>MV Du Man Gang, North Korea Merchant Ship berth in Rangoon Sea Port

July 3, 2009

>

မြောက်ကိုရီးယားသင်္ဘောတစ်စီး ဆန်တင်ရန် ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာ

မိုးမခအထောက်တော် ရန်ကုန်

ဇူလိုင် ၄၊ ၂၀၀၉

မြန်မာနိုင်ငံမှ ဆန်များတင်ဆောင်ရန် မြောက်ကိုရီးယားသင်္ဘော M.V DU MAN GANG သည် ရန်ကုန် ဗိုလ်အောင်ကျော်ဆိပ်ကမ်းသို့ ယနေ့ ဆိုက်ကပ်လာသည်။

အလျား ၁၃၁ မီတာ(၄၃၀ ပေ) ရှည်လျားပြီး ရေစူး ၅ မီတာ(၁၇ ပေ) ရှိသည့် ၄င်းသင်္ဘောသည် မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၈၅၀၀ တင်ဆောင် မည်ဖြစ်ပြီး ရန်ကုန်သို့ ဝင်ရောက်ချိန် သင်္ဘောပေါ်တွင် မည်သည့်ကုန်ပစ္စည်းမှ ပါရှိမည် မဟုတ်ဟု ဆိပ်ကမ်း အာဏာပိုင်အဖွဲ့၏ သင်္ဘော အ၀င်အထွက်နှင့် ဆိပ်ကမ်း ဆိုက်ကပ်မှု အခြေအနေပြ စာရင်းတွင် ဖော်ပြထားသော်လည်း ၄င်းသင်္ဘော၏ အလျားနှင့် ၀င်ရောက်လာမည့် ရေစူးကို ခန့်မှန်းတွက်ချက်မှု အရ ကုန်စည် တင်ဆောင်ထားခြင်း မရှိ ဆိုသည်မှာ ဖြစ်နိုင်ခြေ နည်းကြောင်း ရေကြောင်း ကျွမ်းကျင်သူ တစ်ဦးက သုံးသပ်သည်။

ထုံးစံအားဖြင့် ရန်ကုန်ဆိပ်ကမ်းသို့ ၀င်ရောက်သည့် မည်သည့် သင်္ဘောကို မဆို ဆိပ်ကမ်း ကျန်းမာရေး အဖွဲ့မှ ဆရာဝန်အဖွဲ့၊ လ၀က နှင့် ဆိပ်ကမ်း အကောက်ခွန် အဖွဲ့များ တက်ရောက် စစ်ဆေးပြီး သက်ဆိုင်ရာ စာရွက်စာတမ်းနှင့် ကူးစက်ရောဂါများ ကင်းရှင်းကြောင်း အတည်ပြုမှသာ ရန်ကုန်ဆိပ်ကမ်း အတွင်းသို့ ဆိုက်ကပ်ခွင့် ပြုလေ့ ရှိသော်လည်း M.V DU MAN GANG သင်္ဘောပေါ်သို့ ရေကြောင်းပြ ပိုင်းလော့ နှင့် ဆေးအဖွဲ့မှ လွဲပြီး မည်သည့် အဖွဲ့အစည်းကိုမျှ တက်ခွင့် ပြုမည် မဟုတ် ဟု သိရသည်။

အထူးသဖြင့် ကမ္ဘာ့ကူးစက်ရောဂါများ ဖြစ်ပွားနေသည့် အချိန်များတွင် ပြည်ပ အ၀င်အထွက် ဖြစ်သည့် ဆိပ်ကမ်းနှင့် လေဆိပ်များတွင် ကျန်းမာရေး စစ်ဆေးမှုများကို ယခင်ကထက် တင်းကျပ်လေ့ ရှိခြင်းကြောင့်သာ ကျန်းမာရေး အဖွဲ့ကို မဖြစ်မနေ ခွင့်ပြုရခြင်း ဖြစ်သည်။

၎င်းသင်္ဘောသည် မြန်မာနိုင်ငံတွင် ဆန်တန်ချိန် ၈၀၀၀ ခန့် သယ်ဆောင်ရန် အတွက် အိန္ဒိယ သမ္မတနိုင်ငံ ကိုလ်ကတ္တားမြို့မှ မြန်မာနိုင်ငံသို့ ဇွန် ၂၇ ရက် ၀န်းကျင်တွင် ရောက်ရှိမည် ဖြစ်သည်ဟု မြန်မာ့အလင်း သတင်းစာတွင် ဇွန် ၂၅ ရက်က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသင်္ဘောများ ဆိုက်ကပ်မည့် ဆိပ်ကမ်းများကို လုံခြုံရေး တင်းကြပ်စွာ ချထားလေ့ရှိပြီး ကုန်တင် ကုန်ချ လုပ်ငန်းများကိုပင် အရပ်ဘက် အစိုးရ အဖွဲ့အစည်းများကို လုပ်ဆောင်ခွင့် မပြု စစ်တပ် ကိုယ်တိုင် လာရောက် ကုန်တင်ချ ပြုလုပ်လေ့ ရှိသည်ဟု သိရသည်။

ယခင်နှစ်များက မြောက်ကိုရီးယား သင်္ဘောများကို ဆိပ်ကမ်းတွင် မကပ်ဘဲ ရေလယ် ကျောက်ချ စခန်းများတွင် ကျောက်ချ ရပ်နားကာ တွဲသင်္ဘောများဖြင့် ကုန်ချလေ့ရှိသည်။ ကုန်ချလုပ်ငန်း ပြီးစီးမှသာ ဆိပ်ကမ်းသို့ ဆိုက်ကပ်၍ ဆန် တင်ဆောင်ကာ ပြန်လည် ထွက်ခွာကြသည်။

အမေရိကန်ပြည်ထောင်စု၏ စစ်သင်္ဘော တစ်စီးက နောက်ယောင်ခံ လိုက်နေသော အသေးစား စစ်လက်နက် ပစ္စည်းများ သယ်ဆောင်လာသည်ဟု ယုံကြည်ရပြီး မြန်မာနိုင်ငံသို့ ဦးတည်သွားနေသည်ဟု ယူဆရသော မြောက်ကိုရီးယားသင်္ဘော M.V KANG NAM 1 သင်္ဘောသည် လာရာလမ်းအတိုင်း ပြန်လှည့်သွားပြီဖြစ်သည်ဟု အမေရိကန် စစ်အရာရှိများက သတင်းဌာနများကို ပြောကြားခဲ့သည်။

မြောက်ကိုရီးယား သင်္ဘောများသည် ၂၀၀၃ ခုနှစ် ၀န်းကျင်ကတည်းက စစ်လက်နက်များ တင်ဆောင်ပြီး ရန်ကုန်ဆိပ်ကမ်းသို့ ၀င်ရောက် ဆိုက်ကပ်ခဲ့ကြပြီး ယခု ကမ္ဘာ့မီဒီယာများက ရေးသားလိုက်သောအခါ မြောက်ကိုရီးယား သင်္ဘောများနှင့် ပတ်သက်ပြီး လူအများက စိတ်ဝင်စားမှု ပိုလာကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်