Shwe Nya War Dahmma Trip Announced

July 9, 2013

အမေရိကန်ပြည်ရောက် ရွှေည၀ါဆရာတော် အရှင်ပညာသီဟ၏ တရားပွဲ အစီအစဉ်များ ထွက်ရှိ
မိုးမခရွာဆော်ကြီး၊ ဇူလိုင် ၉ ၊ ၂၀၁၃

         မြန်မာပြည်က အမေရိကန်ပြည်ထောင်စုသို့ ဓမ္မဒူတခရီး ကြွရောက်လာသော ရွှေည၀ါဆရာတော် အရှင်ပညာသီဟ သည် ဇူလိုင်လ ၁ ရက်နေ့က ဘေးဧရိယာ သို့ ရောက်ရှိပြီး ပီနိုးမြို့၊ ကေတုမတီဓမ္မာရုံတွင် သီတင်းသုံးလျက်ရှိသည်။ မကြာမီရက်အတွင်း ဖိတ်ပင့်ထားသော တရားပွဲများသို့ ကြွရောက် တရားဟောရန် စီစဉ်ထားသည်ဟု ဆိုသည်။
          ဘေးဧရိယာ မြန်မာဗုဒ္ဓဘာသာမိသားစုများအတွက် တရားပွဲကို လာမည့် ဇူလိုင် ၂၈ တနင်္ဂနွေနေ့ ညနေ ၃ နာရီ မှ ၆ နာရီအထိ ကျင်းပရန်အတွက် ဖရီးမောင့်မြို့၊ မာဃလုလင် လူငယ်များအသင်းက ဓမ္မဒါနပြု စီစဉ်ထားသည်။
           ဆရာတော်က မျက်မှောက် မြန်မာပြည်အကြောင်း သိကောင်းစရာ၊ သောင်းပြောင်းထွေလာများကို မဇ္ဈိမပဋိပဒါ နိုင်ငံရေးအသွင်ဖြင့် ရင်ကြားစေ့ ဆွေးနွေးဟောပြောမည် ဖြစ်ပြီး အပြုသဘောဆန်သည့် အမေးအဖြေများလည်း ခွင့်ပြု ဖြေကြားမည်ဟု မိန့်ကြားထားသည်။
         ဇူလိုင် ၁၃ တွင် နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့၊ ဇူလိုင် ၁၄ တွင် နယူးယောက်မြို့တော်၊ ဇူလိုင် ၂၁ တွင် အင်ဒီယာနားပြည်နယ်၊ ဖို့ဝိန်းမြို့၊ ဇူလိုင်လ ၂၇ တွင် Chapel Hill, NC,  မြို့များသို့ ကြွရောက်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းပဒေသာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)