>ORaTha – The Crime in Burma

December 19, 2008

>

လွတ်လပ်မှု ဆိတ်သုဉ်းတဲ့ နေရာက အပြစ်များ

သြရသ

ဒီဇင်ဘာ ၁၉၊ ၂၀၀၈

ခင်ဗျားကတော့ သိမှာမဟုတ်ဘူး။ ကျနော်တို့ ထောင်ကျတာ ဘာအမှုတွေနဲ့လဲ။ လူ့အခွင့်အရေး မရှိလို့ဆိုပြီး ခင်ဗျားက သတင်းထဲ ထည့်ပြောမယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိလို့ ဆိုပြီး သတင်းထဲ ထည့်ရေးမယ်။ ကျနော်တို့ကို ထောင်ဒဏ် အနှစ် ၂၀၊ ၃၀၊ ၄၀၊ ၅၀၊ ၆၀၊ အဲသည်လို အပြစ်တွေချ၊ ပြန်လည်ချေပဖို့ ကြိုးစားတော့ ရှေ့နေတွေကိုပါ ထောင်ချ။ ဟုတ်လား။ ကျနော်တို့ကို အဝေးကြီးက အကျဉ်းထောင်တွေကို ပို့လိုက်ပြီ။

ကျနော်တို့က ၈၈ မျိုးဆက်တွေ၊ ဒါဟာ မြန်မာပြည်မှာ အပြစ်တခုပဲ။ အင်း … ကျနော်တို့က အတိုက်အခံပါတီက ပါတီဝင်တွေ၊ လူငယ်တွေ၊ ဒါလည်း အပြစ်တခုပဲ။ ပြီးတော့ အင်တာနက်တပ်ထားတဲ့ ကွန်ပျူတာ သုံးစွဲလို့၊ ကွန်ပျူတာသုံးစွဲနည်းတွေကို တပါးသူတွေကို သင်ကြားပြသပေးလို့။ ဒါတွေဟာ ကျနော်တို့ကို ပြစ်မှုမြောက်စေတဲ့ အခြေခံတွေချည်းပဲ။

နောက်ထပ် ဘာစွဲချက်တွေ ပြောချင်သေးလဲ။ ကျနော်တို့က ဒီဗီဒီအခွေတခုကို ကူးမိလို့၊ သိမ်းထားမိလို့၊ သူများကို ပေးဝေမိလို့၊ ဟုတ်လား။ ဆင်ဆာက ခွင့်ပြုတာတို့ ဘာတို့ ကျနော်တို့ ဘယ်သူ့ကို သွားမေးရမှာလဲ။ ဒီအခွေတွေကို ကြည့်မိတာကိုက အပြစ်ဖြစ်နေပြီ။ တပြည်လုံးက ပြည်သူတွေလည်း ဒီအခွေကြည့်ဖူးပြီးသားဆိုပြီး သက်သေပြနိုင်ရင် ကျနော်တို့ကို လွှတ်ပေးမှာလား။

နောက်ထပ် ဘာအမှုတွေ ရှိသေးလဲ။ အင်တာနက် လိပ်စာတွေ၊ အီးမေး လိပ်စာတွေ ရှိတာကိုက ပြစ်မှုမြောက်စေတဲ့ အခြေခံတွေတဲ့လား။ ကျနော်တို့အီးမေးတွေထဲမှာ သူများတွေ လာပို့ထားတဲ့ ဟာသတွေ၊ ပြက်လုံးတွေ၊ ကာတွန်းတွေ၊ စာသားတွေ ရောက်နေတာနဲ့ ကျနော်တို့မှာ အပြစ်ရှိပြီတဲ့လား။ ခင်ဗျားတို့ စာတိုက်ပုံးထဲကို သူများတွေ ထည့်ချင်တဲ့စာလာထည့်တာကို ခင်ဗျားက လက်မခံဘဲ နေလို့ရမလား။ အဲသလို စာတွေ၊ စာသားတွေ၊ ကာတွန်းတွေ တွေ့တာနဲ့ ကျနော်တို့မှာ အပြစ် ရှိသွားပြီလား။ အဲသလိုမျိုးလူတွေ တပြည်လုံးမှာ ရှိနေတယ်လို့ ခင်ဗျားကို ပြောပြနိုင်ရင် ခင်ဗျားက လွှတ်ပေးမှာလား။

နိုင်ငံခြားသွားတာကလည်း ပြစ်မှုမြောက်စေတဲ့ အခြေခံတဲ့လား။ စာကြည့်တိုက်တွေ သွားတာလည်း အပြစ်ပဲလား။ ဘာတဲ့ နိုင်ငံရေးသမားတွေ သွားလာတဲ့နေရာတွေကို သွားမိတာကိုက အပြစ်တဲ့လား။ ပွဲတွေ အငြိမ့်တွေ ကြည့်တာကလည်း အပြစ်ပဲလား။ ပြီးတော့ ပြောသေးတယ်၊ ဆူပူ ဆန္ဒပြတဲ့နေရာတွေကို သွားလို့ တဲ့။ ဘုရားတွေမှာ သံဃာတော်တွေ စီတန်းလှည့်လည် မေတ္တာသုတ် ရွတ်တာဟာ ဆူပူတာဆိုရင်၊ အဲဒီ သံဃာတော်တွေကို ၀ိုင်းယံပြီး လိုက်မိတဲ့ ကျနော်တို့မှာ အပြစ်ရှိတယ်လို့ သူတို့က ဆုံးဖြတ်လိုက်ပြီး ဖြစ်တယ်။

ကဲ … အပြစ်က ဘယ်မှာလဲ။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်အောင်၊ နိုင်ငံတော်အကြီးအကဲများ ဂုဏ်သိက္ခာထိခိုက်အောင် ကျနော်တို့ ဘာတွေ လုပ်လိုက်မိသလဲ။ ဘာတွေ အကြမ်းဖက် သတ်ဖြတ် ရိုက်နှက် လုပ်လိုက်မိသလဲ။

ကျနော်တို့တတွေနဲ့ သူတို့တတွေနဲ့ သဘောချင်း မတူကြတာဟာ အပြစ်ပဲ။ ရာဇ၀တ်မှုပဲ။ ပုဒ်မ ၅၀၅ (ခ) ပဲ။ ကျနော့် အကြိုက်နဲ့ သူတို့ အကြိုက် မတူညီကြတာကိုက အကြီးကျယ်ဆုံးသော နိုင်ငံတော်လုပ်ကြံမှုကြီးပဲ။ အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀ …။

ကျနော်ကြိုက်တာ ကျနော် ထပ်ပြောအုံးမယ် … ကျနော်တို့ ကြိုက်တာ ကျနော်တို့ ရွေးချယ်တာက လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ဒီမိုကရေစီ။ သူတို့က စစ်အာဏာရှင်စနစ်။

ဒါကြောင့် သူတို့က ကျနော်တို့ကို ပြောတယ်။ ကျနော်တို့မှာ အပြစ်ရှိတယ်။ ထောင်ဒဏ် နှစ်ပေါင်း ၂၀ နဲ့ အထက် …

တပြည်လုံးက ပြည်သူတွေက ခင်ဗျားတို့ကို မကြိုက်ဘူး၊ လက်မခံဘူးဆိုတာ တရားရုံးမှာ သက်သေခေါ်ပြလိုက်မယ်။ ခင်ဗျားတို့ ဘာလုပ်မှာလဲ။ တရားရုံးကို ဖျက်မှာလား။ နောက်ထပ် ထောင်ဒဏ် နှစ်ပေါင်း ၆၀၀ လား၊ ၆၀၀၀ လား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်