>Po Jan – New Year News on the run from Rangoon

January 7, 2009

>

နှစ်သစ်ကူးစ ရန်ကုန်က အပြေးအလွှား သတင်းများ

ဖိုးဂျံ

ဇန်န၀ါရီ ၇၊ ၂၀၀၈

သတင်းတွေ ပို့လိုက်တယ်။ အယ်ဒီတာတွေက သတင်းကို အတိုအစရေးတာ မကြိုက်ဘူး။ ဒီဖက်ကလည်း အပြေးအလွှားပို့ရတာ။ မီးပျက် ရေပျက် ကြားထဲ။ ဖုံးနဲ့ကလည်း “ကြားလား … ကြားလား …” ပြောနေတာနဲ့ ကျားလိုက်လာလို့ ပြေးရတာ များတော့ ဖွဲ့နွဲ့ပြောဖို့ အချိန် ဆင်းရဲတယ်။ လူဆင်းရဲတာကတော့ မပြောတော့ဘူး … ပြောလည်း မထူးမှ မထူးတာကိုး …။


ပါတီလူထွက်၊ လူဟောင်းများ ၂၀၁၀ ရွေးကောက်ပွဲအတွက် စုဆောင်း

ကျောင်းသားများကို ရပ်ကွက်အာဏာပိုင်များက အကြပ်အတည်းများနဲ့ ဖန်တီးထား

ကြို့ပင်ကောက်ကို တေဇမြို့အဖြစ် ထူထောင်ပြီ

ရန်ကုန် သန်းကောင်စာရင်းမှာ စစ်တပ်အလိုတော်ရိ အလုပ်အကိုင်များကို ထည့်သွင်းထား



ပါတီလူထွက်၊ လူဟောင်းများ ၂၀၁၀ ရွေးကောက်ပွဲအတွက် စုဆောင်း

၉၀ ရွေးကောက်ပွဲက လက်ကျန်ပါတီတွေ၊ ဖျက်သိမ်းပါတီတွေက လူထွက်တွေ လူဟောင်းတွေကို ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့အရေး စည်းရုံးမှုတွေကို ပြုလုပ်နေပြီ ဖြစ်ပါတယ်။ အမည်မဖော်လိုတဲ့ အင်န်အယ်ဒီပါတီဝင်တဦးကို မြို့နယ်က အာဏာပိုင်များက ခေါ်ယူတိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။



ကျောင်းသားများကို ရပ်ကွက်အာဏာပိုင်များက အကြပ်အတည်းများနဲ့ ဖန်တီးထား

တက္ကသိုလ်တချို့မှာ အဆောင်မရတဲ့ ကျောင်းသားတွေ အဆောင်ငှားနေကြတဲ့နေရာမှာ “ရ၀တ” ရပ်ကွက် အာဏာပိုင်တွေက ပွဲစားတွေအဖြစ် ကြားက အတင်းအကြပ်ဆောင်ရွက်ပြီး ဈေးနှုန်းများကို မြှင့်တက်အောင်လုပ်နေတယ်လို့ ဆိုပါတယ်။ ကျောင်းသားတွေနဲ့ ဒေသခံရပ်ကွက်က မိသားစုတွေကြားထဲမှာ တင်းမာတဲ့ ဆက်ဆံရေးကို ဖန်တီးထားတာဟာ စစ်အာဏာပိုင်တွေရဲ့ လုပ်နေကြ သွေးခွဲမှုပဲလို့ သတင်းပို့သူက ပြောပါတယ်။



ကြို့ပင်ကောက်ကို တေဇမြို့အဖြစ် ထူထောင်ပြီ

၂၀၁၀ ရွေးကောက်ပွဲ ၀င်ပြိုင်မယ့် ကြို့ပင်ကောက်မြို့စားကြီးကတော့ ဗိုလ်သန်းရွှေလက်စွဲ တေဇရဲ့ အပေါင်းအပါတွေ ဖြစ်မယ်လို့ ထင်မြင်ကြပါတယ်။ အခု တေဇကုမ္မဏီက ကြို့ပင်ကောက်ကို အထူးပြုပြင်တည်ဆောက်နေတာကို တွေ့ရပါတယ်။ စီအင်န်ဂျီကား ၁၀၀ ကျော်ကို ချပေးထားပြီး ရန်ကုန် ကြို့ပင်ကောက် ပြည် ကားလိုင်း ၂ လိုင်း ပြေးဆွဲနေပါတယ်။ ပုံမှန်ဈေး ၂၅၀၀ မှာ သူတို့က ၁၅၀၀ ကျပ်ပဲ တောင်းပါတယ်။ မကြာခင် ၂၄ နာရီ မီးပေးတော့မယ်လို့လည်း အသံဟစ်နေပါတယ်။



ရန်ကုန် သန်းကောင်စာရင်းမှာ စစ်တပ်အလိုတော်ရိ အလုပ်အကိုင်များကို ထည့်သွင်းထား

ရပ်ကွက် အိမ်ထောင်စုစာရင်းတွေမှာ အံသြကုန်နိုင်ဖွယ် အလုပ်အကိုင်စာရင်းများကို ကြိုတင်ထည့်သွင်းထားပါတယ်။ တအိမ်ထောင်မှာ ကြံဖွတ်၊ စွမ်းအားရှင်၊ အမျိုးသမီးစွမ်းဆောင်ရှင်၊ မီးသတ်၊ ကြက်ခြေနီနဲ့ မိခင်ကလေးအဖွဲ့တွေမှာ ဘယ်နှယောက် ပါဝင်ဆောင်ရွက်နေသလဲ ဆိုတဲ့ ဇယားကွက်ကြီး ထည့်သွင်းထားပါတယ်။



ဒါ့အပြင် ပြည်ပသို့ သွားရောက်လုပ်ကိုင်နေသူ ဘယ်နှဦး ရှိသလဲဆိုတာကိုလည်း မေးထားပါတယ်။ ဒါ့အပြင် ကား၊ ဆိုက်ကား၊ စလောင်း၊ အင်တာနက်၊ အီးမေးနဲ့ ဖုံးစာရင်းကိုလည်း တောင်းဆိုထားပါတယ်။ တအိမ်ထောင်မှာ စစ်တပ်သတ်လို့ သေတဲ့ လူစာရင်းနဲ့ ထောင်ချခံထားရတဲ့ စာရင်းကိုတော့ တောင်းခံထားတာ မရှိဘူးလို့ သတင်းပို့တဲ့သူက ရယ်သွမ်းသွေးထားပါတယ်။



အဲဒီ ဖောင်ကို တင်ဆက်လိုက်ပါတယ်။ မျက်ဝါးထင်ထင် ကြည့်ကြပေတော့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments