>Students Movement in Burma (07)

February 28, 2009

>

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၇)
‘ကျောင်းသား သမဂ္ဂနှင့် လွတ်လပ်ရေး’
အောင်ဝေး
ဖေဖော်ဝါရီ ၂၈၊ ၂၀၀၉

ကျောင်းသား သမဂ္ဂကို အခုလို ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့ကြတယ်။

(၁)လူမှုဆက်ဆံရေးနယ်ပယ်၌ ကောင်းစွာ ဆောင်ရွက်နိုင်သော ဘဝကို ဖြစ်ထွန်းလာစေရန်
(၂)မိမိကိုယ် မိမိအားကိုး၍ လွတ်လပ်စွာဆောင်ရွက်နိုင်သော ဘဝကိုဖြစ်ထွန်းလာစေရန်နှင့်
(၃)တာဝန်ဝတ္တရားများကို သိတတ်သော စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်။

ဒီလိုရည်ရွယ်ချက်တွေနဲ့ နယ်ချဲ့လက်အောက် ၁၉၃၁ ခုနှစ်၊ ဇန်နဝါလ (၃၁)ရက်နေ့မှာ ရန်ကုန် သက္ကသိုလ် ကျောင်းသား သမဂ္ဂ (တကသ) ပေါ်ပေါက်လာတယ်။ ၁၉၃၆ မေလ (၈)ရက် ဒုတိယ တက္ကသိုလ် သပိတ်ကြီးမှာ ကနဦး ဗကသ လို့ ခေါ်တဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ABSU) ပေါ်ထွက်လာခဲ့တယ်။

ဒီ တကသ၊ ဗကသ ကျောင်းသား သမဂ္ဂများဟာ ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲမှာ တပ်ဦးကနေ ပါဝင်ခဲ့တယ်။

၁၃ဝဝပြည့် အရေးတော်ပုံကြီးမှာ ကျောင်းသားတွေဟာ အလုပ်သမား၊ လယ်သမား၊ ပြည်သူတွေနဲ့ ပေါင်းစည်းမိသွားကြပြီ။

ရဲဘော်သုံးကျိပ် ဆိုတာ ကျောင်းသားသမဂ္ဂ အဆောက်အအုံ UNION ထဲကနေ သန္ဓေတည် မွေးဖွားခဲ့တာ ဖြစ်တယ်။

၁၉၄၁ နောက်ပိုင်း ဂျပန်ခေတ်အတွင်းမှာ ကျောင်းသားသမဂ္ဂများ ယာယီ ရပ်ဆိုင်းနေခဲ့ရပေမဲ့ တကသ၊ ဗကသ ကျောင်းသား ခေါင်းဆောင်တွေဟာ ဖက်ဆစ် တော်လှန်ရေး ကာလ နိုင်ငံရေး၊ စစ်ရေး၊ စည်းရုံးရေး နယ်ပယ် အသီးသီးမှာ အဓိက အခန်းက တာဝန်ယူခဲ့ကြတယ်။

ဖက်ဆစ် တော်လှန်ရေးကြီး အပြီး၊ ၁၉၄၆ ခုနှစ် ထဲမှာ ကျောင်းသား သမဂ္ဂ အတွက် သာမက၊ တမျိုးသားလုံးအတွက် အကြီးမားဆုံး ဆုံးရှုံးမှုကတော့ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်း ကွယ်လွန်သွားခြင်းပါပဲ။

ဖက်ဆစ်ဂျပန်တွေ မြန်မာ့မြေပေါ်က ဆုတ်ခွာသွားတဲ့အခါ၊ အင်္ဂလိပ်နယ်ချဲ့တွေ မြန်မာနိုင်ငံ ပြန်ဝင်လာကြပါတယ်။ ကက်စ်ဘီ လို့ခေါ်တဲ့ စက္ကူဖြူ အုပ်ချုပ်ရေးကို သွတ်သွင်းလာခဲ့တယ်။ ဘုရင်ခံအဖြစ် ရောက်လာသူကတော့ ဆာဟူးဘတ်ရန့် ဖြစ်တယ်။

ဒီနောက်ခံမှာပဲ ကျောင်းသားသမဂ္ဂရဲ့ လှုပ်ရှားမှုတွေကို ပြန်လည် မြင်တွေ့လာရပါပြီ။ ၄၆ ခုနှစ် အတွင်းမှာပဲ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂက ရွှေတိဂုံ ကုန်းတော်ပေါ်က ဒိုက်ဦးဇရပ်မှာ ကွန်ဂရက် ခေါ်ယူ ကျင်းပခဲ့ပါတယ်။ ဗကသ က စစ်ပြီးခေတ် လွတ်လပ်ရေး တိုက်ပွဲနဲ့ ပတ်သက်တဲ့ ကျောင်းသားတွေရဲ့ သဘောထားကို ထုတ်ပြန် ကြေညာလိုက်တယ်။

၁၉၄၆ စက်တင်ဘာမှ ပေါ်ပေါက်လာတဲ့ တနိုင်ငံလုံး အထွေထွေ သပိတ်ကြီးမှာ ကျောင်းသား သမဂ္ဂဟာ အလုပ်သမား၊ လယ်သမား၊ ဝန်ထမ်း၊ ပြည်သူများနဲ့ အတူ ပါဝင် တိုက်ပွဲဆင်ခဲ့ပြန်ပါတယ်။

နယ်ချဲ့အစိုးရရဲ့ စက္ကူဖြူ အုပ်ချုပ်ရေးကို မြန်မာ ပြည်သူ လူထုက မနှစ်သက်ကြပါဘူး။ မကျေနပ်ကြပါဘူး။ ဒါကြောင့် ၁၉၄၆ စက်တင်ဘာ (၅) ရက်နေ့ကစပြီး အစိုးရအမှုထမ်းပေါင်းစုံရဲ့ အထွေထွေ သပိတ်ကြီး ပေါ်ပေါက်လာခဲ့ပါတော့တယ်။ ဒီတိုက်ပွဲစဉ်ထဲမှာ ဦးဝမ်းမောင် ခေါင်းဆောင်တဲ့ ပုလိပ်သပိတ်ကြီးလည်း အပါအဝင်ပေါ့။

ဖက်ဆစ်တော်လှန်ရေးအပြီးမှာ အခိုင်အမာ ဖွဲ့တည်လာတဲ့ ဖဆပလ အဖွဲ့ချုပ်ကြီးကလည်း ပြည်သူတွေရဲ့ရှေ့မှာ သံမဏိတပ်ဦးကြီးအဖြစ် မားမားမတ်မတ် ရပ်တည်ခဲ့တယ်။

ဒီ ၄၆ အထွေထွေ သပိတ်ကြီးကြောင့် နယ်ချဲ့အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရား ရပ်စဲသွားတော့မတတ် ဖြစ်နေပါပြီ။ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်လည်း တင်းမခံနိုင်တော့ပါဘူး။

အထွေထွေ သပိတ်ကြီးကြောင့် ဘုရင်ခံဟာ ပန်းဖျားဖျားပြီး အိပ်ရာထဲ လဲနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တာဝါလိန်း အိမ်ကို ဘုရင်ခံဟာ လူမမာမေးဟန်ဆောင် လျှို့ဝှက်သွားလို့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ အစိုးရသစ်ဖွဲ့ဖို့ ကိစ္စ တိတ်တဆိတ် ညှိနှိုင်း သဘောတူခဲ့ရပါတယ်။ ဒီသတင်းဟာ ၂၆ ရက် ၉ လ ၁၉၄၆ နေ့ထုတ် မြန်မာ့အလင်း သတင်းစာ မျက်နှာဖုံးမှာ စာလုံးမည်းကြီးနဲ့ ပါလာပါတော့တယ်။

မြန်မာ့လွတ်လပ်ရေး အလင်းရောင်မုခ်ဦးကို မြင်စပြုနေပါပြီး။ အမျိုးသား လွတ်မြောက်ရေး ရောင်နီဟာ မြန်မာ့မြေပေါ်မှာ သန်းစပြုလာပါပြီ။

ဒီအချိန်မှာပဲ လွတ်လပ်ရေး ပန်းတိုင် ရောက်ခါနီးမှာ မြန်မာတမျိုးသားလုံး အတွက် အားကိုးအားထားရာ ရွှေတောင်ကြီး ပြိုလဲသွားရပါတော့တယ်။

အဲဒါကတော့ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရပြီး ကျဆုံးခဲ့ရတဲ့ အဖြစ်ပါပဲ။

အဲဒီနောက် ပြည်သူ့အင်အား၊ ပြည်သူ့ညီညွတ်မှုတွေနဲ့ အောင်ဆန်း – အက်တလီစာချုပ်၊ ပင်လုံစာချုပ်၊ နု-အက်တလီ စာချုပ်တွေကို ဖြတ်သန်းပြီး ဗြိသျှအစိုးရက မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးလိုက်ရပါတော့တယ်။

‘အောင်စေသတည်း။ မြန်မာသက္က္ကရာဇ် ၁၃ဝ၉ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၉)ရက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက် တနင်္ဂနွေနေ့၊ ကောင်းမြတ်သော မင်္ဂလာအခါ၌ ဤ ငါတို့မြန်မာပြည်သည် လုံးဝ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး အဖြစ်သို့ ရောက်သတည်း။

-ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့ အားလွတ်လပ်သောလမ်းသို့ ပို့ဆောင်ခဲ့သော ငါတို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း တသဝေမတိမ်း ချီတက်မည်။

-ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လုံ့လ ဥဿဟဖြင့် ရရှိပြီးဖြစ်သော အမျိုးသား ညီညွတ်ရေးကို ကျောက်စိုင် ကျောက်ခဲ ကဲ့သို့ ခိုင်မြဲအောင် ထိန်းသိမ်းမည်။

-ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ သူတပါးကိုလည်း မတရားမပြု၊ ငါတို့အား မတရားပြုခြင်းကိုလည်း မခံ အသက်နှင့်လဲ၍ ကာကွယ်မည်’ စသည်ဖြင့် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့က လွတ်လပ်ရေးကျောက်တိုင်မှာ ရေးထိုးထားတဲ့ သစ္စာအဓိဋ္ဌာန် (၉) ချက်ကို ကျနော် ပြန်အမှတ်ရ လာမိပါတော့တယ်။

ကိုဗဟိန်း၊ ကိုအောင်ဆန်း၊ ကိုနု စတဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ တကသ၊ ဗကသ စတဲ့ ကျောင်းသား သမဂ္ဂတွေရဲ့ လွတ်လပ်ရေးကျေးဇူး၊ တနည်း အိုးဝေကျေးဇူးကို ကျနော်တို့ ဂုဏ်ယူ အောက်မေ့ ဦးထိပ်ပန်ဆင်ကြပါစို့လား။ ။

[ မူရင်း – လွတ်လပ်သည့်အာရှအသံ၊ မြန်မာပိုင်း ]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)