်ပျက်စပြုလာကြပါသည်။
ကျွန်တော့်မှာ ခေါင်းဆောင်ကောင်းတစ်ယောက် နှင့်နီးစပ်ရသည့်အတွက် ၀မ်းသာရသော အခြေအနေမှ အကြီးအကျယ်စိတ်ပျက်ရသော ဘ၀သို့ ရောက်လာရပါသည်။ သို့ရာတွင် နောက်မဆုတ်နိုင်ပါ။ သူ့အကြံ အစည်များကို ရိပ်မိသောကြောင့် အလိမ်္မာနှင့် ခွဲထွက်ရန် စိတ်ကူးပါသည်။ သို့ရာတွင် သူအနည်းငယ် သံသယ ဖြစ်လျှင်ဖြစ်ချင်း အသက်နှင့် ခန်္ဓာ အိုးစားကွဲမည်မှာ သေချာပါသည်။ ကျွန်တော်တို့လောက်လူစားကို ပရွတ်ဆိတ်တစ်ကောင်ကဲ့သို့ လက်ချောင်းကလေး တစ်ချောင်းနှင့် ချေမှုန်းပစ်နိုင်ပါသည်။ အရှိန်အ၀ါ ကလည်းကြီးပါသည်။ အစိုးရပိုင်းနှင့် နေရာအများတွင် သူ့သြဇာမှာ ကြီးမားတုန်းပင် ဖြစ်ပါသည်။
တခါတရံ သူငယ်စဉ်က သူနှင့်ရန်သူဖြစ်ခဲ့သူများကို မည်သို့လုပ်လိုက်ပုံများကို ပြောပြလေ့ရှိသည့်ပြင်၊ သူ့ကို မကောင်းကြံသူမှန်လျှင် တိမ်ဖျားတွင် တက်ကပ်နေသည်ပင်ဖြစ်စေ၊ ရအောင်ချမည်ဖြစ်ကြောင်း၊ သူ့ထက် အသက်အများကြီး ကြီးသော အရာရှိကြီးတစ်ဦးသည် သူ့အားအစ်ကိုကြီးဟုခေါ်ကြောင်း၊ ထိုသူသည် သူ့အား နိမ့်ကျအောင် အကြီးအကျယ် ချောက်တွန်းခဲ့ဘူးကြောင်း၊ သို့ရာတွင် မကြာသေးမီက သူ့ကို လာရောက် တောင်းပန်ကြောင်း၊ အိမ်ရှေ့သရက်ပင်အောက်တွင်သူ့ခြေထောက်ကိုလာဆုပ်ကြောင်း၊ သူက 涛ကိစ်္စမရှိပါဘူး粕 ဟုပြောလိုက်ကြောင်း၊ သို့သော် ဤလူမျိုးကို ဘယ်နည်းနဲ့မှမကြေကြောင်း၊ တိမ်ဖျားတွင်ကပ်နေစေဦး၊ မြေကြီးကလူ ဖြစ်သောကြောင့် တစ်နေ့မြေကြီးရောက်လာလျှင် ဘယ်နည်းနှင့်မျှ သူ့လက်ကမလွတ်ကြောင်း၊ စသည်ဖြင့်လည်း အာရပါးရ ဒေါနှင့်မောနှင့် ပြောလေ့ရှိပါသည်။
ထို့ကြောင့် ဦးစောက 涛တစ်ညဥ့်အိပ်ထက်ပိုမကြာစေနဲ့粕ဟု မှာသည်ကို ကျွန်တော်တို့ မလွန်ဆန်နိုင်ပါ။ အိပ်မွေ့ချ ထားခြင်းခံရသော သူများကဲ့သို့ပင် ဖြစ်နေပါသည်။ သူ့သြဇာသည် ကျွန်တော့်အပေါ်တွင်သာမက အားလုံးသောကျွန်တော်တို့လူစုအပေါ်တွင် လွှမ်းအုပ်လျက်ရှိပါသည်။
ယနေ့အထိ ဦးစောအိမ်သို့ကျွန်တော်ရောက်နေသည်မှာ တလကျော်ကျော်ရှိပါပြီ။ ဦးစောအိမ်က လက်ဖက်ရည် အချိုသောက်၍ ထမင်းသာစားပါသည်။ ဆေးလိပ်ဖိုး တစ်ပြားပင် မယူဖူးပါ။ ကျွန်တော့်အိမ်က ငွေ၂၀၀ခန့် ပါခဲ့သည့်အထဲမှပင် ဆေးလိပ်ဝယ်သောက်ပါသည်။ ဦးစောကလည်း ပိုက်ဆံမပေးပါ။ အခြားလူများအား ပေးသည်ကိုလည်း မမြင် မတွေ့မိပါ။ လူအများအတွက် ချက်ရသဖြင့် တခါတရံ ဟင်းမကောင်းပါ။ ထိုအခါ မျိုးတွင် အခြား ၄၊ ၅ယောက်နှင့်အတူ မြို့ထဲသွားပြီး ကိုယ့်ပိုက်ဆံနှင့် ကိုယ် ထမင်းဝယ်စားကြပါသည်။ တစ်ယောက်တည်း ၂ယောက်တည်းလည်း မသွားပါ။ သံသယအဖြစ်မခံနိုင်ပါ။ သူအယုံကြည်ဆုံး လူအချို့နှင့် အတူသွား၍ အတူပြန်ကြပါသည်။ ကျပ်တည်း လာသောရက်ပိုင်းများတွင်မူ လုံးလုံးမထွက်နိုင်ကြတော့ပါ။
ဘရင်းဂန်းများမရောက်မီက ကျွန်တော့်မိန်းမမှာ ကိုယ်လေးလက်ဝန်ကြီးနှင့်ဖြစ်သဖြင့် အိမ်ပြန်လိုကြောင်း ကိုသက်နှင်းကို ပြောပြရာ၊ ကိုသက်နှင်းကဦးစောကိုသူပြောပေးမည်ဟုပြောပါသည်။သို့သော်လည်း ဘရင်းဂန်း များ သွားပို့မှပင်ရောက်ခဲ့ရပါသည်။ ယခုလည်း ကိုသက်နှင်းအား ခေတ်္တပြန်လိုကြောင်း သုံးလေးကြိမ်မျှ ကျွန်တော်ပြောပြရာ၊ ကိုသက်နှင်းက အရိပ်အခြည်ကြည့်ပြီး သူပြောပေးပါမည်ဟု ပြောပါသည်။ သို့ရာတွင် သူကိုယ်တိုင်လည်း ပြောရဲဟန်မတူလှပါ။ ကျွန်တော်လည်း တိုက်ရိုက်မပြောဝံ့ပါ။ ဦးစောကလည်း ကျွန်တော် တို့ ရောက်ခါစနှင့် မတူတော့ပါ။ မျက်နှာ တော်တော်တင်း၍ စိတ်အတော် ခက်ထန်နေပါသည်။
ဦးစောအိမ်သို့ရောက်သည့်အထဲတွင် ကျွန်တော်တို့မှာ နောက်အကျဆုံးလောက်ဖြစ်ပါသည်။ ဦးစောကလည်း လူကြီးများကဲ့သို့ပင်ဆက်ဆံပါသည်။ သို့ရာတွင် တစ်ခါမှ ကျွန်တော်တို့နှင့်အတူရော၍ ထမင်းမစားဘူးပါ။ ကျွန်တော်တို့ရောက်ခါစကတွေ့ရသည်မှာ အိမ်ဘေးကန်ဘက် မျက်နှာပြုသောနေရာကလေးတွင် လသာသာ
အောက်၌ သူတစ်ယောက်တည်းထမင်းစားလေ့ရှိပါသည်။ ဒေါ်သန်းခင်နှင့် ဘေဘီစောတို့ပင် အတူစားသည် ကို မတွေ့ဘူးပါ။ ဟင်းတစ်ပွဲပြီးတစ်ပွဲ လာချသည်ကို စားလိုက်၊ ကန်ဘက်ကြည့်ပြီး စဉ်းစားလိုက်နှင့် တစ်ယောက်တည်း ဇိမ်ရှိရှိ စားလေ့ အကြံထုတ်လေ့ရှိပါသည်။ သူ့ထမင်းပွဲနားသို့ အိမ်သားများ မည်သူမျှ မလာကြပါ။ ကျွန်တော်နှင့် ကိုသက်နှင်းမှာ ရောက်ခါစဖြစ်သောကြောင့် သူစားနေသော မြန်မာထမင်းဝိုင်းနှင့် မလှမ်းမကမ်း နေရာရှိစားပွဲကလေးတွင် လက်ဖက်ရည်ကြမ်းသောက်နေမိကြပါသည်။ သူကြိုက်သည် မကြိုက် သည်လည်းမသိပါ။ ဘယ်ဟာကိုဦးစောကြိုက်၍ ဘယ်ဟာကို မကြိုက်သည် အိမ်မှာ ဘာစည်းကမ်း တွေရှိသည် ကိုလည်း ကျွန်တော်တို့ မသိကြပါ။
အရက်ကလေးကို ဇိမ်ခံသောက်ပြီးနောက် ဦးစောသည် ထမင်းစားနေရာမှနေ၍ တခါတရံ တခွန်းစ နှစ်ခွန်းစ ကျွန်တော်တို့ ဆီကိုစကား လှမ်းပြောပါသည်။သူပြောမှပင်ကျွန်တော်တို့လည်းပြန်ပြောကြပါသည်။ သူကလည်း တစ်ခွန်းတလေပြောပြီး နောက်မှီကလေးကို မှီလိုက်၊ လက်သုတ်ပ၀ါနှင့် လက်များကို ပွတ်လိုက်၊ စားလိုက်နှင့် စိတ်ကူးထုတ်နေဟန် တူပါသည်။ လမသာလျှင်လည်း အိမ်တွင်းမှ မီးရောင်ကလေးက လသာရောင်မျှလောက် ထိုးပေးလျှက် ရှိပါသည်။ ရေဒီယိုတီးဝိုင်း ကလည်းအိမ်ခန်းထဲမှ နေ၍ငြိမ့်ငြိမ့်ညောင်းညောင်း ဖြည်းဖြည်းသာသာ ဖြင့် လျှံထွက် လျှက်ရှိပါသည်။ ထမင်းစားပြီးသောအခါ ခဏတစ်ဖြုတ် ကျွန်တော်တို့ကို ရယ်စရာမောစရာ လှမ်းပြောတတ် ပါသေးသည်။ တစ်ခါ ထမင်းစားလျှင် အနည်းဆုံး တစ်နာရီခန့်ကြာပါသည်။ များသောအားဖြင့် ကျွန်တော်တို့မှာ သူထမင်းစားပြီးသည် အထိထိုစားပွဲကလေး တွင်မရှိကြပါ။ သူတစ်ယောက်တည်းသာ သူ့နေရာ နှင့်သူ အချိန်ယူပြီး အကြံဉဏ် ထုတ်နေလေ့ရှိပါသည်။
ဝါဆိုလ မိုးရာသီရောက်လာသောအခါတွင်မူ တိုက်တွင်းအလယ်ခန်းရှိ ထမင်းစားပွဲတွင် သူတစ်ယောက်တည်း ပင် စားလေ့ရှိပါသည်။ မည်သူမှသူနှင့် အတူစားသည်ကို မတွေ့ဘူးပါ။ တစ်အိမ်လုံးကသူ့ကို အလွန်ကြောက်ကြ ရဟန်တူပါသည်။ ရောက်ခါစတွင် ဒေါ်သန်းခင်ရော ဘေဘီစောပါ အိမ်တွင် ရှိကြသည်ကို တွေ့ရပါသည်။ များမကြာမီ ဘေဘီစောကလေးသည် ကျောင်းအိမ်ကျောင်းစား သွားနေပါသည်။ များမကြာမီ ဒေါ်သန်းခင်ကို လည်းမတွေ့တော့ပါ။ ရက်အနည်းငယ်ကြာမှ အင်းစိန်သို့သွား၍ ဥပုသ်သီတင်း စောင့်နေကြောင်းသိရပါသည်။
ဦးစောနေသောအိမ်တွင် ဦးစော ၊ ကိုဘညွန့် နှင့် ဆံပင်ဆံတိုနှင့် အခိုင်းအစေ မိန်းကလေးတစ်ယောက်သာ အိပ်ကြပါသည်။ အခြားသူများမှာ ၀င်းကြီးအတွင်းရှိ အခြားအိမ်များတွင် အိပ်ကြပါသည်။ ဤအချိန်ပိုင်းတွင် အချို့ကို နေရာခွဲ၍အိပ်စေသည်။ အချို့ကိုလည်း နေ့တာဝန်ညဥ့်တာဝန် ချထားဟန်တူပါသည်။ ဦးစောမှာ လည်းခါတိုင်းနှင့်မတူအားလုံး အပေါ်တွင်တင်းကျပ် လာပါသည်။ မျက်နှာသာမပေးတော့ပါ။ ဇိမ်ရှိရှိအေးအေး ချမ်းချမ်း စိတ်ကူးထုတ်ရင်း ထမင်းစားလေ့ရှိသော သူ့ထံမှ ဒေါပွပြီး ဆူညံသံ တခါတရံ ကြားရပါသည်။ ကျွန်တော်တို့နှင့် ပြေပြေပြစ်ပြစ် စကားစမြည်ပြောနေသော အချိန်အခါဟူ၍ မရှိတော့ပါ။
စောစောပိုင်းကဆိုလျှင်ဝင်းကြီးထဲ၌တော်မီသေနတ်လေ့ကျင့်သူကလေ့ကျင့်လေ့ရှိကြပါသည်။ဦးစောကိုယ်တိုင်လည်း တော်မီ၊ သို့မဟုတ် စတင်းကို ထုတ်လာကာ ကန်ဘေးတွင် တန်းစိုက်ထားသော သရက်ပင်များ အရင်းတွင် ထားရှိသည့် သံပုံးပေါက် စသည်တို့ကို လက်တည့်စမ်း လေ့ရှိပါသည်။ ကျည်ဆံတွေ ကလည်းပေါ၊ ခြံကြီးကလည်းကြီး သဖြင့် ခြံကြီးအတွင်း ဘာလုပ်နေသည်ကို အပြင်လူများ သိကြဟန်မတူပါ။
အကြောင်းသိ၍ တစုံတယောက်က ပြည်လမ်းမပေါ်မှ စောင့်ကြည့်မည်ဆိုလျှင်မူ သေသေချာချာ သိနိုင်မြင်နိုင် ပါမည်။ သေနတ်ပစ်သည် မှာလည်း ပြည်လမ်းဘက်သို့ ဦးတည်၍ သစ်ပင် ခြေရင်းကို ချိန်ပြီးပစ်သဖြင့် ကျည်ဆံမှာ အပေါ်သို့ ထောင်မတက်ပါ။ သရက်ပင်နှင့် လွဲသွားစေကာမူ ရေကန်ထဲသို့သာ ရောက်ပါသည်။
ယခုမူဤလေ့ကျင့်ခြင်းမျိုးလည်း ရပ်ဆိုင်းနေကြပါသည်။ဦးစောလည်းကားနှင့်အပြင်ထွက်လိုက်၊ ပြန်လာလိုက် နှင့်အလွန် အလုပ်ရှုပ် နေပါသည်။နေ့ရောညဥ့်ပါ အလုပ်များနေပါသည်။ အမှုထဲပါကြသော မေဂျာ ဗီဗီယန်းနှင့် ကက်ပတိန်ဘီဗင်တို့လည်း အိမ်ကို အ၀င်အထွက် များကြသော လူမျိုးခြား များထဲတွင် အပါအ၀င်ဖြစ်ကြပါ သည်။ ကက်ပတိန်ဘီဗင်မှာ ဘရင်းဂန်း ထုတ်သည့် နေရာတွင်ပင် အလုပ်လုပ်သူဖြစ်၍ ဘရင်းဂန်းထုတ်စဉ်က လက်မှတ်တု လုပ်ပေးသူဟုသိရပါသည်။ စောဘဦးကြီးနှင့် အတူသေပြီဟု သတင်းစာထဲတွင်ပါဘူးပြီး မကြာမီက ရှိသေးသလိုလို သတင်းစာတစ်စောင်တွင် တွေ့လိုက်ရသော ကက်ပတိန် ဘီဗင် ပင်ဖြစ်ပါသည်။
အိမ်ပြန်လိုသော သူများမှာတော်တော် များနေကြပါလိမ့်မည်။ ကိုသက်နှင်း ကလည်း ကျွန်တော့်အတွက် ပြောမပေး သဖြင့်ကျွန်တော် ခေတ်္တပြန်လိုကြောင်း အရဲစွန့်၍ ပြောဘို့ကြံမိပါသည်။ သို့ရာတွင်တစ်နေ့သောညနေ၌ဦးစော သည်အိမ်ဝင်းထဲတွင် စိတ်ကူးထုတ်ရင်း ခပ်ဖြည်းဖြည်း လမ်းလျှောက်နေပါသည်။ ကျွန်တော်တို့သုံးယောက်မှာ လည်း ဦးစောနှင့်သိပ်မဝေးပါ။ အုတ်ဖိုနယ်ဖက်မှ ကိုရှိန်ကလေးဆိုသူသည် (ပို၍အသက်ကြီးသော ကိုရှိန်ကိုမူ ကိုရှိန်ကြီးဟုခေါ်သည်) ဦးစောအနီးသို့ ရို့ရို့ကလေးသွားကာ 涛ကျွန်တော့်ကို ပြန်ဖို့ ခွင့်ခဏပေးပါ၊ ၂ရက် အတွင်းကျွန်တော်ပြန်လာပါမယ်粕ဟုပြောရာ၊ ဦးစောက涛လူတွေ ဒီလောက်အလုပ်ရှုပ်နေရသည့်အထဲ ခင်ဗျားက အိမ်ပြန်ချင်သလား၊ ပြန် ပြန် ဘယ်တော့မှ ပြန်မလာခဲ့နဲ့粕 စသည်ဖြင့် ငေါက်ငန်းမန်မဲလိုက်ပါသည်။ ဤသို့ပြောနေသည်ကို ကျွန်တော်တို့ကြားလည်းကြားနေ ရပါသည်။မြင်လည်း မြင်နေကြရပါသည်။ ထို့ကြောင့် ကျွန်တော်လည်း လက်လျော့ လိုက်ပါသည်။
လူ၃၀ကျော်ရှိကြသည့်အနက် ဦးစောက ဘယ်သူတွေသည် အရင်းဆုံး၊ စိတ်အချရဆုံး၊ ဘယ်သူတွေကို အစစ တိုင်ပင်နိုင်သည်။ ဘယ်သူတွေကိုမူမတိုင်ပင်နိုင်၊ ဘယ်သူတွေကို ဘယ်လိုနေရာမှာအသုံးချရမည် စသည်တို့ကို ဝေဘန်တိက ပြုထားပြီးဟန်ရှိပါသည်။ ဤလူစုထဲတွင် ကိုစိုးမှာ အရင်းကျဆုံးလူတစ်ယောက်ဖြစ်ပါသည်။ သူဤအိမ်သို့ရောက်နေသည်မှာ လည်းအကြာဆုံးသူတစ်ယောက်ဖြစ်သည့်အပြင် ဂဠုန်အစစ်ဆုံးလည်းဖြစ်ပါ သည်။ကိုစိုးမှာ မင်းလှမြို့နယ်ကဖြစ်၍ စားနိုင်သောက်နိုင် ချောင်ချောင်လည်လည် ဖြစ်ပါသည်။ အသက်၄၀ကျော် လောက် ရှိပါပြီ။
ကိုဘညွန့်မှာ အိုးသည်ကုန်းမြို့ တရားရုံးတစ်ရုံးတွင် ရှေ့ဖတ်စာရေးလုပ်ဖူး၍ အကြံဉဏ်ကောင်းသူ တစ်ဦး ဖြစ်ပါသည်။ ဦးစောက သူ့အိမ်တွင် အတူနေစေ၍ အတော်လည်း ယုံကြည်ပါသည်။ အသက်၃၀အောက်မှာပင် ရှိပါလိမ့်မည်။
ကိုသက်နှင်းမှာလည်း ကျိုက်လတ်မြို့က ဂဠုန်လက်ဟောင်း ဖြစ်ပါသည်။ ဦးစောကို အလွန်လေးစား၍ ဦးစော ကလည်း အလွန်ယုံကြည် ပါသည်။ ထိုအခါက အသက်၄၀ကျော်လောက်ရှိပါပြီ။
မှုံကြီးမှာ အုတ်ဖိုအနီးအနားတ၀ိုက် တောရွာကလေး တစ်ရွာက ဖြစ်ပါသည်။ ပညာလည်းမတတ်ရှာပါ။ ရိုးရိုးအလုပ်ကြမ်းသမားတစ်ယောက်သာဖြစ်ပါသည်။ ဦးစောက သူခိုင်းသမျှရမည် ဆိုသောသဘောနှင့် ခေါ်ထား ဟန်ရှိပါသည်။ အိမ်တွင်လည်း အခိုင်းအစေသဘောမျိုး ဆန်ဆန်ပင် နေရရှာပါသည်။ အမှုဖြစ်စဉ်က အသက် ၃၀နီးပါး လောက်ရှိပါလိမ့်ဦးမည်။
ရန်ကြီးအောင်မှာ ဦးစောတူ တော်ပါသည်။ ဦးစော ညီအစ်ကို တ၀မ်းကွဲက မွေးသူဖြစ်ပါသည်။ ဘားလမ်း အချုပ်ခန်းထဲတွင် ရန်ကြီးအောင် ရန်ကြီးနိုင်တို့ နှစ်ယောက်နှင့် ကျွန်တော် ရက်ပေါင်း ၅၀လုံးလုံးအတူနေရရာ ထိုအခါမှပင် သူတို့နှင့်စကားပြောဘူးပြီး သူတို့ ဘ၀ဖြစ်အင် များကိုလည်း သိရပါသည်။
ရန်ကြီးအောင်မှာအဘမ်းခံရစဉ်က ၁၆နှစ်သာ ရှိပါသေးသည်။ ရန်ကြီးနိုင်ဆိုသော ကလေးမှာလည်း မတိမ်းမယိမ်း ပင်ဖြစ်ပါသည်။ အလွန်ပင်ငယ်ကြ ပါသေးသည်။ ရန်ကြီးအောင်သည် သတ်ရဲဖြတ်ရဲပစ်ရဲခတ်ရဲ မိုက်သွေးရှိသော လူငယ်ကလေး တစ်ယောက်ဖြစ်ပါသည်။ သို့ရာတွင်ဗိုလ်ချုပ်အောင်ဆန်းကို လူကိုယ်တိုင် တစ်ခါမှ မမြင်ဘူးပါ။ အတွင်းဝန်ရုံးကို မည်သို့ဝင် မည်သို့ထွက်ရသည်ကို သိဖို့ဝေး၍ အတွင်းဝင်ရုံး ဆိုသည်မှာ ဘာဆိုသည်ကိုပင် သူမသိရှာပါ။ အခြားသူများနှင့် လိုက်သွားပြီး၊ အခြားသူများပစ်ခတ်သော လူစုထဲသို့ခိုင်းစေညွှန်ကြားသည့် အတိုင်း ၀င်ရောက်ပစ်ခတ်သူဖြစ်ပါသည်။ နိုင်ငံရေးလည်း ဘာမှနားမလည်ပါ။ ဘားလမ်းအချုပ်ခန်းအတွင်း၌ အတူနေရစဉ် လုပ်ကြံမှုကြီးထဲသို့သူပါလာရပုံကို ရန်ကြီးအောင်က ပြောပြ၍ ဤအတိုင်း ကျွန်တော် သိခဲ့ရပါသည်။
စိန်ကြီးသည် ကြို့ပင်ကောက်ဇာတိဖြစ်ပါသည်။ ဂျပန်တော်လှန်ရေးတွင် ထိုနယ်၌တာဝန်ထမ်းဆောင်ရသော တပ်မတော်သားကလေးတစ်ယောက် ဖြစ်ပါသည်။ သာယာဝတီ ပေါင်းတည်နယ် တ၀ိုက်မှ တပ်မတော်ထဲတွင် ကြီးပွားနေကြသူ အတော်များများသည် သူနှင့်မိတ်ဆွေများဖြစ်၍ တော်တော် ပင်ခင်မင်ကြကြောင်း သိရှိရပါသည်။
စိန်ကြီးနှင့် ရန်ကုန်ထောင်ကြီးကြိုးတိုက်အတွင်း ရက်ပေါင်းများစွာ အတူနေခဲ့ရသဖြင့် သူပြောပြချက်အရ ကျွန်တော်သိရှိရသည်မှာ အလွန်ဆန်းကြယ်လှပါသည်။ စိန်ကြီးမိဘများမှာပစ်္စည်းဥစ်္စာအတော်အသင့် ချမ်းသာ ကြပါသည်။ နိုင်ငံရေးအားဖြင့် မျိုးချစ်ပါတီကို ထောက်ခံပြီးဦးစောကို ပုဂ်္ဂိုလ်အရအလွန်လေးစားကြည်ညို သူများ ဖြစ်ကြပါသည်။ သူ့အစ်ကို နှစ်ယောက်ကမူ ရိုးရိုးကုန်သည်များ ဖြစ်ကြပါသည်။
တော်လှန်ရေးပြီးသည့် နောက်စိန်ကြီးသည်ကြို့ပင်ကောက်ပြည်သူ့ရဲဘော်အဖွဲ့ ဖွဲ့စည်းရာတွင် အရေးကြီးသော ရဲဘော်တစ်ယောက် အဖြစ်ဖြင့် ပါဝင်ခဲ့ရသည်။ ထို့နောက်စစ်ခေါင်းဆောင်ဖြစ်ပြီး များစွာတက်တက်ကြွကြွ ဆောင်ရွက်သူဖြစ်သည်။ သူ့မိဘများမှာ ဦးစောဘက်သာ အားသန်သူများဖြစ်၍ စိန်ကြီးယခုကဲ့သို့ လုပ်ကိုင်နေ သည်ကိုနည်းနည်းမှသဘောမကျကြပါ။ ဦးစောကလည်း ဗိုလ်ချုပ်အောင်ဆန်းကို ယှဉ်ပြိုင်ရန် ပြင်ဆင်နေပြီ ဖြစ်ရာ၎င်းတို့သားတစ်ယောက်သည် ဦးစောကိုဆန့်ကျင်သောပြည်သူ့ရဲဘော်အဖွဲ့တွင်မားမားကြီးဆောင်ရွက် နေသည့်အတွက် ၄င်းတို့စိတ်ထဲတွင် မသက်သာကြဟု ဆိုပါသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့သည် ပြည်လမ်းဘက်သို့ စည်းရုံးရေးထွက်ကြသည်။ ဦးစောကလည်း သူ့လူစု နှင့်သူ ထွက်ပြန်သည်။ ကြို့ပင်ကောက်သို့ရောက်သောအခါ စိန်ကြီးမိဘများနှင့် တွေ့၍ စိန်ကြီးအကြောင်းကို စကားစပ်မိကြသည်။ ထိုအချိန်က ဦးစောမှာ လူငယ်လူရွယ်၊ လူတော်လူကောင်း အလွန်လိုနေသော အချိန် ဖြစ်သဖြင့်လူထုထောက်ခံမှုရှိ၍ ခေါင်းဆောင်မှုအတော်အသင့်ရနေသောစိန်ကြီးအကြောင်းကို ကြားရသောအခါ ငန်းငန်းတက် လိုချင်လေတော့သည်။
စိန်ကြီးမိဘများက ၄င်းတို့သားအား ပြည်သူ့ရဲဘော်တပ်ဖွဲ့မှထွက်၍ ဦးစောနောက်သို့လိုက်ရန်ပြောရာ စိန်ကြီးက ခါးခါးသီးသီးငြင်းသည်။ နိုင်ငံရေးအယူအဆချင်း မတူသူတစ်ဦးနှင့် ပေါင်း၍ မလုပ်နိုင်ကြောင်း တင်ပြသည်။ ဦးစောဝါဒကို မကြိုက်ကြောင်းလည်း အတိအလင်းပြောပြသည်။ မိဘများကမူ စိတ်မလျှော့ကြ၊ ၄င်းတို့သားအား အတင်းရောအဓမ်္မပါ ဦးစောနှင့်ထည့်တော့သည်။ သားဖြစ်သူက မိမိမှာပြည်သူ့ရဲဘော် ခေါင်းဆောင် တစ်ဦးဖြစ်၍ ဤသို့မလိုက်နိုင်ကြောင်း ငြင်းဆန်သော်လည်း ဦးစောနှင့်တွေ့ဆုံပေးကြသည်။ ဦးစောသည် လူချင်းတွေ့စ ကျအောင်လုပ်နိုင်သောဝိဇ်္ဖာတစ်ယောက်ဟုဆိုလျှင်လွန်မည်မထင်ပါ။ ကိုသက်နှင်း ခေါ်သွား၍ စိန်ကြီးထက် အသက်ကြီးသဖြင့် အတွေ့အကြုံ အတော်အတန်ရှိသော ကျွန်တော်ပင်လျှင် ဦးစော အဆွဲဓါတ်ကို မခံနိုင်ဘဲ ရှိခဲ့ပါသည်။ သတိ္တကောင်း၍ တက်ကြွသော လူငယ်ကလေးပင်ဖြစ်သော်လည်း ဦးစောကမူ မရအရဆွဲမည်မှာ သေချာပါသည်။ ဆွဲလည်းဆွဲခဲ့ပါသည်။
စိန်ကြီးသည် မိဘကို အားနာ၍၄င်း ဦးစောကို အားနာ၍၄င်း ကြို့ပင်ကောက်တရားပွဲတွင် ဦးစောအနား၌ နေရပါသည်။ ဦးစောကလည်းသူနှင့် ဝေးဝေးမခွာစေဘဲ နေရာပေးသည်။ ကားနှင့်သွားလည်း သူ့ဘေးမှာပင် ထိုင်ခိုင်းသည်။ စိန်ကြီးကမူ အနည်းငယ်မျှစိတ်မချမ်းသာ။ ပြည်သူ့ရဲဘော်အချင်းချင်းလည်း ရှက်၍နေသည်။ မျက်နှာပင် မပြချင်။ထို့ကြောင့်ဦးစောပြည်ဘက်သို့ဆက်၍မတက်မီတစ်ချိန်တွင်စိန်ကြီးသည်လစ်ပြီးရှောင်ပြေး သည်။ ဦးစောသည် ခရီးဆက်မထွက်ဘဲ စောင့်နေသည်။ မိဘများက လိုက်၍ရှာကာ ဦးစောနှင့်အတူ လိုက်စေပြန် ပါသည်။ ဦးစောကလည်းကားပေါ်တွင် သူ့ဘေးကပင် ထိုင်လိုက်စေပါသည်။ လမ်းတနေရာတွင် စိန်ကြီးထပ်၍လစ်ပြန်သည်။ ဦးစောကလိုက်၍ရှာပြီး ထပ်ခေါ်ပြန်ပါသည်။ နောက်တနေရာတွင်မူ စိန်ကြီးသည် ကြို့ပင်ကောက်အရောက် ပြန်ခဲ့သည်။ ဦးစောလည်းလိုက်မရှာနိုင်။ မစောင့်နိုင်ဘဲ ပြည်ဘက်သို့ဆက်၍ တက်သွားတော့သည်။
အသွားတွင်သာအစောင့်အရှောက်လို၍ခေါ်ခြင်းဖြစ်သည်။ အပြန်တွင် ခေါ်တော့မည်မဟုတ် ဟုစိန်ကြီးကယူဆ ကာ ခပ်ပေါ့ပေါ့ပင်အိမ်၌နေလိုက်သည်။ ကျားကုတ်ကျားခဲ နိုင်သောဦးစောသည်အပြန်ခရီးတွင် စိန်ကြီးမိဘ များထံ ၀င်ရောက်နှုတ်ဆက်ပြီး စိန်ကြီးပြန်ရောက် မရောက်မေးသည်။ ထိုအခါစိန်ကြီးနှင့် ပက်ပင်းပါတွေ့ နေရာ ခက်ပြန်တော့သည်။ မိဘများက ၄င်းတို့သားကို ပြည်သူ့ရဲဘော်တပ်ဖွဲ့ထဲတွင် မမြင်လို၍ ဦးစောနှင့် ရန်ကုန်လိုက်သွားရန် အတင်းတွန်းထိုးထည့်ကြသည်။ ဦးစောကလည်း ဇွတ်တရွတ်ခေါ်ပြန်သည်။ စိန်ကြီးသည် မိဘများစိတ်မကောင်းဖြစ်မည်စိုးသည်။ ဦးစောကိုလည်း အားနာသည်။ ထို့ကြောင့် ဦးစောဘေးက ထိုင်ကာ ရန်ကုန်သို့လိုက်ခဲ့သည်။
ထို့ပြင်စိန်ကြီးမှာ အခြားစိတ်ကူးလည်းပေါ်လာသည်။ အင်းယားစောင်းဦးစောအိမ်သို့ရောက်လျှင် ဦးစောသည် စိန်ကြီးအား အခြားသူများထက် မျက်နှာသာ ပိုပေးသည်။ ဂျစ်ကား ကောင်းကောင်းနှစ်စီးရှိရာ စိန်ကြီးသည် ဂျစ်ကားတစ်စီးကို ဘယ်အခါမဆို ထုတ်မောင်းသွားလာနိုင်သည်။ မကြာမကြာလည်း ကားမောင်းပြီးထွက်သွား လေ့ ရှိသည်။
စိန်ကြီးသည် လူရည်သန့်သည်။ စကားမှန်မှန်ပြောသည်။ ဆက်ဆံရေးကောင်းသည်။ သပ်ရပ်ကောင်းမွန်စွာဝတ်စား လေ့ရှိသည်။ ဦးစောကိုလည်း ခပ်မှန်မှန် ခပ်တည်တည်ပင် ပြောဆို ဆက်ဆံပေါင်းသင်းပါသည်။ မျက်နှာလို မျက်နှာရအပိုအလို ပြောဆိုဆက်ဆံခြင်းမရှိ။ ထို့ကြောင့် ဦးစောကလည်း သူ့ကို အထင်မသေးနိုင်။
ဂျပန်ခေတ်က ကြို့ပင်ကောက်နယ်သို့ ရန်ကုန်မှ စစ်ပြေးပြေးကာ လာရောက်နေသူများအနက် ကျောင်းသူရွယ် မိန်းကလေးတစ်ဦးသည် ဖက်ဆစ်တော်လှန်ရေးအချိန်တွင် တော်လှန်ရေး၌ ပါလာသည်။ သူနာပြုလုပ်ငန်း တာဝန်များကို ဆောင်ရွက်နေသည်။ ထိုမိန်းကလေးနှင့်စိန်ကြီးသည် လူငယ်တို့ဘာဝသမီးရည်းစားဖြစ်ကြသည်။ သို့ရာတွင် စိန်ကြီးမိဘများက ၄င်းတို့သားကို ထိုမိန်းကလေးနှင့် သဘောမတူ။ မိန်းကလေးမိဘများကလည်း သူတို့သမီးကို စိန်ကြီးနှင့် သဘောမတူ။ စစ်ပြီးသောအခါမိန်းကလေးနှင့်မိဘများသည် ကြည့်မြင်တိုင် စမ်းချောင်းသို့ ပြန်၍ပြောင်းလာရာ ပျိုရွယ်သူနှစ်ဦးမှာ ချစ်ပင်ပျိုးစ၌ပင် ခွဲခွာလိုက်ကြရသည်။ မလွှဲသာ၍ ဦးစောနှင့်ရန်ကုန်လိုက်ခဲ့ရသောစိန်ကြီးသည် သူ့ချစ်ရည်းစားကိုတွေ့အောင်ရှာရန် အခွင့် ကောင်းရတော့သည်။ ထို့ကြောင့်ပင် ဂျစ်ကားတစ်စီးယူကာ စိန်ကြီး ထွက်ထွက်သွားခြင်းဖြစ်သည်။ တခါတရံသူ့သူငယ်ချင်း မိတ်ဆွေ များရှိရာပြည်သူ့ရဲဘော်တပ်ဖွဲ့သို့လည်းအလည်အပတ် သွားလေ့ရှိသည်။ဤအကြောင်းကို ဦးစောမသိပေ။
သူ့ရည်းစားသည်သည် ကျောင်းပြန်၍နေသည်။ ဂါဝန်ကလေးနှင့် ကွန်ဗင့်ကျောင်းတစ်ကျောင်းသို့တက်သည်။ စိန်ကြီးက ရှာ၍တွေကသောအခါ ၀မ်းသာကြသည်။တခါတရံ ကျောင်းပြေးပြီးစိန်ကြီးနှင့် အတူအင်းယားဘက်သို့ သွားကာ အချိန်ကုန်သည်အထိ စကားပြော နေတတ်ကြသည်။ စိန်ကြီးကမူ မိန်းကလေးကို ညှာတာသည်။ သစ်္စာမဖေါက်။ အတူမနေနိုင်သေးသည့် အခြေနေကိုလည်း ပြောပြထားသည်။ကြို့ပင်ကောက်သို့ စိန်ကြီးမပြန်နိုင် သော အကြောင်းတစ်ကြောင်းမှာ ဤအကြောင်း လည်းတစ်ခု အပါအ၀င်ဖြစ်လေသည်။
ထို့ပြင် သဘောလည်းကောင်း၊ ငယ်ရွယ်သူကိုလည်း ချစ်ခင်တတ်သော စိန်ကြီးအား ကလေးငယ်အရွယ် ၁၃နှစ်သမီး ခန့်သာရှိသေးသော ဘေဘီစောကလေးကလည်း အလွန် ခင်သည်။ 涛အစ်ကို-အစ်ကို粕နှင့် ခေါ်၍ နေလေ့ရှိသည်။ စိန်ကြီးကလည်း ဘေဘီစောအား နှစ်မငယ်ကလေးအရင်းသဖွယ် ယူဆသည်။
ဤကလေးကိုခင်မင်မှုသည်လည်း ဦးစောဝါဒအစစကိုမကြိုက်သော စိန်ကြီးအဘို့ ဦးစောထံမှ ထွက်မသွားနိုင် သော အကြောင်းတစ်ရပ်ဖြစ်သည်။
တနေ့ညနေတွင် ခါတိုင်းညနေများကဲ့သို့ အင်းယားကန်တွင် ကျွန်တော်ရေချိုးဆင်းပြီးအ၀တ်အစားလဲကာ အနည်းငယ်အညောင်းဆန့်ရန်အတွက် အိမ်ရှေ့ကွက်လပ်ဘက်သို့ရောက်ခဲ့ပါသည်။ ဤအချိန်တွင် ဦးစောနှင့် အခြား ၃ဦးလောက်သည် အိမ်ရှေ့ပိုင်း တနေရာတွင် ထိုင်ကာ တစုံတခု တိုင်ပင်နေကြပါသည်။ ဦးစောက ကျွန်တော့်ကို မြင်သောအခါ လှမ်းခေါ်ပြီး 涛 ကဲ ကိုသုခ အတော်ဘဲ 粕 ဟုဆိုပါသည်။း ကျွန်တော်လည်း ကုလားထိုင်အလွတ်တစ်ခုတွင် ၀င်ထိုင်လိုက်ပါသည်။ 涛ကျွန်တော်တို့မှာ အရေးကြီးတဲ့ ကိစ်္စ တစ်ခုရှိတယ်။ ကိုသုခ ကားမောင်းရလိမ့်မယ်။ အရင်ကိစ်္စထက် အရေးကြီးတဲ့ကိစ်္စဘဲ။ ဘယ်နှယ့်လဲ။ မောင်းနိုင်ပါ့မလား။粕 ဟုမေးပါသည်။ ကျွန်တော်လည်း 涛ဘာကိစ်္စဖြစ်ပါသလဲ粕 ဟုပင် မမေးတော့ပါ။ 涛မောင်းတာပေါ့粕 ဟု ဖြေလိုက်ပါသည်။ သူဘာခိုင်းခိုင်းလုပ်ရမည့်အခြေအနေတွင်ရှိရကားမောင်းခိုင်းသည်ကိုမောင်းရမည်ပင်ဖြစ်ပါ သည်။ တစ်အိမ်လုံး ဦးစောအိမ်တွင် ရှိနေသောပရိတ်သတ် ၃၀ကျော်တွင် ကားမောင်းတတ်သူက ၃ယောက်သာ ရှိပါသည်။ ခင်မောင်ရင် စိန်ကြီးနှင့် ကျွန်တော်တို့ဖြစ်ကြပါသည်။ ဤအကြောင်းကို ဦးစောသိပြီးဖြစ်၍သူ့အစီအစဉ်တွင် ထည့်သွင်းတွက်ချက်ပြီး ဖြစ်ဟန်တူပါသည်။
涛မောင်းပါ့မယ်粕ဆိုသောစကားပြန်ရပြီးသည့်နောက် ဦးစောသည် မူလလူ၃ယောက်နှင့်ပင် ဆက်လက်၍ စကား ပြောနေပါသည်။ ခပ်တိုးတိုးပင်ဖြစ်ပါသည်။ 涛ဗိုလ်ချုပ်粕စသည်ဖြင့်သူ့စကားများထဲတွင်နာမည်နာမ တစ်လုံးမှ မပါပါ။ သို့ရာတွင် မည်သို့တက်၊ မည်သို့ဝင်၊ မည်သို့ပစ်ခတ်ရမည်စသည်များကို ပြောနေခြင်းဖြစ်ရာ တစုံတခုသော သတ်ဖြတ်မှုကို စီစဉ်နေခြင်း ဖြစ်သည်ကိုကား အနီးတွင် ထိုင်လျက် ရှိသောကျွန်တော်သည် ကောင်းစွာ ရိပ်မိပါသည်။ ကျွန်တော့်အားတမင် ခေါ်ယူတိုင်ပင်ခြင်းမဟုတ်ပါ။အိမ်ရှေ့ထွက်လာ၍ ခေါ်ပြောခြင်း သာဖြစ်ပါသည်။ အခြားသူ၃ယောက်ကမူ အပိုင်းအဆစ်တွေသိပြီး ဖြစ်ဟန်တူပါသည်။
ထို့နောက်လူစုကွဲသွားကြပါသည်။ မည်သူတွေနှင့် မည်သို့ကြိုတင်ပြင်ဆင်ထားသည်ကိုကား ကျွန်တော်ဘာမှ မသိပါ။ ယခုလူစုခွဲကြရာ တွင်လည်းဘယ်သူက ဘာတာဝန်စသည်ဖြင့်သေသေချာချာခွဲသည်ဟုလည်းမကြားပါ။ ဦးစောထသွား၍ အခြားသူများလည်း ထသွားကြခြင်းဖြစ်ပါသည်။သူတို့ကိုကြည့်ရသည်မှာ ခပ်ပေါ့ပေါ့ပင်ဖြစ်၍ တစုံတရာအခက်အခဲရှိမည်ကိုပူပင်သောဟန်အမူအရာကိုမတွေ့ရပါ။ထိုနေ့မှာ၁၉၄၇ခု၊ဇူလိုင်လ၁၈ရက်နေ့ဖြစ်ပါသည်။
ညမိုးချုပ်သော်ဤလူစုသည်တနေရာတည်းတွင်အတူတူအိပ်ကြပါသည်။ ဤကိစ်္စနှင့် ပတ်သက်၍စကားတစ်ခွန်း မှ မပြောကြပါ။ တစ်ယောက်မှလည်း စကားမစပ်ကြပါ။ ဦးစော မျက်ကွယ်တွင် တော်သည်မတော်သည် ဘာဘယ်သို့ဟူ၍ လုံးလုံးတိုင်ပင်ရဲခြင်း မရှိကြပါ။တစ်ယောက် တစ်ယောက်လည်းဘယ်လောက်ယုံကြည်ရသည် ဆိုသည်ကို မသိနိုင်ပါ။ တိုင်ပင်မိရာတွင် အစွန်းအစထွက်၍ သံသယဖြစ်ဖွယ်စကားတစ်ခွန်းကို ပြောမိပါလျှင် ထိုသူမှာ မုချသေရဘို့သာ ရှိပါသည်။
အိပ်ယာထဲမလှဲမီဝိုင်းဖွဲပြီးဟိုစကားသည်စကား ရယ်စရာများကို ပြောနေကြပါသည်။ ဦးစောသည် ရုတ်တရက် ၀င်လာပါသည်။ ရယ်မောနေကြ၍ဖြစ်ပါသည်။ 涛မထကြနဲ့ မထကြနဲ့粕ဟုလည်းလက်ကပြကာပြုံးနေပါသည်။
涛ဘာတွေများ ပြောနေကြလည်း粕ဟုလည်း မေးလိုက်ပါသည်။ ကျွန်တော်တို့ထဲမှတစ်ယောက်က 涛အလကား ရယ်စရာတွေပြောနေတာပါ粕ဟုဖြေလိုက်ပါသည်။ ခဏသာ မတ်တပ်ရပ်နေပြီး နှုတ်ဆက်ကာသူ့အိမ်သို့ပြန်သွား ပါသည်။ ကျွန်တော်ရောက်နေသော ရက်ပေါင်း၄၀ခန့်အတွင်း ကျွန်တော်တို့နေရသော ဤအိမ်ကလေးသို့ ဦးစောလာသည်မှာ ဤတစ်ကြိမ်သာဖြစ်ပါသည်။ အရေးကြီးသော အချိန်ပိုင်းဖြစ်၍ သူနှင့်တွေ့ဆုံပြီးနောက် ကျွန်တော်တို့ချင်း ဘာတွေ ဆွေးနွေးတိုင်ပင်နေသည်။စိတ်ချရမည်။ မချရမည်စသည်တို့ကို အကဲလာခတ် ခြင်းဖြစ်ဟန်တူပါသည်။ ကျွန်တော်တို့်္ဂရှိရာ အိမ်ထဲသို့မ၀င်မီက အပြင်ဘက်မှ မည်မျှကြာကြာ ရပ်ကြည့် အကဲခတ်ပြီး နားထောင်ပြီး ဆိုသည်ကို လည်း ကျွန်တော်တို့မသိပါ။
နံနက်မိုးလင်းပြီး ရေမိုးချိုးပြီး လက်ဖက်ရည်အချိုသောက်ကြပါသည်။ ၁၉၄၇ခု၊ ဇူလိုင်လ ၁၉ရက်နေ့၊ ၁၃၀၉ခု ၀ါခေါင်လဆန်း ၂ရက် စနေနေ့ဖြစ်ပါသည်။
ဦးစောက ခေါ်ခိုင်း၍ အမှုထဲပါသူတချို့ သွားကြပါသည်။ ယူနီဖေါင်းများဝတ်ကြရန်။ အသင့်ပြင်ကြရန်ပြော ပါသည်။ ခဲယမ်း မီးကျောက်အစုံနှင့် စစ်ယူနီဖေါင်းအစုံပေါင်း မြောက်မြားစွာအထပ်လိုက်အပုံလိုက် ဦးစောအိပ်သောအခန်း ထဲတွင် ရှိပါသည်။ စစ်ဦးထုပ်များလည်း ကားရုံအခန်း ၂ခန်းထဲတွင် အများကြီးဖြစ်ပါသည်။
မှတ်မိပါသေးသည်။ ဘဏ်တိုက်ကို စီးရန်ကြံစဉ်က ပါရမည့်သူများ ယူနီဖေါင်း ၀တ်ကြည့်ကြရာ တော်သူ တစ်ယောက်မှမရှိ၍အားလုံးပြင်ချုပ်ခဲ့ကြရပါသည်။ ထိုအစီအစဉ်တွင် ပါခဲ့သူများအတွက်မူ ဦးစောအခန်း ထဲမှယူနီဖေါင်းယူရန်မလိုတော့ပါ။ ကျွန်တော့်မှာ ကားမောင်းရမည့်သူဖြစ်သောကြောင့် 涛ကျွန်တော်ကော ယူနီ ဖေါင်းဝတ်ဖို့လိုပါသလား粕 ဟုမေးရာ ၊ ဦးစောက 涛ဘောင်းဘီတော့ဝတ်ပါ။ အင်္ကျီတော့ ကိစ်္စမရှိဘူး။粕ဟု ပြန်ပြောပါသည်။
အိမ်ကလေးသို့ပြန်ပြီးဘောင်းဘီစိမ်းနှင့်ရှပ်လက်တိုအဖြူကိုဝတ်ကာကျွန်တော်ပြန်လာသောအခါ 涛 ပစ်ဖို့ထဲက တစ်ယောက် လိုနေတယ် 粕ဦးစောနှင့်ကိုစိုးတို့ လူစုပြောနေကြပါသည်။ သဲသဲကွဲကွဲဆုံးဖြတ်ကြရ သေးဟန်မတူပါ။ ထို့နောက် 涛ရန်ကြီးအောင်ဘဲကောင်းတယ်粕 ဟုပြောကြကာ ရန်ကြီးအောင်ကို ခေါ်ပြီး ယူနီဖေါင်းများ ကိုစိုးနှင့် ကိုသက်နှင်းတို့က ၀ိုင်းဝတ် ဆင်ပြင် ပေးကြပါသည်။ ထို့နောက်စစ်တပ် တံဆိပ်များတပ်ဆင်ကြပါသည်။ ကောင်းစွာ မတပ်တတ်ကြသဖြင့် ရယ်ကြရ ပါသေးသည်။ နောက်ဆုံးတပ်ပြီးသည့်တိုင်အောင် စနစ်တကျ မှန်ကန်လိမ့်မည်မထင်ပါ။ ဘိနပ်များကလည်း သားရေစစ်ဘိနပ်ထူကြီးများမဟုတ်။ ကိုယ့်ဖာသာ ကိုယ်ဝယ်ပြီး တခါတရံစီးကြသော ကင်းဘတ်စ်ဘိနပ်အညိုများသာဖြစ်ပါသည်။ ဦးစောက ၀ယ်မပေးပါ။ သေသေချာချာ ဂရုပြုကြည့်လျှင် စစ်သား မဟုတ်ကြောင်းသိသာလှပါသည်။
အသင့်ဖြစ်ကြသောအခါ ဦးစောက ခပ်တိုးတိုး ဟန်အမူအရာခပ်ဖြည်းဖြည်းနှင့် မှာစရာများကို မှာနေပါသည်။ ထိုအချိန်တွင်တယ်လီဖုန်းလာ၍ဦးစောသည်တယ်လီဖုန်းရှိသောအခန်းတွင်းသို့ထသွားပါသည်။ ကျန်ရစ်သော လူစုသည်စကားတစ်ခွန်းမှမပြောကြပါ။ ကိုယ့်စိတ်ကူးနှင့်ကိုယ်တွေးနေကြပါသည်။ ဦးစောသည် တယ်လီဖုန်း ကို အသံအုပ်ပြီး တိုးတိုးပင်ပြောနေပါသည်။ ဘာပြောနေသည် ကိုမသိနိုင်။ ဦးစောနှင့်မည်သူ တယ်လီဖုန်း စကားပြောနေကြသည်ကိုလည်းကျွန်တော်မသိပါ။ ခင်မောင်ရင်၊ မှုံကြီး၊ ကိုနီနှင့်ဝ ကိုဘညွန့်တို့ စောစော ကတည်းက ဒေါဂျစ်နှင့် မြို့ထဲသွား နေကြသည်ကို အမှုဖြစ်လာမှသာ သိပါသည်။ ထိုအချိန်ကမူ မသိသေးပါ။ အိမ်အတွင်း တနေရာတွင် အစေခံမိန်းကလေးနှင့် ယောက်ျားလေးတစ်ဦးရှိကြပါသည်။ ဦးစောက ထိုကလေးများ နှင့်တာဝန် ပေးထားသူထဲက အချို့လူများကိုအသိမပေးလို၍ ဤအရေးကြီးသော အချိန်တွင် တိုးတိုးဖြည်းဖြည်း လုပ်နေ ပြောနေဟန် တူပါသည်။
တယ်လီဖုန်းပြောပြီးနောက် ခြေကိုပင်ခပ်ဖြည်းဖြည်းနင်းပြီး ဦးစောပြန်လာပါသည်။ ခပ်တိုးတိုးပင်။ သို့ရာတွင် ဒေါပါပါနှင့် ပြန်ဆက်၍ 涛ဘာမှကြောက်စရာမရှိဘူး။ လုပ်စရာရှိတာကိုသာ သေသေချာချာ လုပ်ဖို့လိုတယ်။ သတိတော့ရှိရမယ်။ သတိဆိုတာကတော့ ပိုတယ်လို့မရှိဘူး粕 စသည်ဖြင့် မှာကြားနေပါသည်။ တယ်လီဖုန်း လာပြန်ပါပြီ။ ယခင်ကအတိုင်းဦးစောထပြီး တိုးတိုးပြောပြန်ပါသည်။ ထို့နောက်ပြန်လာပြီး ဆက်ကာ အားပေး စကား၊သတိပေး စကားများပြောနေပြန်ပါသည်။မကြာမီတယ်လီဖုန်းမည်သံကြားရပြန်ပါသည်။ဦးစောထသွား၍ ဖြည်းဖြည်းပြန်လာပြန်ပါသည်။ စကားတိုးတိုးပြောနေခိုက် တယ်လီဖုန်းတစ်ကြိမ်ထပ်လာပြီးနောက် ဦးစောက
涛 ကဲ- သွားကြမယ်၊ ထကြပြင်ကြ粕 ဟုဆိုပါသည်။ ထိုအချိန်မှာ ၁၀နာရီခန့် ရှိနေမည်ဟုထင်ပါသည်။ မိုးအနည်း ငယ်ရွာနေပါသည်။ အိမ်ပေါ်ကအဆင်းလိုက် အ၀တ်ဖိနပ် ရော်ဘာခံဖ၀ါးနှင့် ရေညှိပေါ်နင်းမိ၍ ကျွန်တော် ချော်လဲရာ တော်တော်ပင် တင်ပါးဆုံ နာသွားပါသည်။ ဦးစောက 涛ဘယ်နှယ်နေလဲ။ ဘယ်နှယ်နေလဲ粕 လိုက်မေးပါသည်။ ကျွန်တော်က အသာထပြီး ကိစ်္စမရှိပါဘူးဟုပြန်ပြောကာ ကားဆီသို့ဆက်သွားပါသည်။ ထိုအခါကသာ တင်ပါးမနာဘဲ လက်ကျိုးသွားလျှင် ကျွန်တော်ကားမောင်းလိုက်ရမည်မဟုတ်ပါ။
ဂျစ်ကားကို ကျွန်တော်တို့ကိုယ်တိုင် အသင့်ပြင်ထားခြင်းမဟုတ်ပါ။ တော်မီ၃လက်နှင့် စတင်းတစ်လက်လဲ ကားပေါ်တွင်အဆင်သင့်ရှိပါသည်။ဦးစောကသူ့တာဝန်နှင့်သူ အားလုံးအဆင်သင့်ဖြစ်အောင် တာဝန်ချထားပြီး လုပ်ခိုင်းတားဟန်ရှိပါသည်။ ကားပေါ် တက်ပြီးမောင်း ထွက်သွားရန် အားလုံးအသင့်ဖြစ်နေပါသည်။ ကိုစိုး၊ ကိုသက်နှင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့ကားပေါ်ရောက်လျှင်ထွက်ပါတော့သည်။ဦးစောက လက်လှမ်းပြပြီး နှုတ်ဆက်ပါသည်။ ကားပေါ်ကလည်း ပြန်ပြ နှုတ်ဆက်ဟန် ပြုကြပါသည်။
အတွင်းဝန်ရုံးသို့သွားရာတွင်ပြည်လမ်းမကြီးပေါ်၌ ကင်း၂ကင်းရှိပါသည်။ကမာရွတ်ဂတ်အနီးတွင် တစ်ကင်း ၊ မြေနီကုန်းတွင်တစ်ကင်းဖြစ်ပါသည်။ စိန်ကြီးသည်ဤလမ်းများနှင့် ဤကင်းများကို ကောင်းကောင်းလေ့လာပြီး ဖြစ်ဟန်တူပါသည်။ အိမ်ကထွက်ပြီး ပြည်လမ်းအတိုင်း မောင်းနေရာမှ ၁၀မိနစ်ခန့်အကြာတွင် စိန်ကြီးက ဘယ်ကွေ့ခိုင်းပြီး ထိုလမ်းဤလမ်းစသည်ဖြင့်ညွှန်ပြကာ မောင်းခိုင်းပါသည်။ ထို့နောက်ဆက်မောင်း သွားရာ ဘယ်လမ်းက ဘယ်သို့မောင်းရသည် ဆိုသည်ကိုမူ ယခုမမှတ်မိတော့ပါ။ မကြာမီ ဤထောင်ကြီးနောက်ဖေးက ပြည်လမ်းမကြီးပေါ်သို့ရောက်လာ ပါသည်။ ထို့နောက်ကော်မရှင်နာလမ်း၊မောင့်ဂိုမာရီလမ်း(ယခုဗိုလ်ချုပ်လမ်း)မှ စပတ်လမ်းကိုချိုးပြီး အတွင်းဝင်ရုံး စာတိုက်ကလေးအနီးရှိစပတ်လမ်းပေါ်မှ ပထမအပေါက်ကျယ်အတိုင်း ၀င်ရပါသည်။ ဂိတ်အ၀င်တွင်ဘာဖြစ်သည်မသိပါ။ ကားအများပိတ်ဆို့နေကြပါသည်။ ထို့ကြောင့် ရပ်စောင့် နေကြရပါသည်။ ထို့နောက် စိန်ကြီးမောင်းခိုင်းသည့်လမ်းအတိုင်း ဆက်၍မောင်းကာ သူတို့ကိုတစ်နေရာ တွင်ချထားပြီး သူတို့ကိုတစ်နေရာတွင်စောင့်နေရပါသည်။ စိန်ကြီးက 涛ကားစက်မရပ်နဲ့粕 ဟုလည်း မှာခဲ့ပါသည်။
အတွင်းဝန်ရုံးပေါ်သို့ ၄ယောက်တက်သွားပြီး မကြာမီပင် 涛 ဖြောက်-ဖြောက် 粕 နှင့် အသံများကြားရသဖြင့် ပစ်ကုန်ကြပြီဆိုသည်ကို ကျွန်တော်သိပါသည်။ အသံမှာ သိပ်လည်းမကျယ်ပါ။ ၀ုံးဝုံးဒိုင်းဒိုင်းလည်း မဖြစ်ပါ။ အရွက်တွေများသော သရက်ပင်ကို ကျောက်စရစ်ခဲကလေးများ နှင့် ဆုပ်၍ လှမ်းပစ်သည်ကို မလှမ်းမကမ်းမှ ကြားရသော အသံလောက်သာ ရှိပါသည်။ ဘယ်လိုဖြစ်နေသလဲ။ သူတို့ကပဲ ပစ်နေကြသလား၊ အပြန်အလှန် ပစ်နေကြသလား၊ စသည်ဖြင့် တွေးတောနေမိပါသည်။ ခဏကြာသော် သူတို့လူသိုက် လှေကားမကြီး အတိုင်း ခပ်သုတ်သုတ် အပြေးကလေး ဆင်းလာကြပါသည်။ ကားစက်မှာ နိုးနေရာမှ သူတို့ပစ်နေသည့် အချိန်မှာပင် ရုတ်တရက်ရပ်သွားပါသည်။ နှိုးသောလည်းမရပါ။ သူတို့ဆင်းလာသည်ကို တွေ့၍ ထပ်နှိုးသော်လည်း မနိုးပါ။ ကားပေါ်လူတွေတက်မိ၍ စိန်ကြီးအတင်းနှိုးတော့မှ နိုးပါသည်။ ဤကားမှာ စိန်ကြီးကိုင်နေကြ ကားဖြစ်သည့်ပြင် ကျွန်တော့်ထက်လည်း သူက နားလည်ပါသည်။
စပတ်လမ်းဘက်သို့ပင်မောင်းထွက်ရပါသည်။ ထို့နောက်ဘယ်ချိုး ညာချိုး ဘယ်တစ်ခါချိုး ပြီး စတော့ကိတ် လမ်းအတိုင်းက ကန်တော်ကြီးသို့တက်ပါသည်။ ကျွန်တော် ကားမောင်းသည်ကို အားမရကြပါ။ 涛ခင်ဗျားကား မောင်းတာနှေးတယ်၊ နှေးတယ်粕ဖြင့် ကိုသက်နှင်း တဖျစ်တောက်တောက်ပြောနေပါသည်။ ကျွန်တော်ကလည်း ကိုယ့်အချိန်အဆနှင့်ကိုယ် အမြန်ဆုံးမောင်းနေခြင်းဖြစ်ပါသည်။
ဗဟန်းဘက်သို့ရောက်သောအခါ ကျွန်တော့်ကို ဖယ်ခိုင်းပြီး စိန်ကြီးမောင်းပါသည်။ ၃တန် ကုန်တင်ကားကြီး တွေကလည်းသွား၊ အခြားရိုးရိုး ကားများကလည်းခရီးများ ချိန်ဖြစ်သဖြင့်အမြန်မောင်းရန် အလွန်ခက်သောနေရာ ဖြစ်ပါသည်။ သို့ရာတွင်စိန်ကြီးသည် လျှင်မြန်ခြင်းကို နည်းနည်းမျှမလျှော့ဘဲ ကားတွေပိတ်ဆို့နေသည့်ကြားထဲမှပင် အမြန်ဆုံး မောင်းနေပါသည်။ ၃တန်ကားပေါင်းများစွာကို ကျော်ပြီးပြီ။ ကားတစ်ကားကိုကျော်တက်လိုက် နောက်ရောက်သွားလိုက်၊ လမ်းကျယ်လျှင် ထပ်ကျော်တက်လိုက်၊ တခါတရံ ကပ်တရာစေးလမ်းပေါ်တ၀က်၊ မြေနီလမ်းပေါ် တ၀က်မောင်းပြန်ပါသည်။ ကျွန်တော့်စိတ်ထဲ၌ တနေရာရာတွင် ကားမှောက်၍သေလိမ့်မည်ဟု ထင်မိပါသည်။ ဂျစ်ကားမှာ ဤထက်ပို၍ လျှင်မြန်နိုင်စွမ်း မရှိနိုင်တော့ပါ။
ခြံဝင်းဝသို့ရောက်လျှင် ခါတိုင်းကဲ့သို့ စောင့်မနေရပါ။ အသင့်စောင့်နေသူက ဖွင့်ပေးပါသည်။ ကားပေါ်ကနေပြီး ဦးစောကို လှမ်းကြည့်ကြရာမတွေ့ပါ။ အောက်ရောက်၍ ဟိုကြည့်ဒီကြည့်ကြည့်သော်လည်း မတွေ့ပါ။ တော်တော်ကလေး ကြာမှကန်စောင်းဘက်မှ လာနေသည်ကို တွေ့သဖြင့် ကိုစိုးနှင့် ကိုသက်နှင်းတို့က လက်သီးဆုပ်မြောက်ကာ 涛အောင်ပြီ၊ အောင်ပြီ粕ဟုလှမ်းအော်ကြွေးကြော် နှုတ်ဆက်ပါသည်။ ဦးစောမျက်နှာမှာ မကောင်းလှပါ။ ရွှင်ရွှင်ပြပြ အားရ၀မ်းသာ ရှိသည့်အသွင်ကိုလည်း တွေ့ရပါ။ သို့ရာတွင် သူကလည်း လက်သီးဆုပ်မြောက်ကာ 涛အောင်ပြီ၊ အောင်ပြီ粕 ဟု ပြန်လှန်ကြွေးကြော် နှုတ်ဆက်ပါသည်။ အိမ်ထဲသို့ ရောက်၍ ထိုင်မိသောအခါ၊ ပစ်ခတ်သူများက ဘယ်လိုပစ်လိုက်တာပဲ။ ဘယ်လိုဖြစ်သွားတာပဲ။ စသည်ဖြင့် ပြောလိုက်ကြသည်မှာ ဆူညံနေပါတော့သည်။ ထို့နောက်ဦးစောက အရက်တိုက်ပါသည်။ သူလည်းသောက်ပါ သည်။ ကိုသက်နှင်းနှင့် ကျွန်တော်တို့ကမူ မသောက်ကြပါ။ ကိုသက်နှင်းမှာ ပုတီးသမားတစ်ယောက်ဖြစ်၍ တစ်သက်လုံး အရက်ရှောင်ပါသည်။
တယ်လီဖုန်းလာ၍ ယခင်ကအတိုင်း ဦးစော စကားထပြောပါသည်။
ခဏကြာသော် ဦးစောက 涛ထမင်းစားကြ၊ အပန်းဖြေကြ粕 ဟုပြောသဖြင့် ကျွန်တော်တို့လည်း လူစုခွဲလိုက်ကာ ထမင်းစားပွဲတွင် ပြန်စုကြပါသည်။ ၀မ်းဗိုက်ထဲတွင်ကားဘာမစာမှမရှိပါ။ ၀မ်းဟာသည် ကိုကား ပြောစရာမရှိပါ။ သို့ရာတွင် ထမင်းစားချင်စိတ် လည်းမရှိ၊စား၍လည်းမရပါ။ ထို့ကြောင့်စိတ်ညစ်ညစ်နှင့် အိပ်ယာထဲသို့သွားကာ လှဲနေ လိုက်ပါသည်။ အခြားသူများလည်း အိပ်ယာသို့ရောက်လာကြပါသည်။
ညနေ၃နာရီအချိန်ခန့်တွင် အိပ်ရာမှနိုး၍ကြည့်လိုက်ရာ အိမ်ဝင်း အပြင်ဘက်၌ သံခမောက်စစ်ဦးထုပ်တွေ အမြောက်အမြားစီလျှက် ချထားသည်ကို တွေ့ရသဖြင့် များစွာ အံ့အားသင့်သွားပါသည်။ အခြားသူများလည်း နိုးလာကြပါသည်။ ကျွန်တော်ကပြောသဖြင့်ကြည့်ကြရာဝင်းကြီးတစ်ခုလုံးကို ရဲ စစ်တပ်စသည်တို့က နေရာယူပြီး ၀ိုင်းထားကြသည်ကိုတွေ့ရသည်။ ကိုစိုးကမူဆပ်မရှင်းဂန်း သေနတ်အငယ်စားကို ထဆွဲပါသေးသည်။ အခြားသူများက သူ့ကိုဆွဲထားပြီး 涛ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ၊ အားလုံး သေကုန်မှာပေါ့粕ဟုပြောကြသောကြောင့်သာ သူမပစ်ဘဲ နေလိုက်ပါသည်။
မိနစ်အနည်းငယ်မျှကြာသော် ရဲအမှုထမ်းတစ်ယောက်လာပြီး 涛 ဦးစောက ခင်ဗျားတို့ကို ခေါ်ခိုင်းလိုက်တယ်粕 ဟုပြောပါသည်။ ကျွန်တော်တို့ ထလိုက်သွားချိန်တွင် ရဲစသော လက်နက်ကိုင်များသည် ၀င်းထဲတွင်ပြည့်နေပါပြီ။
涛 ကဲ-ကဲ၊ လာကြ၊ လာကြ粕 ဟုဦးစောက ကျွန်တော်တို့ကို လှမ်းခေါ်ပြီး 涛မြို့ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ကို သေနတ်နဲ့ ပစ်သွားလို့ မသင်္ကာတာနဲ့ ကျုပ်တို့ကို နဲနဲပါးပါး ရှာချင်လို့တဲ့粕 ဟု လှမ်းပြောပါသည်။ ထို့နောက် ခရိုင်ရဲဝန်ခန့် အဆင့်အတန်း ရှိမည်ထင်ရသော အရာရှိအား 涛ရှာချင်တယ်ဆို၊ ခင်ဗျားတို့ဆီမှာ ရှာဖွေဖို့ ၀ရမ်းပါသလား 粕 ဟု ခပ်တည်တည်နှင့် မေးလိုက်ရာအရာရှိကြီးက တယ်လီဖုန်းဆက်ပါသည်။ ထို့နောက် 涛ရှာဖွေခွင့် အမိန့်ပေးပါတယ်粕 ဟုပြန်ပြောလိုက်ရာ ၊ ဦးစောက 涛ဒီလိုဆိုရင် ရှာကြပေါ့粕 ဟု ခပ်အေးအေးပင် ပြန်ပြောပါသည်။ လက်တစ်ဘက်က ၀ီစကီဖန်ခွက်ကလေးကို ကိုင်လျှက် တခါတခါ ဖြည်းဖြည်းသောက်လိုက် ခပ်ရွှင်ရွှင် စကားလှမ်းပြောလိုက်နှင့်လုပ်နေပါသည်။ ရဲများရှာသည့်နောက်သို့ လိုက်မသွားပါ။ ထိုင်မြဲ ထိုင်နေပါသည်။ သူ့အိပ်ခန်းထဲမှကျည်ဆံ အမြောက်အမြားကိုရဲများ ဆွဲထုတ်လာကြသည် ကိုလည်း သူလှည့်မကြည့်ပါ။ 涛 ကဲ- ရှာဖွေပြီးရင် ခင်ဗျားတို့ အစီအစဉ်က ဘာတဲ့တုန်း 粕 ဟု ရဲအရာရှိအား ဦးစောကလှမ်းမေးလိုက်ပါသည်။ အရာရှိကြီးလည်း တယ်လီဖုန်းဆက်ပြန်ပါသည်။ 涛လုံခြုံစိတ်ချရရေးအတွက် ခေါ်ခဲ့ဖို့အမိန့်ပေးပါတယ်粕ဟု ရိုသေစွာ ပျော့ပျော့ ပြောင်းပြောင်းပြန်ပြော ပါသည်။ ဦးစောက涛ကျုပ်တစ်ယောက် တည်းလား粕 ဟုမေးပြန်ရာတယ်လီဖုန်း ဆက်ပြန်ပါသည်။ 涛အားလုံးကိုဘဲအန်္တရာယ် မရှိရအောင် လုံခြုံစိတ်ချရရေး အတွက် ဘမ်းဘို့အမိန့်ပေးပါတယ်粕 ဟုပြန်ပြောပါသည်။
涛ကဲ-ကဲ၊ မသင်္ကာလို့ ကျုပ်တို့ကို ခဏဘမ်းမလို့ တဲ့။ အသင့်ပြင်ကြ။ အိပ်ရာလိပ်တို့ ဘာတို့ ယူခဲ့ကြ။ ဟိုရောက်တော့ သူတို့ပေးဖို့လွယ်ချင်မှ လွယ်လိမ့်မယ်။ သုံးလေးရက်ကြာချင်လဲ ကြာလိမ့်မယ်粕 စသည်ဖြင့် ဦးစောက ကျွန်တော်တို့အား ခပ်အေးအေးပင် လှမ်းပြောပါသည်။ ကျွန်တော်တို့ယောက်ျားချည်း ၃၀ကျော် အားလုံးကိုအင်းစိန်ထောင်သို့ပို့ပါသည်။ ကိုနီ့မိန်းမ၊ ခင်မောင်ရင့်မိန်းမနှင့် အခိုင်းအစေ ကလေးမကလေး၊ အခိုင်းအစေ ယောက်ျားကလေးတို့ကိုလည်း ဘမ်းသည်ဟု နောက်တော့ကြားရပါသည်။ ကျွန်တော်တို့အင်းစိန် ထောင်သို့ ရောက်သောအခါ မှောင်နေပါပြီ။
ပဌမညတွင် အားလုံး အတူတူအိပ်ကြရပါသည်။ နောက်နေ့နေ့လယ်တွင် ဦးစောကို ခွဲထားလိုက်ပါသည်။ ၃ရက်ခန့်ကြာသောအခါခင်မောင်ရင်ကိုလာခေါ်သွားပါသည်။ ထို့နောက်အခြားသူများကိုပါခေါ်ခေါ်သွားပါ သည်။ဘားလမ်း တွင်အချို့သွားစုမိကြပြန်ပါသည်။ အချုပ်ခန်းထဲတွင်လမ်းလျှောက်ရင်း ကိုဘညွန့်အား 涛ဘယ်လိုလုပ်ကြမလဲ粕 ဟုတိုးတိုးမေးရာ ကိုဘညွန့်က 涛ဒီအမှုမှာဖေါ်ရမှာပဲ။ မဖေါ်ရင် အားလုံးသေကုန်မယ်။ဖေါ်ရင် ကျန်တဲ့လူကျန်လိမ့်မယ်粕ဟုပြောပါသည်။ ကိုသက်နှင်းကို မေးပြန်ရာ涛မဖေါ်ရင်ဘယ်နည်းနှင့်မှ ဘာမှမဖြစ်နိုင် ဘူး粕 ဟုပြောပါသည်။ ကျွန်တော်မှာ ဘာမှနားမလည်၊ သူတို့ကိုပင် မေးကြည့်ရပါသည်။
涛ဖေါ်ကောင်ဘညွန့်粕ဟုဆိုသော်လည်း ဤလုပ်ကြံမှုကြီးကို ပဌမဆုံး အပြည့်အစုံဖေါ်သူမှာ ခင်မောင်ရင်ဖြစ်ပါ သည်။ ခင်မောင်ရင်က ဥပဒေကိုနားမလည်။ ကိုဘညွန့်မှာ မူရုံးတွင်ရှေ့ဖတ်စာရေး လုပ်လာသူဖြစ်သောကြောင့်
涛သူဖေါ်မည်။ ဤအမှုအတွက် ဘာမဆိုဖြစ်အောင်သူလုပ်ပေးမည်။ ဦးစောလည်ပင်းကို ကြိုးကွင်း တပ်ပေးမည်။ သို့ရာတွင် ဒိစတြိတ် ရာဇ၀တ်တရားသူကြီး(အရေးပိုင်)ကို ခေါ်ပေးပါ粕 ဟုပြောသဖြင့် ရဲက စီစဉ်ပေးရပါသည်။ တရာသူကြီးနှင့်တွေ့သောအခါ ဤလုပ်ကြံမှုကြီးနှင့် ပတ်သက်၍ သူဖြောင့်ချက် ပေးလိုကြောင်း ဖေါ်ကောင် လက်မှတ်လည်း ထုတ်ပေးပါမည့် အကြောင်း လျှောက်ထားရာ တရားသူကြီးက ထုတ်ပေးလိုက်ပါသည်။
ခင်မောင်ရင်သာမက အခြားတရားခံတော်တော်များများက ရဲအရာရှိများထံ အိတ်သွန်ဖါမှောက် ဖေါ်ထုတ်ဝန်ခံကြပြီးသည့် နောက်မှဖေါ်သည့် ကိုဘညွန့်က涛ဖေါ်ကောင်粕 ဖြစ်ပြီး၊ ခင်မောင်ရင်က 涛ဖေါ်ကောင်粕 မဖြစ်သည်မှာ ဥပဒေကို နားမလည် သောကြောင့် ဖြစ်ပါသည်။
တရားခံအချို့စစ်ချက်များကို လက်နှိပ်စက်နှင့် အပြည့်အစုံရိုက်ထားပြီးနောက် ကျန်တရားခံ အချို့ကို ခပ်နာနာ ကလေးတီးပြီး ဖတ်ခိုင်းရာ 涛အားလုံးမှန်ပါသည်။粕 ဟု ၀န်ခံကြရသည်ချည်း ဖြစ်ပါသည်။ အချို့ထွက်ချက်များ မှာအသေးစိတ် တစ်ခုမကျန် ဘာကလေးများလို ပါသေးလားမရှိ လောက်အောင် စုံစေ့ပါသည်။အမှုနှင့်အဆိုင်သည့် ကိစ်္စများ ပင်ပါပါသေးသည်။ အချိ့ကအပိုအမို ကလေးများပင် ပါပါသေးသည်။ ကျွန်တော်မသိသောအကြောင်းအ ရာ များလည်းပါပါသည်။
ဘားလမ်းအချုပ်ခန်းသို့ နောက်တစ်ကြိမ်ပြန်ရောက်သောအခါ ရန်ကြီးနိုင်၊ ရန်ကြီးအောင်တို့နှင့် အတူနေရ သဖြင့် 涛ကိုစိုးတို့နဲ့ ဒီကိစ်္စ ကြံစည်နေတာကြာပြီ။ သူ့ကိုတိုက်ရိုက်မပြောပြဘူးပေမယ့် သူသိတယ်粕 ဟု ရန်ကြီးအောင်က ကျွန်တော့်အား ပြောပြပါသည်။
ဤအချိန်တွင် ကိုစိုးနှင့် ကိုသက်နှင်းမှလွဲ၍ အခြားသူများသည်ဖြစ်ပျက်ရသော ကိစ်္စ အရပ်ရပ်နှင့်ပတ်သက်၍ ဦးစောသည် သူ့ဆန်္ဒများပြည့်ဝမှု၊ သူ့ရည်ရွယ်ချက်ဖြစ်မြောက်မှုအတွက် မိမိတို့အားလက်ပါးစေ၊ ဓါးစာခံများ အဖြစ် အသုံးပြုလိုက်ခြင်းဖြစ်သည်ဟူ နားလည်ကြကာ ဦးစောအပေါ် စိတ်နာလာကြ၊ မုန်းလာကြသည်။ ကျွန်တော်တို့ အမူအရာ ပြောင်းလာခြင်း၊ ဦးစောအား မကောင်းပြောလာကြခြင်းများကို တွေ့ရှိကြရာ ကိုစိုးနှင့် ကိုသက်နှင်းတို့သည် တစ်ဦးချင်း နှစ်ဦးချင်းအနေနှင့် မကြာမကြာ မသိမသာ လာရောက်ချော့လေ့ ရှိကြပါသည်။ 涛ဂုဏ်ရှိတဲ့ အထက်တန်းလူတစ်ယောက်နဲ့တွဲပြီး ဖြစ်ရတဲ့ကိစ်္စမှာ ပူစရာမရှိပါဘူး။ သူ့ဖါသာ ကြည့်လုပ်သွားလိမ့်မပေါ့粕 စသည်ဖြင့် ပြောလေ့ရှိကြပါသည်။ ဤနည်းနှင့်ဒေါသူပုန်ထမှုများကို လှီးလွဲပေးကြ ပါသည်။ သို့ရာတွင် မရပါ။ မယုံကြည်ကြပါ။
အင်းစိန်ထောင်ကြီးထဲတွင် အထူးခုံရုံးဖွင့်၍ ပဌမဦးဆုံး တရားသူကြီးများရှေ့သို့ ရောက်ရသောနေ့တွင် ဦးစောနှင့်ကျွန်တော်တို့အားလုံးပြန်တွေ့ကြရပါသည်။ဦးစောက ကျွန်တော်တို့ဘက်သို့လှမ်း၍ 涛ဘယ်နှယ့်လဲ။ နေကောင်းကြရဲ့လား粕 စသည်ဖြင့် နှုတ်ဆက်ပါသည်။ ကျွန်တော်တို့ဘက်က ကိုစိုးနှင့် ကိုသက်နှင်းကလွဲ၍ အခြားသူများကစိတ်ပါ လက်ပါပြန်လည်နှုတ်မဆက်ကြပါ။ နှုတ်ဆက်ချင်သော စိတ်မရှိသောကြောင့်လည်းဖြစ် ပါသည်။အမှုအခင်းရှေ့နေရှေ့ရပ်များနှင့် ပတ်သက်၍ ခုံရုံးဥက်္ကဋ္ဌ တရားဝန်ကြီး ဦးကျော်မြင့်က涛တရားခံများဘက်မှ ရှေ့နေဘယ်သူတွေ ဆောင်ရွက်ကြမလဲ涛 ဟုမေးလိုက်ရာ ဦးစောက သူ့အတွက် ၀တ်လုံတော်ရ မစ်္စတာ ဘတားနီးစ်နှင့် အင်္ဂလန်ပြည်မှ နာမည်ကြီးဝတ်လုံ ကားတစ်(စ်) ဘဲနက် ( ကေစီ ) ( ဘုရင့်ကောင်စီအဖွဲ့ဝင် ) ၀တ်လုံကြီးများက ဆောင်ရွက်မည်ဖြစ်ကြောင်း အခြားသူများအတွက်အခြားရှေ့နေ နှစ်ယောက်ဆောင်ရွက်မည် ဖြစ်ကြောင်း ထ၍ပြန်ပြောပါသည်။ ကျွန်တော်တို့အတွက် လိုက်ပါ ဆောင်ရွက်ရန် ဆိုသော ရှေ့နေများမှာ အုတ်ဖိုနှင့် သာယာဝတီနယ်မှ ရှေ့နေများဖြစ်ပါသည်။ တစ်ဦးမှာ ဒုတိယတန်းရှေ့နေဖြစ်သည်ဟု ထင်ပါသည်။ ဤအပြုအမူ စေတနာထားချက်အတွက် ကျွန်တော်တို့လူစု ဦးစောကို သာ၍စိတ်နာကြပါသည်။ သူ့အတွက် မှာမူ ပဌမတန်းဝတ်လုံများ သူ့အတွက် ဓါးစာခံရခဲ့သူများအတွက်ကား တောရှေ့နေများ ငှားပေးသည်ဟု မြင်ကာ အကြီးအကျယ် ဒေါပွကြပါသည်။
ထို့နောက်တရားဝန်ကြီးဦးကျော်မြင့်က၀တ်္တရားအတိုင်းတရားခံများအားမိမိတို့အတွက်ရှေ့နေမည်သူလိုက်မည်နည်း ဟုမေးပါသည်။ ကိုစိုးနှင ကိုသက်နှင်းတို့ကဦးစောနာမည်ပေးသွားသောရှေ့နေနှစ်ဦးပင် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြော၍စိန်ကြီးအလှည့်ရောက်သောအခါ စိန်ကြီးက 涛ကျွန်တော်ရှေ့နေမငှားပါ粕 ဟုထဖြေလိုက် ပါသည်။ ဦးစောသည် စိန်ကြီးကိုကြည့်ကာ မတ်တပ်ရပ်ပြီး 涛မောင်စိန်၊ မောင်စိန်၊ မောင်စိန်粕နှင့် လှမ်းခေါ် ပါသည်။ စိန်ကြီးကလှည့်မကြည့်ပါ။
ရန်ကြီးအောင်ကို မေးသောအလှည့်တွင် ဦးစောတူတော်၍ ၁၆နှစ်သားသာရှိသေးသော ရန်ကြီးအောင်သည် ဘာဖြေရမှန်းမသိဘဲ အတော်ကြာမျှ ငေးနေပါသည်။ ကိုစိုးနှင့် ကိုသက်နှင်းတို့က涛စာရင်းပေးထားတဲ့အတိုင်းပဲလို့ပြော粕 ဟုလှမ်းပြောနေကြသဖြင့် ရန်ကြီးအောင်လည်း ကြည့်တိ ကြောင်တောင်နှင့် ပါးစပ်ကပြောကာ ထိုင်လိုက် ပါသည်။ ကျွန်တော့်အလှည့် ရောက်သောအခါ 涛အစိုးရငှားပေးပါ။粕 ဟု ထပြောလိုက်ပါသည်။ ထိုအခါ ဦးစောက 涛ကိုသုခ ကိုသုခ粕 ဟု လှမ်းအော်ပါသေးသည်။ ကျွန်တော်လည်းလှည့်မကြည့်ပါ။
ထို့နောက်ဦးစောကထ၍ 涛ဟိုဘက်က ကလေးတွေကို သူတို့ဘာတွေပြောလို့ ဘယ်လိုလုပ်ထားမှန်းမသိပါ၊ ကျွန်တော့်အပေါ်မှာ အထင်မှား အမြင်မှား ဖြစ်နေကြပါတယ်။ ဒါကြောင့် လူငယ်တွေနဲ့ တွေ့ခွင့်ပေးပါ粕 ဟု ခုံရုံးသဘာပတိ တရားဝန်ကြီး ဦးကျော်မြင့်အား ခွင့်တောင်းပါသည်။ သို့ရာတွင် တွေ့ခွင့်မပေးပါ။
အမှုအတွက် ပဌမဆုံးထွက်ရသောထိုနေ့တွင် ကျွန်တော်တို့မှာ အ၀တ်အစား စုတ်ပြတ်ညစ်ပေနေပါပြီ။ ထည်လဲ လည်းမရှိကြသဖြင့် အလွန်ညစ်ပတ်နေပါပြီ။ ထောင်ဝင်စာလာတွေ့ခွင့်လည်း မရသဖြင့် မိဘဆွေမျိုး သားမယားများကလည်း မပို့နိုင်။ မပေးနိုင်ကြပါ။ ဤအခြေအနေနှင့် ကျွန်တော်တို့ရဲ့ ဆန့်ကျင်ဘက် စိတ်ဓါတ်ကိုမြင်ရသောကြောင့်လားမပြောတတ်ပါ။ နောက်နေ့တွင် ဦးစောက တစ်ယောက်တစ်ခန်းစီ အစောင့် တွေနှင့် နေကြရသော ကျွန်တော်တို့ထံ ချည်ကြမ်းလုံချည်တစ်ကွင်းစီ ပို့ပေးလိုက်ပါသည်။ စိန်ကြီးက မယူဘဲ ပြန်ပေးသည်ကို ကျွန်တော်တွေ့လိုက်ရပါသည်။ ကျွန်တော်လည်း မယူလိုက်ပါ။ အခြားသူတွေထဲက မယူမည့် သူတွေရှိပါလိမ့်မည်။ မည်သူတွေဟူ၍တော့ မသိပါ။
နောက်တစ်ကြိမ်ရုံးတက်သောနေ့တွင် ကျွန်တော့်အတွက် အစိုးရကငှားပေးသော ရှေ့နေမှာ ဦးဘထွန်းဆိုသူ ဖြစ်ကြောင်း သိရပါသည်။ ကျွန်တော်က အားမရသဖြင့် တရားဝန်ကြီး ဦးကျော်မြင့်က မေးသောအခါ 涛ကျွန်တော် ရှေ့နေမငှားတော့ပါ粕 ဟူ၍ ထပြောလိုက်ပါသည်။ တရားဝန်ကြီး ဦးကျော်မြင့်က 涛 မောင်သုခက ဦးဘထွန်းကို မကောင်းဘူးထင်လို့လား၊ ဦးဘထွန်း ကောင်းပါတယ်၊ စမ်းကြည့်ပါဦး粕 ဟုပြောပါသည်။ ကျွန်တော်လည်း စိတ်ရှုပ်ရှုပ်နှင့် မလှုပ်ပါ။
ဤသို့အထူးခုံရုံးဖွင့်၍စစ်ဆေးနေပြီဖြစ်သော်လည်း ကျွန်တော်တို့လေးငါးခြောက်ယောက်ကိုမူ အင်းစိန်ထောင် တွင်တလှည့်၊ ရန်ကုန်ထောင်တွင်တလှည့် ထားပါသည်။ ဦးစောကိုလည်း အားလုံးနှင့် ခွဲထားပါသည်။ စိန်ကြီး သည် တပ်မတော် ရဲဘော်ဟောင်း တစ်ယောက်၊ပြည်သူ့ရဲဘော်တပ်ဖွဲ့ဝင် တစ်ယောက်ဖြစ်ကြောင်း ရဲများစစ်ရာ၌ ၄င်း၊ ရုံး၌၄င်း တစ်ခွန်းမှမပြောပါ။ ကျွန်တော်တို့ အချင်းချင်းကိုသာ စကားစပ်မိသဖြင့် ပြောပါသည်။ ရဲဘော်ဟောင်း တစ်ယောက်ပြည်သူ့ ရဲဘော်တစ်ယောက်၊ ဖက်ဆစ် တော်လှန်ရေးသမား တစ်ယောက်ဖြစ်ပါလျက် ဤအမှုကြီးကို ကျူးလွန်ရာတွင် ရှေ့ဆုံးတန်းက မိုက်မဲစွာ ပါခဲ့မိသည့်အတွက် ယူကျုံးမရ ဖြစ်နေသည်ကို
သိနိုင်ပါသည်။ ဆင်ခြင်တိုင်းထွာမှု ကင်း၍ အဖေကိုသတ်မိ မှားသော သားဖြစ်နေပြီကို သူကောင်းစွာ သတိရနေဟန် တူပါသည်။ သို့ရာတွင် အမှားကြီးကို ကျူးလွန်ပြီးပြီ။ ပြင်၍မရနိုင်တော့သဖြင့် မြန်မြန်ကိစ်္စပြီး ဖြစ်ချင်ရာဖြစ်ရန် အသင့်ပြင်ထားလျက်ရှိပါသည်။
ရဲများစစ်စဉ်က သေလုမျောပါး အရိုက်အနှက်ခံ ရပြီးမှ ဖြောင့်ချက်ပေးခဲ့သော်လည်း ရုံးတွင်မူ မေးသမျှ အားလုံးကို 涛ဟုတ်တယ်၊ ဟုတ်ပါတယ်၊ ဟုတ်ကဲ့၊ မှန်တယ်粕 စသည်ဖြင့်သာ တလျှောက်လုံးဖြေပါသည်။ မေးပြီးဖြေပြီးဖြစ်စေချင်သည်။ မြန်မြန်ပြီးစေချင်သည်။ အဆိုးဆုံးအတွက်အသင့်ပြင်ထားပြီးဖြစ်၍ ဤကိစ်္စကြီး ကျော်လွန်ပြီးစီး သွားစေချင်သည်။ ကြိုးတိုက်သို့ ပြန်ရောက်သောအခါတွင်လည်း သူသည်မည်သူကိုမှ ဤအမှုအကြောင်းအပြော၊ သူများပြောသည်ကိုလည်း မကြိုက်၊ သူ့ထံသို့မူ အမေနှင့် အစ်မတို့သာမက သူ့ရည်းစားကလေးလည်း မကြာမကြာ ထောင်ဝင်စာ လာသည်ကို တွေ့ရပါသည်။
အထူးခုံရုံးက ကြိုးမိန့်ပေးလိုက်ပါပြီ။ ကျွန်တော်လည်း ပါပါသည်။ တစ်နေ့သောအခါ အင်းစိန်ထောင်တွင် ကိုနီ၊ ခင်မောင်ရင်မှစ၍ ကြိုးဒဏ် အပြစ်ပေးခံရပြီး တရားခံ များထံ အိမ်သူအိမ်သား ဆွေမျိုးမိဘများ ထောင်ဝင်စာလာနေကြပါသည်။ အင်းစိန်ကြိုးတိုက်မှာဖြစ်ပါသည်။ ကျွန်တော့်အမေနှင့် အစ်မတို့လည်း လာကြပါသည်။ သူတို့ငိုသည်ကိုကျွန်တော်မကြိုက်ကြောင်းသိ၍ အော်မငိုဘဲမျက်ရည်တွေကျပြီး ရင်ထဲကသာ ပူလောင်နေကြပါသည်။ အမေက မနေနိုင်သဖြင့် ရှိုက်လာပါသည်။ ထိုအခါ အစ်မက 涛 ငါ့မောင်ကလေး ဒေ၀ဒတ်နဲ့ပေါင်းမိလို့ ဒီလိုဖြစ်ရတယ်ဟဲ့粕 ဟုအော်ဟစ်ငိုပါတော့သည်။
အခြားဧည့်သည်များနှင့် ထောင်ပိုင်၊ ထောင်မှူး၊ ၀ါဒါတွေတော့ ကြားကြပါလိမ့်မည်။
ရန်ကုန်ကြိုးတိုက်သို့ပြောင်းခဲ့ရသောအခါကျွန်တော်တို့မှာသေဘို့ရက်ကနီးလာပါပြီ။ နောက်တွင်ဖြစ်ခဲ့သည် များမှာ ဆိုးဝါးလွန်း သဖြင့်စိတ်ထဲတွင် ပေါ်၍မလာစေလိုပါ။ ရှေ့ဖြစ်ရမည့်အတွက်လည်းမတွေးလိုပါ။ထို့ကြောင့် လက်ငင်းအချိန်ထဲမှာပင် စိတ်ဝင်စားနေအောင်၊ အလုပ်များနေအောင် လုပ်ပြီးနေကြပါသည်။
စိန်ကြီးရည်းစားကလေးနှင့် စိန်ကြီးသူငယ်ချင်းနှစ်ယောက်သည် ၁၉၄၈ခု၊မေလ၇ရက်နေ့တွင်နံနက်စောစောပိုင်း မှစ၍ စိန်ကြီးထံ ထောင်ဝင်စာ လာနေကြ သည်ကိုတွေ့ရပါသည်။ တနေ့လုံး နောက်ပြောင်ကြည်စယ် နေကြ ပါသည်။ 涛နက်ဖန်ခါဒီအချိန်တော့ ငါဒီမှာ ရှိမှာမဟုတ်ဘူး။ ခရီးသွားစရာရှိလို့ သွားရဦးမယ်။ နံနက်စောစော ငါခရီးထွက်မယ့်အချိန်မှာ မင်းတို့၃ယောက်လုံးအရက်သောက်ကြပါ။ စီးကရက်အပိုတစ်လိပ်လဲမီးညှိထားပါ粕 ဟု စိန်ကြီးကမှာလိုက်ပါသည်။ ယခုမဖေါက်သေးဘဲ နောက်တနေ့မှ သုံးယောက်စုံညီဖေါက်ရန် စာတစ်စောင် ကိုလည်း စိန်ကြီးကသူ့သူငယ်ချင်းတစ်ယောက်လက်ထဲသို့ထည့်ပေးလိုက်ပါသည်။ ထိုစာထဲတွင် သူပိုင်သော ပစ်္စည်း၅၀၀၊ ၆၀၀ကျပ်ဘိုးခန့်ဘယ်မှာဘာရှိသည်၊ ထိုပစ်္စည်းများကို တနေ့နေ့၌သူ့ရည်းစားကလေး လက်ထပ် လျှင်လက်ဖွဲ့ လိုက်ပါဟူ၍ ရေးထားကြောင်း စိန်ကြီးကဧည့်သည်များ ပြန်သွားပြီးနောက်ပြောပြပါသည်။
သေဒဏ်မှလွတ်သောအမိန့်ကျွန်တော်တို့လည်းမရသေးပါ။နက်ဖန်ကြိုးစင်တက်ရမည်ဖြစ်သောကြောင့် ယနေ့နံနက်ပိုင်းတွင် ဘုန်းကြီး၃ပါးကြွလာပြီး ကြိုးသမားများကို ထုံးစံအတိုင်း သရဏဂုံတင်ပါသည်။ ကျွန်တော်တို့ ရောက်နေကြပြီ ဖြစ်သော်လည်း စိန်ကြီးကမူ တိုက်ခန်းထဲက ထွက်မလာပါ။ သွားခေါ်ရာ 涛ဒီဘ၀ ဒီလောက်
အဆိုး ဖြစ်ချင်တာ၊ ရှေ့ဘ၀တွေမှာ ဖြစ်ချင်တာ ဖြစ်စမ်းဆိုပြီး လွှတ်ပေးထားလိုက်မယ်၊ နေပေစေတော့ 粕 ဟုပြန်ပြောလိုက်ပါသည်။
တော်တော်ကလေးနေစောင်းသောအခါ ကိုနီနှင့်ကျွန်တော့်အား ကြိုးဒဏ်အပြစ်မှ တစ်သက်တစ်ကျွန်းသို့ ပြောင်းလိုက်သောအမိန့်ရောက်လာသဖြင့် ကြိုးတိုက်မှ၅ဆောင်သို့ ချက်ခြင်းပြောင်းရပါသည်။ နောက်တရက် နံနက်စောစော ထောင်မဖွင့်သေးသောအချိန်တွင် စိန်ကြီးနှင့် ရန်ကြီးအောင်တို့နှစ်ယောက်ကို ကြိုးပေးလိုက် ပါသည်။ စိန်ကြီးမှာ အသက်၂၂နှစ်သာရှိပါသေးသည်။
ဦးစော၊ ကိုစိုး၊ ကိုသက်နှင်းနှင့် မှုံကြီးတို့ကိုလည်း အင်းစိန်ထောင်ကြီးတွင် ထိုအချိန်လောက်မှာပင် ကြိုးပေးလိုက်ပါသည်။
ထိုနေ့မှာ ၁၉၄၈ခု၊ မေလ ဂရက်ဖြစ်ပါသည်။
+++++++++++++++++++++++++++++++++++++++++++++=
ဦးလှမေး၍သာ ဤအမှုကြီးအကြောင်းကို မချန်မချန် အသေးစိတ် ကျွန်တော်ပြောခြင်းဖြစ်ပါသည်။ ဆိုးဝါးလွန်းသော နိုင်ငံရေးမိုက်ပြစ်ကြီးတွင် ပါဝင်ခဲ့သူတစ်ယောက်ဖြစ်၍ ဤထက်ရှက်စရာ စက်ဆုပ်စရာ ကောင်းသောအလုပ်ကို လူတစ်ယောက်အနေနှင့် ဤလောကမှာ ပြုမိနိုင်စရာ မရှိတော့ပါ။ ထို့ကြောင့် မည်သူ မေး၍မှ ဤအကြောင်းကို ပြောမပြချင်ပါ။ မေ့မည့်သူဆိုလျှင် တတ်နိုင်သမျှ ကျွန်တော်ရှောင်နေပါသည်။ မေးသည်ကိုဖြေရန် အမှုအကြောင်း ကိုပြောပြရန် မဆိုထားနှင့် ကျွန်တော့်ဖာသာ တစ်ယောက်တည်း ပြန်တွေးရန် ပင်အင်မတန် ၀န်လေးနေမိပါသည်။ နှစ်စဉ်ပင်ဇူလိုင်လ၁၉ရက် ဆိုလျှင်လွန်ခဲ့သည့် အကြောင်းများကို တွေးတော သတိရပြီး စိတ်မကောင်းဖြစ်ရပါသည်။ မိမိကိုယ်ကို မိမိ အပြစ် မလွှတ်နိုင်သလိုမြင်ပြီး ထိုမိုက်မှားမှုကြီး အတွက် ရင်နာလျှက် ရှိပါသည်။
မိတ်ဆွေဖြစ်သောကိုသက်နှင်းကိုခင်မင်ရာမှ သူက ဦးစောနှင့် မိတ်ဆက်ပေးသည်။ ဦးစောနှင့် ပေါင်းရသည်ကို ဂုဏ်ရှိသည်ဟု ကျွန်တော့်စိတ်တွင် ထင်ခဲ့ပါသည်။ ခေတ်နိုင်ငံရေးအယူအဆ ဝေဖန်သုံးသပ်မှုတွင် ဘာမှ နားမလည် သေးသော ကျွန်တော်သည် ဦးစောနှင့်ပေါင်းရ သောကြောင့် မိမိတွင် ဘာမှ နစ်နာစရာ မရှိဟု တွက်ဆ မိခဲ့ပါသည်။ ဦးစောသည်လည်း ရာဇ၀တ်မှုကြီးများကို ကြံစည်လိမ့်မည်ဟု ကျွန်တော်မယူဆ၊ မျိုးချစ်စိတ် ထက်သန်၍ လွတ်လပ်ရေးအတွက် ဆောင်ရွက်နေသော ခေါင်းဆောင်ကောင်း ဟူ၍သာ ကျွန်တော်ယုံမှတ် လေးစား ခဲ့ပါသည်။
မိတ်ဆွေကိုသက်နှင်းဆွဲဆောင်ချက်၊ ကိုသက်နှင်းအပေါ် ကျွန်တော့်ခင်မင်မှုများနှင့် ဦးစောအပေါ် အထင်ကြီး မှုကြောင့်သူတို့ အတွင်းပိုင်းစည်းဝိုင်း အတွင်းသို့ ရက်ပေါင်းအနည်းငယ်ကြာမျှ ကျွန်တော်ရောက် သွားရပါသည်။
မကြိုက်သောအမူအရာ အစီအမံများ အကျပ်ကိုင်မှုများကို အထိုက်အလျောက် ရိပ်မိတွေ့ရှိရ၍ ခွာရန်ကြံသော အခါတွင်မူ မဖြစ်နိုင်တော့ပါ။
ဦးစောသည် သြဇာလည်းကြီး၊ ငွေလည်းပေါ၊ ကျွန်တော်တို့လိုလူတစ်ယောက်ကို ဖျောက်ပစ်ရန် ဘာမှ မခဲယဉ်း။ ပရွတ်ဆိတ်တစ်ကောင်ကို လက်ကလေးနှစ်ချောင်းနှင့် ပွတ်ချေခြင်းထက် ပိုမိုခက်စရာမရှိ။ သူနှင့် သူ့လူရင်းများကသံသယဖြစ်သည်ဆိုလျှင် ထိုသူသည် မည်သို့မျှ တတ်နိုင် တော့မည်မဟုတ်။ သူတို့အကြောင်း တွေသိနေသော လူတစ်ယောက်သည် သူတိုကအငြိုအငြင်မခံရဘဲနောက်မဆုတ်နိုင်တော့။သူတို့ကို အတိုက်အခံ လုပ်ရန်အထိလည်း ကျွန်တော်မ၀ံ့။
ထို့ကြောင့် ကျွန်တော်အပါအ၀င် လူတော်တော်များများမှာ တစတစနှင့် ဦးစောပိုင်စက်ရုပ်များသဖွယ် ဖြစ်လာ ကြပါသည်။ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်စဉ်းစားမှုဟူ၍ လည်းဘာမှမရှိတော့ပါ။ စဉ်းစားချင်စိတ် လည်းမရှိ။ စဉ်းစားရန်လည်း မကြံရွယ်တော့။ လွတ်လပ်စွာ စဉ်းစားရန် ပင် မ၀ံ့တော့ဘဲ မျှောလိုက်ရာက နစ်သော ဘ၀သို့ ရောက်ကြရခြင်းဖြစ်ပါသည်။
ဦးစောခြံဝင်းကြီးထဲတွင် ကျွန်တော်လာရောက်နေထိုင်သော ရက်ပေါင်းမှာ ၄၀ကျော်ခန့်မျှသာဖြစ်ပါသည်။ ထိုရက်မျှ အတွင်းမှာပင် ထိုမျှဆိုးဝါးသော အမှုကြီး ဖြစ်ပွားပြီး ကျွန်တော်လည်း စက်ရုပ်လက်ပါးစေအဖြစ်ဖြင့် ဓါးစာခံပါခဲ့ရပါသည်။
ဤလုပ်ကြံမှုကြီးကို ဦးစောသည် ကျွန်တော်သူတို့အထဲ မပါသော်လည်း လုပ်မည်ပင်ဖြစ်ပါသည်။ ကျွန်တော် သာမက ယခုအမှုတွင်အကြောင်းအမျိုးမျိုးကြောင့်ပါဝင်ခဲ့ကြသူများမရှိလျှင်လည်း ဦးစောသည် တစ်နည်းနည်း နှင့် တနေ့နေ့တွင် ဖြစ်အောင်လုပ်မည်ဟု ကျွန်တော်ယူဆပါသည်။
တိုင်းပြည်တွင်၎င်း၊ ကမ်္ဘာတွင်၎င်း မခန့်မှန်းနိုင်လောက်အောင် အကျိုးယုတ် နစ်နာစေသည့် လုပ်ကြံမှုကြီးတွင် တရားခံတစ်ယောက် ဖြစ်ခဲ့ရသည့်အတွက် ကျွန်တော့်မှာလည်းလူဖြစ်ရှုံးပါပြီ။ ငွေကြေး တစ်သောင်း တစ်သိန်း မည်မျှပင်ကြွေးတင်ပါစေ၊ စီးပွားကြိုးစားရှာပြီးဆပ်လျှင် တစ်နေ့သော် ကျေနိုင်ပါသေးသည်။ ဤရာဇ၀င်ကြွေး ဆိုးကြီးကိုမူ ဆပ်၍ကျေနိုင်တော့မည် မထင်ပါ။ယခုထောင်အနှစ်၂၀ကျခံပြီးသည့် နောက်အကယ်၍ ထောင်ထဲမှာ မသေဘဲလွတ်ခဲ့သည့် တိုင်အောင်ဤ အပြစ်ကြီးအတွက် အပြစ်မရှိတော့ဟု မဆိုနိုင်ပါ။ ကျွန်တော်သေသွားသည့် တိုင်အောင်လည်း ဤအမဲမှတ်ကြီးသည် ပျောက်တော့မည် မဟုတ်ပါ။ သားစဉ်မြေးဆက် ထိခိုက် ၀မ်းနည်းဖွယ်ဖြစ်ပါသည်။ ဤနိုင်ငံရေး အကုသိုလ်ကြီး ပပျောက်သွားမည့် ကုစားမှုအလုပ်ဆိုလျှင် ယခုချက်ချင်း ပင်သေရပါစေ၊ ကျွန်တော် ထမ်းဆောင်မည်သာ ဖြစ်ပါသည်။
ထောင်ထဲရောက်မှ ရရှိသော နိုင်ငံရေးဗဟုသုတ ၊ နိုင်ငံရေးအမြင်များသည် ကျွန်တော့်အား ရှေ့အဖို့တွင် လမ်းမှန်ကို ရှေ့ဆောင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ အခွင့်သာသော တစ်နေ့တွင် ပြုခဲ့မှားသော လူသတ်ဝါဒ နိုင်ငံရေးအကုသိုလ်ကြီးကို ဖုံးအုပ်သွားနိုင်သည့် နိုင်ငံရေးကောင်းမှုရပ် များကို သက်စွန့်ကြိုးပမ်း တာဝန်ထမ်းဆောင်နိုင်လိမ့်မည် ဟုလည်း မျှော်လင့်ပါသည်။
ဤမျှလောက်ဆိုလျှင် ကျွန်တော့်အကြောင်းတော်တော်စုံလောက်ပြီဟုထင်ပါသည်။
++++++++++++++++++++++++++++++++++++++++++++++++
ဇူလိုင်လ ၁၉ရက်နေ့ ဗိုလ်ချုပ်တို့ကျဆုံးသည့်နေ့ဆိုလျှင် ထောင်အုပ်ချုပ်ရေးအာဏာပိုင်များ ခွင့်ပြုချက်အရ အကျဉ်းသားများသည် လူသတ်ဝါဒရှုတ်ချပွဲများ ပြုလုပ်ကြပါသည်။ ကျွန်တော်နေခဲ့သော ၃နှစ်အတွင်း ဇူလိုင်လ၁၉ရက်နေ့ရောက်ပြီဆိုလျှင် ၅ဆောင်တွင် ကျွန်တော်နှင့် တစ်ဆောင်တည်း နေကြသော ကိုသုခနှင့် ခင်မောင်ရင် တို့သည် အခမ်းအနား အတွက် စားပွဲထမ်း၊ ခုံရွှေ့အလုပ်မှစ၍ လုပ်စရာ များကို ၀ိုင်းလုပ်နေကြ သည်ကို တွေ့ရသည် ချည်းဖြစ်သည်။ ကိုနီကိုလည်း အစည်းအဝေး၌ တွေ့ရသည်။ သူတို့သည် ကုစားဘို့ ခက်လှသော အပြစ်ဆိုး အတွက် နောင်တ အကြီးအကျယ်ရလျက် ရှိသည်မှာလည်း ထင်ရှားသည်။
ကိစ်္စကြီး ဖြစ်ပွားခါစက သူတို့ကိုအစိမ်းလိုက် ၀ါးစားချင်သူများကလည်း ရန်မမူကြတော့။ အားလုံးအပေါင်း အသင်းဖြစ်နေကြ ချေပြီ။
++++++++++++++++++++++++++++++++++++++++++++++++
တောင်းပန်ချက်။
ရှေ့ပိုင်းစာမျက်နှာ များ ရိုက်ပြီးချိန်တွင် မိတ်ဆွေတစ်ဦးက ကိုသုခအစ်မ မစံတင့် ပဌမခင်ပွန်း ဦးဖေဖြူ အနိစ်္စ ရောက်ပြီဆိုသည်မှာမဟုတ်ကြောင်း၊ယခုတိုင်ကျန်းမာစွာရှိကြောင်းနှင့်စာရေးလိုက်ပါသည်။မှားယွင်းသွားသည့် အတွက် များစွာဝမ်းနည်းပါသည်။
လူထုဦးလှ

၁၉၅၇ခုနှစ် စာပေဗိမာန် စာပဒေသာဆုရစာအုပ်
涛ထောင်နှင့်လူသား粕 လူထုဦးလှရေးသည်။
( စာမျက်နှာ ၅၈ မှ ၁၃၁ထိ )

涛ကျွန်ုပ်တို့ အသက်ရှင်ခြင်းကား အရေးမကြီး၊
ဘယ်သို့ အသက်ရှင်မည်သာ အရေးကြီးသည်။粕

ဘေလီ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments