>Daw Suu optimistic on recent unfortunate incident towards national reconciliation

May 21, 2009

>

Singapore’s Ambassador to Myanmar Robert Chua delivering a statement at the Pledging Session of the ASEAN-UN International Pledging Conference on 25 May 2008 in Yangon.ဒေါ်အောင်ဆန်းစုကြည်က ယခုတရားရင်ဆိုင်ရခြင်းကို အကောင်းမြင်ကြောင်း စင်္ကာပူသံအမတ်က ပြောကြား

မိုးမခ၊ (ကိုးကား – စင်္ကာပူနိုင်ငံခြားရေးရာ ထုတ်ပြန်ချက်)

မေ ၂၀၊ ၂၀၀၉

ယနေ့နေ့လည်ခင်းက သံတမန်များကို ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေသည့် အင်းစိန်ထောင်အတွင်းသို့ ၀င်ရောက်ခွင့်ပြုခဲ့ပြီး မြန်မာပြည်ရောက်သံတမန်များ၏ ကိုယ်စားလှယ်အဖြစ် စင်္ကာပူသံအမတ်၊ အာဆီယံအသင်းဥက္ကဌအဖြစ် ဆောင်ရွက်နေသူ ထိုင်းနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် ထိုင်းသံအမတ်နှင့် ကုလလုံခြုံရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ ရုရှားနိုင်ငံကိုယ်စားလှယ်အဖြစ် ရုရှားသံအမတ်တို့ကို အတိုက်အခံခေါင်းဆောင်နှင့် သီးခြား တွေ့ဆုံရန် စစ်အာဏာပိုင်တို့က ခွင့်ပြုခဲ့သည်။

ဒေါ်စုနဲ့ သီးခြားတွေ့ဆုံခွင့်ရသည့် သံတမန် ၃ ဦးအနက် မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူနိုင်ငံ သံအမတ်ကြီး ရောဘတ်ချုက ထုတ်ပြန်ပြောကြားရာတွင် – ဒေါ်စုကို အင်းစိန်ထောင်အတွင်းရှိ ဧည့်ရိပ်သာတွင် တွေ့ဆုံခွင့်ရခဲ့ကြောင်း၊ ဒေါ်စုက မိမိတို့အားလုံးကို စစ်အာဏာပိုင်တို့က ကောင်းမွန်စွာ ထားရှိသည်ဟု ပြောကြားကြောင်း၊ ထို့နောက် ဒေါ်စုက ပြောကြားရာတွင် –

ယခုတရားရင်ဆိုင်နေရသည့်အဖြစ်ကို အားလုံးက ဆန္ဒရှိကြမည်ဆိုပါက အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အခွင့်အလမ်းကောင်းများအဖြစ် ရှုမြင်လိုကြောင်း၊ မိမိအိမ် ကျုးကျော်ခံရသည့်အမှုကိစ္စ စစ်အာဏာပိုင်တို့အား ထိခိုက်စေလိုသည့် ဆန္ဒ သူမတွင် မရှိကြောင်း၊ ယခုကဲ့သို့ ကံအကြောင်းမလှသည့် အရေးအခင်းကို အခြေခံပြီး အပြုသဘောဆောင်သည့် အကောင်းဖက်သို့ ဦးတည်ဆောင်ရွက်ကြရန် အချိန်မနှောင်းသေးပါကြောင်း

ထုတ်ဖော်ပြောကြားသည်ဟု ၎င်းက ဆိုပါသည်။

ထို့နောက် မြန်မာပြည်ရောက် သံတမန်များအဖွဲ့၏ ကိုယ်စားလှယ် စင်္ကာပူသံအမတ်ကြီး ချုက ဆက်လက်ပြောကြားရာတွင် – မိမိတို့ သံတမန်များအဖွဲ့အနေဖြင့် မြန်မာပြည် အမျိုးသားပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းသောနည်းဖြင့် ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ နှစ်ဖက်သော အင်အားစုများဖြစ်သည့် စစ်အစိုးရ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှင့်အတူတကွ မကြာခဏ တွေ့ဆုံဆွေးလိုပါကြောင်း ပြောကြားလိုက်သည်။

(Photo – Internet)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly November 2016 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ

By

 မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ  (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ “အ...

Read more »

စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ

By

  စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ (မိုးမခ) စက်တင်ဘာ ၂၅၊...

Read more »

လူငယ်သတင်းသမားတွေအနေနဲ့ သတင်းအချက်အလက်နည်းပညာတွေကို အသုံးချပြီး သတင်းရေးသားနိုင်ဖို့ ဆွေးနွေး

By

လူငယ်သတင်းသမားတွေအနေနဲ့ သတင်းအချက်အလက်နည်းပညာတွေကို အသုံးချပြီး သတင်းရေးသားနိုင်ဖို့ ဆွေးနွေး (MCN News) မိုးမခ ပြန်လည်ကူးယူဖော်ပြ၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေလူ ခက်ဦး စံပယ်ဖြူ ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည မင်းကိုနိုင် မင်းကောင်းချစ် မာမာအေး မိုးသွင် လင်းခါး လင်းသက်ငြိမ် လှိုင်မျိုး သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်ကုသလသာမိ (အတည်မဲ့) အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ကျောက်ကျောက် ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်